မျက်မှောက်ခေတ်ကာလမှာတော့ ကမ္ဘာလူဦးရေအများစုဟာ မိမိတို့ရဲ့သက်ဆိုင်ရာ လုပ်ငန်းဌာနမှာဝင်ရောက်လုပ်ကိုင်ပြီး နေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်နေကြရပါတယ်။ မိမိတို့လုပ်ကိုင်တဲ့အလုပ်အကိုင်ပေါ်မူတည်ပြီး လူနေမှုဘဝ တွေဟာမြင့်မားကြတာကြောင့် လုပ်ငန်းခွင်အတွင်းကရရှိနေတဲ့အကျိုးကျေးဇူးတွေဟာ လူဘဝရပ်တည်မှုနဲ့ တိုက်ရိုက်ကိုအချိုးကျနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ရှိ တဲ့အချို့သောအလုပ်အကိုင်တွေကတော့ အံ့သြထိတ်လန့်စရာကောင်းပြီး ကြားရသူတိုင်းက သူတို့နေ့စဉ်ဒီလုပ်ငန်းခွင်ကိုဘယ်လိုပုံနဲ့ ကျော်ဖြတ်သလဲလို့ဆိုပြီးအမြဲ စဉ်းစားသုံးသပ်စရာများစွာဖြစ်စေပါတယ်။
ဒီလုပ်ငန်းတွေဟာပုံမှန်လုပ်ငန်းတွေနဲ့ မတူဆန်းပြားပြီးကသိကအောက်နိုင်ပေမဲ့ တစ်ဖက်မှာတော့ ဝင်ငွေအလွန်ကောင်းတဲ့ လုပ်ငန်းတွေဖြစ်တာကြောင့် သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ကျွမ်းကျင်ပျော်မွေ့နေတဲ့သူ (သို့) ရွေးချယ်ပိုင်ခွင့်မရှိတဲ့သူတွေဟာ ယနေ့အချိန်ထိလုပ်ကိုင်နေကြပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာယနေ့အချိန်ထိလုပ်ကိုင်နေကြရတဲ့ ထူးဆန်း အ့သြံစရာကောင်းတဲ့ အလုပ်အကိုင်(၁၀)ခုရဲ့အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။
(၁၀) Oshiya (မီးရထားတွန်းရတဲ့အလုပ်)
စက်မှုဖွံဖြိုးပြီးနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံ ရဲ့အဓိကပို့ဆောင်ရေးလုပ်ငန်းဟာ မီးရထား ဆက်သွယ်ရေလမ်းကြောင်းဖြစ်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ မီးရထားလမ်းကြောင်းများ စွာကိုချဲ့ထွင်တည်ဆောက်လိုက်ချိန်မှာတော့ တည်ဆောက်နေစဉ်ကာလအတွင်းမှာ အချို့သောမီးရထားလမ်းကြောင်းတွေဟာ ပိတ်ပင်ခံခဲ့ရပြီး ပြေးဆွဲခွင့်ရတဲ့ရထားလမ်း ကြောင်းမှာပဲခရီးသည်များစွာစုပုံလာခဲ့ကြပါတယ်။ မီးရထားတွေဟာလည်း သတ်မှတ်ဝန်ထက်ပိုမိုပြီး တင်ဆောင်လာကြတဲ့အတွက်ကြောင့် ရထားတိမ်းစောင်းမှုတွေဖြစ်လာခဲ့ပါတယ်။
