Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အဖြေမရှာနိုင်တဲ့ ဧရာမအိုးတွေရဲ့ လွင်ပြင်

by Thutamm
April 14, 2020
Reading Time: 1min read
0
အဖြေမရှာနိုင်တဲ့ ဧရာမအိုးတွေရဲ့ လွင်ပြင်
Share on FacebookShare on Twitter

ဒီအိုးလွင်ပြင်လို့ခေါ်တဲ့နေရာဟာ လာအိုနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ လာအိုနိုင်ငံအရှေ့မြောက်ပိုင်းက Xieng Khouang ပြည်နယ်ကုန်းမြင့် တစ်ခုပေါ်မှာတည်ရှိပြီး ဒီနေရာတစ်လျှောက်မှာ ကြီးမားတဲ့ကျောက်သားအိုးကြီးပေါင်း သုံးထောင်ကျော်ကို ပြန့်ကျဲလျှက် တွေ့ရမှာဖြစ်ပါတယ်။

အိုးကြီးတွေရဲ့အမြင့်ဟာ ၃ပေကနေ ၁၀ပေ အထိ အရွယ်အစားအမျိုးမျိုးရှိပါတယ်။ အိုးတွေရဲ့ပုံစံကတော့ ဆလင်ဒါပုံစံဖြစ်ပြီး အိုးအောက်ခြေဟာ အိုးနှုတ်ခမ်းဝထက် ပိုကြီးပါတယ်။ တချို့အိုးတွေမှာတော့ အိုးအဖုံးပါရှိပါတယ်။ ပျမ်းမျှအားဖြင့် အိုးတစ်လုံးရဲ့အလေးချိန်ဟာ ကား၃စီးစုပေါင်း အလေးချိန်နဲ့ ညီမျှပါတယ်။ ကျောက်တုံးအားလုံးနီးပါးဟာ သဲကျောက်အမျိုးအစားကို ထွင်းထုထားတာဖြစ်ပါတယ်။

အိုးတွေ အစုလိုက် အစိုလိုက် ရှိတဲ့အကွက်ပေါင်း ၉၀ခန့်ရှိပြီး ဒီအထဲက အကြီးဆုံး နေရာကတော့ Thong Hai Hin လို့ခေါ်တဲ့နေရာဖြစ်ပြီး ဒီနေရာမှာ အိုးပေါင်း ၃၀၀ကျော် ကို အစုလိုက်မြင်ရမှာဖြစ်ပါတယ်။

အိုးအများစုဟာ ဗလာဖြစ်နေပေမယ့် အချို့အိုးတွေမှာတော့ လူမျိုးနွယ်စုတစ်ခုကို ကိုယ်စားပြုတဲ့ ကြေးခေတ်တူရိယာတွေ နဲ့ ကြွေထည်မြေထည်ပစ္စည်းတွေကို တွေ့ခဲ့ရပါတယ်။ တချို့အိုးတွေကတော့ ပျက်စီးနေတာကိုတွေ့ရမှာဖြစ်ပြီး ဒီလိုပျက်စီးခြင်းရဲ့အကြောင်းကတော့ ဗီယက်နမ်စစ်ပွဲအတွင်းမှာ အမေရိကန်တွေကြဲချခဲ့တဲ့ ဗုံးတွေကြောင့်ဖြစ်ပါတယ်။

ဒီအိုးကြီးတွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၅၀၀ခန့် (သံခတ်) သက်တမ်းရှိပြီလို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဒီအိုးကြီးတွေ ဟာ ဒီနေရာမှာ ဘာကြောင့် ဘယ်လိုတည်ရှိနေရတယ်ဆိုတာကိုတော့ ဘယ်သုတေသနပညာရှင်မှ မရှာဖွေနိုင်သေးပါဘူး။ အများဆုံးခန့်မှန်းကြတဲ့အဖြေကတော့ ဒီအိုးကြီးတွေကို လူတွေသေတဲ့အခါ ထည့်သွင်းမြုပ်နှံစရာ အဖြစ်အသုံးပြုခဲ့တယ်ဆိုတာပါပဲ။ ဒါပေမယ့် ဒါဟာ အနီးအနားမှာတွေ့တဲ့ လူအရိုးတွေကိုကြည့်ပြီး ခန့်မှန်းရုံသာဖြစ်ပါတယ်။

 

အဲဒီဒေသက နယ်ခံလူတွေရဲ့ ဒဏ္ဍာရီ ပုံပြင်တွေထဲမှာတော့ ဒီအိုးကြီးတွေဟာ သူတို့ရွာတွေကို အန္တရာယ်အပေါင်းက ကာကွယ်ပေးတဲ့ ဘီလူးကြီးတစ်ကောင်ကို ထမင်း အရက်တွေ ထည့်ဆက်တဲ့အိုးဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဒဏ္ဍာရီတစ်ခုမှာတော့ ပူပြင်းပြီးခြောက်သွေ့တဲ့ နွေရာသီလိုအခါမျိုးမှာ အသုံးပြုဖို့ ဒီအိုးကြီးတွေကို ရေလှောင်စရာတွေ အဖြစ်အသုံးပြုခဲ့တယ်လို့ ဆိုပြန်ပါတယ်။ နယ်ခံအများစုကတော့ ဒီအိုးတွေဟာ အရိုးအိုးကို ကိုးကွယ်တဲ့ ဓလေ့ အရ ကွယ်လွန်သွားကြတဲ့ ဘိုးဘွားမိဘ တို့ရဲ့ အရိုးအိုး တို့ကို ကိုးကွယ်ရာပစ္စည်းအဖြစ် ထည့်သွင်း ကိုးကွယ်ကြသော ကိုယ်စား ရုပ်ထုများသာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့် တိကျတဲ့ မှတ်တမ်းမှတ်ရာ သက်သေပြစရာ အထောက်အထားတွေ မရှိတာကြောင့် ဒီအိုးလွင်ပြင်ဟာ လာအိုနိုင်ငံရဲ့ အဖြေရှာမရတဲ့ ထူးဆန်းတဲ့ စိတ်ဝင်စားဖွယ် နေရာတစ်ခု အဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်းများစွာ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

VIDEO

Tags: amazingworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!