Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အလှဆုံး မြို့ ၁၀ မြို့

by Thutamm
August 3, 2019
Reading Time: 2min read
0
ကမ္ဘာ့အလှဆုံး မြို့ ၁၀ မြို့
Share on FacebookShare on Twitter

ယျေဘုယျအားဖြင့်တော့ အနုလက်ရာတွေ၊ ဗိသုကာတွေ ၊တောင်တန်းတွေ၊ ပင်လယ်ကမ်းခြေ စတဲ့ သာယာလှပအေးချမ်းမှုတွေကို အခြေခံပြီးသတ်မှတ်ကြပါတာဖြစ်ပါတယ်။ တချို့မြို့တွေကတော့သူတို့ရဲ့သဘာဝအရင်းမြစ်တွေရဲ့စွဲဆောင်မှုကြောင့်ကျော်ကြားကြပြီး တချို့ကတော့ လူတွေပြုလုပ်ထားတဲ့ အရာတွေကြောင့် ကျော်ကြားကြပါတယ်။

တချို့ကတော့ ဒီ၂ခုလုံးကြောင့်ကျော်ကြားကြပါတယ်။ ဒါတွေကတော့ အလှအပကို သင်ဘယ်လိုသတ်မှတ်သလဲ ဆိုတာအပေါ်မူတည်ပါတယ်။ ကမ္ဘာပေါ်မှာအလှပဆုံးရယ်လို့ TMW website က သတ်မှတ်ထားတဲ့ ကမ္ဘာ့အလှပဆုံး မြို့ (၁၀)မြို့ကို သွားလည်ကြည့်ကြရအောင် 🙂

၁၀။ ဆစ်ဒနီ ၊ သြစတြေးလျ

ပုံမှန်ဆိုရင် မြို့တစ်ခုမှာ ကမ်းခြေဟာ အများဆုံးဆယ်ဂဏန်းသာ ရှိတတ်ပေမယ့် ဆစ်ဒနီမြို့မှာတော့ လှပတဲ့ကမ်းခြေချည်းပဲ အခု ၁၀၀ ကျော်ရှိပါသတဲ့။ ဆစ်ဒနီလို့ပြောရင် အများစု အရင်ဆုံးပြေးမြင်မိမှာက အော်ပရာပြဇာတ်ရုံကြီးပါ။ ဗိသုကာလက်ရာမြောက်သောအဆောက်အဦးဖြစ်တဲ့ Sydney Opera House ဟာဆိုရင် အမွေအနှစ်အဆောက်အဦးတစ်ခုဖြစ်ပြီး ၁နှစ်မှာ ဖျော်ဖြေရေးပွဲအမျိုးမျိုး ၁၅၀၀ကျော်ခန့်တင်ဆက်ပြသလျှက်ရှိပါတယ်။

ဆစ်ဒနီ ဆိပ်ကမ်းဟာဆိုရင်လည်း ကမ္ဘာပေါ်က အလှပဆုံးသော ဆိပ်ကမ်းတွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားပြီး အလွန်လှပတဲ့ New Year Eve မီးရှုးမီးပန်းပွဲကိုကြည့်နိုင်တဲ့ အကောင်းဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဒါတွေအပြင် သဘာဝရဲ့ပြကွက်တွေဖြစ်တဲ့ တောင်တန်းတွေ၊ လှပတဲ့ ပင်လယ်ကမ်းခြေတွေ၊ ကြီးမားကျယ်ဝန်းတဲ့ ပန်းခြံကြီးတွေ၊ အမျိုးသားဥယျာဉ်တွေကြောင့် အလှဆုံးမြို့တွေထဲပါဝင်နေရခြင်း ဖြစ်ပါတယ်။

New Year Eve မီးရှုးမီးပန်းပွဲ

၉။ နယူးယောက် ၊ အမေရိကန်

အမေရိကန်ရဲ့ စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့ နယူးယောက်မြို့ဟာဆိုရင်တော့ မြင့်မားတဲ့ မိုးမျှော်အဆောက်ဦးတွေကြောင့်ကျော်ကြားပါတယ်။ အခုလက်ရှိ မြင့်မားလှတဲ့မိုးမျှော်အဆောက်အဦး ၂၃၇ခုရှိပြီး အများစုကတော့ မက်ဟတ်တန်ကျွန်းပေါ်မှာ တည်ရှိကြပါတယ်။

