Saturday, April 10, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်က ရှိသမျှအပင်များရဲ့ မျိုးစေ့တွေကို ထိန်းသိမ်းထားတဲ့ ကမ္ဘာ့အရေးအကြီးဆုံးနေရာ

by Thutamm
December 5, 2020
Reading Time: 1min read
0
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်က ရှိသမျှအပင်များရဲ့ မျိုးစေ့တွေကို ထိန်းသိမ်းထားတဲ့ ကမ္ဘာ့အရေးအကြီးဆုံးနေရာ
Share on FacebookShare on Twitter

ယနေ့ ကမ္ဘာကြီးဟာ သဘာဝဘေးဒဏ်များကြောင့် ရာသီဥတုပြောင်းလဲကာ တဖြည်းဖြည်း ပျက်စီးစပြုလာနေပါပြီ။ တကယ်လို့များ တချို့ဒေသတွေမှာ သဘာဝကပ် ဘေးအန္တရာယ်ဆိုးတွေကျတဲ့အခါ ၊ ဒါမှမဟုတ် နျူကလီးယားစစ်ပွဲတွေဖြစ်ပွားတဲ့အခါ အဲဒီဒေသမှာရှိတဲ့ အပင်တွေလည်း မျိုးတုန်းပျောက်ကွယ်သွားနိုင်ပါတယ်။

အဲဒီလို အပင်တွေ ပျောက်ကွယ်မျိုးတုန်းမယ့် အန္တရာယ်ကို ပြန်လည်အစားထိုးနိုင်ဖို့ ဒီအစီအစဉ်ကို ဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီအဆောက်အဦးကို ကမ္ဘာမှာ အရေးအကြီးဆုံးနေရာတစ်နေရာလို့ ဆိုကြပါတယ်။

မြောက်ဝန်ရိုးစွန်း အာတိတ်ဒေသနဲ့ ထိစပ်နေတဲ့ နော်ဝေနိုင်ငံရဲ့အကြီးဆုံးကျွန်း Spitisbergen က တောင်က တောင်တစ်လုံးအောက် အတွင်းဘက်မှာ ကြီးမားရှည်လျားတဲ့ ဂိုထောင်ကြီး တစ်လုံးရှိပါတယ်။ ။ မြောက်ဝင်ရိုးစွန်းရဲ့ မိုင်၈၁ဝအကွာ အာတိတ်ဒေသမှာ မှာတည်ရှိနေတာဖြစ်ပါတယ်။

ဒီအဆောက်အဦးကြီးအတွင်းမှာ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပေါ်က ရှိသမျှအပင်တိုင်းရဲ့ မျိုးစေ့တွေကို ထိန်းသိမ်းထားပါတယ်။ နောင်မမြင်နိုင် တဲ့အနာဂါတ်မှာ အပင်တွေကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ဖို့ ဒီလိုထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။

ဒီမျိုးစေ့ဘဏ်ကို Svalbard Global Seed Vault လို့ ခေါ်ပါတယ်။ ဂိုထောင်ရဲ့ အရှည်က ၄၂၇ ပေ ရှည်ပြီး မျိုးစေ့ပုံစံပေါင်း ၉၈၃၃၁၆ ခန့်သိုလှောင်သိမ်းဆည်းထားခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းတဲ့နေရာမှာ အပူချိန် ၁၈ ဒီဂရီ အောက်မှာ ဒီဇိုင်းထုတ်ထားတဲ့အကာတွေ နည်းပညာတွေနဲ့ ထိန်းသိမ်းထားတာကြောင့် နှစ်ထောင်ပေါင်းများစွာအထိ ကြာရှည်ခံနိုင်တယ်လို့ သိရပါတယ်။

ဒီဂိုထောင်မှာ ကမ္ဘာ့နိုင်ငံတိုင်းက အပင်ပုံစံတွေကို လက်ခံနေပါတယ်။ ဒီအပင်ပုံစံတွေထဲမှာ နိုင်ငံပေါင်းစုံကအပင်မျိုးစေ့တွေရှိသလို မြန်မာနိုင်ငံကမျိုးစေ့တွေ လည်း ရှိပါတယ်။ မြောက်ကိုရီးယားက အပ်နှံထားတဲ့မျိုးစေ့တွေတောင်ပါဝင်ပါတယ်။ အပင်ပုံစံတွေကို သေတ္တာတွေနဲ့ အကန့်အလိုက်ခွဲထားပါတယ်။ ဒီအပင်မျိုးစေ့တွေကို စစ်ပွဲတွေကြောင့် ပျက်စီးသွားခဲ့တဲ့ ဆီးရီးယားနိုင်ငံ Aleppoမြို့အနီးမှာ ပထမဆုံး အသုံးချသွားမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို နော်ဝေနိုင်ငံနဲ့အကူအညီနဲ့ Crop Trust အဖွဲ့အစည်းကစတင်ခဲ့တာဖြစ်ပြီး Svalbard Global Seed Vault ကို၂၀ဝ၈ ခုနှစ်မှာတည်းက စတင်ဖွင့်လှစ်ခဲ့ တာပဲဖြစ်ပါတယ်။ ဒီအဆောက်အဦးကြီးအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၉သန်း ဖြစ်ပါတယ်။ ဒီဂိုထောင်ကို အမြဲလိုလိုသော့ခတ်ထားလေ့ရှိပြီး လူအနည်းငယ်ပဲ ဒီဂိုထောင်ထဲကို ဝင်ခွင့်ရှိပါတယ်။

ရေခဲနေတဲ့ ဒီအဆောက်အဦးရှိရာဒေသမှာ မနှစ်ကတုန်းက အပူချိန်အလွန်မြင့်တက်လာတဲ့အတွက် ရေခဲတွေအရေပျော်ကာ အဆောက်အဦး ဥမင်လိုဏ်ခေါင်းထဲကို ရေတွေဝင်ခဲ့ပါသေးတယ်။ ဒါကြောင့် အဆောက်အဦးဘေးမှာ မြောင်းတွေဖောက်လိုက်ပြီး ရေမစိမ့်နိုင်တဲ့ နံရံအသစ်တွေကိုပါ တပ်ဆင်လိုက်တဲ့အတွက် အဆောက်အဦးဟာ ပိုမိုခိုင်ခံ့ခဲ့ပါပြီ။

VIDEO

Tags: amazingworld knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!