ဒီပုံတွေကတော့ သုတဇုန် သက်တမ်းတစ်လျှောက်မှာ တစ်ပုံစီတင်ခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။ ပေ့ထဲမှာလည်း စိတ်ဝင်စားစရာ ပုံရိပ်များဆိုပြီး Album လိုက်တင်ခဲ့ဖူးပေမယ့် ပုံတွေများလွန်းတာကြောင့် ကြည့်လို့အဆင်မပြေဘူးဆိုတဲ့ မိတ်ဆွေများအတွက် တခါထဲနဲ့ ပုံ ၄၀ စီ ပြန်တင်ပေးလိုက်ပါတယ်။ မကြည့်ရသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပါတယ်။
ဂျူပီတာ နဲ့ စေတန်ဂြိုဟ်တွေမှာ စိန်မိုးရွာလေ့ရှိပါတယ်။ အကြောင်း ကတော့ ယင်းတို့ အပေါ်မှာ ဖြစ်ပွားတဲ့ မိုးကြိုး မုန်တိုင်းများက methane ကို ကာဘွန် အဖြစ် ပြောင်းလဲပေးပြီး အောက်ကို စိန်တုံးအဖြစ် ကျဆင်းစေ ပါတယ်။
တစ်တုံးတစ်တုံး အရွယ်အစားက ဘယ်လောက် ကြီးသလဲဆို လက်စွပ် တစ်ကွင်းစွာ ပြုလုပ်လို့ရပါတယ်။ ယင်းကို အာကာသ လေ့လာပညာရှင်များ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စနေဂြိုလ်မှာ တစ်နှစ်ကို စိန်မိုး ရွာသွန်းမှုကြောင့် ရရှိတဲ့ စိန်က တန်တစ်ထောင်ဝန်းကျင်ခန့် ရှိကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ ဂြိုလ် နှစ်ခု ပေါင်းလိုက်ရင် စိန်ပေါင်း တန် ၂၀၀၀ မက နှစ်စဉ် ရွာသွန်းနေ ပါတယ်။ ဒါကြောင့် ဂြိုလ်တည်တဲ့ အချိန်က စလို့ ယနေ့တိုင် ရွာသွန်းမှုနဲ့ တွက်ချက် တိုင်းတာကြည့်လိုက်ရင် စိန်ပေါင်း မနည်းပါဘူး။
ယင်း စိန်များကို အာကာသ လေ့လာသူများ အနေနဲ့ သွားယူ မယူကတော့ မသိရသေး ပါဘူး။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ လောက်ကမှ လေ့လာ တွေ့ရှိပြီး တရားဝင် ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက် ဖြစ်ပါတယ်။