အဲဒီတိုက်တွေထဲမှာ ထင်ရှားတဲ့ အဆောက်အဦးတွေဖြစ်တဲ့ the Empire State Building, One World Trade Center and Chrysler building တွေကတော့ ကမ္ဘာ့အသိမှတ်ပြု အဆောက်အဦးစာရင်းမှာ ပါဝင်နေပါတယ်။ လေဘာတီကျွန်းပေါ်မှာရှိတဲ့ လေဘာတီရုပ်တုဟာဆိုရင်လည်း နာမည်ကိုကြားလိုက်တာနဲ့ ဘယ်မြို့ဆိုတာတန်းသိစေတဲ့အထိ လူသိများကျော်ကြားပါတယ်။ ဒီရုပ်တုရဲ့သင်္ကေတကတော့ လွတ်လပ်ခြင်းကို ဖော်ဆောင်ထားခြင်းဖြစ်ပါတယ်။

နယူးယောက်မြို့အလယ်မှာရှိတဲ့ Central Park ကတော့ ကမ္ဘာ့အံသြစရာအကောင်းဆုံး နဲ့ အလှပဆုံးပန်းခြံတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အကျယ်အဝန်းကတော့ ၃.၅ စတုရန်းကီလိုမီတာ ခန့်ရှိပါတယ်။ အံသြစရာကောင်းတဲ့အကြောင်းက ခေတ်မီပါတယ်ဆိုတဲ့ မိုးပျံအဆောက်အဦးတွေကြားမှာရှိတဲ့ ကြီးမားစိမ်းလန်းတဲ့ပန်းခြံကြီးဖြစ်နေလို့ပါ။ အမေရိကန်ပန်းခြံတွေထဲမှာ လာရောက်လည်ပတ်သူအများဆုံး ပန်းခြံကြီးတစ်ခုပဲဖြစ်ပါတယ်။ နယူးယောက်မြို့ပေါ်က ကဇာတ်ရုံတွေဟာ တခြားမြို့တွေနဲ့ယှဉ်ရင် အလွန်များပြားတာကိုလဲတွေ့ရပါတယ်။

Central Park

၈။ စင်ကာပူ ၊ စင်ကာပူနိုင်ငံ

Marina Bay Sands လို အလွန်ဈေးကြီးတဲ့ ကာစီနို နဲ့ အပန်းဖြေစခန်း ရှိတဲ့နေရာပါ။ ဒီအပန်းဖြေအဆောက်အဦးအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၅.၅ဘီလျံ ဖြစ်ပါတယ်။ အဆောက်အဦးရဲ့အတွင်းဘက်မှာ အခန်းပေါင်းထောင်ချီရှိတဲ့ဟိုတယ် ၊ စားသောက်ဆိုင်တွေ၊ ကပွဲခန်းမတွေ၊သရုပ်ပြပွဲတွေ နဲ့အတူ စားပွဲခုံပေါင်း ၅၀၀ကျော် ၊ Slot machine ပေါင်း ၁၆၀၀ ခန့်ရှိတဲ့ လောင်းကစားခန်းမကြီးတွေ ရှိနေပါတယ်။ အဆုံးအဆမရှိတဲ့ရေကန်လို့တင်စားခေါ်ဝေါ်ထားတဲ့ ရေကန်ဟာဆိုရင်လည်း ဒီအဆောက်အဦးရဲ့ ၅၇ထပ်မြောက် ခေါင်မိုးပေါ်မှာ ရှိနေပြီး လူသိအများဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ နေရာတော်တော်များများမှာတော့ စိမ်းလမ်းတဲ့ပန်းခြံတွေတွေ့ရတတ်တဲ့အပြင် လမ်းတိုင်းလိုလိုမှာလည်း သစ်ပင်ကြီးငယ်တွေကို စနစ်တကျစိုက်ပျိုးထားတာ မြင်ရမှာဖြစ်ပါတယ်။ မြို့အလယ်မှာရှိတဲ့ Garden by the Bay ကတော့ အကောင်းဆုံးသက်သေတစ်ခုဖြစ်ပါလိမ့်မယ်။

