Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ရှေးဟောင်းပစ္စည်းများ

by Thutamm
August 2, 2019
Reading Time: 1min read
0
ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ရှေးဟောင်းပစ္စည်းများ
Share on FacebookShare on Twitter

ရှေးဟောင်းပစ္စည်းများသည် သတ်မှတ်ထားသည့် စံနှုန်းပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုး ရှိကြသည်။ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ပြည့်စုံနေပါက တန်ဖိုးပိုမိုမြင့်တက်သွားလေ့ ရှိသည်။ ရှေးဟောင်း ပစ္စည်းများသည် လူသားများ၏ တန်ဖိုးကို ပြသခြင်းလည်း ဖြစ်သည်။ ရှေးဟောင်းပစ္စည်းများထဲမှ လေ့လာသင်ယူမှုများ ပြုလုပ်နိုင်သည်။ ထို့ကြောင့် တန်ဖိုးအကြီးဆုံး ရှေးဟောင်းပစ္စည်းများ အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

၁။ နာပိုလီယံဓား

စစ်သူရဲကောင်း တစ်ဦးဖြစ်သည့် နာပိုလီယံ ကိုင်ဆောင်ခဲ့သော ဓားသည် တန်ဖိုးအကြီးဆုံး ရှေးဟောင်း ပစ္စည်းများထဲတွင် ထည့်သွင်းခံထားရသည်။ နာပိုလီယံ၏ ဓားသည် အောင်မြင်ခြင်း၊ ရဲရင့်ခြင်း၊ တန်ခိုးရှိခြင်း စသည့် အရာများရှိနေသည်။

နာပိုလီယံသည် စစ်ပွဲများတွင် အသုံးပြုသည့် ဓားကို ညီဖြစ်သူ၏ လက်ထပ်ပွဲတွင် လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ယင်းဓားကို ၁၉၇၈တွင် ပြင်သစ်ရှေးဟောင်း သုတေသနအဖွဲ့က နာပိုလီယံဓားအဖြစ် သက်သေပြခဲ့သည်။ အဆိုပါဓားကို ရောင်းချရာတွင် ဒေါ်လာ ( ၆ ဒသမ ၄) သန်း ရရှိခဲ့သည်။

၂။ တော်ဝင်သုံး ဟင်းပန်းကန်

ဟင်းပန်းကန် တစ်လုံး၏ တန်ဖိုးသည် ဒေါ်လာ(၉ ဒသမ ၇) သန်းအထိ ရှိနေသောကြောင့် အံ့အားသင့်စရာ ဖြစ်နေပါလိမ့်မည်။ သို့သော် တော်ဝင်ဘုရင်များ အသုံးပြုခဲ့ခြင်းကြောင့် ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ်ခံထားရပြီး တန်ဖိုးကြီးသွားခြင်း ဖြစ်သည်။ ၁၇၃၃ တွင် ပြင်သစ်ဘုရင် အသုံးပြုရန် အတွက် ငွေဖြင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပန်းပဲဆရာ သောမတ်စ်ဂျာမိန်းက ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ အလေးချိန်ပေါင်(၃၀)သာ ရှိပြီး ပြင်သစ်ဘုရင် လူးဝစ်-(၁၅)၏ တန်ဖိုးကြီး ပစ္စည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

၃။ စာဖတ်ခုံ

၁၇၆၀ က ပြုလုပ်ခဲ့သည့် စာဖတ်ခုံကို လေလံပွဲတွင် ဒေါ်လာ(၁၁) သန်း ပေးဝယ်ယူခဲ့သည်။ ပရိဘောဂ ပစ္စည်းတစ်ခုကို စံချိန်တင် ဈေးပေးဝယ်ခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းစာဖတ်ခုံကို နာမည်ကျော် ပရိဘောဂ ပစ္စည်းများ ထုတ်လုပ်သည့် ဂေါ့ဒ်ဒါနှင့် တောင်းဆန့်မိသားစုက ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်း ပစ္စည်းများတွင် လက်ရာကောင်းမွန်သည့် ပစ္စည်းဖြစ်ပြီး မဟော်ဂနီသားဖြင့် ပြုလုပ်ခဲ့သည်။ အမြင့်(၁၁၂) လက်မရှိပြီး စာအုပ်ထည့်သည့် နေရာ (၆) ခု ထည့်သွင်းပေးထားသည်။

