Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

MotoGP အကြောင်း သိကောင်းစရာ

by Thutamm
October 16, 2020
Reading Time: 4min read
0
MotoGP အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ဆိုင်ကယ်ဝါသနာအိုးတွေကတော့ MotoGP အကြောင်းကို သိကြပြီးဖြစ်မှာပါ။ MotoGP ဆိုတာ နိုင်ငံတကာ မော်တော်ဆိုင်ကယ်အဖွဲ့ချုပ်(FIM) က ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲ Grand Prix motorcycle racing ကို ခေါ်တာပါ။ ၁၉၄၉ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်တာကြောင့် အခုဆိုရင် MotoGP ပြိုင်ပွဲရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၇၀ ခန့် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီတခါတော့ ဒီအကြောင်း စိတ်ဝင်စားတဲ့ မိတ်ဆွေများအတွက် ကမ္ဘာ့မော်တော်ဆိုင်ကယ် ဂရင်းပရီ ပြိုင်ပွဲ နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။

၁၉၄၉ ခုနှစ်က စတင်တဲ့ ကမ္ဘာ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲကို ၁၅၀စီစီ ၊ ၂၅၀စီစီ ၊ ၃၅၀စီစီ ၊ ၅၀၀စီစီ နဲ့ သုံးဘီးဆိုင်ကယ်ဆိုပြီး ကဏ္ဍ ၅မျိုးနဲ့ ယှဉ်ပြိုင်စေခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတွေကိုတော့ Isle of Man ၊ ဆွစ်ဇာလန် ၊ အီတလီ ၊ ဘယ်လ်ဂျီယံ ၊ နယ်သာလန် နဲ့ မြောက်အိုင်ယာလန် တို့က ဆိုင်ကယ်ပြိုင်လမ်းတွေမှာ ကျင်းပခဲ့ပါတယ်။ ပထမဆုံး အနိုင်ရရှိသူကတော့ Isle of Man ၅၀၀စီစီ ပြိုင်ပွဲက ဗြိတိန်ဆိုင်ကယ်သမား Harold Daniell ဖြစ်ပါတယ်။

ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဆိုပေမယ့် ၁၉၅၈ ခုနှစ်အထိ ဥရောပအသင်းတွေပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ် Isle of Man TT မှာတော့ ဟွန်ဒါဟာ ပထမဆုံးအကြိမ်ပြိုင်ပွဲဝင်လာခဲ့ပါတယ်။ ၁၂၅စီစီ ပွဲမှာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီနှစ်က ဟွန်ဒါဟာ အဆင့် ၇ နဲ့ ၈ နေရာတွေကိုသာ ရရှိခဲ့ပါတယ်။ နောက်တနှစ်မှာတော့ ဟွန်ဒါဟာ ကဏ္ဍပေါင်းစုံပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုမချိတ်ခဲ့ပါဘူး။ ၁၉၆၁ ခုနှစ် မှာတော့ ၁၂၅စီစီ နဲ့ ၂၅၀ စီစီ ပြိုင်ပွဲတွေမှာ ဟွန်ဒါအနိုင်ရခဲ့ပြီး Kunimitsu Takahashi ဟာလည်း ကမ္ဘာ့ဆိုင်ကယ်ပြိုင်ပွဲမှာနိုင်ခဲ့တဲ့ ပထမဆုံးအနိုင်ရရှိခဲ့တဲ့ ဂျပန်လူမျိုးဖြစ်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ ဟွန်ဒါဟာ ပြိုင်ပွဲ၅ ရပ်စလုံးမှာ တည်ဆောက်သူ အနေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

၁၉၆၁ ခုနှစ်မှာကျင်းပခဲ့တဲ့ အာဂျင်တီးနား ဂရင်းပရီပြိုင်ပွဲဟာ ဥရောပရဲ့ အပြင်ဘက်မှာ ပထမဆုံးကျင်းပတဲ့ ပြိုင်ပွဲဖြစ်လာခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ဂျပန်နိုင်ငံဟာ အာရှတိုက်ရဲ့ ပထမဆုံး ဂရင်းပရီပြိုင်ပွဲကို ကျင်းပခဲ့သလို ၁၉၆၄ ခုနှစ်မှာတော့ အမေရိကန်ဟာလည်း မောက်အမေရိကတိုက်ရဲ့ ပထမဆုံး ဂရင်းပရီပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ဂရင်းပရီပြိုင်ပွဲ ၁၉ ခုကို ကျင်းပနေပြီဖြစ်ပါတယ်။ စပိန်နိုင်ငံမှာတော့ ဂရင်းပရီ ၄ ခု ရှိပြီး ၊ အီတလီမှာတော့ ၂ ခု ရှိပါတယ်။

