ပြီးခဲ့တဲ့နေ့တွေက ကမ္ဘာတစ်လွှားက မြင်တွေ့ဖို့မလွယ်တဲ့ စိတ်ဝင်စားဖွယ် ဓာတ်ပုံလေးတွေ ကို ပုံ ၄၀ စီ စုပြီး စိတ်ဝင်စားစရာ ဓာတ်ပုံများ ၁၊ ၂ ၊ ၃ တို့ကို တင်ခဲ့ပြီးပါပြီ။
ဒီလိုပုံလေးတွေကို ကြည့်ရတာနှစ်သက်တဲ့ မိတ်ဆွေများအတွက် နောက်ထပ် ဓာတ်ပုံ ၅၀ ကို မျှဝေလိုက်ပါတယ်။ တစ်ပုံချင်းစီကြည့်သွားကြပါ 🙂
Danxia လို့ခေါ်တဲ့ ဒီတောင်ဟာ တရုတ်နိုင်ငံက ထူးခြားတဲ့တောင်တစ်တောင်ဖြစ်ပါတယ်။ ထူးခြားမှုကတော့ မြေအရောင်အမျိုးမျိုးပေါင်းစပ်ထားသလိုဖြစ်နေတာပါ။ ဒါကြောင့်လည်း ဒီတောင်ကို မူရင်းနာမည် Danxia ထက် သက်တန့်တောင်လို့ပဲ လူသိများတာဖြစ်ပါတယ်။
ဖိလစ်ပိုင်က Palawan ကျွန်း
အာဖရိကရဲ့အမြင့်ဆုံးဖြစ်တဲ့ Kilimanjaro မီးတောင်ဖြစ်ပါတယ်။ အမြင့်ပေ ၁၆၀၀၀ ခန့်ရှိပြီး တန်ဇန်းနီးယားနိုင်ငံမှာ ရှိပါတယ်။
စပိန်နိုင်ငံတောင်ပိုင်း Andalusia ပြည်နယ်မှာ ရှိတဲ့ Donana အမျိုးသားဥယျာဉ်ဖြစ်ပါတယ်။
နော်ဝေနိုင်ငံက ညီအစ်မ ခုနှစ်ဖော် ရေတံခွန် ၊ The Seven Sisters Waterfall
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အနီးက အရောင်မတူတဲ့ မြစ် ၂ခု ပေါင်းဆုံရာ နေရာ
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Dry Tortugas မှာ ရှိတဲ့ ဂျက်ဖာဆန် ခံတပ်
အာဂျင်တီးနားနိုင်ငံ က နာမည်ကျော် Iguazu ရေတံခွန်မှာရှိတဲ့ ရေတံခွန်ကျွန်း
ဆွစ်ဇာလန်နိုင်ငံ မြို့တော် Bern ကို အပေါ်စီးမှ မြင်ရပုံ
အမေရိကန် တက်စ်ဆက်ပြည်နယ်က ဂျက်ကော့ဘ်ရေတွင်း
တရုတ်အနုပညာရှင် Liu Bolin ရဲ့ ခန္ဓာကိုယ်ပန်းချီလက်စွမ်း
အမှတ်တမဲ့ကြည့်မယ်ဆိုရင် အဆောက်အဦးရှေ့က လူဟာ ပျောက်နေသယောင် ဖြစ်နေပါတယ်
ဒေါင်းပင့်ကူ လို့ အမည်ရတဲ့ပင့်ကူပါ
အမေရိကန် ဟာဝိုင်ယီကျွန်းက Kilauea မီးတောင်ပေါက်ကွဲစဉ်မြင်ကွင်း
ပုံကို ကြည့်ပြီး အရုပ် (သို့) ဒီဇိုင်းဆွဲထားတဲ့ပုံ လို့ ထင်သွားတယ်မလား ။ တကယ်တော့ ဒီနေရာဟာ မက္ကဆီကိုနိုင်ငံ San Buenaventura မှာ ရှိတဲ့ တကယ့်အိမ်ယာအစစ် တစ်ခုဖြစ်ပါတယ်။
မက္ကဆီကို နဲ့ အရီဇိုးနားပြည်နယ်တောင်ပိုင်းမှာ တွေ့ရတတ်တဲ့ ရှားစောင်းလက်ပတ်အပင်ကြီးမျိုး(Pachycereus weberi)
ကြည့်ရင်တော့ လှသလိုရှိပေမယ့် အလွန်အဆိပ်ပြင်းတဲ့ အပြာင်ရောင်ကွင်းတွေနဲ့ ရေဘဝဲဖြစ်ပါတယ်။ blue-ringed octopus
မြန်မာပြည်က အင်းလေး နဲ့ ခပ်ဆင်ဆင်တူတဲ့ အီရတ်က Mesopotamian Marshes နယ်မြေပါ။
ဒူဘိုင်း မြို့ နဲ့ ကမ်းခြေကို အပေါ်စီးမှ ကြည့်မည်ဆိုလျှင်
အမေရိကန် အလက်စကာပြည်နယ်က ရေခဲပြင်ပင်လယ်အော်