ဧရိယာအားဖြင့် ၁၀၁ hectares ကျယ်ဝန်းပြီး သစ်ပင်ပန်းမန်ပေါင်း ၁သန်းကျော် စိုက်ပျိုးထားတဲ့ နေရာဖြစ်ပါတယ်။ ရုက္ခဗေဒဥယျာဉ်၊ East Coast park ၊ MacRitchie reservoir park တွေ ကလည်း စင်ကာပူရဲ့ကျော်ကြားတဲ့ ဥယျာဉ်ပန်းခြံတွေပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအသန့်ရှင်းဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံဟာ အလှဆုံးနိုင်ငံတွေထဲမှာလည်း ပါဝင်နေပြန်ပါတယ်။

Infinity Pool

၇။ ကိတ်တောင်း ၊ တောင်အာဖရိက

အာဖရိကတိုက်ရဲ့ တောင်ဘက်စွန်းမှာရှိပြီး အလွန်လှပတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးမှာဆိုရင် သာမာန်ထက်ထူးခြားတဲ့ သဘာဝအလှတွေကိုမြင်တွေ့ရမှာပါ။ အထင်ရှားဆုံးကတော့ စားပွဲခုံပုံစံဖြစ်နေတဲ့တောင်(Table mountain) ကြီးပါ။

တောင်တန်းတွေကာရံထားတဲ့ မြို့ဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းတွေ၊ စိမ်းလမ်းနေတဲ့သဘာဝအလှအပနဲ့ ချိုင့်ဝှမ်းဒေသတွေရှိတာကြောင့် အာဖရိကတိုက်ရဲ့အလှပဆုံးမြို့လို့ဆိုနိုင်ပါတယ်။ အတ္တလန္တိတ်ကမ်းစပ်မှာရှိတဲ့ ဗစ်တိုးရီးယား နှင့် Alfred water-Front ကုန်တိုက်ကြီးမှာ ဆိုရင် ဆိုင်ငယ်လေးတွေ၊ စားသောက်ဆိုင်တန်းတွေ၊ ပန်းချီပြခန်းတွေ တည်ရှိပါတယ်။ အဲဒီနေရာကနေ သမုဒ္ဒရာရဲ့အလှအပတွေနဲ့ စားပွဲခုံတောင်တန်းကြီးကို နစ်မျောဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

တောင်တန်းတွေပေါ်ကနေ မြို့လေးရဲ့အလှတရားကို ကြည့်ရတာဟာ တောင်တက်သမားတွေအဖို့တော့ အလွန်စိတ်ကြည်နူးဖို့ကောင်းတဲ့ မြင်ကွင်းဖြစ်မှာပါ။ လှပတဲ့ ဒီစားပွဲခုံတောင်ကြီးရဲ့ အမြင့်ဟာ ၁၀၈၄ပေမြင့်မားပြီး တောင်မတက်နိုင်သူတွေအတွက် တောင်ထိပ်အထိရောက်ဖို့ cable car တွေလည်းရှိပါတယ်။ ကိတ်တောင်းမြို့အလယ်ပိုင်းမှာရှိတဲ့ Bo-kaap လို့ခေါ်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကလေးကလည်း ကိတ်တောင်းကို ရောင်စုံမြို့လေးအဖြစ်လူသိများစေပါတယ်။

ဘာလို့လဲဆိုတော့ ကာလာစုံရောင်စုံဖြစ်နေတဲ့ အိမ်လေးတွေကြောင့်ဖြစ်ပြီး အဲ့ဒီအိမ်လေးတွေကို ဂျောဂျီယန်း နဲ့ ဒတ်တွေရဲ့ ဗိသုကာလက်ရာပုံစံမျိုးနဲ့ တည်ဆောက်ထားပါတယ်။ အိမ်လေးတွေရှိရာ လမ်းတစ်လျှောက်မှာတော့ ကျောက်စရစ်ခဲလေးတွေကို လှပညီညာစွာခင်းထားတာကလည်း ရောက်သွားသူတိုင်းကို မဖြစ်မနေဓာတ်ဖမ်းချင်အောင် ဆွဲဆောင်လျှက်ရှိပါတယ်။

၆။ ရီယိုဂျနေရိုး ၊ ဘရာဇီး

ရီယိုဂျနေရိုး မြို့ဆိုတာနဲ့ ခရစ်တော်ရုပ်တုကြီး ရှိရာမြို့အဖြစ်သိကြမှာပါ။ Christ the Redeer လို့အမည်ရတဲ့ ဒီခရစ်တော်ရုပ်တုကြီးဟာ ၇၀၀မီတာ မြင့်မားတဲ့ Corcovado တောင်ပေါ်မှာတည်ရှိနေပါတယ်။ အဲဒီရုပ်ထုဟာဆိုရင် မီတာ၃၀ အမြင့်ရှိပြီး လက်နှစ်ဖက်ကို ဆန့်တန်းထားတဲ့ပုံဖြစ်ပါတယ်။ ခေတ်သစ်ကမ္ဘာအံ့ဖွယ်တွေထဲက (၇)ခုမြောက် အံ့ဖွယ်အရာတစ်ခုဖြစ်ပါတယ်။

