(Unicode)
နိုက်ကီ(Nike) ကုမ္ပဏီကတော့ ယနေ့ ကမ္ဘာမှာ အအောင်မြင်ဆုံး အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တယ် ဆိုတာ သိကြမှာပါ။ သူ့ရဲ့ရုံးချုပ်ကတော့ အမေရိကန် အော်ရီဂွန်ပြည်နယ် Beaverton မြို့မှာရှိပါတယ်။ အားကစားလောကမှာ အအောင်မြင်ဆုံး ဖြစ်လာမယ့် ဒီ NIke ကုမ္ပဏီကို ၁၉၆၄ခုနှစ်က အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Phil Knight နဲ့ အားကစားနည်းပြ Bill Bowerman တို့က ပူးတွဲတည်ထောင်ခဲ့ကြတာပါ။ Bill Bowerman က ၁၉၉၉ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်ပေမယ့် အသက် ၈၀ရှိပြီဖြစ်တဲ့ Phil Knight ကတော့ ယခုတိုင် ကုမ္ပဏီရဲ့ ဂုဏ်ထူးဆောင်ဥက္ကဌ တစ်ယောက်အနေဲ့ ရှိနေဆဲပါ။ ဒီတစ်ခါတော့ ဒီ Nike ကုမ္ပဏီကို ဖြစ်ပေါ်လာစေခဲ့တဲ့ ဖိလစ်နိုက်တ် ရဲ့ အကြောင်းကို မျှဝေသွားပါမယ်။
နာမည်အပြည့်အစုံကတော့ Philip Hampson “Phil” Knight ဖြစ်တဲ့ ဖိလစ်နိုက်တ်ကို ၁၉၃၈ခုနှစ်က အမေရိကန်အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့မှာမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ရှေ့နေနဲ့ သတင်းစာထုတ်ဝေသူ တစ်ယောက်ဖြစ်ပါတယ်။ Portland ရှိ Cleveland အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး Phi Gamma Delta (FIJI) တက္ကသိုလ်ကျောင်းသားအသင်းတွင် အဖွဲ့ဝင်ဖြစ်ခဲ့ကာ အော်ရီဂွန်တက္ကသိုလ်ကနေ သတင်းစာပညာဘွဲ့ကို ရရှိခဲ့ပါတယ်။
ငယ်စဉ်က အားကစားမှာ အလွန်ထူးချွန်ခဲ့သူဖြစ်ပါတယ်။ တာလတ်အပြေးသမား တစ်ယောက်ဖြစ်ပြီး ၁မိုင်ခရီးကို ၄မိနစ် ၁၀စက္ကန့်နဲ့ အရောက်ပြေးကာ သူ့ရဲ့အကောင်းဆုံးစံချိန်အဖြစ် တင်ထားခဲ့ပါတယ်။ ဒီအတွက် ၁၉၅၇၊ ၁၉၅၈ ၊ ၁၉၅၉ အထိ ၃နှစ်ဆက်တိုက် varsity ဆုတွေရခဲ့ပါတယ်။ သူ့ရဲ့ နည်းပြဆရာကတော့ နောင်တချိန်မှာ Nike ကို ပူးတွဲတည်ထောင်သူဖြစ်လာမယ့် Bill Bowerman ပါ။ သူတို့ ဆရာတပည့်နှစ်ဦး နဲ့ နောက်အပြေးသမားတစ်ယောက်ဖြစ်တဲ့ Geoff Hollister တို့ ပူးပေါင်းပြီး အနောက်ပိုင်းပြေးခုန်ပစ်အသင်း(Athletics West) ကို တည်ထောင်ခဲ့ကြပါတယ်။ အဲဒီတုနု်းက နိုက်တ်ဟာ အပြေးပြိုင်ပွဲမှာ သူဝတ်ဆင်ရတဲ့ ဖိနပ်တွေကို သဘောမကျခဲ့ပါဘူးတဲ့။
