Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

by Thutamm
January 30, 2021
Reading Time: 1min read
0
လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Share on FacebookShare on Twitter

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ အန္တာတိကတိုက်ကလွဲလို့ ကျန်တိုက်ကြီး ၆ တိုက်စလုံးက နေရာဒေသ မျိုးစုံမှာ ရှင်သန်ကျက်စားလေ့ရှိကြပါတယ်။ တူညီတဲ့အချက်ကတော့ ဒီငှက် ၂မျိုးစလုံးဟာ အများအားဖြင့် နေ့ဘက်မှာပဲ လှုပ်ရှားသွားလာလေ့ရှိတဲ့ diurnal ငှက်တွေဖြစ်ပါတယ်။ အများအားဖြင့် ဒီငှက် ၂ မျိုးကို ကွဲကွဲပြားပြားသိလေ့ မရှိကြပါဘူး။ ဒီတခါတော့ လင်းယုန် နဲ့ သိမ်းငှက် တို့ရဲ့ ကွာခြားချက်တွေကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။ ( (Falcon သိမ်းငှက် ဆိုတာလည်း ရှိပါသေးတယ်။ သူ့အကြောင်းကိုတော့ နောက်တပိုစ့်မှာ ထပ်တင်ပေးပါမယ်)

ပထမ တခုကတော့ အရွယ်အစားပါ။ လင်းယုန်တွေဟာ သိမ်းငှက်တွေထက် အရွယ်အစား သိသိသာသာကြီးပါတယ်။ ပုံမှန်အားဖြင့် လင်းယုန်တွေရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ၁၈ ပေါင်ခန့် ရှိတတ်ပေမယ့် သိမ်းငှက်တွေကတော့ ၄ပေါင် ဝန်းကျင်ခန့်သာ ရှိတတ်ပါတယ်။ အကြီးဆုံးလင်းယုန်တွေဖြစ်တဲ့ စတယ်လာ ပင်လယ်လင်းယုန်တွေဆိုရင် ပေါင် ၂၀ ခန့်အထိ အလေးချိန်ရှိတတ်ပါတယ်။

လင်းယုန်တွေဟာ ပိုမိုကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိပြီး ကောက်ကွေး ချွန်ထက်နေတဲ့ နှုတ်သီး ၊ အလွန်သန်မာတဲ့ ခြေလက် ၊ ကောက်ကွေးပြီး ထက်မြတဲ့လက်သည်းတွေဟာ သားကောင်ကို ကုပ်ယူပြီး အကွာဝေးများစွာအထိ သယ်ဆောင်သွားဖို့ ကူညီပေးပါတယ်။ သိမ်းငှက်တွေကတော့ လင်းယုန်တွေလောက် အင်အားမကြီးပေမယ့် သူတို့လည်း ကောက်ကွေးတဲ့ နှုတ်သီး တဲ့ ထက်မြတဲ့ လက်သည်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။

တောင်ပံအကျယ်အားဖြင့်တော့ လင်းယုန်တွေဟာ ၈ပေ ဝန်းကျင်အထိ ရှိတတ်ပေမယ့် သိမ်းငှက်အများစုကတော့ တောင်ပံအကျယ် ၅ပေ အောက်သာ ရှိကြပါတယ်။ ဒါပေမယ့် သိမ်းငှက်တွေဟာ သူတို့ရဲ့အရွယ်အစားထက် များစွာပိုကြီးမားတဲ့ တောင်ပံတွေ နဲ့ ကျယ်ပြန့်တဲ့အမြီးတွေကို ပိုင်ဆိုင်ထားတာကြောင့် မရပ်မနားပဲ အချိန်အတော်ကြာ ပျံသန်းနိုင်ကြပါတယ်။

အရောင်အားဖြင့်တော့ လင်းယုန်တွေဟာ ရွှေရောင် ၊ မီးခိုးရောင် ၊ အညိုရောင် အမွှေးအတောင်တွေနဲ့အတူ အဝါရောင်(သို့) အရောင်ဖျော့ ရှိတဲ့ နှုတ်သီးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ သိမ်းငှက်တွေကတော့ အနီရောင်ဘက်သန်းတဲ့ အညိုရောင် ၊ အဖြူ နဲ့ အနက်ရောင်တွေကို ပေါင်းစပ်ထားတဲ့ အရောင်ကို ပိုင်ဆိုင်ကြပါတယ်။ သူတို့မှာတော့ အနက်ရောင်သန်းတဲ့ နှုတ်သီးတွေရှိနေပါတယ်။