Carnival ပွဲတော်

ရီယိုမြို့မှာကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ Carnival ဟာဆိုရင် ကမ္ဘာပေါ်မှာကြီးကျယ်ခမ်းနားဆုံးပွဲတော် လို့တောင်ဆိုကြပါတယ်။ အဲဒီပွဲတော်ကို နှစ်စဉ် အီစတာပွဲတော်မတိုင်ခင် ရက် ၄၀ အလိုမှာစတင်ကျင်းပလေ့ရှိပြီး ၅ရက်ကြာအောင် ကျင်းပကြပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ ဒီပွဲတော်ကို နိုင်ငံအသီးသီးက ကမ္ဘာလှည့်ခရီးသွား ၂သန်းကျော်လောက်လာရောက်ကြည့်ရှုလေ့လာလေ့ရှိပါတယ်။ဘရာဇီးလူမျိုးတို့ရဲ့ ဆန်ဘာအက အလှ တီးဝိုင်း မျိုးစုံစီတန်းလှည့်လည်ဖျော်ဖြေတာကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ချင်ကြလို့ပဲ ဖြစ်ပါတယ်။

Copacabana ကမ်းခြေ

ကမ္ဘာကျော်ကမ်းခြေတစ်ခုဖြစ်တဲ့ Copacabana ကမ်းခြေကြီးကလည်း ဒီမြို့မှာရှိပါတယ်။ ဖြူဖွေးနူးညံ့လှတဲ့သဲသောင်ပြင် နဲ့ ကြည်လင်တဲ့ စိမ်းပြာရောင်ရေပြင် ရှိတဲ့ ဒီကမ်းခြေကြီးဟာ ကမ္ဘာ့အလှဆုံးကမ်းခြေတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြို့အနီးမှာရှိတဲ့ Tijuca သစ်တော ဟာလည်း ၁၂.၄ စတုရန်းမိုင်ကျယ်ဝန်းပြီး အကြီးဆုံးသစ်တောတွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီသစ်တောကြီးဟာ
အပင်နဲ့ တိရစ္ဆာန် ရာပေါင်းများစွာကို ကာကွယ်ပေးလျှက်ရှိပါတယ်။ လာရောက်လည်ပတ်သူတွေဟာ တောတွင်းမှာ လမ်းလျောက်နိုင်ပြီး အပျော်တမ်း တောင်တက်နိုင်ပါသေးတယ်။ Tijuca တောင်ရဲ့အမြင့်ကတော့ ၁၀၂၁မီတာ ပဲဖြစ်ပါတယ်။

၅။ အစ္စတန်ဘူလ် ၊ တူရကီ

ဒီမြို့လေးကတော့ တခြားမြို့တွေနဲ့မတူပဲ ဥရောပနဲ့ အာရှ တိုက်ကြီးနှစ်တိုက်ပေါ်မှာ ခွလျှက်တည်ရှိနေပါတယ်။ ထူးခြားတဲ့ဗိသုကာလက်ရာတွေရှိတဲ့မြေဆိုလည်းမမှားပါဘူး။ Hagia Sophia လို့အမည်ရတဲ့ အဆောက်အဦးကြီးကိုတော့၄ရာစုလောက်ကတည်ဆောက်ခဲ့ပါတယ်။ ဘာသာကြီးနှစ်ခုရဲ့ ဘာသာရေးကျောင်းဖြစ်ခဲ့ဖူးတဲ့ဒီအဆောက်အဦးကြီးဟာ အခုဆိုရင်တော့ ကြီးကျယ်ခမ်းနားတဲ့ ပြတိုက်ကြီးတစ်ခုအနေနဲ့ တည်ရှိနေပါတယ်။ ဒါ့အပြင် Topkapi Palace, Sultan Ahmet imperial mosque, Galata tower and Ephesus စတဲ့နေရာတွေမှာလည်း အစ္စတန်ဘူလ်မြို့ရဲ့ အံ့သြချီးကျူးဖွယ် အနုပညာ ဗိ သုကာလက်ရာတွေကိုမြင်တွေ့နိုင်ပါတယ်။

