Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သင့်အချိန်ကို အများဆုံးဖြုန်းတီးပစ်စေတဲ့ အရာများ

by Thutamm
July 24, 2019
Reading Time: 1min read
0
သင့်အချိန်ကို အများဆုံးဖြုန်းတီးပစ်စေတဲ့ အရာများ
Share on FacebookShare on Twitter

ကျွန်တော်တို့ရဲ့ အချိန်တော်တော်များများကို အကျိုးမရှိစေတဲ့ အရာတွေနဲ့ပဲ ကုန်လွန်လေ့ရှိပါတယ်။ ကိုယ့်အတွက် အကျိုးမရှိမှန်းသိပေမယ့် မလုပ်ရင် မနေနိုင်အောင်ကို နေ့စဉ် လုပ်မိနေတတ်ကြပါတယ်။ အခုခေတ်မှာ ကျွန်တော်တို့အချိန်တွေကို အများဆုံးဖြုန်းတီးပစ်စေတဲ့ အရာတွေကတော့

၁။အင်တာနက်

တကယ်တော့ ဂရုတစိုက်သုံးစွဲမယ်ဆိုရင် အင်တာနက်ဟာ တကယ့်ရတနာသိုက်ကြီးပါပဲ။ သင်တစ်ခုခု သိချင်သလား ၊ အဝေးက သင့်အသိတစ်ယောက်နဲ့ စကားပြောချင်သလား ၊ ဒါမှမဟုတ် စိတ်ကြိုက် သီချင်းတစ်ပုဒ် လောက် နားထောင်ချင်သလား၊ ဒါမှမဟုတ် တစ်ကမ္ဘာလုံးကို ထိုင်ရာကမထ ကြည့်မလား။ အင်တာနက်က ကူညီပေးပါလိမ့်မယ်။ ဒါပေမယ့် ဆိုရှယ်နက်ဝက်လို့ခေါ်တဲ့ လူမှု့ကွန်ယက်ထဲကို ဝင်သွားပြီ ဆိုရင်တော့ ပြန်ထွက်ဖို့ ခက်သွားပါပြီ။ ၁၅မိနစ်လောက် ကြည့်ရင် ပြီးရမယ့် ကိစ္စကို new feed တွေကို ကြည့်ရင်းနဲ့ ၁နာရီမက ဖြုန်းတီးပစ်လိုက် မိပါတယ်။

၂။လက်ကိုင်ဖုန်းများ

ဖုန်းတွေမှာ သုံးစွဲစရာ ကဏ္ဍများစွာ ပါရှိပါတယ်။ ဖုန်းပြောခြင်း၊ မတ်ဆေ့ ပို့ခြင်း၊ အင်တာနက်သုံးခြင်း၊ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို စသည်ဖြင့်ပါဝင်ပါတယ်။ ဖုန်းတစ်လုံးကိုကိုင်နေရရင် အချိန်ကို သတိမထားမိကြတော့ပါဘူး။ နေရာတိုင်း အချိန်တိုင်းလိုလိုမှာဖုန်းမျက်နှာပြင်ကို ပွတ်နေတဲ့ လူတွေကို သင်တွေ့နေရ ပါ လိမ့်မယ်။ဖုန်းဟာ ကျွန်တော်တို့အချိန်ကို အဖြုန်းဆုံးအရာလို့တောင် ဆိုရပါလိမ့်မယ်။

၃။ရုပ်မြင်သံကြားနဲ့ဖျော်ဖြေရေး

တစ်ချို့လူတွေဟာ ည၇နာရီ ၉နာရီစသည်ဖြင့်အချိန်ပေးပြီး စောင့်နေတတ်ကြပါတယ်။ အခန်းဆက် တီဗီ ဇာတ်လမ်းတွေ ပြိုင်ပွဲအစီအစဉ်တွေကို ကြည့်ဖို့ပါပဲ။ ဒီအထဲမှာ သင်ကိုယ်တိုင်တောင် ပါဝင်နေတတ်ပါတယ်။ အစီအစဉ်တွေ ကလည်း တစ်နေ့တစ်မျိုးမရိုးနိုင်အောင် လာနေပါတယ်။ ဒါတွေကို ကြည့်ရင်းနဲ့ ကျွန်တော်တို့ရဲ့ညနေ ကနေ အိပ်ချိန်အထိ အချိန်တွေ ကုန်ဆုံးရပြန်ပါတယ်။