ဘွဲ့ရပြီးပြီးချင်းမှာတော့ နိုက်တ်ဟာ စစ်တပ်ထဲကို ဝင်သွားခဲ့ပါတယ်။ ရှေ့တန်းမှာ တစ်နှစ် ၊ ဌာနချုပ်မှာ ၇နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်တော့ စီးပွားရေးလောကထဲဝင်ရောက်ဖို့အတွက် Stanford စီးပွားရေးကျောင်း ကို တက်ရောက်ခဲ့ပြန်ပါတယ်။ အဲဒီအချိန်အထိ သူဟာ အားကစားပစ္စည်းလောက နဲ့ အဆက်အစပ်မရှိသေးပါဘူး။ ဒါပေမယ့် အဲဒီကျောင်းမှာ သူဟာ အားကစားလောကနဲ့ဆိုင်တဲ့ စီးပွားရေးဆိုင်ရာ စာတမ်းတစ်ခုကို ရေးခဲ့ပါတယ်။ သူ့ရဲ့စာတမ်းနာမည်က “ဂျပန်ကင်မရာက ဂျာမန်ကင်မရာထက် ပိုကောင်းသလို ဂျပန်အားကစားဖိနပ်က ဂျာမန် အားကစားဖိနပ်ထက်သာမလား” “Can Japanese sports shoes do to German sports shoes what Japanese cameras did to German cameras?” ဖြစ်ပါတယ်။
Frank Shallenberger က သူ့သင်တန်းမှာ စီးပွားရေးစွန့်ဦးတီထွင်သူတွေအကြောင်း ပြောခဲ့ရာကနေ အဲဒီသင်တန်းမှာတက်နေတဲ့ နိုက်တ်က သူဟာအားကစား နဲ့ ဆိုင်တဲ့အလုပ်တစ်ခုလုပ်ရမယ် ဆိုတာကို သိသွားခဲ့တယ်။ ၁၉၆၂ခုနှစ်မှာတော့ စီးပွားရေးမာစတာဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက်တော့ ခရီးထွက်ရင်း ဂျပန်ကိုရောက်ခဲ့ပါတယ်။ အဲဒီမှာ ဂျပန်က အားကစားဖိနစ်တွေကို အကျအန လေ့လာခဲ့ပါတယ်။ ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းတဲ့ Onitsuka ကုမ္ပဏီထုတ် Tiger အားကစားဖိနပ်တွေကို သဘောကျသွားခဲ့တယ်။ ပိုင်ရှင်ဖြစ်သူ Onitsuka နဲ့တွေ့ဆုံခဲ့ပြီး အမေရိကန်မှာ ဒီဖိနပ်တွေကိုရောင်းနိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒီလိုတွေ့တဲ့အချိန်မှာ ဟိုဘက်က သဘောတူစေဖို့အတွက် တကယ်မရှိတဲ့ Blue Ribbon ကုမ္ပဏီကို ရှိတယ်လို့ ကြံစည်ပြောဆိုခဲ့တာပါ။
အဲဒီနောက်တော့ နိုက်တ် အမေရိကန်ကို ပြန်သွားခဲ့တယ်။ အဲဒီတုန်းက နိုက်တ်ရဲ့အလုပ်က စာရင်းကိုင်ပါ။ သူဟာ စာရင်းအင်းပညာဘက်မှာလည်း တော်ပြီး Nike ကိုမတည်ထောင်မီက ပေါ့တ်လန်ပြည်နယ်တက္ကသိုလ်မှာ စာရင်းကိုင် ပါမောက္ခတစ်ဦးအဖြစ် လုပ်ခဲ့ဖူးပါသေးတယ်။ သူမှာထားတဲ့ ဂျပန်က ဖိနပ်နမူနာတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ၁နှစ်လောက်ကြာပြီးမှ အမေရိကန်ကိုရောက်လာခဲ့တယ်။ ရောက်ရောက်ချင်း ရောင်းဖို့မကြိုးစားခဲ့ပါဦး ။ ဉာဏ်ကောင်းတဲ့ နိုက်တ် က သူ့ဆရာဖြစ်သူ Bill Bowerman ကို အရင်သွားပြတယ်။ Bill Bowerman က နာမည်ကြီးနည်းပြဖြစ်နေတဲ့အတွက် သူညွှန်းရင် သူ့ဖိနပ်တွေ များများပိုရောင်းနိုင်လိမ့်မယ် လို့ တွက်ခဲ့လို့ပါ။ Bill Bowerman ထံ ဖိနပ် ၂ရံကို နမူနာအဖြစ် ပြသအပြီးမှာတော့ သူ့ရဲ့ဖိနပ်တွေကို မှာယူရုံတင်မက ၊ ဒီထက်ပိုကောင်းစေမယ့် အကြံဉာဏ်တွေကို ရရှိခဲ့ပါတယ်။
