Tuesday, April 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ယူထားတဲ့အကြွေးများကို ၂၄ နှစ်တိုင်တိုင် မကျေမချင်း ဆပ်ခဲ့သူ

by Thutamm
July 24, 2019
Reading Time: 1min read
0
ယူထားတဲ့အကြွေးများကို ၂၄ နှစ်တိုင်တိုင် မကျေမချင်း ဆပ်ခဲ့သူ
Share on FacebookShare on Twitter

Mr Guanghan ဟာ တရုတ် ၊ ဇီဂျန်းပြည်နယ်က လယ်သမား တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၀ မတိုင်မီကတော့ သူတို့ မိသားစုဟာ အလွန်ပျော်ဖို့ ကောင်းတဲ့ မိသားစု ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ဇနီးဟာ လယ်ထွန်စက်မောင်းရင်း မတော်တဆပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်ခဲ့ပါတယ်။ လယ်ထွန်စက်နှစ်စီး တိုက်မိရာက ပြုတ်ကျခဲ့ပြီး ကျောက်ဆောင်နဲ့ထပ်မံတိုက်ခဲ့မှုကြောင့် သူမဟာ ကိုးမားရောဂါကို ခံစားခဲ့ရပါတယ်။

ဒီရောဂါကို ကုသဖို့အတွက် ယွန် ၇၀၀၀၀ ( ဒေါ်လာ ၁၁၀၀၀ ) ခန့်လိုအပ်ပါတယ်။ Mr Guanghan ဟာ သာမန်လယ်သမားတစ်ယောက်သာဖြစ်တဲ့အတွက် ဒီလောက်ငွေကို မတတ်နိုင်ပါဘူး။ ဒီလောက်များပြားလှတဲ့ငွေကိုဘယ်သူမှလည်း မချေးနိုင်ကြပါဘူး။ ဒါကြောင့် Mr Guanghan ဟာ အနီးအနားက အိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်းကာ အိမ် ၁၀၀ ကျော်ဆီကနေ နည်းနည်းချင်းစီချေးခဲ့ရာမှာ လိုချင်တဲ့ ငွေကို ရခဲ့ပါတယ်။

ဒီလို ချေးတဲ့အခါမှာ စာအုပ်တစ်အုပ်ယူသွားပြီး အသေအချာမှတ်ထားခဲ့ပါတယ်။ အိမ်နီးချင်းတွေကလည်း Mr Guanghan ဟာ ခင်ဖို့ကောင်းတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ပြန်ဆပ်မဆပ် မသေချာပဲ ချေးခဲ့ကြခြင်းဖြစ်ပါတယ်။

ချေးပြီးတဲ့အခါတိုင်းမှာ Mr Guanghan က တစ်နေ့ သင့်ရဲ့ငွေကို မဖြစ်ဖြစ်အောင်လာဆပ်ပါမယ်လို့ ပြောသွားလေ့ရှိပါတယ်။

ဇနီးဖြစ်သူရောဂါကို ကုသခဲ့ပြီးနောက်မှာတော့ Mr.Guanghan ဟာ ခြိုးခြံသုံးစွဲပြီး ငွေစုပါတော့တယ်။ ဒီလိုနဲ့ နည်းနည်းချင်းစီ ဆပ်သွားရာ ၂၄ နှစ်ပြည့်ပြီးတဲ့အချိန်မှာတော့ ချေးထားသမျှငွေတွေကို တစ်ပြားမကျန် ပြန်ဆပ်လိုက်နိုင်ပါတယ်။ “ရိုးသားယုံကြည်မှုကို ဘာနဲ့မှ မလဲနိုင်ပါဘူး ၊ လော ကမှာ ကြင်နာတတ်တဲ့ သူတွေရှိနေပါလား ဆိုတာကိုသိဖို့ ဒီအကြွေးစာအုပ်ကို ကျွန်တော့်ကလေးတွေကို ပေးခဲ့မှာပါ” လို့ Mr.Guanghan က ဆိုပါတယ်။ တော်ရုံလူ မလုပ်နိုင်လောက်တဲ့ ဇွဲ ၊ ကတိသစ္စာတည်မှုတွေနဲ့ အလွန်လေးစားထိုက်ဖွယ် လူတစ်ယောက်ဖြစ်ပါတယ်။

Tags: amazing

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!