Monday, March 8, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မကာအို အကြောင်း သိကောင်းစရာ

by Thutamm
August 10, 2019
Reading Time: 2min read
0
မကာအို အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

မကာအို သည် ဟောင်ကောင်ကဲ့သို့ပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသတစ်ခု ဖြစ်သည်။ မကာအို ကျွန်းဆွယ်သည်မြောက်ဘက်တွင် တရုတ်ပြည်မကြီး၏ Zhuai မြို့နှင့် အနောက်ဘက်တွင် ဂွမ်ဒေါင်းပြည်နယ် တို့နှင့် နယ်မြေခြင်း ဆက်စပ်လျက်ရှိသည်။ ပုလဲမြစ်ဝှမ်းဒေသ Pearl River Delta နဲ့ တောင်တရုတ်ပင်လယ်စပ်မှာ တည်ရှိသော မကာအိုဒေသသည် စတုရန်းမိုင် ၄၄.၅ အကျယ်အဝန်းသာရှိသည်။ ဟောင်ကောင်နှင့်မူ မိုင် ၄၀ သာ ကွာဝေးသည်။

မကာအိုဒေသသည် ချင်မင်းဆက်လက်ထက် (ဘီစီ ၂၂၁-၂-၆အတွင်း) Panyu ပြည်နယ်အတွင်းပါဝင်ခဲ့သည်။ မကာအို၏ မူရင်းတိုင်းရင်းသားများမှာ လှေနှင့်လှည့်လည်သွားလာတတ်သည့် Tanka လူမျိုးများဖြစ်သည်။ မကာအိုသည် ချင်မင်းဆက်ခေတ်မှစ၍ တရုတ်အပိုင် နယ်နမိတ်ဖြစ်သည်။ မင်မင်းဆက်ခေတ် ၁၅၅၇ ခုနှစ်တွင် ပေါ်တူဂီအား ငှားရမ်းပေးခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ပေါ်တူဂီအစိုးရနှင့် မန်ချူးအစိုးရတို့သည် သက်တမ်း နှစ် ၄၀ ရှည်ကြာသည့် တရုတ် ပေါ်တူဂီ ကုန်သွယ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် မကာအိုသည် ပေါ်တူဂီမှ ရေရှည်အုပ်ချုပ်သည့် နယ်မြေဖြစ်လာသည်။ ဥရောပတိုင်းပြည်များ၏ တရုတ်ပြည်ရှိ ပထမဦးဆုံးနှင့် နောက်ဆုံး ကိုလိုနီနယ် ဖြစ်သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် တရုတ်နှင့် ပေါ်တူဂီတို့သည် မကာအို၏ ရှေ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ၁၉၈၇ ခုနှစ်တွင် တရုတ် ပေါ်တူဂီ ပူးတွဲကြေငြာချက်ကို တရားဝင်ရေးထိုးခဲ့သည်။ ထိုကြေငြာချက်အရ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပေါ်တူဂီအုပ်ချုပ်ရေးကို အဆုံးသတ်ကာ မကာအိုအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထံ ပြန်လည်အပ်နှင်းခဲ့သည်။ တရုတ်အစိုးရသည် မကာအိုဒေသတွင် တစ်ပြည်ထောင် နှစ်စနစ်ကို ကျင့်သုံးရန်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန် ကတိပြုခဲ့သည်။

မကာအို ရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တချို့

၁၆ရာစု မတိုင်မီ မကာအို၏ မူလအမည်များမှာ Haojing နှင့် Jinghai တို့ဖြစ်သည်။ Haojing မှာ ကနုကမာမှန် ဖြစ်ပြီး Jinghai မှာ မှန်ပင်လယ် ဟု အဓိပ္ပါယ်ရသည်။ မကာအိုဟုဖြစ်လာသည်မှာ A-Ma ဘုရားကျောင်းမှ စတင်သည်။ ထိုဘုရားကျောင်းသည် ၁၅ ရာစုတွင်ဆောက်လုပ်သော ဘုရားကျောင်းဖြစ်ပြီး ပင်လယ်နတ်ဘုရားမ Mazu ကို ကိုးကွယ်ရန်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဒေသခံများကမူ Ma Ge ဟုခေါ်သည်။

ပေါ်တူဂီသင်္ဘောသားများသည် ထိုအရပ်သို့ ဘုရားကျောင်းအရှေ့ဘက်ဆိပ်ကမ်းမှ တက်လာခဲ့သည်။ ထို့နောက် ဒေသခံများအား ဤဒေသ၏ အမည်အား လက်ညိုးထိုး၍မေးသည်။ သူတို့မေးသည်ကို ဒေသခံများနားမလည်ပဲ ဘုရားကျောင်း ကို ညွှန်ပြသဖြင့် ဘုရားကျောင်းအမည်ကို မေးသည်ဟု ထင်ကာ Ma Ge ဟုဖြေကြသည်။ Ma Ge ကိုပေါ်တူဂီတို့အသံဖြင့် ထွက်ရာမှာ မကာအို(Macau) ဟူ၍ ဖြစ်လာသည် ဟု ဆိုသည်။