အဲဒီနောက်တော့ ၁၉၆၄ ခုနှစ်မှာ သူတို့နှစ်ဦးပေါင်းပြီးတော့ Nike ရဲ့အစဖြစ်လာမယ့် Blue Ribbon Sports ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်လိုက်ကြတယ်။ ကုမ္ပဏီဆိုပေမယ့် ဂိုထောင်လေးတစ်လုံးသာသာပါ။ ၅နှစ်အတွင်းမှာ ထူးထူးခြားခြား မအောင်မြင်ခဲ့ပါဘူး။ ကျောင်းပြီးလို့ ၁၂ နှစ်ကြာတဲ့ အချိန်ထိ သူ ကားတစ်စီးတောင် မပိုင်ခဲ့တဲ့အပြင် အကြွေးတွေကြောင့် သူ့ရဲ့ Credit Card တွေ ဟာ ပြည့်နေပြီး ကားသွားငှားတဲ့အချိန်မှာ လူလိမ်လို့တောင် အပြောခံခဲ့ရပါသေးတယ်။ သူ့ကိုယ်သူ ယုံကြည်တဲ့ နိုက်တ်ဟာ သူလုပ်ချင်တာတွေကိုဆက်လုပ်ခဲ့တယ်။ ပထမဆုံးအရောင်းရဆုံးအဖြစ် သည် အနောက်မြောက် Pacific တွင် ကျင်းပတဲ့ Plymouth Valiant ကားပြပွဲမှာ ရောင်းချနိုင်ခဲ့တယ်။ ၁၉၆၉မှာတော့ နိုက်တ်ဟာ သူ့ရဲ့ပင်ရင်းအလုပ်ဖြစ်တဲ့ စာရင်းကိုင်အလုပ်ကနေထွက်ပြီးတော့ သူ့ရဲ့အချိန်တွေကို Blue Ribbon မှာပဲ အချိန်ပြည့်မြုပ်နှံပြီးလုပ်ကိုင်ခဲ့တယ်။ Jeff Johnson ဆိုတဲ့ ဝန်ထမ်းတစ်ယောက်က ကုမ္ပဏီနာမည်ကို Nike လို့ပြောင်းဖို့ အကြံပေးခဲ့တယ်။
Nike ဆိုတာ ဂရိဒဏ္ဍာရီထဲက အောင်မြင်ခြင်းနတ်သမီး ဖြစ်ပြီး ရောမမှာတော့ Victoria လို့ခေါ်တဲ့ နတ်သမီးပါ။ အားလုံးသဘောတူကြတဲ့အတွက် ၁၉၇၁ခုနှစ်မှာ Blue Ribbon ကနေ Nike နာမည်ကို ပြောင်းလဲခဲ့တယ်။ Swoosh လို့ခေါ်တဲ့ ကုမ္ပဏီအမှတ်တံဆိပ် အမှန်ခြစ် လိုဂိုကိုတော့ ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Carolyn Davidson က ရေးဆွဲပေးခဲ့တယ်။ ရေးဆွဲခအဖြစ် ၃၅ဒေါ်လာ(ယနေ့တန်ဖိုးနဲ့ဆို ၂၁၇ဒေါ်လာ) ပဲ ပေးခဲ့ရတယ်။ အဲဒီတံဆိပ်ကို နိုက်တ်က သိပ်မကြိုက်လှပေမယ့် ကျန်တဲ့သူတွေသဘောကျတဲ့အတွက် သုံးခဲ့တယ်။ ဒီနေ့အချိန်မှာတော့ ဒီတံဆိပ်ဟာ လူတိုင်းလိုလိုသတဲ့ အအောင်မြင်ဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့တယ်။ ၃၅ဒေါ်လာနဲ့ ရေးဆွဲခဲ့ရသူအတွက်တော့ မနစ်နာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ၁၉၈၃မှာ သူ့အတွက် ရှယ်ယာအနည်းငယ်ကို ပြန်အစားပေးခဲ့လို့ပါ။
