Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ၁၀ ဦး

by Thutamm
August 17, 2019
Reading Time: 1min read
0
လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ၁၀ ဦး
Share on FacebookShare on Twitter

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ ဂျက်ဘီဇိုစ့် ၊ ဘီဂိတ်စ် ၊ ဝါရင်းဘတ်ဖတ် တို့ရဲ့အချမ်းသာဆုံးစာရင်းကို အရင်တစ်ခါက တင်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ အမျိုးသမီးတွေထဲမှာရော ဘယ်သူတွေက အချမ်းသာဆုံးဖြစ်မလဲ ဆိုတာ သိချင်တဲ့ သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ရှာဖွေဝေမျှလိုက်ပါတယ်။

၁၀။ Kwong Siu-hing

ကွမ်ဆူဟင်း ကတော့ ဟောင်ကောင်ရဲ့အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီ Sun Hung Kai Properties ရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ကုမ္ပဏီတွဲဖက်တည်ထောင်သူ ခင်ပွန်းထံကနေ ဒီရှယ်ယာတွေကို ရရှိခဲ့တာပါ။ ၂၀၁၁ခုနှစ်အထိ ကုမ္ပဏီဒါရိုက်တာ တာဝန်ကိုယူခဲ့ပြီးတဲ့နောက် သားဖြစ်သူတွေကို လွှဲအပ်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်စာရင်းအရ သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုဟာ ၄၀.၄ဘီလျံအထိရှိခဲ့ပြီး အာရှရဲ့တတိယအချမ်းသာဆုံး မိသားစုအဖြစ် ရပ်တည်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူမတစ်ဦးတည်းရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁၄.၉ ဘီလျံ ဖြစ်ပါတယ်။

၉။ Gina Rinehart

ဂျီနာရိုင်းဟာ့ထ် ကတော့ သြစတြေးလျ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သတ္တုတူးဖော်ရေး နဲ့ စိုက်ပျိုးရေးကုမ္ပဏီ Hancock Prospecting ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို ဖခင်ဖြစ်သူထံမှ သူမဆက်ခံခဲ့စဉ်က သူမရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၅၃သန်းခန့်ပဲ ရှိခဲ့ပါတယ်။ မကြာခင် သံသတ္တုရိုင်းတွေ အများအပြားလိုအပ်လာမှာကို သိတဲ့ သူမဟာ လုပ်ငန်းကို ဆယ်စုနှစ်တစ်ခုအတွင်းမှာ အမြန်ဆုံးချဲ့ထွင်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ သူမ မှန်းထားတဲ့အတိုင်းဖြစ်လာခဲ့ပြီးတဲ့နောက် ၂၀၀၆ခုနှစ်အရောက်မှတော့ သူမကို ဘီလျံနာတစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းကို ချဲ့ထွင်ခဲ့တဲ့အပြင် စိုက်ပျိုးရေးလုပ်ငန်းနဲ့ Ten Network Holdings မီဒီယာ လုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိအချိန် သူမရဲ့ ကြွယ်ဝမှုက ၁၅.၅ ဘီလျံဖြစ်ပါတယ်။

၈။ Iris Fontbona

အိုင်းရစ် ဖောင့်ဘိုနာ ကတော့ ချီလီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ချီလီ သတ္တုတူးဖော်ရေး နဲ့ ကြေးနီမိုင်းတွင်းများကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီ Antofagasta PLC ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူ Luksic Abaroa ထံကနေ အမွေဆက်ခံခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဖျော် ယမကာလုပ်ငန်း၊ ချီလီရဲ့ဒုတိယအကြီးဆုံးဘဏ် ၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ ၊ Palva Laguna အမည်ရှိ Croatian ၏အခွဲဖြစ်သည့် ကမ်းခြေအပန်းဖြေစခန်းများကို ပိုင်ဆိုင်သူလည်းဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် လုပ်ငန်းတွေကို ပိုမိုတိုးတက်အောင် ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လုပ်ငန်းတာဝန်တွေကို သားဖြစ်သူ Jean Paul ထံ လွှဲပေးခဲ့ပါတယ်။ သူမရဲ့ ချမ်းသာမှုကတော့ အမေရိကန် ၁၆ ဘီလျံ ဖြစ်ပါတယ်။