ဒါကိုဖြေရှင်းနိုင်ဖို့အတွက်တော့ ဂျပန်မီးရထားဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေကတော့ ဂျပန်လို Oshiya လို့ခေါ်တဲ့ မီးရထားတွန်းတဲ့ လုပ်သားတွေကို ငှားရမ်းအသုံးပြုခဲ့ရပါတယ်။ မီးရထားအပြင် တံခါးအပြင်ဘက်ထွက်နေတဲ့ ခရီးသည်တွေကို တံခါးပိတ်လို့ရတဲ့အထိ တွန်းထည့်ပေးရပါသေးတယ်။ ဒီအလုပ်ဟာ မီးရထားသံလမ်းတစ်လျှောက်လုပ်ကိုင်ရပြီး အခန့်မသင့်ရင် အသက်အန ္တရာယ်ကို တောင်ထိခိုက်စေတာကြောင့် အကြမ်းလုပ်သားတွေက လွဲရင်လုပ်ကိုင်တဲ့သူ မရှိကြပါဘူး။ မီးရထားတွန်းလုပ်သားတွေဟာ မီးရထားဝန်ထမ်းနဲ့ ကျောင်းသား/သူ တွေလိုပဲ အချိန်ပိုင်းသာလုပ်ဆောင်ရတာဖြစ်ပါတယ်။
(၉) မြွေဆိပ်ဖြေဆေးထုတ်လုပ်ငန်း
မြွေဆိပ်ဖြေဆေးထုတ်လုပ်သူတွေဟာလည်း အဆိပ်အလွန်ပြင်းတဲ့ မြွေတွေနဲ့တစ်ချိန် လုံးထိတွေ့ဆက်ဆံနေရတာကြောင့် အလွန်အန ္တရာယ်ရှိတာဆိုတာ ပြောနေစရာ တောင်မလိုပါဘူး။ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန်အတွက် မြွေကိုကိုင်တွယ်ပြီး ဘူးခွံအတွင်းကို ပန်းထုတ်စေတဲ့အလုပ်ဟာ ထင်သလောက်လွယ်ကူခြင်းမရှိပဲ ကျွမ်းကျင်မှုနဲ့ နည်းစနစ်ပိုင်းကို ပိုင်နိုင်ဖို့အလွန်အရေးကြီးပါတယ်။
ဒီလုပ်ငန်းကိုစတင်ခဲ့သူကတော့ အမေရိကန်ဓာတ်ခွဲခန်းပညာရှင် Bill Haast ဖြစ်ပြီး သူရဲ့စမ်းသပ်ချက်အတွင်းမှာပဲ Bill Haast ဟာမြွေဆိုး(၁၇၂)ကောင်ရဲ့ ကိုတ်ခဲမှုကိုခံခဲ့ရပါတယ်။ လူငယ်ဘဝကတည်း ကစတင်ပြီးသူဟာ ဒီမြွေဆိပ်ထုတ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့တာဖြစ်ပြီး နှစ်(၁၀၀)ကျော် ပြီဖြစ်တဲ့ယနေ့အချိန်ထိ မြွေဆိပ်ထုတ်လုပ်ငန်းဟာ အသက်မွေးဝမ်းကြောင်းအဖြစ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
(၈) Vomit Collector(အန်ဖတ်ကြုံးသူ)
Vomit Collector(အန်ဖတ်ကြုံးသူ)တွေကိုတော့ အနောက်နိုင်ငံအများစုက အပန်းဖြေ ပန်းခြံတွေအတွင်းမှာ တွေ့ရှိနိုင်မှာဖြစ်ပြီး အတော်ကိုညစ်ပတ်တဲ့အရာတွေနဲ့ အစဉ်ထိ တွေရတဲ့လုပ်ငန်းဖြစ်ပါတယ်။ အထူးသဖြင့် အပန်းဖြေဥယျာဉ်အတွင်းမှာပဲ ဆက်စပ် တည်ရှိနေတဲ့ Roller Coaster စီးနင်းသူတွေဟာ မူဝေပြီးအော့အန်မှုတွေဖြစ်လေ့ရှိတာ ကြောင့် Vomit Collectorတွေဟာ ယင်းနေရာတစ်ဝိုက်မှာပဲ အံဖန်ကြုံးကိရိယာ အပြည့်အစုံကိုအသုံးပြု တာဝန်ထမ်းဆောင်ကြပါတယ်။