အခက်အခဲပေါင်းစုံကြားကနေ Onitsuka က ဖိနပ်တွေကို အောင်မြင်အောင်ရောင်းချပေးခဲ့ပေမယ့် Onitsuka က နောက်ထပ်အရောင်းကိုယ်စားလှယ် ရှာနေတာကို သိလိုက်ချိန်မှာတော့ နိုက်တ်စိတ်ထိခိုက်ခဲ့သလို စိတ်လည်းနာခဲ့တယ်။ အဲဒီနောက်တော့ မက္ကဆီကိုမှာ အော်ဒါမှာပြီးချုပ်ပေမယ့် ဂျပန်ကလောက် အရည်အသွေးမကောင်းခဲ့ပါဘူး။ နိုက်တ်ရဲ့အကြပ်အတည်းကို ကယ်တင်ပေးခဲ့သူက ဂျပန် နစ်ရှိုး(Nissho) ကုမ္ပဏီလို့ ဆိုရပါမယ်။ လိုအပ်တဲ့ငွေကိုထုတ်ချေးတဲ့အပြင် ဂျပန်စက်ရုံတွေကနေ ဖိနပ်ချုပ်ပေးဖို့ ကူညီပေးခဲ့မယ်။ ဒါကြောင့်လည်း နစ်ရှိုးသာ မကယ်ခဲ့ရင် Nike ဆိုတာရှိလာမှာမဟုတ်ဘူးလို့ နိုက်တ်က မကြာခဏ နီရိုး ကျေးဇူးကို ထုတ်ပြောခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာလည်း နိုက်တ်တစ်ယောက် တော်တော်ဒုက္ခရောက်ခဲ့ပါသေးတယ်။ ဂျပန်မှာ လုပ်အားခတွေဈေးကြီးလာလို့ လုပ်အားခ သက်သာတဲ့ ထိုင်ဝမ် ၊ ကိုရီးယား ၊ တရုတ် နဲ့ ဗီယက်နမ်တို့မှာ စက်ရုံတွေထောင်ပြီးချုပ်ခဲ့ရတယ်။ ချုပ်တာတွေကို အမေရိကန်မှာလည်း ကုန်အောင်ရောင်းနိုင်ဖို့ကြိုးစားရ ၊ ကြော်ငြာမှုတွေကို အဆတ်မပြတ်လုပ်ရ ၊ ဒီကြားထဲ Onitsuka အပြင် အမေရိကန်အစိုးရနဲ့ တရားရင်ဆိုင်နေရတာတွေ ရှိနေပါသေးတယ်။ ဒီလိုအခက်အခဲပေါင်းများကို ဖြတ်ကျော်အပြီးမှာတော့ Nike ဟာ ယနေ့အားကစားလောက နယ်ပယ်အသီးသီးမှာ နံပါတ် ၁ နေရာက ရပ်တည်နေနိုင်ခဲ့ပါပြီ။
သူ့ရဲ့ရှေ့မှာ အောင်မြင်ပြီးဖြစ်တဲ့ Adidas နဲ့ Puma တို့လို အားကစားပစ္စည်း ကုမ္ပဏီကြီးတွေကို ကျော်ဖြတ်ပြီး ယနေ့လိုဖြစ်နိုင်ခဲ့အောင် သူကျော်လွှားခဲ့ရတဲ့ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို သူ့ရဲ့စာအုပ် Shoe Dog မှာ ရေးသားခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ NIke ဟာ နံပါတ်၁ အားကစားပစ္စည်း ကုမ္ပဏီဖြစ်ခဲ့သလို တည်ထောင်သူ Phil Knight ဟာလည်း ပိုင်ဆိုင်မှုဒေါ်လာ ၃၄ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ၂၅ယောက်မြောက် ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။ ၂၀၀၄ခုနှစ်မှာတော့ Nike ရဲ့ CEO ရာထူးကနေ နှုတ်ထွက်ခဲ့ပြီး ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ၊ အဲဒီနောက်တော့ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အသက် ၈၀ ရှိနေပြီဖြစ်တဲ့ နိုက်တ်ဟာ နယ်ပယ်အသီးသီးမှာ ဒေါ်လာ ၂ဘီလျံခန့် လူဒါန်းခဲ့ပြီးဖြစ်တဲ့ ပရဟိတလုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပါပြီ။