တရုတ်ဘာသာစကား နှင့် ပေါ်တူဂီဘာသာစကားတို့ကို ရုံးသုံးဘာသာအဖြစ် သုံးစွဲသည်။

မေလ မှ စက်တင်ဘာလသည် မိုးများသောရာသီဖြစ်၍ နိုဝင်ဘာလမှ ဧပြီလသည် ခြောက်သွေ့သောရာသီဖြစ်သည်။

မကာအို၏ ငွေကြေးစနစ်မှာ Macanese pataca (MOP) ဖြစ်သည်။ အမေရိကန် ၁ဒေါ်လာသည် ၈.၀၈MOP နှင့် ညီမျှသည်။ ဟောင်ကောင်ငွေကြေး (HK$) ကိုလည်း တရားဝင်သုံးစွဲခွင့်ရှိသည်။

မကာအို၏ စုစုပေါင်း လူဦးရေမှာ ၆သိန်းခွဲဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးဒေသဖြစ်ပြီး ၁စတုရန်းကီလိုမီတာလျှင် လူပေါင်း ၂၁၂၁၈ယောက် နေထိုင်သည်။ နေထိုင်သူလူဦးရေ စုစုပေါင်း၏ ၉၅% မှာ တရုတ်လူမျိုးများဖြစ်သည်။ ပေါ်တူဂီနှင့် သက်ဆိုင်သည့်နယ်မြေဖြစ်သဖြင့် မကာအိုလူမျိုး ၁သိန်းခန့်တွင် ပေါ်တူဂီ ပတ်စ်ပိုစ့်ရှိသည်။ မကာအိုလူမျိုးများသည် အသက်ရှည်ကြပြီး ပျမ်းမျှအားဖြင့် အမျိုးသားများသည် ၈၁.၆နှစ်ဖြစ်၍ အမျိုးသမီးများသည် ၈၇.၆ နှစ်ဖြစ်သည်။

ကမ္ဘာပေါ်က အချမ်းသာဆုံးနေရာတစ်ခုဖြစ်ပြီး အချမ်းသာဆုံးနိုင်ငံစာရင်းတွင် နံပါတ် ၁ ကာတာ နှင့် နံပါတ် ၂ လူဇင်ဘတ်တို့အကြားတွင်ရှိသည်။ နိုင်ငံမဟုတ်သဖြင့် နံပါတ်မချိတ်သော်လည်း မကာအိုနိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ် ပျမ်းမျှဝင်ငွေမှာ ၂၀၁၇ခုနှစ် စာရင်းအရ ၁၁၄၄၃၀ ရှိပြီး လူဇင်ဘတ်ထက်ပိုချမ်းသာသည်။ မကာအို၏ အဓိကစီးပွားရေးလုပ်ငန်းများမှာ Tourism ၊ လောင်းကစား ၊ အဝတ်အထည် လုပ်ငန်း ၊ဆောက်လုပ်ရေးလုပ်ငန်း နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည်။ ကာစီနိုလုပ်ငန်းမှ နိုင်ငံ၏ ဝင်ငွေ ၅၀%ကျော်ကို ရရှိပြီး စုစုပေါင်းလူဦးရေ၏ ၂၀% သည် ကာစီနိုရုံများတွင် အလုပ်လုပ်ကြသည်။

မကာအိုကို အရှေ့တိုင်းရဲ့ လတ်စ်ဗီးဂတ်စ်ဟု တင်စားခေါ်ဆိုလေ့ရှိသော်လည်း အမှန်မှာ လတ်စ်ဗီးတ်အား အနောက်ပိုင်းရဲ့ မကာအိုဟုခေါ်ရမည်ဖြစ်သည်။ အကြောင်းမှာ မကာအိုအား လတ်စ်ဗီးဂတ်နှင့် တင်စားလေ့ရှိသော်လည်း မကာအိုသည် ၂၀၀၇ခုနှစ်ကတည်းက လောင်းစကားအမြတ်ငွေတွင် လတ်ဗီးဂတ်ကိုကျော်လွန်ခဲ့သောကြောင့်ဖြစ်သည်။ အနောက်ပိုင်း ကာစီနိုရုံများသည် မကာအိုတွင် ၂၀၀၂ ခုနှစ်မှသာ စတင်ခဲ့ပြီး ၂၀၀၆ခုနှစ်တွင်ကောင်းမွန်စွာလည်ပတ်ခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် မကာအို၏ လောင်းကစားအမြတ်ငွေမှာ ကမ္ဘာ့လောင်းကစားမြို့တော် လတ်စ်ဗီးဂတ်ထက် ၄ဆပိုများခဲ့လေသည်။ အကြောင်းမှာ တရုတ်နိုင်ငံကြီးတစ်ခုလုံးတွင် မကာအိုတစ်နေရာတည်းကိုသာ လောင်းကစားခွင့် တရားဝင်ခွင့်ပြုထားသောကြောင့်ဖြစ်သည်။

