Via : Academy
“ ချာနိုဘိုင်း” နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံသည် ယခင်ကဆိုဗီယက်ပြည်ထောင်စုဝင် ယူကရိန်း နိုင်ငံတွင်တည်ရှိခဲ့သည် ။ ထိုစက်ရုံတွင် ၁၉၈၆ ဧပြီလ ၂၆-ရက် နံနက်အချိန်က ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံး နျူကလီးယား မတော်တဆမှုဖြစ်ပွားခဲ့သည် ။ ထိုမတော်တဆမှု မှရေဒီယိုသတ္တုကြွ အမှုန်အမွှားများသည် ယူကရိန်း , ဘီလာရပ် , နှင့် ရရှား နိုင်ငံများထိပျံ့နှံခဲ့ရာ ထိုအချိန်ကလူဦးရေ – ၂ သိန်းကျော်အားဘေးလွတ်ရာသို့ရွှေ့ပြောင်း ပေးခဲ့ရသည်၊
ယနေ့အချိန်တွင် ယူကရိန်းနိင်ငံသည် လွတ်လပ်သည့်နိုင်ငံံတစ်နိုင်ငံအဖြစ် တည်ရှိနေပြီဖြစ်သည် ။ သို့သော် ချာနိုဘိုင်း မတော်တဆမှုကြောင့် ယနေ့အချိန်အထိ ကျန်းမာရေး နှင့် အထွေထွေ ထိန်းသိမ်းစရိတ် များစွာ ကုန်ကျနေဆဲဖြစ်သည် ။ထိုစက်ရုံသည် ယခင်ဆိုဗီယက်ယူနီယံ၏ အကြီးဆုံးသော လျှပ်စစ်ဓါတ်အားပေး စက်ရုံများတွင် တခု ပါဝင်ခဲ့သည်။
“ ချာနိုဘိုင်း ” နျူကလီးယားလျှပ်စစ် ဓါတ်အားပေးစက်ရုံ သည် “ Pripyat” မြို့ပြင်တွင်နီးကပ်စွာ တည်ရှိပြီး “ ချာနိုဘိုင်း” မြို့နှင့် ၁၁-မိုင် အကွာ ၊ယူကရိန်း , ဘီလာရပ် နယ်စပ်နှင့် ၁၀ မိုင် သာကွာဝေးသည် ။ ထို့အတူ ယူကရိန်းမြို့တော် Kyiv (Kiev) မြောက်ဖက် မိုင် ၇၀ – အကွာ တွင်တည်ရှိသည် ။
ချာနိုဘိုင်း စီမံကိန်းအား ၁၉၇၀ တွင် စတင်တည်ဆောက်ခဲ့ကြသည် ။ ဓါတ်ပေါင်းဖို – ၄ ခုရှိပြီး ဓါတ်ပေါင်းဖိုတခုလျှင် လျှပ်စစ်ဓါတ်အား ၁၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်သည် ။ ထို စက်ရုံ ၄ -ရုံမှ ဓါတ်အား ပမာဏ သည် ယူကရိန်း နိင်ငံသုံးစွဲနေသည့် ဓါတ်အား၏ ၁၀% ရှိသည် ။ မတော်တဆဖြစ်ပွားချိန်တွင် ဓါတ်ပေါင်းဖို – ၅ နှင့် ၆ အား တည်ဆောက်နေချိန်ဖြစ်သည် ။ထိုမတော်တဆမှုသည် ၁၉၈၆ ဧပြီလ ၂၆-ရက် နံနက်အချိန်က ဓါတ်ပေါင်းဖို အမှတ် ၄ အား ရပ်တန့်နေစဉ်ဖြစ်ပွားခဲ့သည်။
မတော်တဆ ပေါက်ကွဲမှု