“လူငယ်တွေကို ကျွန်တော်ပြောချင်တာကတော့ ဘယ်တော့မှ လက်မလွှတ်နဲ့ ဆိုတာ အမြဲတမ်းတော့ မမှန်ဘူးဗျ၊
အမှန်က ဘယ်ဟာကို လက်လွှတ်ရမယ် ဘယ်ဟာကို မြဲမြဲကိုင်ထားရမယ် သိမှဖြစ်မယ်”
(Zawgyi)
Nike ကုမၸဏီကိုတည္ေထာင္ခဲ့သူရဲ႕ ဘဝဇာတ္ေၾကာင္း
ႏိုက္ကီ(Nike) ကုမၸဏီကေတာ့ ယေန႔ ကမာၻမွာ အေအာင္ျမင္ဆုံး အားကစားပစၥည္းထုတ္လုပ္ေရး ကုမၸဏီျဖစ္တယ္ ဆိုတာ သိၾကမွာပါ။ သူ႔ရဲ႕႐ုံးခ်ဳပ္ကေတာ့ အေမရိကန္ ေအာ္ရီဂြန္ျပည္နယ္ Beaverton ၿမိဳ႕မွာရွိပါတယ္။ အားကစားေလာကမွာ အေအာင္ျမင္ဆုံး ျဖစ္လာမယ့္ ဒီ NIke ကုမၸဏီကို ၁၉၆၄ခုႏွစ္က အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ Phil Knight နဲ႔ အားကစားနည္းျပ Bill Bowerman တို႔က ပူးတြဲတည္ေထာင္ခဲ့ၾကတာပါ။ Bill Bowerman က ၁၉၉၉ခုႏွစ္မွာ ကြယ္လြန္သြားၿပီျဖစ္ေပမယ့္ အသက္ ၈၀ရွိၿပီျဖစ္တဲ့ Phil Knight ကေတာ့ ယခုတိုင္ ကုမၸဏီရဲ႕ ဂုဏ္ထူးေဆာင္ဥကၠဌ တစ္ေယာက္အေနဲ႔ ရွိေနဆဲပါ။ ဒီတစ္ခါေတာ့ ဒီ Nike ကုမၸဏီကို ျဖစ္ေပၚလာေစခဲ့တဲ့ ဖိလစ္ႏိုက္တ္ ရဲ႕ အေၾကာင္းကို မွ်ေဝသြားပါမယ္။
နာမည္အျပည့္အစုံကေတာ့ Philip Hampson “Phil” Knight ျဖစ္တဲ့ ဖိလစ္ႏိုက္တ္ကို ၁၉၃၈ခုႏွစ္က အေမရိကန္ေအာ္ရီဂြန္ျပည္နယ္ ေပါ့တ္လန္ၿမိဳ႕မွာေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူက ေရွ႕ေနနဲ႔ သတင္းစာထုတ္ေဝသူ တစ္ေယာက္ျဖစ္ပါတယ္။ Portland ရွိ Cleveland အထက္တန္းေက်ာင္းတြင္ တက္ေရာက္ခဲ့ၿပီး Phi Gamma Delta (FIJI) တကၠသိုလ္ေက်ာင္းသားအသင္းတြင္ အဖြဲ႕ဝင္ျဖစ္ခဲ့ကာ ေအာ္ရီဂြန္တကၠသိုလ္ကေန သတင္းစာပညာဘြဲ႕ကို ရရွိခဲ့ပါတယ္။
ငယ္စဥ္က အားကစားမွာ အလြန္ထူးခြၽန္ခဲ့သူျဖစ္ပါတယ္။ တာလတ္အေျပးသမား တစ္ေယာက္ျဖစ္ၿပီး ၁မိုင္ခရီးကို ၄မိနစ္ ၁၀စကၠန႔္နဲ႔ အေရာက္ေျပးကာ သူ႔ရဲ႕အေကာင္းဆုံးစံခ်ိန္အျဖစ္ တင္ထားခဲ့ပါတယ္။ ဒီအတြက္ ၁၉၅၇၊ ၁၉၅၈ ၊ ၁၉၅၉ အထိ ၃ႏွစ္ဆက္တိုက္ varsity ဆုေတြရခဲ့ပါတယ္။ သူ႔ရဲ႕ နည္းျပဆရာကေတာ့ ေနာင္တခ်ိန္မွာ Nike ကို ပူးတြဲတည္ေထာင္သူျဖစ္လာမယ့္ Bill Bowerman ပါ။ သူတို႔ ဆရာတပည့္ႏွစ္ဦး နဲ႔ ေနာက္အေျပးသမားတစ္ေယာက္ျဖစ္တဲ့ Geoff Hollister တို႔ ပူးေပါင္းၿပီး အေနာက္ပိုင္းေျပးခုန္ပစ္အသင္း(Athletics West) ကို တည္ေထာင္ခဲ့ၾကပါတယ္။ အဲဒီတုႏု္းက ႏိုက္တ္ဟာ အေျပးၿပိဳင္ပြဲမွာ သူဝတ္ဆင္ရတဲ့ ဖိနပ္ေတြကို သေဘာမက်ခဲ့ပါဘူးတဲ့။