အာရှနဲ့ ဥရောပကို ဆက်ထားတဲ့ တံတား

နေဝင်ချိန်အလှတရားကိုအပြည့်ဝခံစားနိုင်တဲ့အပြင် နွေဦးမှာဆိုရင်တော့ လာရောက်လည်ပတ်သူတွေအနေနဲ့ ကျူးလစ်ပန်းပေါင်း သန်း၂၀ ဝန်းကျင်ခန့်ရှိတဲ့ ကျုလစ်ပန်းခင်းကြီးတွေရဲ့ အလှကိုလည်း မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဆိုင်ပေါင်း ၄၀၀၀ ကျော်ရှိတဲ့ Grand Bazaar ဈေးကြီးဟာလည်း အစ္စတန်ဘူလ် ရဲ့ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံးဈေးကြီးဖြစ်ပါတယ်။

၄။ ဖလော့ရင့် ၊ အီတလီ

အနုပညာရှင်တွေအတွက် ကောင်းဆုံးမြို့ကိုပြပါဆိုရင် Florence ကိုပဲပြရမှာပါ။ တစ်ကမ္ဘာလုံးရဲ့ အနုလက်ရာအလှအပ သုံးပုံတစ်ပုံတစ်ပုံလောက်ကို ဒီမြို့က သိမ်းပိုက်ထားပါ တယ်။ အနုပညာလက်ရာမြောက်ပန်းချီ အမြောက်အများကို ပြသထားတဲ့ Uffizi gallery ဟာဆိုရင် အီတလီနိုင်ငံရဲ့ လာရောက်လည်ပတ်လေ့လာသူအများဆုံးသော ပြခ န်းတစ်ခုပဲဖြစ်ပါတယ်။ ပြခန်းရဲ့ အတွင်းဘက်မှာတော့ ဉာဏ်သစ်အရေးတော်ပုံခေတ်က ပညာရှင်ကြီးတွေဖြစ်တဲ့ Giotto ၊ Michelangelo ၊ Raphael ၊ Simone Martini နဲ့ Lippo Memmi ရဲ့ကမ္ဘာကျော်ပန်းချီကားတွေကို ပြသထားပါတယ်။

Uffizi gallery

Galleria dell’Accademia di Firenze ဆိုတဲ့နေရာလေးမှာတော့ မိုက်ကယ်အိန်ဂျလိုရဲ့ အကောင်းဆုံးလက်ရာလို့သတ်မှတ်ထားတဲ့ David ရုပ်တု တည်ရှိနေပါတယ်။ ဒီမြို့ရဲ့နောက်ထင်ရှားတဲ့အရာတစ်ခုကတော့ လှပတဲ့ကျောက်ပြားအုတ်ခင်းလမ်းတွေပဲဖြစ်ပါတယ်။

နောက်နာမည်ကြီးတဲ့နေရာတစ်ခုကတော့ ၁၂၉၆ခုနှစ် နဲ့ ၁၄၃၆ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ Florence အမိုးခုံးဘုရားကျောင်းဖြစ်ပြီး လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်လျှက်ရှိပါတယ်။ ဒီဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့သူကတော့ အီတလီဗိသုကာပညာရှင် Filippo Brunelleschi ဖြစ်ပြီး ၄၅မီတာ ကျယ်ဝန်းတဲ့အမိုးခုံးပါဝင်ကာ ကမ္ဘာ့အကြီးဆုံး အမိုးခုံးဘုရားကျောင်းလည်း ဖြစ်ပါတယ်။

၃။ ဘူဒါပတ် ၊ ဟန်ဂေရီ

စစ်မှန်တဲ့ အနုပညာလက်ရာအမြောက်အများကို ဟန်ဂေရီနိုင်ငံ ဘူဒါပတ် မြို့မှာမြင်တွေ့နိုင်ပါတယ်။ ဟန်ဂေရီကို အခုအချိန်မှာ နိုင်ငံငယ်လေးတစ်ခုအဖြစ်သာ သိကြပေမယ့် တစ်ချိန်ကတော့ အကြီးကျယ်ဆုံးနိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ အကောင်းဆုံး ဥပမာအနေနဲ့ Buda ရဲတိုက်ကိုပြရမှာ ဖြစ်ပါတယ်။ ထုထည်ကြီးမားခိုင်ခံ့ပြီး ၁၈ရာစုနှစ်လောက်က လက်ရာတစ်ခုအဖြစ် တောင်ဘက်တောင်ကုန်းဒေသမှာ တည်ရှိပါတယ်။

