တစ်သက်မှာ နှစ်ခါသေခဲ့သူရဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်

Posted on

အိုင်ယာလန် မှာ ခုထိပြောမဆုံးဖြစ်နေဆဲ ဇာတ်လမ်းတစ်ပုဒ်ပါ။ အိုင်ယာလန် Lurgan မြို့က Margorie McCall ဆိုသူ အမျိုးသမီးရဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လို့ ဆိုကြပါတယ်။

၁၇၀၅ ခုနှစ်မှာ McCall ဟာ အဖျားရောဂါတစ်မျိုးနဲ့ သေဆုံးခဲ့ပါတယ်။ စမ်းသပ်ပြီးသေပြီလို့ အတည်ပြုပြီးနောက်မှာ ရောဂါပျံနှံ့မှာကို စိုးရမ်တဲ့အတွက် အဲဒီခေတ်က ဓလေ့အတိုင်း ချက်ချင်း မြုပ်လိုက်ရပါတယ်။ မမြုပ်ခင်မှာ သူမရဲ့ လက် ထပ်လက်စွပ်ကို ယောင်္ကျားဖြစ်သူက ချွတ်ဖို့ကြိုးစားခဲ့ပါတယ်။

ဂူကိုဖောက်ပြီး သူခိုးတွေယူကြမှာ စိုးလို့ပါ။ ဒါပေမယ့် လုံးဝချွတ်လို့မရတဲ့အဆုံး ဒီအတိုင်းမြုပ်နှံလိုက်ရပါတယ်။ ဒါကို သူ ခိုးတွေက သိတဲ့အတွက် မြုပ်နှံပြီး ညမှာပဲ အခေါင်းကိုဖော်ပြီး လက်စွပ်ကိုယူဖို့ ကြံကြပါတယ်။ အခေါင်းကို ဖော်ပြီးနော က်မှာ သူခိုးတွေလည်း သူမလက်က လက်စွပ်ကို ချွတ်ကြပြန်ပါတယ်။

ဒါပေမယ့် လုံးဝမရပြန်ပါဘူး။ မရတဲ့အဆုံး လက်ကိုဖြတ်ပြီးယူဖို့ကြံကြပါတယ်။ လက်ကို ဓားနဲ့ထိလိုက်တဲ့အချိန်မှာ သူမ ဟာ နာကျင်စူးရှစွာ ထအော်ခဲ့ပါတယ်။ သူခိုးတွေလည်း ကြောက်လန့်ပြီးပြေးကြပါတယ်။

အဲဒီနောက်သူမဟာ အိမ်ကိုပြန်လာပြီး အိမ်တံခါးကိုခေါက်လိုက်ပါတယ်။ တံခါးဖွင့်ပြီး သူမကို အရင်ဆုံးတွေ့သူက သူမ ရဲ့ယောင်္ကျားပါ။ သေဆုံးစဉ်က အဝတ်အစားနဲ့ သူမကိုတွေ့တဲ့အခါ နှလုံးခုန်ရပ်ပြီး သေဆုံးသွားခဲ့တယ် လို့ဆိုပါတယ်။

သူမဟာ ကျန်တဲ့အချိန်ကို ဆွေမျိုးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။ နောက်ယောင်္ကျားထပ်ယူပြီး ကလေးတွေလည်း မွေးခဲ့ပါသေးသတဲ့။ အသက်ကြီးမှ နောက်တစ်ကြိမ်သေဆုံးခဲ့ရပါတယ်။ သူမရဲ့ ဂူမှာတော့ တစ်သက်မှာ နှစ်ခါသေခဲ့ (မြြေ မုပ်ခံခဲ့ရ) သူ (Lived Once, Buried Twice) လို့ရေးထိုးထားခဲ့ပါတယ်။