၁၉၇၂ ခုနှစ်မှာတော့ ၅၀၀ စီစီ သုံးဘီးဆိုင်ကယ် ၊ ၁၉၇၉ မှာ ၇၅၀ စီစီ ၊ ၁၉၈၂ မှာ ၃၅၀စီစီ ၊ ၁၉၈၉ မှာ ၈၀ စီစီ တို့ကို အသီးသီးရပ်နားခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ၅၀၀ စီစီ နေရာမှာ MotoGP ကို အစားထိုးလိုက်ပါတယ်။ four-strokes အင်ဂျင်များနဲ့အတူ ၉၉၀ စီစီ အထိ လက်ခံခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ MotoGP ၊ Moto2 ၊ Moto3 နဲ့ MotoE ဆိုပြီး ကဏ္ဍ ၄ မျိုးဖြစ်သွားပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ပထမဆုံးအကြိမ်ညဘက်ပြိုင်ပွဲအဖြစ် ကာတာနိုင်ငံမှာ ကျင်းပခဲ့ပြီး ဆိုင်ကယ်တွေရဲ့ အင်ဂျင်ကိုတော့ ၁၀၀၀စီစီထိသာ ခွင့်ပြုထားပါတယ်။

MotoGP ပြိုင်ပွဲမှာ အအောင်မြင်ဆုံး ဆိုင်ကယ်သမားကတော့ အီတလီလူမျိုး Giacomo Agostini ဖြစ်ပြီး သူဟာ စုစုပေါင်း ၁၅ ကြိမ် အနိုင်ရရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ စပိန်လူမျိုး Ángel Nieto က ၁၃ ကြိမ် အနိုင်ရရှိကာ ဒုတိယနေရာမှာ ရှိနေပါတယ်။ ၂၀၀၀ နဲ့ ၂၀၁၀ ကြားကာလမှာ လူသိအများဆုံး အအောင်မြင်ဆုံးကတော့ အီတလီဆိုင်ကယ်သမား Valentino Rossi ဖြစ်ပြီး သူကတော့ စုစုပေါင်း ၉ ကြိမ်အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိကာလ အအောင်မြင်ဆုံးသူကတော့ အသက် ၂၇နှစ် အရွယ်ရှိပြီဖြစ်တဲ့ စပိန်ဆိုင်ကယ်သမား Marc Márquez ဖြစ်ကာ သူကတော့ ၆ ကြိမ်အနိုင်ရထားပြီးဖြစ်ပါတယ်။ သူဟာ Repsol ဟွန်ဒါအသင်းအတွက် ပြိုင်ပွဲဝင်နေပြီး ၁နှစ်လုပ်ခလစာ အနေနဲ့ ဒေါ်လာ ၁၄.၅သန်း ရရှိကာ ဈေးအမြင့်ဆုံး ဆိုင်ကယ်သမားလည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် MotoGP ပြိုင်ပွဲမှာတော့ အီတလီ ၊ စပိန် ၊ ဂျပန် ၊ မိုနာကို ၊ သြစတြီးယား ၊ ပြင်သစ် နဲ့ မလေးရှားနိုင်ငံက အသင်းစုစုပေါင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ ဆိုင်ကယ်တည်ဆောက်ပံ့ပိုးသူတွေကတော့ Aprilia ၊ Ducati ၊ Honda ၊ KTM ၊ Suzuki နဲ့ Yamaha စတဲ့ ဆိုင်ကယ် ကုမ္ပဏီကြီးတွေဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကုမ္ပဏီတွေထဲမှာတော့ ဟွန်ဒါက ပြိုင်ပွဲစုံ ပွဲပေါင်း ၇၇၆ ပွဲနဲ့ အအောင်မြင်ဆုံး တည်ဆောက်သူအဖြစ် ရပ်တည်နေပါတယ်။ သူ့နောက်မှာတော့ ရာမဟာက ၅၀၂ပွဲ ၊ အပရီလီယာက ၂၉၄ပွဲ ၊ MV Agusta က ၂၇၅ပွဲ နဲ့ ဆူဇူကီးက ၁၅၇ပွဲ အသီးသီး အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။(၂၀၁၉ထိ)