ဘြဲ႕ရၿပီးၿပီးခ်င္းမွာေတာ့ ႏိုက္တ္ဟာ စစ္တပ္ထဲကို ဝင္သြားခဲ့ပါတယ္။ ေရွ႕တန္းမွာ တစ္ႏွစ္ ၊ ဌာနခ်ဳပ္မွာ ၇ႏွစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ စီးပြားေရးေလာကထဲဝင္ေရာက္ဖို႔အတြက္ Stanford စီးပြားေရးေက်ာင္း ကို တက္ေရာက္ခဲ့ျပန္ပါတယ္။ အဲဒီအခ်ိန္အထိ သူဟာ အားကစားပစၥည္းေလာက နဲ႔ အဆက္အစပ္မရွိေသးပါဘူး။ ဒါေပမယ့္ အဲဒီေက်ာင္းမွာ သူဟာ အားကစားေလာကနဲ႔ဆိုင္တဲ့ စီးပြားေရးဆိုင္ရာ စာတမ္းတစ္ခုကို ေရးခဲ့ပါတယ္။ သူ႔ရဲ႕စာတမ္းနာမည္က “ဂ်ပန္ကင္မရာက ဂ်ာမန္ကင္မရာထက္ ပိုေကာင္းသလို ဂ်ပန္အားကစားဖိနပ္က ဂ်ာမန္ အားကစားဖိနပ္ထက္သာမလား” “Can Japanese sports shoes do to German sports shoes what Japanese cameras did to German cameras?” ျဖစ္ပါတယ္။
Frank Shallenberger က သူ႔သင္တန္းမွာ စီးပြားေရးစြန႔္ဦးတီထြင္သူေတြအေၾကာင္း ေျပာခဲ့ရာကေန အဲဒီသင္တန္းမွာတက္ေနတဲ့ ႏိုက္တ္က သူဟာအားကစား နဲ႔ ဆိုင္တဲ့အလုပ္တစ္ခုလုပ္ရမယ္ ဆိုတာကို သိသြားခဲ့တယ္။ ၁၉၆၂ခုႏွစ္မွာေတာ့ စီးပြားေရးမာစတာဘြဲ႕ရခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ခရီးထြက္ရင္း ဂ်ပန္ကိုေရာက္ခဲ့ပါတယ္။ အဲဒီမွာ ဂ်ပန္က အားကစားဖိနစ္ေတြကို အက်အန ေလ့လာခဲ့ပါတယ္။ ေဈးႏႈန္းသက္သာၿပီး အရည္အေသြးေကာင္းတဲ့ Onitsuka ကုမၸဏီထုတ္ Tiger အားကစားဖိနပ္ေတြကို သေဘာက်သြားခဲ့တယ္။ ပိုင္ရွင္ျဖစ္သူ Onitsuka နဲ႔ေတြ႕ဆုံခဲ့ၿပီး အေမရိကန္မွာ ဒီဖိနပ္ေတြကိုေရာင္းႏိုင္ဖို႔ ႀကိဳးစားခဲ့တယ္။ ဒီလိုေတြ႕တဲ့အခ်ိန္မွာ ဟိုဘက္က သေဘာတူေစဖို႔အတြက္ တကယ္မရွိတဲ့ Blue Ribbon ကုမၸဏီကို ရွိတယ္လို႔ ႀကံစည္ေျပာဆိုခဲ့တာပါ။
အဲဒီေနာက္ေတာ့ ႏိုက္တ္ အေမရိကန္ကို ျပန္သြားခဲ့တယ္။ အဲဒီတုန္းက ႏိုက္တ္ရဲ႕အလုပ္က စာရင္းကိုင္ပါ။ သူဟာ စာရင္းအင္းပညာဘက္မွာလည္း ေတာ္ၿပီး Nike ကိုမတည္ေထာင္မီက ေပါ့တ္လန္ျပည္နယ္တကၠသိုလ္မွာ စာရင္းကိုင္ ပါေမာကၡတစ္ဦးအျဖစ္ လုပ္ခဲ့ဖူးပါေသးတယ္။ သူမွာထားတဲ့ ဂ်ပန္က ဖိနပ္နမူနာေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၁ႏွစ္ေလာက္ၾကာၿပီးမွ အေမရိကန္ကိုေရာက္လာခဲ့တယ္။ ေရာက္ေရာက္ခ်င္း ေရာင္းဖို႔မႀကိဳးစားခဲ့ပါဦး ။ ဉာဏ္ေကာင္းတဲ့ ႏိုက္တ္ က သူ႔ဆရာျဖစ္သူ Bill Bowerman ကို အရင္သြားျပတယ္။ Bill Bowerman က နာမည္ႀကီးနည္းျပျဖစ္ေနတဲ့အတြက္ သူၫႊန္းရင္ သူ႔ဖိနပ္ေတြ မ်ားမ်ားပိုေရာင္းႏိုင္လိမ့္မယ္ လို႔ တြက္ခဲ့လို႔ပါ။ Bill Bowerman ထံ ဖိနပ္ ၂ရံကို နမူနာအျဖစ္ ျပသအၿပီးမွာေတာ့ သူ႔ရဲ႕ဖိနပ္ေတြကို မွာယူ႐ုံတင္မက ၊ ဒီထက္ပိုေကာင္းေစမယ့္ အႀကံဉာဏ္ေတြကို ရရွိခဲ့ပါတယ္။