မကာအိုသို့ နှစ်စဉ် ခရီးသွားပေါင်း သန်း ၃၀ကျော် လာလေ့ရှိသော်လည်း ၂၇သန်းမှာ တရုတ် ၊ ဟောင်ကောင် နှင့် ထိုင်ဝမ်တို့မှဖြစ်ပြီး ကျန် ၃သန်းကျော်သာ ပြည်ပနိုင်ငံများမှဖြစ်သည်။ မကာအိုသည် ကမ္ဘာပေါ်က ခရီးသွားအလာဆုံး နိုင်ငံတစ်ခုလည်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး လောင်းကစားရုံ ၁၀ ရုံစာရင်းတွင် မကာအိုမှ ၄ရုံသည် နံပါတ် ၁ ၊ ၂ ၊ ၄ ၊ ၅ နေရာများကို ရယူထားသည်။ ၎င်းတို့မှာ MGM Grand Macau , Casino Ponte 16, City of Dreams Casino , The Venetian Macau တို့ဖြစ်သည်။

နံပါတ် ၁ ကမ္ဘာ့အကြီးဆုံးလောင်းကစားရုံမှာ The Venetian Macau ဖြစ်ပြီး စတုရန်းပေ ၅၄၆၀၀ ကျယ်ဝန်းသည်။ ကစားခုံပေါင်း ၄၂၀၀ ရှိပြီး အရက်ဘား နှင့် စားသောက်ဆိုင် ၅၃ခု ရှိသည်။ လောင်းကစားရုံရှိရာ အဆောက်အအုံကြီးတစ်ခုလုံးမှာမူ စတုရန်းပေ ၁၀.၅သန်း ရှိသော မြေပေါ်တွင်တည်ရှိကာ အထပ်ပေါင်း ၃၉ထပ် နှင့် အခန်းပေါင်း ၃၀၀၀ ရှိသည်။ ဟိုတယ် နှင့်အတူ ရှော့ပင်းမောကိုပါ တွဲ၍ ဖွင့်ထားသော အဆောက်အဦးကြီးဖြစ်သည်။ အဆောက်အဦးအတွင်းတွင် အီတလီနိုင်ငံ ဗင်းနစ်မြို့ကို ရောက်ရှိသွားသယောင် ဒီဇိုင်းဆင်ထားသည်။ မိုးကောင်ကင်အတုဖန်တီးထားသလို ဗင်းနစ်မှာလိုလှေစီးနိုင်သည်။ ထိုအဆောက်အအုံကြီးတစ်ခုလုံးကို အမေရိကန် Las Vegas Sands ကုမ္ပဏီမှ ပိုင်ဆိုင်သည်။

ခေတ်မီတိုးတက်လှသော မကာအိုတွင် ရှေးဟောင်းသမိုင်းဝင်နယ်မြေတစ်ခု ရှိနေသေးသည်။ Historic Centre of Macau ဟုခေါ်သော ထိုနေရာတွင် တချိန်က ပေါ်တူဂီကိုလိုနီဖြစ်ခဲ့သော မကာအို၏ ရှေးဟောင်းအဆောက်အအုံများရှိသည်။ တရုတ် နှင့် ပေါ်တူဂီ စတိုင်ရောယှက်နေသော အဆောက်အဦးများဖြစ်သည်။ လူသိအများဆုံးနေရာမှာ ၁၆၄၀ခုနှစ်ကတည်ဆောက်ခဲ့သော စိန့်ပေါဘုရားရှိခိုးကျောင်းဖြစ်ပြီး ယခုအခါတွင်မူ ဘုရားကျောင်းကို တပိုင်းတစသာမြင်နိုင်တော့သည်။ ၂၀၀၅ခုနှစ်တွင် ထိုနေရာအား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