အမဲလိုက်ရာမှာ အလွန်ကျွမ်းကျင်တဲ့ငှက်တွေဖြစ်တာနဲ့အညီ ဒီငှက်နှစ်မျိုးစလုံးဟာ အမြင်စူးရှပြီး အနည်းဆုံး ၁မိုင် အကွာအဝေးမှာရှိတဲ့ သားကောင်ကိုတောင် ပြတ်သားစွာ မြင်နိုင်စွမ်းရှိပါတယ်။ အမဲလိုက်တဲ့အခါမှာတော့ လင်းယုန်တွေဟာ ဝေဟင်ကနေ သားကောင်ကို ဆင်းထိုး ဖမ်းသုတ်ချီပြီး သယ်ဆောင်သွားပါတယ်။ အနီးဆုံး နားခိုရာကို ရောက်တဲ့အခါမှ သားကောင်ကို ပိုင်းဖြတ်စားသောက်လေ့ရှိပါတယ်။ သိမ်းငှက်တွေဟာ တောစပ်ရေစပ်များတွင် အစာရှာဖွေသည့်အခါ မြေကြီးနှင့်ကပ်၍ လျှင်မြန်စွာ ပျံသန်းလေ့ရှိပါတယ်။ အမြင့်ကနေ အမဲလိုက်လေ့ရှိသလို သစ်ပင်တွေပေါ်မှာ ပုန်းကွယ်နေပြီး သားကောင်ကိုတွေ့တော့မှ လျှင်မြန်စွာထွက်ပြီး အမဲလိုက်တဲ့ နည်းစနစ်ကိုလည်း ကျင့်သုံးကြပါတယ်။ 

လင်းယုန်တွေကတော့ မြွေ ၊ အလတ်စား နို့တိုက်သတ္တဝါအချို့နဲ့ အခြားငှက်တွေကို အမဲလိုက်စားသောက်လေ့ရှိပြီး ပင်လယ်နေ လင်းယုန်တွေကတော့ ငါး နဲ့ အခြားရေနေသတ္တဝါတွေကို စားသောက်ကြပါတယ်။ သိမ်းငှက်တွေကတော့ ကြွက် ၊ ယုန် နဲ့ အကောင်ကြီးတဲ့ အင်းဆက်တွေကို စားသုံးကြပါတယ်။ လင်းယုန်တွေ က တုန်ခါတဲ့ ဟစ်သံကို ထုတ်လွှတ်ပြီး သိမ်းငှက်တွေကတော့ တဆက်တည်း ကျယ်လောင်ရှည်လျားတဲ့ အသံတွေကို ထုတ်လွှတ်နိုင်ကြပါတယ်။

လင်းယုန်တွေဟာ မြင့်မားတဲ့သစ်ပင်တွေ ဒါမှမဟုတ် တောင်ကုန်းတွေပေါ်က အသိုက်တွေထဲမှာ ဥ ၁ ဥကနေ ၃ ဥ ခန့်အထိ ဥချလေ့ရှိပါတယ်။ အရင်အကောင်ပေါက်တဲ့ လင်းယုန်ပေါက်ဟာ သူ့ရဲ့မွေးချင်းတွေကို စားသောက်ပစ်လေ့ရှိပါတယ်။ သိမ်းငှက်တွေကတော့ တောင်ကုန်း ၊ တောင်တန်း နဲ့ သစ်ပင်တွေပေါ်က အသိုက်တွေထဲမှာ ဥ ၂ ဥကနေ ၇ ဥ ခန့်အထိ ဥချလေ့ရှိပါတယ်။ ငှက် ၂ မျိုးစလုံးရဲ့ မိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို အစာကျွေး ၊ စောင့်ရှောက်တတ်တဲ့ အလေ့အကျင့် ရှိပါတယ်။ ဒီလောက်ဆိုရင်တော့ လင်းယုန် နဲ့ သိမ်းငှက် တို့ရဲ့ ကွာခြားချက်တချို့ကို သိလောက်ပြီ ထင်ပါတယ်။

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

အံဖွယ် ၇ ခု အပါအဝင်ဖြစ်တဲ့ အီတိုင်ပူဆည် အကြောင်း
Knowledge

အံဖွယ် ၇ ခု အပါအဝင်ဖြစ်တဲ့ အီတိုင်ပူဆည် အကြောင်း

အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်းက ရွေးချယ်ခဲ့တဲ့ အံ့ဖွယ် ၇ ခု မှာ ချန်နယ်တူးမြောင်း ၊ ပနားမားတူးမြောင်း ၊ စီအန်တာဝါ ၊ ဂိုးဒင်းဂိတ်တံတား ၊ အင်ပါယာစတိတ်အဆောက်အဦး စတဲ့ အကြောင်းအရာတွေကို တင်ပြီးခဲ့ပါပြီ။ ဒီတခါတော့ နောက်အံ့ဖွယ်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!