အဲဒီေနာက္ေတာ့ ၁၉၆၄ ခုႏွစ္မွာ သူတို႔ႏွစ္ဦးေပါင္းၿပီးေတာ့ Nike ရဲ႕အစျဖစ္လာမယ့္ Blue Ribbon Sports ဆိုတဲ့ ကုမၸဏီကို တည္ေထာင္လိုက္ၾကတယ္။ ကုမၸဏီဆိုေပမယ့္ ဂိုေထာင္ေလးတစ္လုံးသာသာပါ။ ၅ႏွစ္အတြင္းမွာ ထူးထူးျခားျခား မေအာင္ျမင္ခဲ့ပါဘူး။ ေက်ာင္းၿပီးလို႔ ၁၂ ႏွစ္ၾကာတဲ့ အခ်ိန္ထိ သူ ကားတစ္စီးေတာင္ မပိုင္ခဲ့တဲ့အျပင္ အေႂကြးေတြေၾကာင့္ သူ႔ရဲ႕ Credit Card ေတြ ဟာ ျပည့္ေနၿပီး ကားသြားငွားတဲ့အခ်ိန္မွာ လူလိမ္လို႔ေတာင္ အေျပာခံခဲ့ရပါေသးတယ္။ သူ႔ကိုယ္သူ ယုံၾကည္တဲ့ ႏိုက္တ္ဟာ သူလုပ္ခ်င္တာေတြကိုဆက္လုပ္ခဲ့တယ္။ ပထမဆုံးအေရာင္းရဆုံးအျဖစ္ သည္ အေနာက္ေျမာက္ Pacific တြင္ က်င္းပတဲ့ Plymouth Valiant ကားျပပြဲမွာ ေရာင္းခ်ႏိုင္ခဲ့တယ္။ ၁၉၆၉မွာေတာ့ ႏိုက္တ္ဟာ သူ႔ရဲ႕ပင္ရင္းအလုပ္ျဖစ္တဲ့ စာရင္းကိုင္အလုပ္ကေနထြက္ၿပီးေတာ့ သူ႔ရဲ႕အခ်ိန္ေတြကို Blue Ribbon မွာပဲ အခ်ိန္ျပည့္ျမဳပ္ႏွံၿပီးလုပ္ကိုင္ခဲ့တယ္။ Jeff Johnson ဆိုတဲ့ ဝန္ထမ္းတစ္ေယာက္က ကုမၸဏီနာမည္ကို Nike လို႔ေျပာင္းဖို႔ အႀကံေပးခဲ့တယ္။
Nike ဆိုတာ ဂရိဒ႑ာရီထဲက ေအာင္ျမင္ျခင္းနတ္သမီး ျဖစ္ၿပီး ေရာမမွာေတာ့ Victoria လို႔ေခၚတဲ့ နတ္သမီးပါ။ အားလုံးသေဘာတူၾကတဲ့အတြက္ ၁၉၇၁ခုႏွစ္မွာ Blue Ribbon ကေန Nike နာမည္ကို ေျပာင္းလဲခဲ့တယ္။ Swoosh လို႔ေခၚတဲ့ ကုမၸဏီအမွတ္တံဆိပ္ အမွန္ျခစ္ လိုဂိုကိုေတာ့ ဒီဇိုင္နာတစ္ေယာက္ျဖစ္တဲ့ Carolyn Davidson က ေရးဆြဲေပးခဲ့တယ္။ ေရးဆြဲခအျဖစ္ ၃၅ေဒၚလာ(ယေန႔တန္ဖိုးနဲ႔ဆို ၂၁၇ေဒၚလာ) ပဲ ေပးခဲ့ရတယ္။ အဲဒီတံဆိပ္ကို ႏိုက္တ္က သိပ္မႀကိဳက္လွေပမယ့္ က်န္တဲ့သူေတြသေဘာက်တဲ့အတြက္ သုံးခဲ့တယ္။ ဒီေန႔အခ်ိန္မွာေတာ့ ဒီတံဆိပ္ဟာ လူတိုင္းလိုလိုသတဲ့ အေအာင္ျမင္ဆုံး အမွတ္တံဆိပ္တစ္ခု ျဖစ္လာခဲ့တယ္။ ၃၅ေဒၚလာနဲ႔ ေရးဆြဲခဲ့ရသူအတြက္ေတာ့ မနစ္နာခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ၁၉၈၃မွာ သူ႔အတြက္ ရွယ္ယာအနည္းငယ္ကို ျပန္အစားေပးခဲ့လို႔ပါ။