၇။ Abigail Johnson

အဘီဂျေးလ် ဂျွန်ဆင် ကတော့ အမေရိကန်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အကြီးဆုံးငွေကြေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Fidelity Investments မှ ၂၀၁၄ခုနှစ်ကတည်းက စီအီးအို အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒီကုမ္ပဏီကို သူမရဲ့အဘိုးဖြစ်သူ အက်ဒွပ်ဂျွန်ဆင်က တည်ထောင်ခဲ့တာဖြစ်ပြီး သူမဟာ ကုမ္ပဏီရဲ့ရှယ်ယာ ၂၄.၅% ကို ပိုင်ဆိုင်သူလည်းဖြစ်ပါတယ်။ ဟားဗတ် စီးပွားရေးကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး ၂၀၁၆ခုနှစ်မှာတော့ ကုမ္ပဏီဘုတ်အဖွဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁၆.၄ဘီလျံ ဖြစ်ပါတယ်။

၆။ Laurene Powell Jobs

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ လော်ရင်းပေါင်ဝဲလ်ကတော့ ပညာရေး ၊ ကျန်းမာရေး ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ မီဒီယာ နဲ့ ဂျာနယ်စတဲ့ လုပ်ငန်းအများလုပ်ကိုင်သော Emerson Collective အဖွဲ့အစည်းကို တည်ထောင်သူ နဲ့ ဥက္ကဌဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းကတော့ Apple ရဲ့ဖခင်ကြီး စတိဂျော့ဘ်ဖြစ်ပါတယ်။

Apple နဲ့ ဒစ္စနေး ကုမ္ပဏီတွေမှာ စတိဂျော့ဘ်ရဲ့ပိုင်ဆိုင်သူ ဒေါ်လာ ၂၀ ဘီလျံခန့်ကို သူမက ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ အတ္တလန်တစ်မဂ္ဂဇင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ သူမဟာ College Track ရဲ့ ပူးတွဲတည်ထောင်သူ ဥက္ကဌလည်းဖြစ်ပါတယ်။ လက်ရှိအချိန် သူမရဲ့ကြွယ်ဝမှုကတော့ ၁၉.၄ဘီလျံ ဖြစ်ပါတယ်။

၅။ Susanne Klatten

ဆူဆန်ခလာတန်ကတော့ ကမ္ဘာကျော် ကားကုမ္ပဏီကြီး BMW ရဲ့ ရှယ်ယာ ၁၉.၂% ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ စီးပွားရေး နဲ့ စီမံခန့်ခွဲမှုဘာသာရပ် မဟာဘွဲ့ရတစ်ယောက်ဖြစ်တဲ့သူမဟာ ဆေးဝါး နဲ့ ဓာတုပစ္စည်းထုတ်လုပ်တဲ့ Altana  ကုမ္ပဏီကို ပိုင်ဆိုင်သူလည်းဖြစ်ပါတယ်။ ဂျာမနီရဲ့ အချမ်းသာဆုံးအမျိုးသမီးဖြစ်တဲ့ သူမဟာ ကာဘွန် နဲ့ ဂရပ်ဖိုက်ထုတ်လုပ်ရေး ကုမ္ပဏီ Nordex ရဲ့ ရှယ်ယာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ဖခင်ဖြစ်သူထံကနေ ရှယ်ယာတွေကို အမွေဆက်ခံခဲ့တာဖြစ်ပေမယ့် သူမရဲ့လက်ထက်မှာ အဆပေါင်းများစွာ တိုးလာအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ မြူးနစ်မြို့နည်းပညာကောင်စီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော သူမရဲ့ စုစုပေါင်းကြွယ်ဝမှုကတော့ ၂၁ ဘီလျံ ဖြစ်ပါတယ်။

၄။ Yang Huiyan

ယောင်ဝှီးယန်း ကတော့ တရုတ် အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Country Garden ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ရှယ်ယာ ၅၇% ကို ပိုင်ဆိုင်သူလည်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဖခင်ဖြစ်သူရဲ့ အမွေကို ဆက်ခံခဲ့ပြီးတဲ့နောက် အာရှရဲ့ အချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။

အိုဟိုင်းယိုးတက္ကသိုလ်မှ အနုပညာသိပ္ပံဘွဲ့ရရှိခဲ့သူဖြစ်ပြီး ကုမ္ပဏီရဲ့ ဒုဥက္ကဌတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပညာရေး ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့  Bright Scholar Education Holdings ရဲ့ ဦးဆောင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုက ၂၂.၁ ဘီလျံ ဖြစ်ပါတယ်။