၄။ မင်းသမီး ခေါင်းဆောင်း

မင်းသမီး ကေသရီနာ ဝတ်ဆင်ခဲ့သော ခေါင်းပေါင်းသည် တန်ဖိုးကြီး ရှေးပောာင်းပစ္စည်း ဖြစ်ခဲ့သည်။ ယင်းခေါင်းပေါင်းကို မြနှင့်စိန်တို့ဖြင့် ပြုလုပ်ခဲ့ခြင်းကြောင့် တန်ဖိုးကြီးသွားခြင်း ဖြစ်သည်။ ဂျနီဗာတွင် ပြုလုပ်ခဲ့သည့် လေလံတင်ရောင်းချပွဲတွင် ယင်းခေါင်းပေါင်းကို ဒေါ်လာ (၁၂ ဒသမ ၁) သန်းဖြင့် ဝယ်ယူသွားခဲ့သည်။ တန်ဖိုးကြီး ကိုလံဘီယာမြ (၁၁) ပွင့်ကို စိန်များဖြင့် စီခြယ်ထားသည်။ မြများသည် စုစုပေါင်း (၅၀၀) ကာရက်ကျော်ရှိပြီး ဝတ်ဆင်သူ၏ ဂုဏ်ကျက်သရေကို တိုးစေမည့် ရတနာဖြစ်သည်။

၅။ သုံးချောင်းထောက် ရွှေအိုး

တရုတ်နိုင်ငံ၊ မင်မင်းဆက်တွင် ပြုလုပ်ခဲ့သော သုံးချောင်းထောက် ရွှေအိုး၏ လက်ရာသည် စိတ်ဝင်စားရာကောင်းသည်။ (၁၈) ကာရက်ရှိသည့် ရွှေဖြင့်ပြုလုပ်ထားခြင်း ဖြစ်သည်။ ယင်းရွှေအိုးကို ဟောင်ကောင်တွင် လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ (၁၄ ဒသမ ၂)သန်း ရရှိခဲ့သည်။

ရွှေအိုးတွင် နဂါးရုပ်များကိုလည်း ရေးထိုးထားသည်။ ထို့ပြင် ပတ္တမြား၊ နီလာ၊ ပုလဲ၊ ကြောင် မျက်လုံးစသည့် တန်ဖိုးကြီး ရတနာများကိုလည်း ထည့်သွင်းထားသည်။ လက်ရာကောင်းမွန်ခြင်းနှင့် ရှေးကျခြင် တို့ကြောင့် တန်ဖိုးကြီးသွားခြင်း ဖြစ်သည်။

၆။ လဝန်းပုံစံ ကြွေအိုး

(၁၅) ရာစုက ပုံစံမျိုး ပြုလုပ်ခဲ့သည့် ကြွေအိုးဖြစ်သည်။ ယင်းကြွေအိုး၏ သမိုင်းကို တိုကျိုရှိ အနုပညာ ပြတိုက်တစ်ခုက ဖော်ထုတ်ပြခဲ့သည်။ ယင်းကြွေအိုးကို ၁၇၃၆ တွင် ပြုလုပ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများ ကဆိုထားသည်။

ယင်းကြွေအိုးသည် လဝန်းပုံစံအဝိုင်းမျိုး ဖြစ်နေသည်။ ကြွေအိုးပေါ်တွင် လက်ရာမြောက်သည့် ပန်းချီများကို ရေးထွင်းထားသည်။ ဖီးနစ်ငှက်နှစ်ကောင်၏ ပုံစံက သက်ဝင်လှုပ်ရှားနေသည့် အလားဖြစ်နေသည်။ အမြင့် (၄၈ ဒသမ ၉) စင်တီမီတာသာ ရှိသော်လည်း တန်ဖိုးမှာ ဒေါ်လာ(၁၅ ဒသမ ၁) သန်းရှိသည်။

