Via : Academy
ကမ္ဘာ့ဘဏ်(World Bank) သည် အပြည်ပြည်ဆိုင်ရာ ပြန်လည်တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးရေး ဘဏ်ဖြစ်သည် ။
၁၉၄၄ ဇူလိုင်လ တွင် အမေရိကန်ပြည်ထောင်စု New Hampshire ဒေသ၌ ကျင်းပခဲ့သော ဘရဒ်တန်ဝုဒ် ကွန်ဖရင့်(Bretton Woods) မှ မွေးဖွားလာသော အဖွဲ့အစည်း ငါးရပ် အနက် တစ်ခုဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ထိုကွန်ဖရင့်ကို နိုင်ငံများစွာမှ တက်ရောက်ခဲ့ကြပြီး ညှိနှိုင်းမှုများစွာ ပြုလုပ် နိုင်သော အင်အားကြီးနိုင်ငံများမှာ အမေရိကန်နိုင်ငံ နှင့် ဗြိတိသျှနိုင်ငံ တို့ဖြစ်သည်။
ကမ္ဘာ့ဘဏ် နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ သည် အမေရိကန် ဝါရှင်တန်မြို့တွင် အခြေစိုက်သည်။ ကမ္ဘာ့ဘဏ် ကို အမေရိကန် က ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ ကို ဥရောပသားများ ဦးဆောင်လေ့ရှိသည်။ ထိုအချိန်က နိင်ငံပေါင်း ၄၄ – နိင်ငံတက်ရောက်ခဲ့ကြပြီး တချိန်တည်းမှာပင် International Monetary Fund (IMF) ကိုတည်ထောင်ခဲ့ကြသည် ။
နောက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ကြီး Economic and Social Council (ECOSOC) ဌာန၏ အထူး အေဂျင်စီ တခုအဖြစ် ကမ္ဘာ့ဘဏ်ဟု ထင်ရှားလာခဲ့သည် ။
ထိုဘဏ်စတင်ထူထောင်ချိန်က ဒုတိယ ကမ္ဘာစစ်ကာလဖြစ်ပြီးအဓိက သဘောတူညီချက်မှာ အဖွဲ့ဝင်နိင်ငံများ အနေဖြင့်
– ပြန်လည်တည်ဆောက်ရေး ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိင်မည့် ငွေအရင်းအနှီးများရရှိပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန် – ချေးငွေများအပေါ်အာမခံချက်ရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတိုးတက်လာစေရန်
– အဖွဲ့ဝင်နိင်ငံများ ကုန်ထုတ်လုပ်မှုတိုးတက်ပြီး အရင်းအနှီးပမာဏများပြားလာစေရန် ဟူ၍ဖြစ်သည် ။
ဖွဲ့စည်းစမှ ၁၉၆၇ အထိ ကမ္ဘာ့ဘဏ်သည် ယခုကဲ့သို့ ငွေမချေးပေ။ ငွေချေးခြင်း ကို သတိကြီးစွာ ဆောင်ရွက်လေ့ရှိသည်။ ဘဏ်က ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးရေး အတွက် ငွေများထုတ်ချေးလိုသော်လည်း ပမာဏ များများ ထုတ်ချေးမိပါက ဘဏ်အပေါ် ယုံကြည်စိတ်ချမှု ကင်းမဲ့သွားမည် ကို စိုးသောကြောင့် ဖြစ်သည်။