အလယ်ခေတ်က အရမ်းကိုခေတ်မှီတဲ့ ပုံစံဖြစ်တာကြောင့် အမြင်တမျိုးဖြစ်စေခဲ့ပါသေးတယ်။နေထိုင်တဲ့ အိမ်ပုံစံတွေကိုတောင်အနုလက်ရာတွေနဲ့တည်ဆောက်ထားတာကြောင့် လှပသပ်ရပ်စွာတွေ့နိုင်မှာဖြစ်ပါတယ်။ ပြတိုက်မှာဆိုရင်တော့ ရှေးဟောင်းဥရောပ အနုပညာပစ္စည်းပေါင်း ၁သိန်းခန့်ကို မြင်ရမှာဖြစ်ပါတယ်။

ဟန်ဂေရီပါလီမန်အဆောက်အဦးဟာ ကမ္ဘာ့တတိယအကြီးဆုံး ပါလီမန်အဆောက်အဦးဖြစ်ပါတယ်။ အရှည်အားဖြင့် ၂၆၈မီတာရှည်လျားပြီး အကျယ်ကတော့ ၁၂၃မီတာကျယ်ဝန်းပါတယ်။ ဟန်ဂေရီမှာတော့ အကြီးဆုံး အဆောက်အဦးဖြစ်ပါတယ်။ ဒီအဆောက်အဦးဟာလည်း ၁၈ရာစုအနုပညာရဲ့ ထင်ရှားတဲ့ပြယုဂ်တစ်ခုဖြစ်ပါတယ်။

erzsebetvaros ဒေသမှာရှိတဲ့ ဂျူးဘုရားကျောင်းဟာဆိုရင် ဥရောပရဲ့ အကြီးဆုံး ဂျူးဘုရားကျောင်းဖြစ်ပါတယ်။ ၇၅မီတာ ရှည်လျားပြီး ၂၇မီတာ ကျယ်ဝန်းပါတယ်။ ဒီဘုရားကျောင်းကိုတော့ Moorish, Byzantine တို့ရဲ့စိတ်ကူးယဉ်ဆန်လှတဲ့ လက်ရာတွေနဲ့ တည်ဆောက်ထားပါတယ်။

ဟန်ဂေရီပါလီမန်အဆောက်အဦး

၂။ ပဲရစ်(ပါရီ) ၊ ပြင်သစ်

သိတဲ့အတိုင်း ပဲရစ်(ပါရီ) မြို့ကို ကမ္ဘာပေါ်မှာ စိတ်ကူးယဉ်အဆန်ဆုံးမြို့အဖြစ်သတ်မှတ်ကြပြီး အချစ်မြို့တော်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ စိတ်ကူးယဉ်မြို့အဖြစ်သတ်မှတ်ထားတဲ့နောက်ကွယ်မှာ အကြောင်းများစွာ ရှိပါတယ်။ လှပပြီးနေချင်စရာမြို့လေးရယ် သန့်ရှင်းလတ်ဆတ်တဲ့အစားအသောက်တွေရယ် ညမီးလုံးလေးတွေရယ် နောက်တစ်ခုကတော့ Le mur des je t’aime ခေါ် အချစ်နံရံလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ မြို့ကလေးတစ်မြို့အဖြစ်တည်ရှိနေပါတယ်။

အချစ်နံရံဆိုတာကတော့ ပဲရစ်မြို့ရဲ့montmartre တောင်ကုန်းမှာတည်ရှိပြီး ၄၃၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ နံရံပေါ်မှာနင့်ကိုငါချစ်တယ် ဆိုတဲ့စကားကို အကြိမ် ၃၁၁ကြိမ် ဘာသာပေါင်း ၂၅၀နဲ့ရေးထားတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ မြန်မာစကားရောပါမလားမသိဘူး 🙂 ။