ထို နျူကလီးယား ဓါတ်ပေါင်းဖို များသည် တည်ဆောက်ထားသည် ဒီဇိုင်းအရ ဓါတ်ပေါင်းဖိုရပ်တန့်စဉ် ဓါတ်အားတည်ငြိမ်မှုမရှိဘဲ ပါဝါ အနည်းငယ် ရှိသည်ဟုဆိုသည်။ ထိုအချိန်တွင် Operatorများ ၏ ပေါ့ဆမှုကြောင့်ရုတ်တရက်ဓါတ်အားမြင့် တက်လာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။ ထိုပေါက်ကွဲမှုကြောင့်ဓါတ်ပေါင်းဖို ခေါင်မိုးတွင်ကြီးမားသည့် အပေါက်ကြီးဖြစ်သွားခဲ့သည်။ ရေဒီယိုသတ္တုကြွ အမှုန်အမွှား များသည်လည်း ထိုအပေါက်မှတဆင့် လေထဲသို့အမြင့် ၁-ကီလိုမီတာအထိပြင်းထန်သည့်အဟုန်ဖြင့်လွင့်စဉ်သွားခဲ့ပြီးသည် ။
စက်ရုံမီးလောင်မှုဖြစ်ပွားပြီး အပူချိန်ကြောင့် နျူကလီးယား လောင်စာ ( Reactor core ) မှာ အရည်ပျော်သွားခဲ့သည် ။ ခန့်မှန်းခြေရေဒီယိုသတ္တုကြွပမာဏ (100 to 150 million curies of radiation) ခန့် လေထဲသို့လွှင့်စဉ်သွားခဲ့သည် ။လောင်နေသောမီးကို ထိန်းချုပ်ရန် အချိန်- ၂ ပတ်ကြာခဲ့သည်။ လေထဲသို့လွှင့်စင်သွားခဲ့သည့် ရေဒီယိုသတ္တုကြွအမှုန်အမွှားများကြောင့် ဘော့စနီးယား ၊ ပိုလန် ၊ ဆွီဒင် နိင်ငံများ၏ ကောင်းကင်ယံတွင် ရေဒီယိုသတ္တကြွမှု Radiation levels မြင့်ခဲ့သည် ။ ထို့ကြောင့် ဧပြီ၂၈ နေ့တွင် ကမ္ဘာ့ကပ်ဘေး ပြသနာတခု အဖြစ်တပ်လှန့်ခဲ့ရသည် ။
မတော်တဆဖြစ်ပြီးနောက် ဓါတ်ပေါင်းဖိုမှ ရေဒီယိုသတ္တုကြွ ပျံလွင့်မှုကိုလျော့ချရန် သဲ ၊ဘိလပ်မြေ နှင့် ခဲသတ္တု တန်ချိန် ၅၀၀၀ ခန့်ဖြင့်ဖုံးအုပ်ခဲ့ကြသည် ။ရေဒီယိုသတ္တုကြွများ မြေအောက်ရေထဲမရောက်ရှိစေရန် ကွန်ကရစ် အကာအရံများ ပြုလုပ်ခဲ့ကြသည် ။ နောက်ဆုံး ပျက်စီးသွားသည့် ဓါတ်ပေါင်းဖိုအား ကွန်ကရစ်ဖြင့် ဖုံးအုပ်ကာ ပိတ်ဆို့ခဲ့ကြသည် ။
အစ တွင် ဆိုဗီယက် တို့မှ ပေါက်ကွဲမှုအတွင်းသေဆုံးသူ ၂ – ဦး သာရှိသည်ဟုကြေငြာခဲ့ကြသည် ။ သြဂုတ်လ – လယ်တွင် သေဆုံးသူ ၃၁ -ဦးအထိမြင့်တက်ခဲ့ပြီး အများစုမှာ ပေါက်ကွဲမှု အား ရှင်းလင်းရေးပြုလုပ်စဉ် ဓါတ်ရောင်ခြည်သင့်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးစာရင်းအရ သေဆုံးသူပေါင်း ၅၆ဦး ရှိခဲ့ရာ ၄၇ဦးမှာ ထိုမတော်တဆမှုတွင် ပါဝင်သောအလုပ်သမားများဖြစ်ပြီး ကျန် ၉ဦးမှာ သိုင်းရွိုက်ကင်ဆာဖြင့်သေဆုံးခဲ့သော ကလေးငယ်များဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ချိန်တွင်ဓါတ်ပေါင်းဖိုနံပါတ်-၄ သည် လုံးဝပျက်စီးသွားခဲ့သည် ။ ရေဒီယိုသတ္တိကြွ ပြန့်လွင့်မှုလျော့နည်းသွားပြီးနောက် ဓါတ်ပေါင်းဖို နံပါတ် – ၁ နှင့်၂ အား ၁၉၈၆ နိုဝင်ဘာလ တွင်ပြန်ပြီးလည်ပတ်ခဲ့သည်။ အနည်းငယ်ပျက်စီးခဲ့သည့် ဓါတ်ပေါင်းဖိုနံပါတ် – ၃ အားပြန်လည်ပြုပြင်ပြီး၁၉၈၇ တွင်လည် ပတ်ခဲ့ကြသည်။
ဘေးရန်သင့်ပြီးနောက်ဆက်တွဲ
ချာနိုဘိုင်း မတော်တဆ ဖြစ်ပြီး ၃၆ – နာရီအတွင်း အနီးရှိ“ Pripyat” မြို့မှ လူ ၅၀၀၀၀ – ခန့်သည် ချက်ချင်းမြို့ကိုစွန့်ခွာထွက်ပြေးခဲ့ရသည် ။ ပထမ ရက်သတ္တပါတ်အတွင်း ချာနိုဘိုင်း စက်ရုံမှ ၂၈၀၀ စတုရန်းကီလိုမီတာ ဒေသ အတွင်း လူတစ်သိန်းခန့်ကို ရွှေ့ပြောင်းပေးခဲ့ရသည် ။ ထို နယ်မြေသည်“ Pripyat” မြို့မှ ၃၀ – ကီလိုမီတာ အချင်းဝက် စက်ကွင်းဒေသဖြစ်ပြီး ’30-km zone’ ဟုခေါ်သည် ။နောက်ပိုင်း ယူကရိန်း နှင့် ဘီလာရပ် နိုင်ငံများမှ လူ ၂ -သိန်းခန့်ရွှေ့ပြောင်းပေးခဲ့ရသည် ။
ရေဒီယိုသတ္တုကြွ အမှုန်အမွှားများသည် မြေပြင်ပေါ်သို့ကျရောက်သောအခါ ၊ လယ်မြေ နှင့် မြေဆီလွှာကို ဖျက်ဆီးပစ်သည်။ ရေမျက်နှာပြင် နှင့် အောက်ခြေမှ ရေကို ဖျက်ဆီးပစ်သည်။ ယူကရိန်း နှင့် ဘီလာရပ် ဒေသများမှ လယ်မြေများစွာပျက်စီးခဲ့ရသည် ။ လေထဲ ၊ရေထဲမှသတ္တုကြွ အမှုန်အမွှားများကြောင့် လူများ၏ကျန်းမာရေး ကိုခန့်မှန်းရန်အလွန်ခက်ခဲ သွားခဲ့သည်။ ကင်ဆာ ၊အဆုတ်ရောဂါ၊ အထွေထွေကျန်းမာရေးကျဆင်းမှု နဲ့ကြောက်ရွံ အားငယ်မှုများမြင့်တက်ခဲ့သည်၊ သန့်ရှင်းရေးလုပ်သည့် လုပ်သား သန်းတစ်ဝက်သည်လည်း ဝေဒနာ ခံစားခဲဲဲဲဲ့ရသည်။
