ချန်ပီယံလိဂ်ပြိုင်ပွဲဆိုလိုက်တာနဲ့ ကမ္ဘာထိပ်တန်းကလပ်အသင်းတွေ စီးချင်းထိုးရာ စစ်မြေပြင်ဆိုတာဘောလုံးဝါသနာအိုးတိုင်းသိရှိကြပါတယ်။ ဥရောပထိပ်တန်းလိဂ်တွေ ကအသင်းတွေချည်းပါဝင်တာကြောင့် ဗိုလ်လုပွဲစီကိုသွားရာလမ်းဟာအလွန်ခက်ခဲသလို အသင်းတွေအတွက် ပြန်လည်ရရှိမယ့် အကျိုးအမြတ်ဟာမနည်းမနောဖြစ်တာကြောင့် ထိပ်တန်းလိဂ်တွေအတွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆိုတဲ့တိုက်ပွဲဟာ ပိုမိုမြိုင်ဆိုင်လာတာ ကိုတွေ့ရမှာပါ။ တစ်နှစ်ကိုတစ်ကြိမ်ပုံမှန်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုတာကတော့အတော်ကို ခက်ခဲတဲ့အကြောင်းကို ယနေ့တိုင်ချန်ပီယံလိဂ်ဖလားမရဖူးတဲ့ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့အီဘရာဟီမိုးဗစ်၊ ...