အချစ်နံရံ

ထင်ရှားတဲ့အဆောက်အဦးဖြစ်တဲ့ အီဖယ်တာဝါဟာလည်း ပဲရစ်မြို့ရဲ့အမှတ်အသား တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီမျှော်စင်ဟာ ၃၀၀မီတာရှည်ပါတယ်။မျော်စင်ရဲ့အပေါ်ကို ရိုးရိုးလှေကား၊ ဓာတ်လှေကား၊ စက်လှေကား ကြိုက်ရာနဲ့တက်နိုင်ပြီး အပေါ်ကိုရောက်သွားတာနဲ့ ပဲရစ်မြို့တစ်မြို့လုံးရဲ့ မြင်ကွင်းအလှကိုရင်သပ်ရှုမောဖွယ် မြင်တွေ့မှာပဲဖြစ်ပါတယ်။

ပဲရစ်မြို့ louvre ပြတိုက်ကတော့ ကမ္ဘာအကြီးဆုံးနဲ့အထင်ရှားဆုံး ပြတိုက်ကြီးပဲဖြစ်ပါတယ်။ဘီစီ ၆ရာစု နဲ့ အေဒီ၂၁ရာစုအတွင်းက လက်ရာပေါင်း ၃၈၀၀၀ခန့် ကို စုစည်းပြသထားပါတယ်။ အဲဒီထဲက ကမှ အထင်ရှားနဲ့ နာမည်အကြီးဆုံးလက်ရာကတော့ ဂန္တဝင်အနုပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ မိုနာလီဇာပန်းချီကားပဲဖြစ်ပါတယ်။ ပဲရစ်မြို့ဟာ အစားအသောက်ချစ်သူ နဲ့ ဈေးဝယ်ထွက်တာကြိုက်တဲ့သူတွေအတွက် နိဗ္ဗာန်ဘုံပါပဲတဲ့။

louvre ပြတိုက်

၁။ ဗင်းနစ် ၊ အီတလီ

သေးငယ်လှတဲ့ကျွန်းပေါင်း ၁၁၈ကျွန်းကို တံတားတွေနဲ့ ဆက်နွယ်ထားတဲ့ ဗင်းနစ် ရေပေါ်မြို့လေးဟာဆိုရင်တော့ ကမ္ဘာပေါ်က အလှပဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတာတစ်ခုကတော့ ဗင်းနစ် မှာလမ်းတစ်ခုမှမရှိတာပါပဲ။ ဒီအချက်က ဗင်းနစ် မြို့ကို အထင်ကရဖြစ်စေတာပဲဖြစ်ပါတယ်။

Water Buses (သို့) gondolas လို့ခေါ်တဲ့ မြို့တွင်းလှည့် လှေလေးတွေနဲ့သာမြို့ရဲ့အလှအပတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။ ထင်ရှားတဲ့ Grand တူးမြောင်းဟာဆိုရင် S ပုံစံတည်ရှိပြီး ၃.၈ကီလိုမီတာရှည်လျားပါတယ်။ တူးမြောင်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာဆိုရင် နှစ် ၁၀၀ ဝန်းကျင်သက်တမ်းရှိတဲ ရှေးဟောင်းအိမ်ကလေးပေါင်း ၁၇၀ခန့်ကို မြင်ရမှာဖြစ်ပါတယ်။

တူးမြောင်းတစ်လျှောက်လှေစီးခြင်းအပြင် Venice ဟာဆိုရင် သူ့ရဲ့ဗိသုကာလက်ရာတွေကြောင့်လည်းကျော်ကြားပါသေးတယ်။ ၁၄ရာစုကတည်းကက တည်ဆောက်ခဲ့တဲ့ Venetian gothic ဗိသုကာလက်ရာအဆောက်အဦးတွေကို ဗင်းနစ် မြို့မှာတွေ့မြင်ရမှာ ဖြစ်ပါတယ်။Doge’s နန်းတော်ကြီးကတော့ အကောင်းဆုံးဥပမာတစ်ခုအနေနဲ့ရှိနေပါတယ်။

ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁၃၉ခုရှိတဲ့ အနက် St. Mark’s ဘုရားရှိခိုးကျောင်းကတော့ Venice ရဲ့ အကျော်ကြားဆုံးနဲ့အလှပဆုံးဖြစ်ပါတယ်။ Byzantine နဲ့ Gothic ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ ဒီ ကျောင်းကြီးရဲ့ ဧရိယာဟာ ၈၅၀၀၀ စတုရန်းပေကျယ်ဝန်းပြီး တိုင်လုံး ၅၀၀ ကိုလက်ရာမြောက်စွာ မှန်စီရွှေချထားတာပဲ ဖြစ်ပါတယ်။

Tags: cities

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!