အပန်းဖြေဥယျာဉ်တာဝန်ခံ တွေရဲ့ Vomit Collector(အန်ဖက်ကြုံးသူ)တွေကိုထားရှိရတဲ့ နောက်ထပ်အချက်တစ်ခု ကတော့ အပုပ်အသိုးတွေကတစ်ဆင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေ ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
(၇) Paint Drying Watcher(ဆေးအခြောက်စောင့်ကြည့်ရေးသမား)
ဆေးသုတ်ပြီးသား နံရံတစ်ခုကိုအမြဲတစ်စေ စောင့်ကြည့်နေရတဲ့အလုပ်တစ်ခု ဆိုတာ ကမ္ဘာပေါ်မှာရှိနေ သလားလို့တွေးမိရင်တော့ Paint Drying Watcher (ဆေးအခြောက်စောင့်ကြည့်ရေး သမား)တွေကိုသတိရလိုက်ပါ။ ဆေးသုတ်လုပ်ငန်းလုပ်ကိုင်တဲ့လုပ်ငန်းရှင်တွေဟာ သူုတို့တာဝန်ယူရတဲ့ တိုက်တာအဆောက်အအုံတွေမှာ ခြယ်သထားတဲ့ဆေးရောင်တွေ ခြောက်/မခြောက်ကိုသိနိုင်ဖို့အတွက် Paint Drying Watcherတွေကိုငှားရမ်းအသုံးပြု ကြပါတယ်။ ပင်မဆေးသုတ်သမားတွေအနေနဲ့က သုတ်ယူပြီးစီးတဲ့အပိုင်းကို ပြန်လည် စိစစ်စရာမလိုပဲ လိုအပ်သလို ထပ်မံဆေးသုတ်တာပဲဖြစ်ဖြစ်၊ အခြားလိုအပ်တဲ့ အပိုင်းကို ပြင်ဆင်တာပဲဖြစ်ဖြစ် အဆင်ပြေစေရန်ရည်ရွယ်ပြီး သူတို့ကို စောင့်ကြည့်ဖို့ အထူးတာ ဝန်တစ်ခုပေးအပ်ထားသလိုဖြစ်ပါတယ်။
Dr Thomas Kerwin ဆိုသူဟာ နိုင်ငံတကာ ဆေးသုတ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Dulux နဲ့ ပူးပေါင်းပြီး သူတို့ရဲ့လုပ်ငန်းခွင် အတွင်း ဆေးခြောက်ခံသမားစောင့်ကြည့်တဲ့ အလေ့ကိုစတင်ဆောင်ရွက်ခဲ့ပါတယ်။ (၄) နှစ်ကြာလက်တွဲလုပ်ကိုင်ပြီးနောက်မှာတော့ Paint Drying Watcher(ဆေးအခြောက်စောင့်ကြည့်ရေးသမား)ထားရှိလုပ်ကိုင်တဲ့ ဆေးသုတ်ဧရိယာဟာ အခြားသောသာမန်ဆေးသုတ်ဧရိယာတွေထက် ပိုမိုအရည်အသွေးကောင်းတဲ့ အကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
(၆) Body Farm Caretaker( တိရိစ္ဆာန်အသေကောင် စောင့်ကြည့်ရေးသမား)
သားသတ်ရုံတွေမှာ သတ်ဖြတ်ပြီးစီးတဲ့ သတ္တဝါတွေရဲ့ အစိတ်အပိုင်းတွေကို စောင့်ကြည့် ရတဲ့ တိရိစ္ဆာန်အသေကောင်စောင့်ကြည့်ရေးသမားတွေထားရှိတယ်လို့ ဆိုရင်အံ့အားသင့်စရာအလုပ်တစ်ခုလို့တွေးမိမှာပါ။ Body Farm Caretaker( တိရိစ္ဆာန်အသေကောင်စောင့်ကြည့်ရေးသမား)တွေရဲ့တာဝန်ကတော့ သတ်ဖြတ်ပြီး သားကောင်ရဲ့ မလိုအပ်တဲ့အစိတ်အပိုင်းတွေကို အရောင်းဈေးကွက်မတင်နိုင်ဖို့နဲ့ တီကောင်၊လောက်စတဲ့တိရိစ္ဆာန်တွေ သေဆုံးပြီးသားကောင်ကိုမတွယ်ကပ်စေဖို့ တာဝန်ယူလုပ်ကိုင်ရတာပါ။