၄။အဆိုးမြင်စိတ်များ

အချိန်ဖြုန်းတဲ့ထဲမှာ ရုပ်ဝထ္ထုတွေတင် မကပါဘူး။ ကျွန်တော်တို့ရဲ့ အဆိုးမြင်စိတ်တွေဟာလည်း ပါဝင်ပါ တယ်။ ကိစ္စတစ်ခုခုလုပ်ဖို့ ကြုံလာတိုင်းမှာ ဒါဟုတ်ပါ့မလား ၊ဖြစ်နိုင်ပါ့မလား စသည်ဖြင့် အဆိုးဘက်မှတွေးရင်း တွေးရင်းအချိန်တွေ ကုန်တတ်ပါတယ်။ ဒီစိတ်ကြောင့် လုပ်စရာရှိတာကို မလုပ်မိပဲ အခွင့်အရေးတွေ ၊ ပျော်ရွှင်မှု့တွေ၊ အချိန်တွေ ဆုံးရှုံးတတ်ကြပါတယ်။

၅။လူများ

လူတစ်ချို့ဟာလည်း ကျွန်တော်တို့ရဲ့ အချိန်တွေကို ဖြုန်းတတ်ကြပါတယ်။ သင့်ရဲ့နေ့စဉ် ဘဝမှာဖြစ်ဖြစ် ၊ အလုပ်ခွင်မှာပဲ ဖြစ်ဖြစ် အကြောင်းမရှိပဲ စကားလာလာပြောနေတဲ့ လူတွေကို မြင်ရပါလိမ့်မယ်။ ဒီလိုလူတွေ ဟာ သင်နားထောင်ချင်သည် ဖြစ်စေနားမထောင်ချင်သည်ဖြစ်စေ သူတို့ပြောချင်တာတွေကို ပြောတတ်ကြပါတယ်။ဒီအချိန်မှာ သင်ကအားနာလို့ နားထောင်ပြီးစကားပြန်ပြောရင်တော့ သင့်ရဲ့အချိန်ထပ်ကုန်ပြန်ပြီပေါ့။
ဒါတွေဟာ ကျွန်တော်တို့အချိန်တွေကို ဖြုန်းတီးပစ်စေတဲ့ အရာတွေထဲက အချို့ပါပဲ။ ဒီအရာတွေကိုဂရုစိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အချိန်တွေကိုရယူပြီး အကျိုးရှိတဲ့နေရာတွေမှာ သုံးနိုင်ကြပါတယ်။

Tags: thinking

Related Posts

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ
People

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ

Messenger News Journal မှ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆိုင်မွန်လီသည် ဘာသာစကားနဲ့ ပတ်သက်ပြီး သဘာဝပေး အရည်အသွေးရှိသူဟု ဆိုလျှင် မမှား။ အသက် (၃၂) နှစ် အရွယ် တောင်ကိုရီးယားသားသည် ကိုရီးယား၊...

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ
Successful

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ

Via : Your Life Success Blog ” လူငယ်တွေ မင်းတို့ အောင်မြင်ချင်သလား၊ ကြီးပွားချမ်းသာချင်သလား၊ အဲဒါဆိုရင် သည်းခံပါ ” -တဲ့။ အာ.. ဘယ်လိုကြီးလဲ။ စိတ်ဓာတ်တက်ကြွအောင် ပြောရမယ့်အစား အောင်မြင်ချင်ရင်...

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ
Successful

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ

ရေးသားသူ - Saya Aung Ko Latt သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နှီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။ ၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။...

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့
motivation

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့

ဆိုက်ကား ဆရာ နဲ့ ကားဝပ်ရှော့ပိုင်ရှင် ဘာဆိုင်လို့လဲ ..ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါဆို ကျွန်တော်တွေ့ဖူးခဲ့တဲ့ ဆိုက်ကားဆရာတစ်ယောက် အကြောင်း ပြောပြမယ်.. ကျွန်တော်တို့ တက္ကသိုလ်စတက်တုန်းက အဆောင်နားမှာ ဆိုက်ကားဆရာ တစ်ယောက်ရှိတယ်။ ရိုးတယ် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!