MotoGP ပြိုင်ပွဲဝင်ဆိုင်ကယ်တွေဟာ ဖော်မြူလာဝမ်း ပြိုင်ကားတွေနီးပါး မြန်ဆန်ကြပါတယ်။ ပြိုင်ပွဲဝင်ဆိုင်ကယ်တွေဟာ အမြန်ဆုံးနှုန်းအနနဲ့ ၁နာရီ ၂၂၀ မိုင် အထိ မောင်းနှင်နိုင်တာကြောင့် ၁နာရီ အမြန်နှုန်း ၂၃၀ မိုင်ခန့်ရှိတဲ့ ဖော်မြူလာဝမ်းပြိုင်ကားတွေနဲ့နှိုင်းယှဉ်ရင် အမြန်နှုန်းအနေနဲ့ ၁၀ မိုင်ခန့်ပဲ ကွာပါတယ်။ ပြိုင်ပွဲဝင် ဆိုင်ကယ်တွေဟာ ရပ်နေရာကနေ ၆၀မိုင်အမြန်နှုန်းကို ၂.၅ စက္ကန့်အတွင်း တင်နိုင်ကြပါတယ်။

ပြိုင်ပွဲဝင်ဆိုင်ကယ်တွေ ကို အမြန်ဆုံး အဆင်ပြေဆုံး မောင်းနှင်နိုင်ရန် ဆိုင်ကယ်သမားတယောက်ချင်းစီအတွက် သီးသန့် ဒီဇိုင်းထုတ် တည်ဆောက်ပေးထားတာဖြစ်ပါတယ်။ ဒီဆိုင်ကယ်တွေရဲ့ ပျမ်းမျှတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၂သန်း ဝန်းကျင်ရှိပါတယ်။ ဒါပေမယ့် ပိုက်ဆံရှိရုံနဲ့ ချက်ချင်းဝယ်လို့ မရပါဘူး။ အကြောင်းကတော့ ဒီဆိုင်ကယ်တွေကို ဈေးကွက်မှာ မရောင်းချကြသလို ၊ အများပြည်သူသွားလမ်းပေါ်မှာ တရားဝင်မောင်းနှင်ခွင့် ပိတ်ပင်ထားလို့ဖြစ်ပါတယ်။

MotoGP ပြိုင်ပွဲတွေရဲ့ အရေးကြီးဆုံးအချက်တွေထဲမှာ တာယာတွေလည်း ပါဝင်ပါတယ်။ ဆိုင်ကယ်သမားတယောက်အတွက် စုစုပေါင်း အနေနဲ့ တာယာပေါင်း ၃၃ ခုကို အရံသင့်ထားရပါတယ်။ ခြောက်သွေ့ ဒါမှမဟုတ် စိုစွတ်တဲ့ ပြေးလမ်းတွေအတွက် ခွဲခြားပြုလုပ်ထားရပါတယ်။ တာယာတွေဟာ ပြင်းထန်တဲ့ ဖိအား ၊ ပွတ်တိုက်မှု ၊ အပူချိန်ပြောင်းလဲမှုတွေကို ခံနိုင်ဖို့လိုအပ်ပြီး လက်ရှိပြိုင်ပွဲဝင်အသင်းတွေရဲ့ တာယာတွေကိုတော့ နာမည်ကျော် တာယာကုမ္ပဏီကြီးတွေဖြစ်တဲ့ Michelin နဲ့ Dunlop တို့က ဖန်တီးပံ့ပိုးထားပါတယ်။