ဒီအလုပ်ဟာ ကြားရသူတွေကိုအထူးအဆန်းနဲ့ ကသိက အောက်ဖြစ်စေပေမဲ့ နာမည်ကျော်သားသတ်ရုံတွေမှာတော့ Body Farm Caretaker( တိရိစ္ဆာန်အသေကောင်စောင့်ကြည့်ရေးသမား)တွေကို လခကောင်းကောင်းပေးပြီး ထားရှိကြပါတယ်။
(၅) Professional Sleepers
ပျင်းရိစွာအိပ်စက်တတ်သူတွေအတွက် အလုပ်အကိုင်အခွင့်ရေးကောင်းတွေ ဆုံးရှုံးရ လေ့ရှိတယ်ဆိုတဲ့စကားက ဒီဘက်ခေတ်မှာတော့ မမှန်ဘူးလို့ဆိုရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ ဥရောပက ကမ္ဘာအဆင့်မီဟိုတယ်တာဝန်ရှိသူတွေဟာ သူတို့ရဲ့ ဟိုတယ်အိပ်ယာကုတင်တွေဟာ တည်းခိုအိပ်စက်ကြတဲ့ဧည့်သည်တွေအိပ်စက်ရာမှာ ဘယ်လောက်အထိ အဆင်ပြေချောမွေ့စေမလဲလို့ ဆန်းစစ်လိုတဲ့အတွက်ကြောင့် ပရော်ဖက်ရှင်နယ်အိပ်စက်သူတွေကို ငှားရမ်းအသုံးပြုကြပါတယ်။
ဒါကြောင့် အိပ်နေခြင်းဟာ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုပမာဖြစ်သွားပြီး လုပ်ကိုင်သူတွေ အနေနဲ့က အိပ်ရာစဝင်ချိန်နဲ့ ထချိန် ကခံစားချက်အတွေ့အကြုံ အသေးစိတ်ကိုတော့ စာပြန်လည် ရေးသားပြဖို့တော့လိုအပ်ပါတယ်။ ဒီအတွေ့အကြုံတွေကို အခြေခံပြီး သက်ဆိုင်ရာပညာရှင်တွေက ဟိုတယ်တွေရဲ့ဇိမ်ခံပစ္စည်းလိုအပ်ချက် အပြင်အဆင် အနည်း/အများ ကိုလိုအပ်သလိုစီမံရတာဖြစ်ပါတယ်။ ကြားသိရသူတွေအဖို့တော့ ဒီအလုပ်ဟာအထူးအဆန်းဖြစ်နေပေမဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအတွက်တော့ အလွန်ထိရောက်တဲ့စီမံပုံနည်းစနစ် တစ်ခုဖြစ်ပါတယ်။
(၄) ရေခဲတောင်ရွေ့သမားတွေ
ပင်လယ်သမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်လေ့ရှိတဲ့ရေခဲတောင်တွေဟာ ပင်လယ်ကူး သဘောၤတွေကို အဓိကဒုက္ခပေးနေတဲ့ အရာတွေဖြစ်ပါတယ်။ ရေခဲတောင်တွေနဲ့ ပတ်သတ်ပြီး ထင်ရှားတဲ့ဖြစ်ရပ် တစ်ခုကတော့ နာမည်ကျော်တိုက်တန်းနစ်သင်္ဘော ကြီးနစ်မြုပ်မှုပဲဖြစ်ပါတယ်။ ယင်းနောက်မှာတော့ နိုင်ငံတကာရေခဲတောင် စောင့်ကြည့်ရေးအဖွဲ့ကြီးက Professional Iceberg Mover လို့သိကြတဲ့ ရေခဲတောင် ရွေပြောင်းတဲ့အဖွဲ့တွေကိုထားရှိပြီး ခရီးသည်နဲ့ကုန်တင်သင်္ဘောတွေရဲ့လမ်းကြောင်း မှာရှိတဲ့ ကြီးမားတဲ့ရေခဲတောင်တွေကို ရွှေ့ပြောင်းမှုတွေကို လုပ်ဆောင်လာကြပါတယ်။
