Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လိပ်ပြာလုံတဲ့ဘဝပုံပြင်လေးတစ်ပုဒ်

by Thutamm
July 24, 2019
Reading Time: 1min read
0
လိပ်ပြာလုံတဲ့ဘဝပုံပြင်လေးတစ်ပုဒ်
Share on FacebookShare on Twitter

ရေးသားသူ – Aron Mg

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၈ နှစ် လောက်ကပေါ့ အာရှတိုက်က နိုင်ငံလေးတစ်ခုဖြစ်တဲ့ ဗီယက်နမ်နဲ့ အမေရိကန်တို့ဟာ စစ်ဖြစ်ကြသတဲ့။ အဲ့ဒီဖြစ်တဲ့ စစ်ပွဲမှာ အကြီးကျယ်ဆုံးသော စစ်ရာဇဝတ်မှုတစ်ခုကို အမေရိကန် စစ်တပ်က ကျူးလွန်ခဲ့ပါတယ်။ အဲ့ဒါကတော့ မိုင်လိုင် သွေးချောင်းစီးပွဲတဲ့။

မိုင်လိုင်ဆိုတာ ဗီယက်နာမ်နိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ ရွာလေးပေါ့။ အဲ့ဒီတုန်းက ရွာသား ၄၀၀ ကျော်ကျော် ၅၀၀ လောက်နေကြတယ်။ ၁၉၆၈ခု မတ် ၁၆ရက်နေ့က စနေနေ့ပေါ့။ အဲ့ဒီရွာသားတွေဟာ ရွာဈေးအတွက် ပြင်ဆင်နေခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ အမေရိကန် တပ်မ ၁၁ လက်အောက်ခံ တပ်ခွဲ တစ်ခွဲ ရွာထဲဝင်ရောက်လားပြီး နို့စို့ ကလေးသက်ကြီးရွယ်အို အပါအဝင် လက်နက်မဲ့ ၊ အပစ်မဲ့တဲ့ ရွာသား အားလုံးနီးပါးကို ပစ်သတ်ခဲ့ပါတယ်။ အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့် ၊တစ်ရွာလုံးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြပါတယ်။စစ်ဆင်ရေး အထက်အရာရှိကြီးတွေရဲ့ အမိန့်အတိုင်း ဆောင်ရွက်ခဲ့တာပါ။ ဒီရွာတွေမှာ ဗီယက်နမ် ပြောက်ကျားတွေ ခိုအောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။

အမေရိကန်စစ်တပ်ဟာ ဗီယက်နမ် ပြောက်ကျားတွေကို ရှုံးနိမ့်နေတဲ့အတွက် အစပိုင်းမှာ ဒီလုပ်ရပ်ဟာ မှန်ကန်တယ်လို့ မြင်တဲ့သူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် နောင်နှစ် အတန်ကြာ စစ်ပြီးတဲ့အခါမှ ဒီအမှု ပြန်ဖော်ပြီး စုံစမ်းစစ်ဆေးတဲ့အခါ လူသတ်ရမ်းကား သွေးချောင်းစီးမှု ဖြစ်ကြာင်း ပေါ်လွင်ခဲ့ပါတယ်။ပါဝင်ခဲ့တဲ့ အရာရှိ စစ်သည်တွေဟာလဲ စစ်ရာဇဝတ်မှု အနေနဲ့ ထောင်ချ အရေးယူခံခဲ့ရပါတယ်။

ပုံပြင်ရဲ့ အဓိက အပိုင်းက အခုမှ စတာပါ။ အဲ့ဒီဖြစ်ရပ်ဖြစ်ပြီးတဲ့နောက် သတင်းထောက် တစ်ယောက်ဟာ ဖြစ်ရပ်မှာပါတဲ့ စစ်သားတွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။ သူတွေ့ရတာက အဲ့ဒိ တပ်ခွဲထဲက စစ်သား အရာရှိတော်တော်များများဟာ လူတစ်လုံး သူတစ်လုံး မဖြစ်တော့ပါဘူး။ အားလုံးဟာ ထောင်ကထွက်ပြီး အရက်စွဲဝေဒနာနဲ့ ယစ်ထုတ်ကြီးတွေဖြစ်၊ အိမ်ထောင် မိသားစု မရှိပဲ ဘဝကို အတော် ဆိုးရွား အထီးကျန် စွာ ဖြတ်သန်းခဲ့ကြရပါတယ်။