ဆိုင်ကယ်သမားတွေရဲ့ ဝတ်စုံဟာ အရမ်းမထူပါဘူး။ အထူ ၁.၄ မီလီမီတာသာ ရှိပြီး သားပိုက်ကောင်သားရေ နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ပုံမှန်နွားသားရေ ဝတ်စုံထက်စာရင် အများကြီးပေါ့ပါးတဲ့အပြင် ရေရှည်အကြမ်းခံနိုင်ပြီး ၊ ပျော့ပြောင်းမှုလည်းရှိတာကြောင့် သားပိုက်ကောင်သားရေ အင်္ကျီတွေကို ဝတ်ဆင်တဲ့ သူက ပိုများပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ထိခိုက်မှုဖြစ်ပွားတဲ့အခါ ပိုမိုလုံခြုံစေဖို့ airbag တွေကိုပါ ထည့်သွင်းဒီဇိုင်းထုတ်လုပ်ကြပါတယ်။ မောင်းနှင်သူတွေ မထိခိုက်စေဖို့ အလုံခြုံဆုံး ဝတ်စုံပြည့်ဝတ်ဆင်ပေမယ့် ပြိုင်ပွဲသမိုင်းတလျှောက်မှာ မတော်တဆမှုပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်သမား ၁၀၃ဦး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ကမ္ဘာ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲတွေမှာ မတော်တဆမှုတွေ မကြာခဏဖြစ်လေ့ရှိရာ ဒီလိုဖြစ်လာရင် အချိန်မီကယ်တင်ကုသနိုင်ဖို့အတွက် ရွေ့လျားဆေးခန်းတွေကို အဆင်သင့်စီစဉ်ထားပါတယ်။ Mobile Clinic လို့ခေါ်တဲ့ ဒီရွေ့လျားဆေးခန်းတွေကို ၁၉၇၆ ခုနှစ်ကတည်းက ဆိုင်ကယ်ပြိုင်ပွဲတွေအတွက် အီတလီဆရာဝန် Claudio Costa က စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲသမိုင်းတလျှောက်မှာ ရွေ့လျားဆေးခန်းတွေဟာ ပြိုင်ပွဲဝင်ရာပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲဝင်အသင်းတွေဟာ နိုင်ငံတကာမှာရှိတဲ့ MotoGP ဂရင်းပရီပြေးလမ်းတွေကို သွားရောက်ပြိုင်ကြရမှာဖြစ်ပြီး ၁ပွဲချင်းစီရဲ့ နေရာအလိုက် အမှတ်ပေးတာ ဖြစ်ပါတယ်။ ပထမက ၂၅မှတ် ၊ ဒုတိယက ၂၀မှတ် ၊ တတိယက ၁၆မှတ် ၊ နံပါတ် ၁၅ က ၁ မှတ်အသီးသီး ရရှိမှာဖြစ်ပြီး နံပါတ် ၁၅ နောက်ပန်းဝင်သူတွေကတော့ အမှတ်ရရှိမှာ မဟုတ်ပါဘူး။ ဒီလို ၁ပွဲချင်းစီက အမှတ်တွေကို ယူကာ ပွဲစဉ်အားလုံးပြီးတဲ့နောက် စုစုပေါင်းအမှတ်နဲ့ ၁နှစ်စာ MotoGP ပြိုင်ပွဲရဲ့ ချန်ပီယံကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ MotoGP မှာဆိုရင် Marc Márquez ဟာ ပွဲပေါင်း ၁၉ပွဲပြိုင်ပြီး စုစုပေါင်း ရမှတ် ၄၂၀ နဲ့ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ MotoGP ပြိုင်ပွဲအရပ်ရပ်ရဲ့ စီးပွားရေးကို ပိုင်ဆိုင်ထားသူက စပိန် မက်ဒရစ်အခြေစိုက် Dorna အားကစား ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ စပွန်ဆာ ၊ ကြော်ငြာ ၊ တီဗီချန်နယ်များ ၊ ဗီဒီယိုဂိမ်း စတာတွေကနေ ဝင်ငွေတွေရနေတာဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၅၀ လောက် ရရှိနေတယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် ပြိုင်ပွဲ ၁ပွဲစီကို ဒေါ်လာ ၄သန်းခန့် သုံးစွဲရပြီး အခြားကုန်ကျစရိတ် စုစုပေါင်းကို နှုတ်လိုက်တဲ့အခါ ကုမ္ပဏီအနေနဲ့ ဒေါ်လာ သန်း ၇၀ ခန့် ရရှိနေပါသေးတယ်။

——– ——- ———

(Zawgyi)

MotoGP အေၾကာင္း သိေကာင္းစရာ

ဆိုင္ကယ္ဝါသနာအိုးေတြကေတာ့ MotoGP အေၾကာင္းကို သိၾကၿပီးျဖစ္မွာပါ။ MotoGP ဆိုတာ ႏိုင္ငံတကာ ေမာ္ေတာ္ဆိုင္ကယ္အဖြဲ႕ခ်ဳပ္(FIM) က ႀကီးမႉးက်င္းပတဲ့ ကမာၻ႔ေမာ္ေတာ္ဆိုင္ကယ္ၿပိဳင္ပြဲ Grand Prix motorcycle racing ကို ေခၚတာပါ။ ၁၉၄၉ ခုႏွစ္ကတည္းက စတင္ခဲ့တာျဖစ္တာေၾကာင့္ အခုဆိုရင္ MotoGP ၿပိဳင္ပြဲရဲ႕ သက္တမ္းဟာ ႏွစ္ေပါင္း ၇၀ ခန႔္ ရွိသြားၿပီ ျဖစ္ပါတယ္။ ဒီတခါေတာ့ ဒီအေၾကာင္း စိတ္ဝင္စားတဲ့ မိတ္ေဆြမ်ားအတြက္ ကမာၻ႔ေမာ္ေတာ္ဆိုင္ကယ္ ဂရင္းပရီ ၿပိဳင္ပြဲ နဲ႔ ပတ္သက္တဲ့ အခ်က္အလက္တခ်ိဳ႕ကို ဗဟုသုတ အေနနဲ႔ ေဝမွ်လိုက္ပါတယ္။