ဒီအဖွဲ့အများစုဟာ ဥရောပနိုင်ငံအချို့နဲ့ မြောက်အမေရိကနိုင်ငံတွေမှာ အခြေစိုက်ပြီး လူတွေ မလုပ်လောက်ဘူးထင်တဲ့အလုပ်ကို သဘာဝကိုဖီဆန်ပြီးလုပ်ကိုင်ကြပါတယ်။ ဒီအလုပ်ဟာအရမ်းကျယ်ပြန့်ပြီး ကန့်သတ်ချက်များစွာရှိနေပြီး အထူးသဖြင့် သမုဒ္ဒရာ ရေပြင်မငြိမ်မသက်ဖြစ်နေချိန်မှာတော့ ရေခဲတောင် ရွေ့ပြောင်းသူတွေကို အတော်ကိုအခက်အခဲဖြစ်စေပါတယ်။ ရေခဲတောင်တစ်ခုကို ရွေပြောင်းဖို့အချိန်ဟာ (၇၂)နာရီကျော်လောက်အထိ အချိန်ပေးရပြီး ရေခဲတောင်ဆွဲတဲ့သင်္ဘောဟာ သတ်မှတ် တန်ချိန်နဲ့ကြံ့ခိုင်မှုရှိရမှာဖြစ်သလို ရေခဲတောင်နဲ့အတူ တစ်နာရီကို ရေမိုင်တစ်မိုင်လောက်အထိ ရွေလျားနိုင် ရမှာလည်းဖြစ်ပါတယ်။
(၃) Worm Picker (တီကောင်ရှာလုပ်ငန်း)
တီကောင်တွေကိုရှာဖို့တော့ ဓာတ်မီးတစ်ခုနဲ့ ထည့်စရာတစ်ခုသာလိုပါတယ်။ တီကောင်ရှာဖွေတဲ့လုပ်ငန်းဟာလည်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုအဖြစ်တည်ရှိနေ တာကိုတွေ့ရပြီး အမေရိကနဲ့ဥရောပနိုင်ငံတွေရဲ့ ပို့ကုန်စာရင်းမှာပါဝင်နေပါတယ်။
သတ်မှတ်အတိုင်းအတာရှိတဲ့ သံဘူးအပြည့် ဆိုဒ်ပြည့်တီကောင်တွေကို အဝယ်ဒိုင်ကို ပြန်လည်သွင်းယူနိုင်သူတွေဟာ အမေရိကန်ဒေါ်လာ(၁၈)ဒေါ်လာအထိ ရနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်တစ်ခုဖြစ်နေပြီး ညအချိန်ရောက်မှသာတီကောင်ရှာတဲ့လုပ်ငန်းကိုလုပ်ကိုင်သူများပြားပြီး သက်ဆိုင်ရာ တီကောင်အဝယ်ဒိုင်တွေက အခြားဘေးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေရန်ကိုကာကွယ်ဖို့ လက်အိတ်တစ်စုံကိုတော့ ပေးအပ်လေ့ ရှိပေမယ့်အများစုကတော့ လက်အိတ်ဝတ်လေ့မရှိပါဘူး။
(၂) တိရစ္ဆာန်အစာမြည်းရတဲ့လုပ်ငန်း
ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်အစာထုတ်လုပ်တဲ့ ကုမ္ပဏီများစွာဟာ မိမိတို့ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကိုတိုင်းတာရန် တိရစ္ဆာန်အစာမြည်းရတဲ့ သူတွေကို ထားရှိလာကြပါတယ်။ ဒီလိုထူးထူးဆန်းဆန်း အလုပ်ပေါ်ပေါက် လာရတဲ့အကြောင်းကတော့ တိရစ္ဆာန်အများစုဟာ အစာရဲ့အရသာကိုပြန်လည် ပြောဆို နိုင်ခြင်းမရှိလို့ဖြစ်ပါတယ်။
တိရစ္ဆာန်ချစ်သူတွေဟာ သူတို့ရဲ့တိရစ္ဆာန်ကို ကျွေးမွေးမဲ့အစာရဲ့ အနံ့အရောင်အရည်အသွေးကို တိုင်းတာမှုတွေရှိလာတာကြောင့် ကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ထုတ်ကုန်အရည်အသွေးကို ဖော်ပြရန် အရသာမြည်စမ်းသူ တွေရဲ့အကူအညီကိုရယူပြီး ဝယ်လိုအားကိုမြှင့်တင်လေ့ရှိကြပါတယ်။ ဒီအလုပ်ဟာ အနည်းငယ်နိမ့်ကျနေသယောင်ရှိပေမဲ့ အချိန်ပိုင်းလုပ်ရုံနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ (၇၅၀၀၀)လောက် လစာအကျိုးခံစားခွင့်ရှိနေပါတယ်။
(၁) Fart Smeller (လေလည်တာကိုရှူရှိုက်ရသူ)
လူတစ်ယောက်ရဲ့ လေလည်တာဟာ ကျန်းမာရေးရှူထောင့်ကနေကြည့်ရင် အတော် ကောင်းတဲ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုလို့ဆိုပေမဲ့ ပတ်ဝန်းကျင်ကသူတွေအတွက်တော့ အတော်ကို မအီမသာဖြစ်စေပါတယ်။ ဒါပေမဲ့တရုတ်ပြည်မှာတော့ Fart Smeller (လေလည်တာကိုရှူရှိုက်ရသူ) အလုပ်ဟာအမှန်တကယ်ရှိနေပြီး လုပ်ကိုင်သူတွေဟာ ထိပ်တန်းဝင်ငွေရရှိနိုင်တဲ့ အလုပ်ဖြစ်နေပြန်ပါတယ်။ ဒီလုပ်ငန်းဟာ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းကို အခြေခံပေါ်ပေါက်လာတာဖြစ်ပြီး လုပ်ကိုင်ကြသူတွေအနေနဲ့ မကျန်းမာတဲ့လူနာတွေရဲ့လေလည်တဲ့အနံ့ကို မီတာအနည်းငယ်ကနေရှူရှိုက်ပြီး လက်တလော လူနာရဲ့ကျန်းမာရေးမှတ်တမ်းအတွင်း အချိန်အလိုက်ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
လုပ်ကိုင်သူတွေအနေနဲ့ အခြေခံကျန်းမာရေးအသိကို သိရှိနေရမှာဖြစ်ပြီး လူနာရဲ့အတွင်းပိုင်းကျန်းမာရေးအခြေအနေကို ဆရာဝန်တွေဘက်က အချိန်နဲ့တစ်ပြေး ညီခန့်မှန်းရမှာ အလွန်အရေးပါပါတယ်။ ဒီလုပ်ငန်းဟာ ကျန်းမာရေးစရိတ်မြင့်မားတဲ့ ပုဂ္ဂလိကဆေးခန်းတွေမှာသာ အများဆုံးလုပ်ကိုင်ကြပြီး တစ်နှစ်ကိုအမေရိကန် ဒေါ်လာ(၅၀၀၀၀)လောက်ရနိုင်တယ်ပေမဲ့ စိတ်ပါဝင်စားသူအလွန်နည်းပါးပါတယ်။
သုတဇုန်