Tuesday, April 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က စေတနာအကောင်းဆုံး သူဌေးကြီး

by Thutamm
July 23, 2019
Reading Time: 1min read
0
ကမ္ဘာပေါ်က စေတနာအကောင်းဆုံး သူဌေးကြီး
Share on FacebookShare on Twitter

သူကတော့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အိန္ဒိယလူမျိုး စိန်သူဌေးကြီး  Savji Dholakia ပဲ ဖြစ်ပါတယ်။ သူ့ကို စိန်သူဌေးဆိုတာထက် ဝန်ထမ်းတွေအပေါ်မှာ ကောင်းလွန်းတဲ့အတွက် စေတနာအကောင်းဆုံးသူဌေးကြီး လို့ ပိုပြီးလူသိများတယ်။

Savji Dholakia ဟာ အိန္ဒိယ ဂူဂျာရတ်ပြည်နယ် Dudhala ရွာက လယ်သမားတစ်ယောက်ရဲ့သားဖြစ်ပါတယ်။ အသက် ၁၃နှစ်မှာကျောင်းထွက်ခဲ့ပြီးတဲ့နောက် မိသားစုရဲ့ လယ်အလုပ်ကိုလုပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဆူရတ်မြို့က စိန်အရောင်းအဝယ်လုပ်နေတဲ့ ဦးလေးဖြစ်သူထံမှာ သွားရောက် အလုပ်လုပ်ခဲ့ပါတယ်။

စိန်အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ခဲ့ပြီး အသက် ၂၂နှစ်အရွယ် ၁၉၈၄ခုနှစ်မှာတော့ သူ့ညီနှစ်ယောက်နဲ့အတူ ကိုယ်ပိုင်စိန်အရောင်းအဝယ်လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ၁၀နှစ်ကြာပြီးတဲ့နောက်မှာတော့ Hari Krishna Exports ဆိုတဲ့ စိန် Export ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် ရောင်းရတယ်ဆိုတာ မရှိသလောက်ပါပဲ။

ဒါပေမယ့် ဇွဲမလျှော့ပဲ ဆယ်စုနှစ် ၂ခုနီးပါးကို ဖြတ်ကျော်အပြီး ၂၀၁၄ခုနှစ်မှာတော့ သူတို့ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်း ၆၅၀ဖိုးအထိ စိန်တွေတင်ပို့ရောင်းချနိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာ့ထိပ်တန်း စိန် Export ကုမ္ပဏီထဲဝင်ရောက်ခဲ့ပြီဖြစ်တဲ့ HK ကုမ္ပဏီဟာ နိုင်ငံပေါင်း ၅၀ကျော်ကို စိန်တွေတင်ပို့ရောင်းချလျှက်ရှိပြီး အမေရိကန် ၊ ဘယ်လ်ဂျီယံ ၊ ယူအေအီး ၊ ဟောင်ကောင် နဲ့ တရုတ်တို့မှာ ကုမ္ပဏီခွဲတွေဖွင့်ထားနိုင်ခဲ့ပါတယ်။ ကုမ္ပဏီခွဲပေါင်း ၄၈၀ကျော်ရှိပြီး ဝန်ထမ်းပေါင်း ၆၀၀၀ကျော်ကို ခန့်ထားလျှက်ရှိပါတယ်။

အခုလို သူ့ရဲ့ကုမ္ပဏီ ဆက်တိုက်အောင်မြင်လာရခြင်းဟာ သူ့ရဲ့ဝန်ထမ်းတွေရဲ့ကြိုးစားမှုကြောင့်လို့ သူဌေးကြီးက ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ ဘယ်သူဌေးမှ ဝန်ထမ်းတွေကို မပေးဖူးတဲ့ အရာတွေကို ရက်ရက်ရောရောပေးခဲ့တာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ဝန်ထမ်းတွေအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈သန်းကျော် တန်ဖိုးရှိတဲ့ အိမ် ၊ ကား ၊ လက်ဝတ်ရတနာ တွေကို ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

အဲဒီနောက်တော့ ၂၀၁၄မှာ  ကား အစီး ၄၉၁စီး ၊ စိန်လက်ဝတ်ရတနာ ၅၂၅ခု နဲ့ အဆင့်မြင့်တိုက်ခန်း ၂၀၀ ကို ဘောနပ်အနေနဲ့ ထပ်ပေးပြန်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့ဆီမှာ အလုပ်လုပ်တဲ့ဝန်ထမ်းအားလုံး လူတန်းစေ့နေနိုင်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ ဝန်ထမ်း ၁၂၆၈ယောက်အတွက် လိုအပ်နေသေးတဲ့ အဆင့်မြင့်တိုက်ခန်း ၄၀၀ နဲ့ ကားအစီးပေါင်း ၁၂၆၀ ကို ထပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

” ကျွန်တော့်ဝန်ထမ်းတွေဟာ ငါးနှစ်အတွင်းမှာ တိုက်ခန်းတစ်ခန်းနဲ့ ကားတစ်စီးတော့ ပိုင်ဆိုင်သင့်ပါတယ်။ ငါးနှစ်ဆက်တိုက်ကြိုးကြိုးစားစား လုပ်ခဲ့တဲ့ဘယ်ဝန်ထမ်းမဆို အခုလိုမျိုးပေးမယ်လို့ စဉ်းစားပြီး ဒါကို အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။ ပိုပြီးကြိုးစားတဲ့သူတွေအတွက် ဒီထက်ပိုများတဲ့လက်ဆောင်တွေကို ထပ်ပေးနေဦးမှာပါ” လို့ သူဌေးကြီးက ဆိုပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကြောင့်လည်း စေတနာအကောင်းဆုံး သူဌေးကြီးရယ်လု့ိ သူ့ကို ခေါ်ကြခြင်းဖြစ်ပါတယ်။

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!