၁၉၄၉ ခုႏွစ္က စတင္တဲ့ ကမာၻ႔ေမာ္ေတာ္ဆိုင္ကယ္ၿပိဳင္ပြဲကို ၁၅၀စီစီ ၊ ၂၅၀စီစီ ၊ ၃၅၀စီစီ ၊ ၅၀၀စီစီ နဲ႔ သုံးဘီးဆိုင္ကယ္ဆိုၿပီး က႑ ၅မ်ိဳးနဲ႔ ယွဥ္ၿပိဳင္ေစခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲေတြကိုေတာ့ Isle of Man ၊ ဆြစ္ဇာလန္ ၊ အီတလီ ၊ ဘယ္လ္ဂ်ီယံ ၊ နယ္သာလန္ နဲ႔ ေျမာက္အိုင္ယာလန္ တို႔က ဆိုင္ကယ္ၿပိဳင္လမ္းေတြမွာ က်င္းပခဲ့ပါတယ္။ ပထမဆုံး အႏိုင္ရရွိသူကေတာ့ Isle of Man ၅၀၀စီစီ ၿပိဳင္ပြဲက ၿဗိတိန္ဆိုင္ကယ္သမား Harold Daniell ျဖစ္ပါတယ္။

ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲဆိုေပမယ့္ ၁၉၅၈ ခုႏွစ္အထိ ဥေရာပအသင္းေတြပဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ ၁၉၅၈ ခုႏွစ္ Isle of Man TT မွာေတာ့ ဟြန္ဒါဟာ ပထမဆုံးအႀကိမ္ၿပိဳင္ပြဲဝင္လာခဲ့ပါတယ္။ ၁၂၅စီစီ ပြဲမွာသာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး အဲဒီႏွစ္က ဟြန္ဒါဟာ အဆင့္ ၇ နဲ႔ ၈ ေနရာေတြကိုသာ ရရွိခဲ့ပါတယ္။ ေနာက္တႏွစ္မွာေတာ့ ဟြန္ဒါဟာ က႑ေပါင္းစုံၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ ဆုမခ်ိတ္ခဲ့ပါဘူး။ ၁၉၆၁ ခုႏွစ္ မွာေတာ့ ၁၂၅စီစီ နဲ႔ ၂၅၀ စီစီ ၿပိဳင္ပြဲေတြမွာ ဟြန္ဒါအႏိုင္ရခဲ့ၿပီး Kunimitsu Takahashi ဟာလည္း ကမာၻ႔ဆိုင္ကယ္ၿပိဳင္ပြဲမွာႏိုင္ခဲ့တဲ့ ပထမဆုံးအႏိုင္ရရွိခဲ့တဲ့ ဂ်ပန္လူမ်ိဳးျဖစ္ခဲ့ပါတယ္။ ၁၉၆၆ ခုႏွစ္မွာေတာ့ ဟြန္ဒါဟာ ၿပိဳင္ပြဲ၅ ရပ္စလုံးမွာ တည္ေဆာက္သူ အေနနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

၁၉၆၁ ခုႏွစ္မွာက်င္းပခဲ့တဲ့ အာဂ်င္တီးနား ဂရင္းပရီၿပိဳင္ပြဲဟာ ဥေရာပရဲ႕ အျပင္ဘက္မွာ ပထမဆုံးက်င္းပတဲ့ ၿပိဳင္ပြဲျဖစ္လာခဲ့ပါတယ္။ ၁၉၆၃ ခုႏွစ္မွာ ဂ်ပန္ႏိုင္ငံဟာ အာရွတိုက္ရဲ႕ ပထမဆုံး ဂရင္းပရီၿပိဳင္ပြဲကို က်င္းပခဲ့သလို ၁၉၆၄ ခုႏွစ္မွာေတာ့ အေမရိကန္ဟာလည္း ေမာက္အေမရိကတိုက္ရဲ႕ ပထမဆုံး ဂရင္းပရီၿပိဳင္ပြဲကို က်င္းပႏိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႏိုင္ငံေပါင္း ၁၅ ႏိုင္ငံမွာ ဂရင္းပရီၿပိဳင္ပြဲ ၁၉ ခုကို က်င္းပေနၿပီျဖစ္ပါတယ္။ စပိန္ႏိုင္ငံမွာေတာ့ ဂရင္းပရီ ၄ ခု ရွိၿပီး ၊ အီတလီမွာေတာ့ ၂ ခု ရွိပါတယ္။

