Sunday, April 11, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လူအများအကျိုးကို ရှေးရှုပြီး လူပေါင်း နှစ်ရာကျော် အသေခံသွားတဲ့ သမိုင်းဖြစ်ရပ်

by Thutamm
March 18, 2020
Reading Time: 1min read
0
လူအများအကျိုးကို ရှေးရှုပြီး လူပေါင်း နှစ်ရာကျော် အသေခံသွားတဲ့ သမိုင်းဖြစ်ရပ်
Share on FacebookShare on Twitter

(Unicode)

ကမ္ဘာသမိုင်းစဉ်တစ်လျှောက် လူသားတွေအစုအလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် စစ်ပွဲတွေ၊သဘာဝဘေးတွေကြောင့်သာမက ပလိပ်ရောဂါလိုကပ်ဘေး တွေကြောင့်လည်းပါဝင်ပါတယ်။ ယနေ့ခေတ်လိုဆေးပညာထွန်းကားခြင်းမရှိသေးတဲ့ ကာလတွေကဆိုရင် ပလိပ်ရောဂါကျရောက်တာနဲ့ ယင်းဒေသမှာရှိတဲ့ လူအစုလိုက်၊အပြုံ လိုက်သေဆုံးခဲ့ရချည်းဖြစ်ခဲ့ကာ ကျန်ရစ်သူတွေကလည်း ယင်းအရပ်ကိုဘယ်တော့မှ ပြန်လည်အခြေချခြင်းမရှိတော့အထိဖြစ်ခဲ့ရပါတယ်။

(၁၃၄၇)ကနေ (၁၃၅၁)ခုနှစ်အထိ ဥရောပနဲ့ယူရေရှားဒေသမှာဖြစ်ပွားခဲတဲ့ Black Plague အမည်ရပလိပ်ရောဂါ ကပ်ဘေးဆိုးကြီးကြောင့် လူ(၇၅)သန်းကနေသန်း(၂၀၀)အကြားသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ ဒါဟာဥရောပ ယင်းကာလက ဥရောပလူဦးရေရဲ့ (၃၀)ရာခိုင်နှုန်းကနေ (၆၀)ရာခိုင်နှုန်းကြား ရှိတာကြောင့် လူသားတွေတောင် မျိုးတုန်းသွားနိုင်လောက်တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ လက်သည်ကတော့ Yersinia pestis ဘတ်တီးရီးယားပိုးကြောင့်ဖြစ်ပြီး ယင်းပိုးဟာ ကမ္ဘာပေါ်ကအမျိုးမျိုးသော ပလိပ်ရောဂါမျိုးစုံရဲ့ မူလအစဖြစ်ပါတယ်။

Yersinia pestisေ တွရဲ့မူရင်းအစကတော့အလယ်အာရှဒေသကဖြစ်ပြီး ယင်းအချိန်က အဓိကကုန်သွယ်လမ်းမကြီးဖြစ်တဲ့ ပိုးလမ်းမကြီး ကနေ (၁၃၄၃)ခုနှစ်မှာတော့ အရှေဥရောပအတွင်းပါဝင်နေတဲ့ Crimea ကျွန်းဆွယ်ကို စတင်ရောက်ရှိလာတယ်လို့သိရပါတယ်။ ယင်းကနေ သန်းကောင်တွေမှတစ်ဆင့် သင်္ဘောသားကြွက်လို့သိကြတဲ့(Black Rat)တွေရဲ့ကိုယ်ပေါ်မှာ ဆက်လက်ရှင်သန်နေခဲ့ ပါတယ်။


ယင်းကြွက်တွေဟာ မြေထဲပင်လယ်ဒေသကနေ ဥရောပတိုက်ကို ကူးသန်း ရောင်းဝယ်မှုပြုလုပ်နေတဲ့ အာရပ်ကုန်သည်စက်လှေတွေအတွင်း ဝင်ရောက် လာချိန်မှာတော့ ယင်းရောဂါပိုးဟာ ဥရောပကိုပျံ့နှံ့သွားခဲ့ပြီး Black Plague ကဲ့သို့ ဆိုး ရွားတဲ့ကပ်ဘေးကြီးဆိုက်ရောက်လာတာဖြစ်ပါတယ်။ ဒီရောဂါဟာဥရောပမှာသာမက (၁၄)ရာစုအချိန်က လူဦးရေ(၄၇၅)သန်းရှိတဲ့ ကမ္ဘာစုစုပေါင်းလူဦးရေကို သန်း(၃၅၀)ကနေ (၃၇၅)သန်းအထိ လျော့ချပေးခဲ့တယ်လို့ ထိတ်လန့်ဖွယ်ရာမှတ်တမ်းတွေအရသိရပါ တယ်။