မကာအို၏ အလံမှာ အစိမ်းရောင်ပေါ်တွင် ရေပြင် ၊ တံတား ၊ ကြာပန်း နှင့် ကြယ်ငါးပွင့်တို့ဖြစ်သည်။ ကြာပန်းမှာ မကာအို၏ အထိမ်းအမှတ်ပန်းကို ကိုယ်စားပြုသည်။ ရေပြင်မှာ မကာအိုသည် ပင်လယ်ဆိပ်ကမ်းတစ်ခုအဖြစ်တည်ရှိနေခြင်းကို ဆိုလိုသည်။ တံတားမှာ မကာအိုကျွန်းဆွယ် နှင့် Taipa ကျွန်းတို့ကို ဆက်သွယ်ပေးသည့် မကာအို၏ အထင်ကရတံတားဖြစ်သော Governor Nobre de Carvalho တံတားဖြစ်သည်။ ကြယ်ငါးလုံးကို မူ တရုတ်နိုင်ငံ အလံမှယူထားခြင်းဖြစ်ပြီး ကွန်မြူနစ်ပါတီ နှင့် လူတန်းစားလေးရပ်ကို ကိုယ်စားပြုသည်။

Monte ခံတပ်မှာ သက်တမ်း နှစ်ပေါင်း ၄၀၀ နီးပါးရှိပြီဖြစ်သည့် ခံတပ်ဖြစ်သည်။ အလျား အနံ ၁၀၀ မီတာစီရှိသော ကျောက်တုံးခံတပ်ဖြစ်သည်။ ၁၆၁၇ နှစ်မှ ၁၆၂၆ခုနှစ်အတွင်း တည်ဆောက်ခဲ့သော ခံတပ်ဖြစ်ပြီး ပင်လယ်ဓားပြများ၏ ရန်မှကာကွယ်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ 32 ML အမြှောက်ကြီးများကို ယနေ့တိုင်မြင်တွေ့နိုင်သေးသည်။ Monte ခံတပ်၏ အနီးတွင် မကာအိုပြတိုက်ရှိသည်။

အထပ် ၃ထပ်ရှိသော ထိုပြတိုက်တွင် မကာအိုသမိုင်းတလျှောက် အကြောင်းအရာများကို စုစည်းပြသထားသည်။ မကာအိုရှိ နောက်ထပ်ပြတိုက်များမှာ Great Prix ပြတိုက် ၊ မကာအိုရေကြောင်းပြတိုက် ၊ မကာအို ဝိုင်ပြတိုက် နှင့် မကာအို Security Forces ပြတိုက်တို့ ဖြစ်ပြီး နောက်ထပ်ပြတိုက်ပေါင်းများစွာ ရှိနေသေးသည်။

မကာအို တာဝါသည် မကာအို၏ အထင်ကရ နေရာတစ်ခုဖြစ်ပြီး ၁၁၀၈ပေ မြင့်သည်။ ထိုတာဝါ၏ ၇၆၄ပေ မြင့်သည့်နေရာမှ အောက်သို့ခုန်ချသော Activity မှာ လူကြိုက်အများဆုံးဖြစ်သည်။

ကမ္ဘာကျော် ပြိုင်ပွဲတစ်ခုလည်း မကာအိုမှာ ရှိသေးသည်။ ၁၉၅၄ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သော Macau Grand Prix ပြိုင်ပွဲဖြစ်သည်။ လမ်းကြောင်းအရှည် ၅၇မိုင်ရှိပြီး အများဆုံးအဖြစ် ၄ကြိမ်အနိုင်ရရှိထားသူမှာ ဟောင်ကောင်နိုင်ငံသား John MacDonald ဖြစ်သည်။ မကာအို တွင် လည်ပတ်ရန် နေရာမြောက်များစွာရှိသည်။

ထင်ရှားသော အရာများမှာ နမ်ဗန်းရေကန်မှ ရေပန်းပြပွဲ ၊ Taipa ကျေးရွာ ၊ Fisherman’s Wharf ၊ A-Ma ဘုရားကျောင်း ၊ Senado Square ၊ Coloane ကျွန်းနှင့် ဟက်ဆာကမ်းခြေ ၊ နယ်စပ်ဂိတ်တံခါး ၊ Mercy နတ်ဘုရားမ ဘုရားကျောင်း Kun Iam ၊ The House of Dancing Water ၊ Studio City နှင့် Flora Garden တို့အပြင် အခြားနေရာပေါင်းများစွာလည်း ရှိသေးသည်။

ပြင်သစ်က Eiffel Tower အသေးစားလေးပါ။ အားလုံးကို ပြင်သစ်နိုင်ငံက Eiffel Tower အတိုင်းတည်ဆောက်ထားပြီး Tower ပေါ်ကို တက်ကြည့်လို့ရပါတယ်။အပေါ်ရောက်ရင် Macau ရဲ့ ခန့်ငြားလှပတဲ့ အဆောက်အဦးတွေ ၊ ခေတ်ရှေ့ပြေးနေတဲ့ မြိုံ့ပြတည်ဆောက်ပုံတွေကို အပေါ်စီးကနေ မြင်တွေ့နိုင်မှာပါ။

မကာအိုကို ၁မိနစ်လောက် သွားရောက်လည်ပတ်ချင်ရင်တော့ အောက်ကဗီဒီယိုကိုကြည့်လိုက်ပါ 🙂

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!