ဘဏ်ဥက္ကဋ္ဌ ဂျွန်မက္ကလွိုင်း က ပထမဆုံး အနေဖြင့် ပြင်သစ်ပြည်ကို ငွေချေးရန် ဆုံးဖြတ်ခဲ့သည်။ ပိုလန် နှင့် ချီလီ နိုင်ငံတို့က ငွေချေးရန် တောင်းဆိုသော်လည်း မရခဲ့ပေ။ ချေးငွေမှာ ပြင်သစ်တို့ တင်ပြတောင်းဆိုသော ပမာဏ၏ တစ်ဝက် ယူအက်စ်ဒေါ်လာ ၉၈၇ မီလျှံ ဖြစ်သည်။ထိုချေးငွေကို မည်ကဲ့သို့ အသုံးပြုရမည်ကို တင်းကျပ်သော စည်းမျည်းများ ထားရှိသည်။
၁၉၆၈ မှ ၁၉၈၀ များ အတွင်းတွင်မူ ကမ္ဘာ့ဘဏ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူများ၏ အခြေခံလိုအပ်ချက် အတွက် လုပ်ဆောင်ခဲ့သည်။ ချေးငွေမှာလည်း ပိုများလာခဲ့သည်။ အခြေခံအဆောက်အဦး အတွက်သာမက လူမှုဝန်ဆောင်မှုများ နှင့် အခြားလုပ်ငန်းဆောင်တာများ အတွက်ပါ ထုတ်ချေးသော ကြောင့် ဖြစ်သည်။
၁၉၈၉ တွင် များစွာဝေဖန်ခံရသောကြောင့် ကမ္ဘာ့ဘဏ် မူဝါဒ ပြောင်းခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ က လည်း လူများကို ကူညီနိုင်ရန် ငွေချေးကြသည်။ ယခုအခါတွင် ဘဏ်၏စီမံကိန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ချမှတ်ခဲ့ပြီဖြစ်သည်။
ကမ္ဘာ့ဘဏ်အနေဖြင့်ချေးငွေများ မစတင်မီ ၊ ဘဏ်၏ အကြံပေးများ ၊ ကျွမ်းကျင်သူများမှ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအချက်များ နှင့် တိုင်းတာသည် ။
ချေးငွေ များအားကုန်ထုတ်လုပ်မှု နှင့် ဖွံ့ဖြိုးမှုရေး အတွက်သုံးသည်မှာသေချာမှုရှိသလော ၊ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်ထိုငွေကိုပြန်လည် ပေးဆပ်နိင်မည်လောဆိုသည့် အချက်များပေါ်တွင် အခြေခံသည် ။
ကမ္ဘာ့ဘဏ်မှ ချေးငွေများကိုသတ်မှတ်ထားသည့် ကာလအပိုင်းခြားအတွင် း ပြန်လည်ပေးဆပ်ရန် လိုအပ်ပြီး ထိုအချက်ကိုသက်ဆိုင်ရာနိုင်ငံ အစိုးရမှ တာဝန်ယူရသည် ။ ကြွေးကျန်နိုင်ငံ မည်သည့်နိုင်ငံကိုမှ ရန်ပုံငွေထောက်ပံ့ခွင့် မပြုဟု စည်းကမ်း သတ်မှတ်ထားသည်။
သက်ဆိုင်ရာနိင်ငံများသည်ချေးငွေရယူပြီးနောက် ချေးငွေရယူလုပ်ကိုင်နေသည့်စီမံကိန်းများ၏ Report များကို အချိန်အပိုင်းအခြားအလိုက် ကမ္ဘာ့ဘဏ်သို့ ပေးပို့တင်ပြရသည် ။
ကမ္ဘာ့ဘဏ်စတင်ထူထောင်စဉ်က ကမ္ဘာ့ဘဏ်၏ ချေးငွေအများစုကို ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးခဲ့သည့် ဥရောပနိုင်ငံများသို့ပေးခဲ့ကြသည် ။
၁၉၆၀ – ခုနှစ်နောက်ပိုင်းမှစ၍ ချေးငွေများကို အာမခံပေးလာနိင်သည့် အာဖရိက ၊ အာရှ နှင့် လက်တင်အမေရိက ရှိအဖွဲ့ဝင်နိုင်ငံများသို့ ချေးနိင်လာခဲ့သည် ။