ဒါအပြင် (၁၆၆၅)ကနေ(၁၆၆၆)အထိ အင်္ဂလန်နိုင်ငံ၊လန်ဒန်မမြို့မှဖြစ်ပွားခဲ့တဲ့ သမိုင်းမှာ Great Plague of London လို့အမည်ဆိုးနဲ့ကျော်ကြားတဲ့ဖြစ်စဉ်မှာဆိုရင် (၁၈)လအတွင်းမှာ လူတစ်သိန်းလောက် အသက်ပျောက်ခဲ့ရပါတယ်။ ယင်းကူးစက်မြန်ပုလိပ်ရောဂါကတော့ Yersinia pestis ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ Bubonic ပလိပ်ရောဂါဆိုးကြီးဖြစ်ပြီး ကူးစက်ခံရသူအနေ နဲ့ ခေါင်းကိုက်ခြင်း၊ဖျားနာခြင်း၊အော့အန်ခြင်း၊ဖူးရောင်ခြင်း၊တို့ဖြစ်ပွားကာသေဆုံးရပါ တော့တယ်။

ယင်းပုလိပ်ရောဂါကြီးရဲ့ အကျိုးဆက်ဟာ အင်္ဂလန်ရဲ့ကျေးရွာတွေအထိ ပျံ့နှံ့ခဲ့ပြီး ထပ်မံသေကြေပျက်စီးရပြန်ပါတယ်။ ကပ်ရောဂါတစ်ခုဖြစ်လာတယ်ဆိုရင်တော့ လူတွေဟာ ကိုယ့်မှာရောဂါပိုးရှိတယ်/မရှိဘူးဆိုတာကို မဆန်းစစ်တော့ပဲ လွတ်မြောက်ရာ အရပ် (တစ်နည်းပြောရရင်) အခြားမြို့ရွာတစ်ခုကို အလျှင်အမြန်ပြောင်းတော့တာဖြစ်ပါတယ်။ ယင်းအချက်ကပဲ ပလိပ်ရောဂါကူးစက်မှုနှုန်း ကိုမြန်စေတဲ့အချက်တစ်ခုဖြစ်နေပြီး ယင်းသို့သောအပြုအမှုတွေကြောင့် နယ်ပယ်သစ် တွေဟာလည်း ပလိပ်ရောဂါရဲ့နှိပ်စက်မှုကို မြို့ရွာတွေပြိုပျက်သည်အထိ ခံစားရပါတော့တယ်။

ဒါပေမယ့် (၁၆၆၅)ခုနှစ်အင်္ဂလန်ပြည်ပလိပ်ရောဂါကပ်ဆိုးအတွင်း မှာတော့ Eyam လို့အမည်ရတဲ့ကျေးရွာလေးမှာနေထိုင်သူ ရွာသူ/သားတွေကတော့ ပုံမှန်လူတွေအတွက် ယုံကြည်ဖို့ခက်ခဲတဲ့ အပြုအမှုတစ်ခုကိုပြုလုပ်ပြခဲ့ပါတယ်။ ဘာလဲဆိုတော့ ပလိပ်ရောဂါ တစ်ရွာလုံးကူးစက်ပြီလို့သိခဲ့ရချိန်မှာပဲ အခြားနေရာတွေကိုမကူးစက်စေဖို့ တစ်ရွာလုံး ပိတ်ပြီး အသေခံခဲ့ကြတာဖြစ်ပါတယ်။