၁၉၇၂ ခုႏွစ္မွာေတာ့ ၅၀၀ စီစီ သုံးဘီးဆိုင္ကယ္ ၊ ၁၉၇၉ မွာ ၇၅၀ စီစီ ၊ ၁၉၈၂ မွာ ၃၅၀စီစီ ၊ ၁၉၈၉ မွာ ၈၀ စီစီ တို႔ကို အသီးသီးရပ္နားခဲ့ၿပီး ၂၀၀၂ ခုႏွစ္မွာေတာ့ ၅၀၀ စီစီ ေနရာမွာ MotoGP ကို အစားထိုးလိုက္ပါတယ္။ four-strokes အင္ဂ်င္မ်ားနဲ႔အတူ ၉၉၀ စီစီ အထိ လက္ခံခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ MotoGP ၊ Moto2 ၊ Moto3 နဲ႔ MotoE ဆိုၿပီး က႑ ၄ မ်ိဳးျဖစ္သြားပါတယ္။ ၂၀၀၈ ခုႏွစ္မွာေတာ့ ပထမဆုံးအႀကိမ္ညဘက္ၿပိဳင္ပြဲအျဖစ္ ကာတာႏိုင္ငံမွာ က်င္းပခဲ့ၿပီး ဆိုင္ကယ္ေတြရဲ႕ အင္ဂ်င္ကိုေတာ့ ၁၀၀၀စီစီထိသာ ခြင့္ျပဳထားပါတယ္။

MotoGP ၿပိဳင္ပြဲမွာ အေအာင္ျမင္ဆုံး ဆိုင္ကယ္သမားကေတာ့ အီတလီလူမ်ိဳး Giacomo Agostini ျဖစ္ၿပီး သူဟာ စုစုေပါင္း ၁၅ ႀကိမ္ အႏိုင္ရရွိခဲ့ပါတယ္။ သူ႔ေနာက္မွာေတာ့ စပိန္လူမ်ိဳး Ángel Nieto က ၁၃ ႀကိမ္ အႏိုင္ရရွိကာ ဒုတိယေနရာမွာ ရွိေနပါတယ္။ ၂၀၀၀ နဲ႔ ၂၀၁၀ ၾကားကာလမွာ လူသိအမ်ားဆုံး အေအာင္ျမင္ဆုံးကေတာ့ အီတလီဆိုင္ကယ္သမား Valentino Rossi ျဖစ္ၿပီး သူကေတာ့ စုစုေပါင္း ၉ ႀကိမ္အႏိုင္ရရွိခဲ့ပါတယ္။ လက္ရွိကာလ အေအာင္ျမင္ဆုံးသူကေတာ့ အသက္ ၂၇ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ စပိန္ဆိုင္ကယ္သမား Marc Márquez ျဖစ္ကာ သူကေတာ့ ၆ ႀကိမ္အႏိုင္ရထားၿပီးျဖစ္ပါတယ္။ သူဟာ Repsol ဟြန္ဒါအသင္းအတြက္ ၿပိဳင္ပြဲဝင္ေနၿပီး ၁ႏွစ္လုပ္ခလစာ အေနနဲ႔ ေဒၚလာ ၁၄.၅သန္း ရရွိကာ ေဈးအျမင့္ဆုံး ဆိုင္ကယ္သမားလည္း ျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္ MotoGP ၿပိဳင္ပြဲမွာေတာ့ အီတလီ ၊ စပိန္ ၊ ဂ်ပန္ ၊ မိုနာကို ၊ ၾသစႀတီးယား ၊ ျပင္သစ္ နဲ႔ မေလးရွားႏိုင္ငံက အသင္းစုစုေပါင္း ၁၄ သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ေနပါတယ္။ ဆိုင္ကယ္တည္ေဆာက္ပံ့ပိုးသူေတြကေတာ့ Aprilia ၊ Ducati ၊ Honda ၊ KTM ၊ Suzuki နဲ႔ Yamaha စတဲ့ ဆိုင္ကယ္ ကုမၸဏီႀကီးေတြျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ကုမၸဏီေတြထဲမွာေတာ့ ဟြန္ဒါက ၿပိဳင္ပြဲစုံ ပြဲေပါင္း ၇၇၆ ပြဲနဲ႔ အေအာင္ျမင္ဆုံး တည္ေဆာက္သူအျဖစ္ ရပ္တည္ေနပါတယ္။ သူ႔ေနာက္မွာေတာ့ ရာမဟာက ၅၀၂ပြဲ ၊ အပရီလီယာက ၂၉၄ပြဲ ၊ MV Agusta က ၂၇၅ပြဲ နဲ႔ ဆူဇူကီးက ၁၅၇ပြဲ အသီးသီး အႏိုင္ရရွိခဲ့ၿပီးျဖစ္ပါတယ္။(၂၀၁၉ထိ)

