Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

by Thutamm
January 25, 2021
Reading Time: 1min read
0
ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Share on FacebookShare on Twitter

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့ သက်တမ်းနှစ်ပေါင်း ၁ထောင်ကျော်နေပြီလို့ ဆိုလိုက်ရင် မသိသေးတဲ့ မိတ်ဆွေများ အံသြသွားနိုင်ပါတယ်။ ဒီတခါတော့ ကမ္ဘာ့အစောဆုံးဟိုတယ်အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခံထားရတဲ့ ဒီဟိုတယ် အကြောင်းကို ဝေမျှသွားပါမယ်။

ဒီဟိုတယ်ရဲ့ နာမည်ကတော့ Nishiyama Onsen Keiunkan နီဆီယားမား အွန်ဆင်း ကေးန်ကန် တဲ့။ ရေပူစမ်းဟိုတယ်အမျိုးအစားဖြစ်ပြီး ဂျပန်နိုင်ငံ ယာမာနာရှီစီရင်စုနယ် ဟာယာကာဝါ မြို့မှာ တည်ရှိပါတယ်။ ဒီဟိုတယ်ကို ၇၀၅ အေဒီ ကာလကတည်းက ဂျပန်လူမျိုး Fujiwara Mahito က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အစောဆုံးဟိုတယ်ဖြစ်သလို ဂျပန်နိုင်ငံက ဆောက်လုပ်ရေးကုမ္ပဏီ Kongō Gumi ပြီးလျှင် အစောဆုံး ကုမ္ပဏီလည်းဖြစ်ပါတယ်။

Keiunkan ဟိုတယ်ဟာ အကိုင်းရှီတောင်တန်းရဲ့ ခြေရင်းမှာ တည်ရှိနေတာဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်ကတည်းက Hakuho ရေပူစမ်းမှ ရေကို တိုက်ရိုက်သွယ်ယူကာ ရေချိုးကန်တွေကိုပါတွဲဖွင့်ထားခဲ့တာပါ။ တည်ထောင်သူ Fujiwara Mahito ဟာ ၃၈မြောက် ဂျပန်ဧကရာဇ် Tenji ရဲ့ လက်ထောက်ဖြစ်သူရဲ့သားဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ရေပန်းစားခဲ့ပြီး စစ်သားတွေ နဲ့ ဆာမူရိုင်းတွေဟာ ဒီဟိုတယ် နဲ့ ရေပူစမ်းမှာ မကြာခဏ လာရောက်အပန်းဖြေလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ ရှေးခေတ်ဂျပန်ပြည်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ Takeda Shingen နဲ့ Tokugawa Ieyasu တို့တောင် ပါဝင်ပါသတဲ့။ ရေပူစမ်း စိမ်ခြင်းဟာ ကျန်းမာရေးကို ကောင်းစေတယ်ဆိုတဲ့ အယူအဆဟာ အဲဒီတည်းက ပေါ်နေခဲ့ပြီဖြစ်ပါတယ်။ဒီဟိုတယ်ကို မူလ တည်ထောင်သူလက်ထက်ကစလို့ သားစဉ် မြေးဆက် အမွေဆက်ခံ စောင့်ရှောက်ပြီး နှစ်ပေါင်းများစွာ အပျက်စီးမခံပဲ ဖွင့်လှစ်လာခဲ့တာဖြစ်ပါတယ်။ ဒီလောက်နှစ်တွေအကြာကြီး ခေတ်ကာလ အခြေအနေအမျိုးမျိုးမှာ ဖွင့်လှစ်နိုင်ခဲ့တာဟာ အံသြစရာကောင်းပါတယ်။

ယခုအချိန်ထိဆိုရင်တော့ ဒီဟိုတယ်ကို အဆက်ဆက်စောင့်ရှောက်ခဲ့တဲ့ မျိုးဆက်ပေါင်းက ၅၂ဆက် ရှိသွားပြီဖြစ်သလို ဟိုတယ်ရဲ့သက်တမ်းကလည်း နှစ်ပေါင်း ၁၃၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ မူလကတော့ အဆောက်အအုံတွေကို ဂျပန်ရိုးရာ ဗိသုကာအတိုင်းတည်ဆောက်ခဲ့တာဖြစ်ပေမယ့် ၁၉၉၇ ခုနှစ်မှာတော့ ခေတ်သစ်ဗိသုကာတွေကိုပါ ထည့်ပေါင်းပြီး အကြီးစားပြင်ဆင်မှု ပြုလုပ်ခဲ့ပါတယ်။

အထပ်လေးထပ်ဖြစ်သလို အခန်းစုစုပေါင်း အနေနဲ့ ၃၇ခန်းရှိသလို အခန်းတိုင်းမှာ ရေနွေးစိမ်ကန်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါအပြင် စားသောက်ဆိုင်တခု နဲ့ လသာဆောင်တွေလည်းပါဝင်နေပါတယ်။ အခန်းတွေထဲမှာတော့ ဂျပန်ရိုးရာ Tatami ဖျာ နဲ့အတူ ရိုးရာအပြင်အဆင်တွေနဲ့ ခေတ်မီအောင် ပြင်ဆင်ထားပါတယ်။ သာယာအေးချမ်းတဲ့ နေရာမှာ တည်ရှိတဲ့ ဒီဟိုတယ်မှာ ရေပူစမ်းတွေကိုလည်း ပုံစံမျိုးစုံနဲ့ တည်ဆောက်ထားပါသေးတယ်။

၂၀၁၇ ခုနှစ်မှာတော့ ဒီဟိုတယ်ပိုင်ဆိုင်မှုကို Yushima ဟိုတယ်လုပ်ငန်းက လွှဲပြောင်းယူခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Keiunkan ဟိုတယ်ကို ဂင်းနစ်မှတ်တမ်းက ကမ္ဘာ့အစောဆုံးဟိုတယ်အဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါတွေကတော့ ယနေ့အချိန်ထိတိုင် ဖွင့်လှစ်နေဆဲ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဟိုတယ်ရဲ့ အကြောင်း အရာအချို့ပဲ ဖြစ်ပါတယ်။

Tags: world places

Related Posts

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

ကမ္ဘာပေါ်မှာ အကြီးဆုံး နန်းတော် အဆောက်အအုံ
Knowledge

ကမ္ဘာပေါ်မှာ အကြီးဆုံး နန်းတော် အဆောက်အအုံ

ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကြီးတွေအများကြီး ရှိတဲ့အနက် အကြီးဆုံးနန်းတော်အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရတာကတော့ ပါလီမန် နန်းတော် The Palace of the Parliament ဖြစ်ပါတယ်။ ဒီနန်းတော်ကတော့ ရိုမေးနီးယားနိုင်ငံ မြို့တော်ဘူခါရက်က Dealul Spirii တောင်ကုန်းပေါ်မှာ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!