ထိုအခါ ကမ္ဘာ့ဘဏ်သည် ရေကောင်းရေသန့်ရရှိရေး ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ အသေးစားစက်မှုလုပ်ငန်း ၊ အိမ်ယာစီမံကိန်း ၊ လမ်းတံတားစီမံကိန်း ၊ စိုက်ပျိုးရေးစီမံကိန်း စသည့် နယ်ပါယ်များကို ငွေကြေးချေးငှားမှု ၊ နည်းပညာပံ့ပိုးမှု နှင့်အတူ ဖွံ့ဖြိုးမှု နည်းသည့်နိင်ငံများမှ အဆင်းရဲဆုံး လူသားများအတွက် များစွာအကျိုးပြုလာခဲ့သည် ။
FUNDS ငွေ ဘယ်ကရသလဲ
အဖွဲ့ဝင်နိင်ငံများသည် ဘဏ်၏ စတော့ရှယ်ယာများကို ဝယ်ယူကြရသည် ။ အဖွဲ့ဝင်နိင်ငံများ၏ ဓန အင်အားကိုလိုက်၍ အနည်းဆုံးဝယ်ယူရမည့် ရှယ်ယာပမာဏကို သတ်မှတ်ထားသည် ။
ယနေ့အချိန်တွင် အမေရိကန်ပြည်ထောင်စု ၊ ဂျပန် ၊ ဂျာမဏီ ၊ အင်္ဂလန် ၊ပြင်သစ်စသည့်နိင်ငံများသည် ရှယ်ယာအများဆုံးဝယ်ယူထားသည့် နိင်ငံများဖြစ်သည် ။
ဘဏ်အနေဖြင့် bonds စာချုပ်များကိုလဲရောင်းချလေ့ရှိသကဲ့သို့ဘဏ်၏ လည်ပါတ်ငွေမှရရှိသည့် အမြတ်ငွေများသည်ဘဏ်၏ ငွေအရင်းအမြစ်ဖြစ်သည် ။
ကမ္ဘာ့ဘဏ်သည် စတင်တည်ထောင်ပြီး ၁၉၄၇ – ခုနှစ်မှစ၍ အမြတ်ရရှိလာခဲ့သည် ဟုဆိုသည် ။
ဘဏ်၏ လုပ်ပိုင်ခွင့် အာဏာအား အဖွဲ့ဝင်နိင်ငံအားလုံး၏ ထောက်ပြဝေဖန်မှု နှင့်ဖွဲ့စည်းထားသည် ။ အဖွဲ့ဝင်နိင်ငံများသည်တနှစ်လျှင်တကြိမ်တွေ့ဆုံကြသည် ။
ဘဏ်ဒါရိုက်တာအဖွဲ့ကို ၂၄ – ဦး နှင့်ဖွဲ့စည်းထားပြီးရုံးချုပ်မှာ အမေရိကန်နိင်ငံဝါရှင်တန်ဒီစီမြို့ တွင်တည်ရှိသည် ။
ရှယ်ယာအများဆုံးပိုင်ဆိုင်သည့်နိင်ငံ ၅ – နိင်ငံသည် အမြဲတမ်းဒါရိုက်တာ အဖွဲ့ဝင်များဖြစ်ပြီး ကျန် ၁၉ -ဦးအား အဖွဲ့ဝင်နိင်ငံများမှ ၂ – နှစ်လျှင်တကြိမ်ရွေးချယ်သည် ။
ကမ္ဘာ့ဘဏ်ဥက္ကဌအား ၅နှစ်လျှင်တကြိမ် ရွေးချယ်လေ့ရှိသည် ။ လက်ရှိကမ္ဘာ့ဘဏ် ဥက္ကဌမှာ ကိုရီးယားနိုင်ငံသား Jim Yong Kim ဖြစ်သည်။
ယနေ့အချိန်တွင် ကမ ္ဘာ့ဘဏ်၌ အဖွဲ့ဝင်နိင်ငံပေါင်း ၁၈၉ – နိင်ငံရှိကာ အပေါင်းပါ အဖွဲ့အစည်း ၄ – ခု ရှိသည်ဟုသိရသည်။
ယင်းအဖွဲ့အစည်းများမှာ ….
၁၉၅၆ – ခုနှစ်တွင်စတင်ထူထောင်ခဲ့သည့် International Finance Corporation (IFC),
၁၉၆၀ – ခုနှစ်တွင်စတင်ထူထောင်ခဲ့သည့် International Development Association (IDA)
၁၉၆၆ – ခုနှစ်တွင်စတင်ထူထောင်ခဲ့သည့် International Center for Settlement of Investment Disputes (ICSID),
၁၉၈၈ – ခုနှစ်တွင်စတင်ထူထောင်ခဲ့သည့် Multilateral Investment Guarantee Agency (MIGA), တို့ဖြစ်ကြသည် ။
(မြန်မာနိုင်ငံသည် ၁၉၅၂ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ ကမ္ဘာ့ဘဏ်အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်)