အဲ့ဒီထဲမှာ လူမည်း အမေရိကန် စစ်သားတစ်ယောက်ကတော့ အလုပ်အကိုင်အဆင်ပြေပြီး မိသားစု အိမ်ထောင်နဲ့ ပျော်ပျော်ရွင်ရွင်ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့ဒါနဲ့ သတင်းထောက်ဟာ ဒီ လူမည်းစစ်သားအကြောင်းကို စုံစမ်းပြီး အင်တာဗျူးလုပ်ပါတယ်။ ဒီလူမည်းစစ်သားဟာ အဲ့ဒီ ၁၉၆၈ မတ်လ ၁၆ ရက်နေ့မှာ အထက်အရာရှိဆီကနေ မိုင်လိုင် ရွာလုံးကျွတ် သတ်ဖြတ်ဖို့ အမိန့်ရပါတယ်။ သူဟာ လူမဆန်တဲ့ အမိန့်ကို ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီလို အထက်အမိန့်ကို ငြင်းဆန်တဲ့ အတွက် သူလည်းပဲ စစ်ထောင်မှာ ၄နှစ် နေခဲ့ရပါတယ်။

ဒါပေမယ့် သူစစ်ထောင်က ထွက်ပြီးတော့ သူ့ဘဝကိုပြန်လည်တည်ဆောက်တဲ့အခါသူဟာ လူတလုံး သူတလုံးပြန်ဖြစ်ခဲ့ပါတယ်။
သူကပြောပါတယ်။ ဒီလုပ်ရပ်ဟာ မှားတယ် ဆိုတာ ကျနော် သေသေချာချာ ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒီလူမဆန်တဲ့ လုပ်ရပ်ကို ကျနော် လုပ်ရင် ဘဝတစ်ခုလုံး မှာလိပ်ပြာလုံတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော် မလုပ်ခဲ့တာပါ။ အဲ့ဒီလို မလုပ်ခဲ့လို့ ကျနော်ထောင်ထဲမှာ ဆင်းရဲ ခဲ့ပေမယ့် စိတ်ဓါတ်မကျခဲ့ဘူး။ ကျနော်ဟာ မှန်တာကို လုပ်တဲ့ အတွက် ကြိုးစားရင် လူတစ်လုံး သူတစ်လုံးပြန်ဖြစ်မယ်ဆိုတာ ယုံကြည်ခဲ့တယ်။ အဲ့ဒါကြောင့် ကျနော် ဒီနေ့ ဒီလို ပျော်ပျော် ရွင်ရွင်နေနိုင်တာပါလို့ ဆိုခဲ့ပါတယ်။

ကျနော်တို့ တတွေလဲ အထက် အမိန့်ကြောင့်၊ ပတ်ဝန်းကျင်ကြောင့်။ သူတပါးက တိုက်တွန်းလို့ ဆိုတာတွေကို ခဏလေး ဘေးချထားပြီး ကိုယ့်လိပ်ပြာ ကိုယ်လုံနိုင်တဲ့ မှန်ကန်တာလေးတွေ လုပ်ကြမယ်ဆိုရင် … ကျနော်တို့လဲ ကြိုးစားရင် လူတစ်လုံး သူတစ်လုံး ဖြစ်ကြမှာပါ။ ကိုယ့်ကို ကိုယ် တစ်သက်လုံးစာ စက်ဆုပ်ရွံရှာနေရမယ့် အလုပ်မျိုးကို ဘာကြောင့်မှ မလုပ်ဖြစ်ကြဖို့လိုပါတယ်။

Aron Mg

Tags: knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!