၃။  Jacqueline Mars

ဂျက်ကလင်မားစ် ကတော့ ကမ္ဘာ့အကြီးဆုံး သကြားနဲ့အစားအစာကုမ္ပဏီဖြစ်တဲ့ Mars ကုမ္ပဏီကြီးရဲ့ ရှယ်ယာ ၃ပုံ၁ပုံခန့်ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ မားစ်ကုမ္ပဏီကို ဂျက်ကလင်ရဲ့ အဘိုးဖြစ်သူ Frank က ၁၉၁၁ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ဒီကုမ္ပဏီရဲ့ ဦးဆောင်သူတစ်ယောက်အဖြစ် ၂၀၁၆ခုနှစ် အထိ နှစ်ပေါင်း ၂၀ခန့် အလုပ်လုပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ပရဟိတအလုပ်ကို စွဲစွဲမြဲမြဲလုပ်နေပါတယ်။ လိုအပ်တဲ့နေရာပေါင်းစုံကို သန်းနဲ့ချီပြီး လှူဒါန်းလေ့ရှိတဲ့ ဂျက်ကလင်ရဲ့ လက်ရှိကြွယ်ဝမှုကတော့ ၂၄.၆ ဘီလျံ ဖြစ်ပါတယ်။

၂။ Alice Walton

အဲလစ်ဝေါ်တန်ကတော့ ကမ္ဘာကျော် Walmart ကုမ္ပဏီတည်ထောင်သူ ဆမ်ဝေါ်တန်ရဲ့ သမီးဖြစ်ပါတယ်။ စီးပွားရေး နှင့် စီမံခန့်ခွဲမှုဘာသာရပ်များဖြင့် ဘွဲ့ရခဲ့ပြီး ရင်းနှီးမြုပ်နှံမှု ဘဏ်တစ်ခုဖြစ်သည့် Llama ဘဏ်တည်ထောင်သူလည်း ဖြစ်ပါတယ်။ အာကန်ဆတ်ပြည်နယ် အနောက်မြောက်ပိုင်းကောင်စီရဲ့ ပထမဆုံးဥက္ကဌ ဖြစ်ခဲ့ပြီး အာကန်ဆတ်စီးပွားသင်တန်းကျောင်းရဲ့ အကြံပေးလည်းဖြစ်ပါတယ်။

သူမရဲ့ အခြားမွေးချင်းများကဲ့သို့ Walmart ကုမ္ပဏီလုပ်ငန်းကိုတော့ စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။ သူမ အဓိက ဝါသနာပါတာကတော့ အနုပညာလုပ်ငန်းဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ Crystal Bridges အနုပညာပြတိုက်ကို သူမရဲ့မွေးရပ် Bentonville မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သန်းပေါင်းရာချီတန်တဲ့ အနုပညာပစ္စည်းတွေကို ဝယ်ယူစုဆောင်းလေ့ရှိတဲ့ သူမရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၄၄.၄ ဘီလျံ ဖြစ်ပါတယ်။

၁။ Françoise Bettencourt Meyers 

လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးကတော့ ဖရန့်ချွိုင်းဘက်တန်းခေါ့မိုင်ယာ ဖြစ်ပါတယ်။ သူမဟာ ကမ္ဘာကျော် အလှကုန် ကုမ္ပဏီဖြစ်တဲ့ L’Oreal ကုမ္ပဏီတည်ထောင်သူ Eugène Schueller ရဲ့ မြေးဖြစ်ပါတယ်။ သူမမိသားစုဟာ L’Oreal ကုမ္ပဏီစုစုပေါင်း ရှယ်ယာရဲ့ ၃၃% ကို ပိုင်ဆိုင်ပါတယ်။ သူမဟာ ၁၉၉၇ခုနှစ်ကတည်းက ကုမ္ပဏီရဲ့ဦးဆောင်သူအပြင် ဘုတ်အဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ မိခင်ဖြစ်သူရဲ့ အမွေကို ဆက်ခံခဲ့ပြီးတဲ့နောက် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ဆိုင်ခွဲပေါင်းများစွာရှိပြီး ဝန်ထမ်းပေါင်း ၉သောင်းနီးပါးခန့်ထားတဲ့ L’Oreal ကုမ္ပဏီရဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့အပြင် စာရေးဆရာမတစ်ယောက်လည်းဖြစ်တဲ့ သူမရဲ့ လက်ရှိကြွယ်ဝမှုကတော့ ၅၂.၈ ဘီလျံ ဖြစ်ပါတယ်။ အမျိုးသမီးထဲမှာ နံပါတ် ၁ အချမ်းသာဆုံးဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာတော့ နံပါတ် ၁၅ ဖြစ်ပါတယ်။

သုတဇုန်

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!