solar အကြောင်း သိကောင်းစရာ

Posted on

ရေးသားသူ – Kyaw Swa Win

( နယ်တွေ မှာ ဆိုလာပြား နှင့် ဘက္ထရီ ကြောင့် မီးလောင်၊ လူသေမူများရှိလာ၍ ဗဟုသုတ အဖြစ်တင်ပြပါသည်။ – ksw )

(၁) ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ

နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။

(၂) ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း။

ဆိုလာဆဲလ် ဆိုသည်မှာ အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာ ဖြစ်ပါသည်။ ဆဲလ်များသည် မည်သည့် စွမ်းအင် ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှု မရှိတော့ပေ။ ထို့ကြောင့် လျှပ်စစ်စွမ်းအားကို ညဘက်ပိုင်းတွင် လိုအပ်ခဲ့ပါက လျှပ်စစ်စွမ်းအား သိုလှောင်ထားနိုင်သည့်အရာ (အဓိကအားဖြင့်) ဘက္ထရီ နှင့်ချိတ်ဆက် တပ်ဆင်ဖို့ လိုအပ်ပါသည်။

(၃) ဆိုလာဆဲလ် ဘယ်လိုအလုပ်လုပ်သလဲ။

အလင်းမှုန်များသည် ဆီလီကွန်အက်တမ်များမှ ပိုလျှံနေသော လျှပ်စစ်ဓါတ်မှုန်များကို ရိုက်ခတ်ကာ လျှပ်စစ်ဓါတ်မှုန်များကို ထွက်ရှိလာစေပါသည်။ လျှပ်စစ်ဓါတ်မှုန်များ ထွက်ရှိရာမှ လျှပ်စစ်ဗို့အားထွက်ပေါ် လာပါသည်။ အတွင်းပိုင်း လျှပ်စစ်စက်ကွင်းသည် ဆဲလ်၏ရှေ့မျက်နှာပြင်ရှိ လျှပ်စစ်ဓါတ်မှုန်များကို တွန်းကန်စေခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေပါသည်။

ထွက်ပေါ်လာသော လျှပ်စစ်စီးကြောင်းသည် အခြားဆဲလ် (သို့) အသုံးပြုမည့် နေရာများဆီသို့ ဆက်လက် စီးဆင်းသွားခြင်းဖြင့် လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးပါသည်။ ထိုသို့လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးရာတွင် ဆိုလာဆဲလ်များသည် မည်သည့်အခါမျှ လျှပ်စစ်ဓါတ်မှုန်များကို ကုန်ဆုံးသွားစေခြင်းမရှိပါ။ နေရောင်ခြည်ကောင်းကောင်းရရှိနိုင်သော မည်သည့်နေရာဒေသတွင်မဆို ဆိုလာစနစ်အား အသုံးပြုနိုင်ပါသည်။

(၄) ဆိုလာစနစ်ကို အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများမှာ

• ဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်ဖြစ်၍ ကမ္ဘာတည်သရွေ့ မကုန်ခမ်းနိုင်ဘဲ အခမဲ့ သုံးစွဲနိုင်ခြင်း။

• ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့မထွက်ရှိ၍ သဘာဝပတ်ဝန်းကျင်ကို အမြဲစိမ်းလန်းနေစေခြင်း။

• အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ခြင်း။

• ဘေးအန္တရယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း။

• လှုပ်ရှားမှု အစိတ်အပိုင်းလုံးဝမပါသဖြင့် ဆူညံမှု မရှိခြင်း။ ချွတ်ယွင်းပျက်ဆီးမှု နည်းပါးကာ နှစ်ရှည်အသုံးပြုနိုင်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းမှု စရိတ်မရှိခြင်း စသည့်ကောင်းကျိုးများ ရရှိနိုင်ပါသည်။

(၅) Charge Controller ဆိုတာ ဘာလဲ။

Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေး သောစက် ကိရိယာဖြစ်ပါသည်။ ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ် ပေးပါသည်။

(၆) Charge Controller ဘာကြောင့် အသုံးပြုရတာလဲ။

သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ။ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကို အသုံးပြုရပါသည်။

(၇)ဆိုလာပြား မှမီးလောင်ရခြင်းများ။

ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်ကြခြင်း ကြောင့် ဖြစ်ပွားနိုင်ပါတယ်

‘‘ဆိုလာကနေထွက်တဲ့ ကြိုး ကို သင့်တော်တဲ့ကြိုးမသုံးတာ၊ အရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ၊ ဆိုလာပြားကို သယ်လာ သယ်သွားလုပ်ရင်း ဝိုင် ယာကြိုးတစ်လျှောက် ကြိုးပေါက် တာကို ဂရုမစိုက်မိတာ၊ ဆိုလာ ပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင် ခြင်း မပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း၊ အနုတ်ငုတ်မှာ ကြိုးချောင်နေတာ၊ ကြားထဲမှာ ကြိုးဆက်ထား တဲ့ အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် ”

(၈) ဆိုလာပြား မှမီးလောင်ခြင်းများ မဖြစ်ပွားရအောင် ။

၁/Controller ခံသုံးပါ။

၂/အဝင်ကြိုးကို သတိမှတ်ထား သောoriginal ဝါယာကြိုးကိုသာအသုံးပြုပါ။

၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ။

၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပါွးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင်controller ခံထားပါ ခရီးရှည်ထွက်လျှင် ပိတ်ထားခဲ့ပါ။

၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည် ။ ။

Kyaw Swa Win