MotoGP ၿပိဳင္ပြဲဝင္ဆိုင္ကယ္ေတြဟာ ေဖာ္ျမဴလာဝမ္း ၿပိဳင္ကားေတြနီးပါး ျမန္ဆန္ၾကပါတယ္။ ၿပိဳင္ပြဲဝင္ဆိုင္ကယ္ေတြဟာ အျမန္ဆုံးႏႈန္းအနနဲ႔ ၁နာရီ ၂၂၀ မိုင္ အထိ ေမာင္းႏွင္ႏိုင္တာေၾကာင့္ ၁နာရီ အျမန္ႏႈန္း ၂၃၀ မိုင္ခန႔္ရွိတဲ့ ေဖာ္ျမဴလာဝမ္းၿပိဳင္ကားေတြနဲ႔ႏႈိင္းယွဥ္ရင္ အျမန္ႏႈန္းအေနနဲ႔ ၁၀ မိုင္ခန႔္ပဲ ကြာပါတယ္။ ၿပိဳင္ပြဲဝင္ ဆိုင္ကယ္ေတြဟာ ရပ္ေနရာကေန ၆၀မိုင္အျမန္ႏႈန္းကို ၂.၅ စကၠန႔္အတြင္း တင္ႏိုင္ၾကပါတယ္။

ၿပိဳင္ပြဲဝင္ဆိုင္ကယ္ေတြ ကို အျမန္ဆုံး အဆင္ေျပဆုံး ေမာင္းႏွင္ႏိုင္ရန္ ဆိုင္ကယ္သမားတေယာက္ခ်င္းစီအတြက္ သီးသန႔္ ဒီဇိုင္းထုတ္ တည္ေဆာက္ေပးထားတာျဖစ္ပါတယ္။ ဒီဆိုင္ကယ္ေတြရဲ႕ ပ်မ္းမွ်တန္ဖိုးဟာ အေမရိကန္ ေဒၚလာ ၂သန္း ဝန္းက်င္ရွိပါတယ္။ ဒါေပမယ့္ ပိုက္ဆံရွိ႐ုံနဲ႔ ခ်က္ခ်င္းဝယ္လို႔ မရပါဘူး။ အေၾကာင္းကေတာ့ ဒီဆိုင္ကယ္ေတြကို ေဈးကြက္မွာ မေရာင္းခ်ၾကသလို ၊ အမ်ားျပည္သူသြားလမ္းေပၚမွာ တရားဝင္ေမာင္းႏွင္ခြင့္ ပိတ္ပင္ထားလို႔ျဖစ္ပါတယ္။

MotoGP ၿပိဳင္ပြဲေတြရဲ႕ အေရးႀကီးဆုံးအခ်က္ေတြထဲမွာ တာယာေတြလည္း ပါဝင္ပါတယ္။ ဆိုင္ကယ္သမားတေယာက္အတြက္ စုစုေပါင္း အေနနဲ႔ တာယာေပါင္း ၃၃ ခုကို အရံသင့္ထားရပါတယ္။ ေျခာက္ေသြ႕ ဒါမွမဟုတ္ စိုစြတ္တဲ့ ေျပးလမ္းေတြအတြက္ ခြဲျခားျပဳလုပ္ထားရပါတယ္။ တာယာေတြဟာ ျပင္းထန္တဲ့ ဖိအား ၊ ပြတ္တိုက္မႈ ၊ အပူခ်ိန္ေျပာင္းလဲမႈေတြကို ခံႏိုင္ဖို႔လိုအပ္ၿပီး လက္ရွိၿပိဳင္ပြဲဝင္အသင္းေတြရဲ႕ တာယာေတြကိုေတာ့ နာမည္ေက်ာ္ တာယာကုမၸဏီႀကီးေတြျဖစ္တဲ့ Michelin နဲ႔ Dunlop တို႔က ဖန္တီးပံ့ပိုးထားပါတယ္။

ဆိုင္ကယ္သမားေတြရဲ႕ ဝတ္စုံဟာ အရမ္းမထူပါဘူး။ အထူ ၁.၄ မီလီမီတာသာ ရွိၿပီး သားပိုက္ေကာင္သားေရ နဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ပုံမွန္ႏြားသားေရ ဝတ္စုံထက္စာရင္ အမ်ားႀကီးေပါ့ပါးတဲ့အျပင္ ေရရွည္အၾကမ္းခံႏိုင္ၿပီး ၊ ေပ်ာ့ေျပာင္းမႈလည္းရွိတာေၾကာင့္ သားပိုက္ေကာင္သားေရ အက်ႌေတြကို ဝတ္ဆင္တဲ့ သူက ပိုမ်ားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ ထိခိုက္မႈျဖစ္ပြားတဲ့အခါ ပိုမိုလုံၿခဳံေစဖို႔ airbag ေတြကိုပါ ထည့္သြင္းဒီဇိုင္းထုတ္လုပ္ၾကပါတယ္။ ေမာင္းႏွင္သူေတြ မထိခိုက္ေစဖို႔ အလုံၿခဳံဆုံး ဝတ္စုံျပည့္ဝတ္ဆင္ေပမယ့္ ၿပိဳင္ပြဲသမိုင္းတေလွ်ာက္မွာ မေတာ္တဆမႈေပါင္းမ်ားစြာ ျဖစ္ပြားခဲ့ၿပီး ဆိုင္ကယ္သမား ၁၀၃ဦး ေသဆုံးခဲ့ရၿပီးျဖစ္ပါတယ္။