အခက္အခဲေပါင္းစုံၾကားကေန Onitsuka က ဖိနပ္ေတြကို ေအာင္ျမင္ေအာင္ေရာင္းခ်ေပးခဲ့ေပမယ့္ Onitsuka က ေနာက္ထပ္အေရာင္းကိုယ္စားလွယ္ ရွာေနတာကို သိလိုက္ခ်ိန္မွာေတာ့ ႏိုက္တ္စိတ္ထိခိုက္ခဲ့သလို စိတ္လည္းနာခဲ့တယ္။ အဲဒီေနာက္ေတာ့ မကၠဆီကိုမွာ ေအာ္ဒါမွာၿပီးခ်ဳပ္ေပမယ့္ ဂ်ပန္ကေလာက္ အရည္အေသြးမေကာင္းခဲ့ပါဘူး။ ႏိုက္တ္ရဲ႕အၾကပ္အတည္းကို ကယ္တင္ေပးခဲ့သူက ဂ်ပန္ နစ္ရႈိး(Nissho) ကုမၸဏီလို႔ ဆိုရပါမယ္။ လိုအပ္တဲ့ေငြကိုထုတ္ေခ်းတဲ့အျပင္ ဂ်ပန္စက္႐ုံေတြကေန ဖိနပ္ခ်ဳပ္ေပးဖို႔ ကူညီေပးခဲ့မယ္။ ဒါေၾကာင့္လည္း နစ္ရႈိးသာ မကယ္ခဲ့ရင္ Nike ဆိုတာရွိလာမွာမဟုတ္ဘူးလို႔ ႏိုက္တ္က မၾကာခဏ နီ႐ိုး ေက်းဇူးကို ထုတ္ေျပာခဲ့တာပါ။
အဲဒီေနာက္ပိုင္းမွာလည္း ႏိုက္တ္တစ္ေယာက္ ေတာ္ေတာ္ဒုကၡေရာက္ခဲ့ပါေသးတယ္။ ဂ်ပန္မွာ လုပ္အားခေတြေဈးႀကီးလာလို႔ လုပ္အားခ သက္သာတဲ့ ထိုင္ဝမ္ ၊ ကိုရီးယား ၊ တ႐ုတ္ နဲ႔ ဗီယက္နမ္တို႔မွာ စက္႐ုံေတြေထာင္ၿပီးခ်ဳပ္ခဲ့ရတယ္။ ခ်ဳပ္တာေတြကို အေမရိကန္မွာလည္း ကုန္ေအာင္ေရာင္းႏိုင္ဖို႔ႀကိဳးစားရ ၊ ေၾကာ္ျငာမႈေတြကို အဆတ္မျပတ္လုပ္ရ ၊ ဒီၾကားထဲ Onitsuka အျပင္ အေမရိကန္အစိုးရနဲ႔ တရားရင္ဆိုင္ေနရတာေတြ ရွိေနပါေသးတယ္။ ဒီလိုအခက္အခဲေပါင္းမ်ားကို ျဖတ္ေက်ာ္အၿပီးမွာေတာ့ Nike ဟာ ယေန႔အားကစားေလာက နယ္ပယ္အသီးသီးမွာ နံပါတ္ ၁ ေနရာက ရပ္တည္ေနႏိုင္ခဲ့ပါၿပီ။
သူ႔ရဲ႕ေရွ႕မွာ ေအာင္ျမင္ၿပီးျဖစ္တဲ့ Adidas နဲ႔ Puma တို႔လို အားကစားပစၥည္း ကုမၸဏီႀကီးေတြကို ေက်ာ္ျဖတ္ၿပီး ယေန႔လိုျဖစ္ႏိုင္ခဲ့ေအာင္ သူေက်ာ္လႊားခဲ့ရတဲ့ အခက္အခဲေပါင္း ေသာင္းေျခာက္ေထာင္ကို သူ႔ရဲ႕စာအုပ္ Shoe Dog မွာ ေရးသားခဲ့ပါတယ္။ ယေန႔အခ်ိန္မွာေတာ့ NIke ဟာ နံပါတ္၁ အားကစားပစၥည္း ကုမၸဏီျဖစ္ခဲ့သလို တည္ေထာင္သူ Phil Knight ဟာလည္း ပိုင္ဆိုင္မႈေဒၚလာ ၃၄ ဘီလ်ံနဲ႔ ကမာၻ႔အခ်မ္းသာဆုံး ၂၅ေယာက္ေျမာက္ ပုဂၢိဳလ္ျဖစ္လာခဲ့ပါၿပီ။ ၂၀၀၄ခုႏွစ္မွာေတာ့ Nike ရဲ႕ CEO ရာထူးကေန ႏႈတ္ထြက္ခဲ့ၿပီး ဘုတ္အဖြဲ႕ဥကၠဌအျဖစ္ ၊ အဲဒီေနာက္ေတာ့ ဂုဏ္ထူးေဆာင္ ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ အသက္ ၈၀ ရွိေနၿပီျဖစ္တဲ့ ႏိုက္တ္ဟာ နယ္ပယ္အသီးသီးမွာ ေဒၚလာ ၂ဘီလ်ံခန႔္ လူဒါန္းခဲ့ၿပီးျဖစ္တဲ့ ပရဟိတလုပ္ငန္းရွင္တစ္ေယာက္အျဖစ္ ရပ္တည္ေနခဲ့ပါၿပီ။
“လူငယ္ေတြကို ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ဘယ္ေတာ့မွ လက္မလႊတ္နဲ႔ ဆိုတာ အၿမဲတမ္းေတာ့ မမွန္ဘူးဗ်၊
အမွန္က ဘယ္ဟာကို လက္လႊတ္ရမယ္ ဘယ္ဟာကို ၿမဲၿမဲကိုင္ထားရမယ္ သိမွျဖစ္မယ္”