ပေါက်ကွဲမှုဖြစ်ပြီး နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံ Design, အပေါ်မေးခွန်းထုတ်စရာ အများအပြားပေါ်ပေါက်ခဲ့သည် ။ ၁၉၉၀ တွင်ယူကရိန်းပါလီမန်မှ ၅-နှစ်အတွင်းလုံးဝပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့သော်လည်းဓါတ်အား လိုအပ်ချက်ကြောင့် ဆက်ပြီးလည်ပတ်ခဲ့ကြသည်၊ ၁၉၉၁ အောက်တိုဘာလတွင် ဓါတ်ပေါင်းဖိုနံပါတ် – ၂ ၏ တာဘိုင်းမီးလောင်ပြီးပိတ်ပြစ်ခဲ့ရသဖြင့် လည်ပါတ်နိုင်သည့်ဓါတ်ပေါင်းဖို ၂ – လုံးသာ ကျန်ရှိခဲ့တော့သည် ။
၁၉၉၆ ဧပြီလ တွင် ယူကရိန်း နိုင်ငံ နှင့် G-7 နိင်ငံများ ဆွေးနွေးပြီးနောက် ချာနိုဘိုင်း စက်ရုံအားလုံးအား ၂၀၀၀ – ခုနှစ်တွင် လုံးဝပိတ်ပစ်ရန်သဘောတူညီခဲ့ကြသည် ။ G-7 နိင်ငံများမှ ချာနိုဘိုင်း စက်ရုံသန့်ရှင်းရေး နှင့် ပိတ်သိမ်းရန်အတွက် ယူကရိန်း နိင်ငံအား အမေရိကန်ဒေါ ်လာ သန်း ၃၀၀ – ပေးအပ်ရန်သဘောတူညီခဲ့ကြသည် ။ နောက်ဆုံး ယူကရိန်း နိင်ငံသည် ၁၉၉၆ နိုဝင်ဘာလ တွင် ဓါတ်ပေါင်းဖိုနံပါတ် – ၁ နှင့် ၂၀၀၀ ဒီဇင်ဘာတွင် စက်ရုံ တခုလုံးအား လုံးဝ ပိတ်ပြစ်ခဲ့သည်။
Nuclear Ghost Town ( ယူကရိန်းနိင်ငံ Pripyat မြို့ )
“ Pripyat” မြို့သည် ယူကရိန်းနိင်ငံ မြောက်ဖက် Pripyat မြစ်အနီးတွင် တည်ရှိသည် ။ ထို မြို့အား အနီးရှိ “ ချာနိုဘိုင်း ” နျူကလီးယားလျှပ်စစ် ဓါတ်အားပေးစက်ရုံ အား လည်ပါတ်သည့် လုပ်သားများနေထိုင်ရန် ၁၉၇၀ – ဖေဖေါ်ဝါရီလ ၄ -ရက်နေ့အချိန်က စတင်တည်ဆောက်ခဲ့ကြသည် ။ “ Pripyat” မြို့လူဦးရေ တဖြည်းဖြည်းများပြားလာပြီးနောက် ၁၉၈၆ အချိန်တွင် လူဦးရေ ၅ – သောင်း ခန့်အထိရှိလာခဲ့သည် ။
“ ချာနိုဘိုင်း” နျူကလီးယား ဓါတ်အားပေးစက်ရုံ မတော်တဆ ဖြစ်ပွားပြီး နောက်တနေ့ ၁၉၈၆ ဧပြီလ ၂၇ – ရက် နေ့တွင် လူများသည် ထိုမြို့မှ ကြောက်ရွံမှု နှင့် စွန့်ခွာခဲ့ကြသည် ။ ယနေ့အချိန် ထိ “ Pripyat” မြို့ရှိ အဆောက်အဦး များ နှင့် အနီးပါတ်ဝန်းကျင်တွင် ရေဒီယို သတ္တုကြွ Level မြင့်တက်လျှက်ရှိနေဆဲဖြစ်ပြီးလူဝင်ရောက် ၊ လူနေထိုင်ခွင့်မပြုပေ ။
လူသူကင်းမဲ့ နေသဖြင့် “ Pripyat” မြို့အား နျူကလီးယားတစ္ဆေမြို့( Nuclear Ghost Town) ဟု အမည်ပေးထား ကြသည် ။