ကမာၻ႔ေမာ္ေတာ္ဆိုင္ကယ္ၿပိဳင္ပြဲေတြမွာ မေတာ္တဆမႈေတြ မၾကာခဏျဖစ္ေလ့ရွိရာ ဒီလိုျဖစ္လာရင္ အခ်ိန္မီကယ္တင္ကုသႏိုင္ဖို႔အတြက္ ေ႐ြ႕လ်ားေဆးခန္းေတြကို အဆင္သင့္စီစဥ္ထားပါတယ္။ Mobile Clinic လို႔ေခၚတဲ့ ဒီေ႐ြ႕လ်ားေဆးခန္းေတြကို ၁၉၇၆ ခုႏွစ္ကတည္းက ဆိုင္ကယ္ၿပိဳင္ပြဲေတြအတြက္ အီတလီဆရာဝန္ Claudio Costa က စတင္ဖန္တီးခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲသမိုင္းတေလွ်ာက္မွာ ေ႐ြ႕လ်ားေဆးခန္းေတြဟာ ၿပိဳင္ပြဲဝင္ရာေပါင္းမ်ားစြာရဲ႕ အသက္ကို ကယ္တင္ေပးႏိုင္ခဲ့ပါတယ္။

ၿပိဳင္ပြဲဝင္အသင္းေတြဟာ ႏိုင္ငံတကာမွာရွိတဲ့ MotoGP ဂရင္းပရီေျပးလမ္းေတြကို သြားေရာက္ၿပိဳင္ၾကရမွာျဖစ္ၿပီး ၁ပြဲခ်င္းစီရဲ႕ ေနရာအလိုက္ အမွတ္ေပးတာ ျဖစ္ပါတယ္။ ပထမက ၂၅မွတ္ ၊ ဒုတိယက ၂၀မွတ္ ၊ တတိယက ၁၆မွတ္ ၊ နံပါတ္ ၁၅ က ၁ မွတ္အသီးသီး ရရွိမွာျဖစ္ၿပီး နံပါတ္ ၁၅ ေနာက္ပန္းဝင္သူေတြကေတာ့ အမွတ္ရရွိမွာ မဟုတ္ပါဘူး။ ဒီလို ၁ပြဲခ်င္းစီက အမွတ္ေတြကို ယူကာ ပြဲစဥ္အားလုံးၿပီးတဲ့ေနာက္ စုစုေပါင္းအမွတ္နဲ႔ ၁ႏွစ္စာ MotoGP ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံကို ဆုံးျဖတ္တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ MotoGP မွာဆိုရင္ Marc Márquez ဟာ ပြဲေပါင္း ၁၉ပြဲၿပိဳင္ၿပီး စုစုေပါင္း ရမွတ္ ၄၂၀ နဲ႔ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိ MotoGP ၿပိဳင္ပြဲအရပ္ရပ္ရဲ႕ စီးပြားေရးကို ပိုင္ဆိုင္ထားသူက စပိန္ မက္ဒရစ္အေျခစိုက္ Dorna အားကစား ကုမၸဏီျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ စပြန္ဆာ ၊ ေၾကာ္ျငာ ၊ တီဗီခ်န္နယ္မ်ား ၊ ဗီဒီယိုဂိမ္း စတာေတြကေန ဝင္ေငြေတြရေနတာျဖစ္ၿပီး ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း ၂၅၀ ေလာက္ ရရွိေနတယ္လို႔ သိရပါတယ္။ ပ်မ္းမွ်အားျဖင့္ ၿပိဳင္ပြဲ ၁ပြဲစီကို ေဒၚလာ ၄သန္းခန႔္ သုံးစြဲရၿပီး အျခားကုန္က်စရိတ္ စုစုေပါင္းကို ႏႈတ္လိုက္တဲ့အခါ ကုမၸဏီအေနနဲ႔ ေဒၚလာ သန္း ၇၀ ခန႔္ ရရွိေနပါေသးတယ္။

Tags: Sport

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!