Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သေဆုံးခဲ့တာ နှစ်ပေါင်း ၁၀၀ခန့် ကြာပေမယ့် အသက်ရှင်နေဆဲထင်ရတဲ့ ကလေးငယ်

by Thutamm
July 24, 2019
Reading Time: 1min read
0
သေဆုံးခဲ့တာ နှစ်ပေါင်း ၁၀၀ခန့် ကြာပေမယ့် အသက်ရှင်နေဆဲထင်ရတဲ့ ကလေးငယ်
Share on FacebookShare on Twitter

အီတလီနိုင်ငံ၊ ပါလာမို မြို့ ကတ်ပူချင် ခရစ်ယာန်သီလရှင်ကျောင်းရဲ့အောက်မှာရှိတဲ့ မြေအောက်သင်္ချိုင်း ထဲမှာတော့ မံမီပေါင်း ၈၀၀၀ခန့်ဟာ လဲလျောင်းနေပါတယ်။ ကာပူချင် မြေအောက်သင်္ချိုင်းဟာ ဆေးရေစိမ်ထားတဲ့ မံမီတွေကြောင့် လူသိများပါတယ်။ အဲဒီမံမီတွေထဲမှာ ထိမ်းသိမ်းခြင်း နည်းပညာအကောင်းဆုံးလို့ ဆိုရမယ့် မံမီတစ်ခုဟာ လာရောက်ကြည့်ရှုသူပေါင်းများစွာကို ဆွဲဆောင်လျှက်ရှိပါတယ်။

အဲဒီမံမီရဲ့ အမည်ကိုတော့ ပါလာမိုရဲ့ အိပ်ပျော်နေတဲ့အလှ(Sleeping Beauty of Palermo) လို့ နာမည်ပေးထားပါတယ်။ သူ့မရဲ့နာမည် အရင်းကတော့ ရိုစီလာလွန်ဘာဒိုပဲ ဖြစ်ပါတယ်။ သူမဟာ အသက်၂နှစ်အရွယ် ၊ ဒီဇင်ဘာ၆ရက် ၁၉၂၀ခုနှစ်တည်းကနမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

သမီးဖြစ်သူ ရုတ်တရက် သေဆုံးသွားတော့သူမရဲ့အဖေဖြစ်တဲ့ မာရီယို လွန်ဘာဒိုဟာ အလွန်ပဲ ထိခိုက်ကြေကွဲခဲ့ရပါတယ်။ ဒါကြောင့် သူဟာ သူ့သမီးလေးရဲ့ ရုပ်အလောင်းကို ပုံစံမပျက်ရှိနေအောင် လုပ်ပေးဖို့ အတွက် ဓာတုဗေဒ ပါမောက္ခအဲဖာဒိုဆလာဖီယာ(Alfredo Salafia) ကို တောင်းဆိုခဲ့ပါတယ်။ ဆလာဖီယာကလည်း ကူတတ်ကျွမ်းတဲ့ပညာနဲ့ ကူညီပေးခဲ့ပါတယ်။

ဆလာဖီယာရဲ့နည်းပညာဟာ အံသြလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ အလောင်းနဲ့အတူ မှတ်တမ်းတင်ထားတဲ့စာအရ ဆလာဖီယာရဲ့ ဆေးစိမ်မှုမှာ ဂလစ်ဆရင်း ၊ ဖော်မလင် ၊ ဇင့်ဆာလဖိတ် ၊ ကလိုရိုက် နဲ့ ဆာလဖျူရစ် အက်ဆစ်တွေပါဝင်တယ်လို့ သိရပါတယ်။

နှစ် ၁၀၀ နီးပါး ဖြတ်ကျော်ခဲ့ပြီးတာတောင် ကလေးငယ်ရဲ့ ရုပ်အလောင်းဟာ သေဆုံးစကပုံသဏ္ဍာန်လိုပဲ ရှိနေဆဲဖြစ်ပါတယ်။ အပြင်ကိုယ်ခန္ဓာတင်မဟုတ်အတွင်းဘက်အင်္ဂါတွေကပါ ပုံစံမပျက်မယွင်းရှိနေသေးတယ်လို့ Xray နဲ့ သူမအလောင်းကို စစ်ဆေးတဲ့အခါ တွေ့ရှိခဲ့ရပါတယ်။

သူမရဲ့လှပပြီးအပြစ်ကင်းတဲ့မျက်နှာ၊ ဖဲကြိုးပြားနဲ့ချည်ထားတဲ့ ဆံပင်ကောက်ကလေးတွေဟာ လည်း အရင်အတိုင်းရှိနေပါသေးတယ်။ အမှတ်တမဲ့ကြည့်ရင်၂နှစ်အရွယ်ကလေးငယ် အိပ်နေတယ်လို့ပဲ ထင်ရမှာပါ။ သူမရဲ့ ဆေးစိမ်ထားတဲ့ခန္ဓာကိုယ်ကို အဲဒီအချိန်ကတည်းက သင်္ချိုင်းက မှန်ပြားနဲ့အုပ်ထားတဲ့ သစ်သားအခေါင်းထဲမှာ ထားခဲ့ပြီး အခုအချိန်အထိဆိုရင် နှစ်ပေါင်း ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။

သူမဟာ ကတ်ပူချင်သင်္ချိုင်းမှာ နောက်ဆုံးအနေနဲ့ ထားခွင့်ရှိသူလည်းဖြစ်ပါတယ်။ အထူးဆန်းဆုံးကတော့ အခုထက်တိုင် သူမရဲ့ မျက်လုံးအစုံဟာ များသောအားဖြင့်နေ့ဘက်တွေမှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတယ် ဆိုတာပါပဲ။

 

ပညာရှင်တွေကတော့ မြေအော်သင်္ချိုင်းဟာ အလင်းရောင်နည်းတဲ့အတွက် ဧည့်သည်တွေရောက်လို့ မီးဖွင့်လိုက်တဲ့အခါ မျက်လုံးကြွက်သားက တုန့်ပြန်ပြီး မျက်တောင်ခတ်ရတာလို့ ဆိုပါတယ်။ အလောင်းကို ဆက်လက်ပြီး မပျက်စီးစေဖို့အတွက် နိုက်ထရိုဂျင်ဓာတ်ငွေ့နဲ့ ကာကွယ်ပေးထားပါတယ်။

နှစ်ပေါင်း ဒီလောက်ကြာတာတောင် ပုံမှန်အတိုင်းရှိနေဆဲ ဖြစ်တဲ့အတွက် တချို့ကတော့ အတုအယောင် ဖန်တီးထားတယ်လို့ ထင်ကြပါတယ်။ ဒီလိုထင်ကြသူ အားလုံးရဲ့ အထင်ကို ချေဖျက်ခဲ့သူက ကမ္ဘာကျော် National Geographic မဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ သဘာ၀ နဲ့ သိပ္ပံဆိုင်ရာဖြစ်ရပ်တွေကို သုတေသနလုပ်ပြီး ရေးသားတဲ့ ဒီမဂ္ဂဇင်းက ပညာရှင်တွေဟာ ရိုစီလာရဲ့ မံမီ အတွင်းအပြင်ဘက်ကို MIR စစ်ဆေးခဲ့ပြီးနောက် လုံးဝအမှန်အကန်ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။

 

Tags: amazing

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!