၇။ ချိုဖြင့် ပြုလုပ်ထားသောခရာ

ရှေးနှစ်ပေါင်းများစွာက အမဲလိုက်ရာတွင် ချိုဖြင့်ပြုလုပ်ထား သော ခရာကို အသုံးပြုလေ့ရှိသည်။ (၁၁) ရာစုက ပြုလုပ်ခဲ့သည့် ချိုဖြင့် ပြုလုပ်ထားသောခရာကို ဒေါ်လာ (၁၆) သန်းဖြင့် ဝယ်ယူခဲ့သည်။ သမင်များကို အမဲလိုက်ရာတွင် အသုံးပြုခဲ့သည့် အရာဖြစ်ပြီး သမိုင်းဆိုင်ရာ တန်ဖိုးမဖြတ်နိုင်သည့် အထောက်အထား ဖြစ်သောကြောင့် တန်ဖိုးကြီးသွားခြင်း ဖြစ်သည်။ ထို့ပြင် အနုပညာလက်ရာ အဆင့်အတန်းကလည်း ကောင်းမွန်သောကြောင့် စိတ်ဝင်စားစရာ ရှေးဟောင်းပစ္စည်း ဖြစ်ခဲ့သည်။

၈။ ပရိဘောဂပစ္စည်း

(၁၈) ရာစုက ထုတ်လုပ်သည့် ပရိဘောဂ ပစ္စည်းများတွင် ဘတ်မန်တန် အမည်ရ ပစ္စည်းများသည် သာမန်ထက် ပိုဈေးကြီးသည်။ အင်္ဂလန်ရှိ ဘတ်မန်တန်အိမ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လက်ရာတစ်ခုကို အနည်းဆုံး (၆)နှစ် အချိန်ယူ ပြုလုပ်လေ့ရှိသည်။

လက်ချင်စတိန်းမြို့တွင် ပြသထားသည့် ဘတ်မန်တန် ပရိဘောဂသည် (၁၂) ပေရှိပြီး လက်မှုပညာရှင် (၃၀) ကျော်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ယင်းပရိဘောဂ၏ တန်ဖိုးသည် ဒေါ်လာ (၂၈ ဒသမ ၈) သန်းရှိသည်။

၉။ လက်ရေးမူ

လီယိုနာဒို ဒါဗင်ချီ၏ လက်ရေးမူကို မိုက်ခရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ်က ဝယ်ယူရာတွင် ဒေါ်လာ (၃၀ ဒသမ ၈) သန်း ပေးချေခဲ့သည်။ ယင်းလက်ရေးမူသည် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများတွင် ပါဝင်ခဲ့သည်။
လီယိုနာဒို ဒါဗင်ချီသည် ၁၇၁၉ တွင် သိပ္ပံဘာသာရပ်များကို လက်ရေးဖြင့် ရေးသားခဲ့ပြီး ဂျာနယ်များတွင် ဖော်ပြခံခဲ့ရသည်။ လီယိုနာဒို၏ လက်ရေးမူသည် အလွန်ရှားပါးသောကြောင့် ဘီလ်ဂိတ်က ဝယ်ယူပြီးနောက် ဒစ်ဂျစ်တယ် နည်းပညာဖြင့် စီဒီသို့ကူးပြောင်းခဲ့သည်။

၁၀။ ကြွေအိုး

ကွင်မင်းဆက်တွင် ထုတ်လုပ်ခဲ့သည့် ကြွေအိုးကို ဒေါ် လာ(၈၀ ဒသမ ၂) သန်း ပေးဝယ်ခဲ့ခြင်းကြောင့် လေလံတင် ရောင်းချသည့် ရှေးဟောင်း ပစ္စည်းများတွင် တန်ဖိုးအကြီးဆုံး ဖြစ်ခဲ့သည်။ ၁၇၄၀ က လက်ရာဖြစ်ပြီး ကွင်မင်းဆက်က ထုတ်လုပ်ခဲ့ရာ အနည်းငယ်သာ ကျန်ရှိတော့သည့် လက်ရာဖြစ်သည်။

ကြွေအိုးပေါ်တွင် အရုပ်များနှင့် အရောင်စုံ ရေးခြယ်မှု ပြုလုပ်ထားသည်။ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု အနုပညာကို ပြသနိုင်ခဲ့သည့် လက်ရာဖြစ်သောကြောင့် တန်ဖိုးအကြီးဆုံး ဖြစ်ခဲ့သည်။

Tags: amazingworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!