ပလိပ်ရောဂါဖြစ်ပွားရာ လန်ဒန်ကနေရောက်ရှိလာတဲ့ အဝတ်တစ်ထုပ်ကြောင့် Eyam ရွာလေးဟာ ရောဂါပိုးကူးစက်ပျံ့နှံ့ခဲ့ရပြီး ရက်သတ္တပတ် အတောအတွင်းမှာပဲ ရွာလူကြီး George Vicars အပါအဝင်အိမ်ထောင် စုဝင်တော်တော်များများသေဆုံးခဲ့ပါတယ်။ မကြာခင်မှာပဲ ရွာတာဝန်ရှိသူတွေ စုရုံးပြီး ယင်းပလိပ်ရောဂါကို အပြင်နေရာတွေကို ပျံ့မသွားစေရန်နဲ့ ဆက်လက်ကူးစက်ခြင်းမရှိ အောင် ရွာကိုအလုံပိတ်ပြီးနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပြီး ရွာသူရွာသားအားလုံးကလည်း ဒီလိုလုပ်ဖို့ လက်ခံခဲ့ကြပါတယ်။

ရွာတွင်းကနာရေးဖြစ်တဲ့ အိမ်ထောင်စုတွေအနေနဲ့ မိမိ မိသားစုဝင်ကို အိမ်ဝန်းအတွင်းမှာပဲ မြုပ်နှံဖို့ဆုံးဖြတ်ခဲ့ ပါတယ်။ ပလိပ်ရောဂါကြီးဟာ Eyam ကျေးရွာမှာ(၁၄)လလောက်ဖြစ်သွားခဲ့ပြီး ရွာသားတွေဘက်ကလဲ တတ်နိုင်တဲ့နည်းနဲ့ ကြံ့ကြံ့ခံခဲ့ကြပါတယ်။ အနည်းဆုံးတော့ ဒီကပ်ရောဂါဟာ အခြားနေရာတွေကို ကူးစက်ခြင်းမရှိတော့ပါဘူး။

Eyam ရွာသားတွေ ဘက်က ကပ်ရောဂါကြီးကိုအောင်မြင်စွာ တွန်းလှန်ပြီးနောက်မှာတော့ ရွာလူဦးရေ (၃၅၀)ကျော်လောက်ရှိတဲ့အနက် အသက်ရှင်သူဟာ (၈၃)ယောက်သာကျန်ခဲ့ပြီး (၂၇၃)ဦးဟာ သေဆုံးခဲ့ရပါတယ်။ ဒီလုပ်ရပ်ဟာ အင်္ဂလန်တစ်နိုင်ငံလုံးပျံ့နှံ့သွားခဲ့ပြီး အနယ်နယ်အရပ် ရပ်ကချီးမွမ်းဂုဏ်ပြုလက်ဆောင်များစွာကို ပေးပို့ခဲ့ကြပါတယ်။ သေဆုံးသူ (၂၇၃)ဦးရဲ့ နာမည်တွေကိုလည်း Eyam ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းမှာ ကျောက်စာရေးထိုးထားပြီး ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ရပါတယ်။

ယနေ့မှာဆိုရင် Eyam ကျေးရွာဟာ Derbyshire Dales ခရိုင်အတွင်းက Peak District အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအတွင်းမှာလည်းပါဝင်နေပါတယ်။ (၂၀၁၁) ခုနှစ်က လူဦးရေစာရင်းအရတော့ eyam ကျေးရွာရဲ့လူဦးရေဟာ (၉၆၉)ယောက်ရှိနေပြီး ဒေသခံတွေကတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါတယ်။ ဥရောပမှာဆိုရင် Plague Village လို့လည်းနာမည်ကျော်တဲ့ ဒီရွာလေးဟာ အင်္ဂလန်ရဲ့ အခြားသောသမိုင်းမှတ်တမ်းဆိုင်ရာ အချက်အခြာကျတဲ့နေရာတစ်ခုအဖြစ်လည်း လူသိ များထင်ရှားပါတယ်။

(Zawgyi)

လူအမ်ားအက်ိဳးကို ေရွးရႈျပီး လူေပါင္း ႏွစ္ရာေက်ာ္ အေသခံသြားတဲ့ျဖစ္ရပ္

ကမာၻသမိုင္းစဥ္တစ္ေလ်ွာက္ လူသားေတြအစုအလိုက္ေသဆံုးခဲ့ရတဲ့ျဖစ္စဥ္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ စစ္ပြဲေတြ၊သဘာဝေဘးေတြေၾကာင့္သာမက ပလိပ္ေရာဂါလိုကပ္ေဘး ေတြေၾကာင့္လည္းပါဝင္ပါတယ္။ ယေန႔ေခတ္လိုေဆးပညာထြန္းကားျခင္းမရွိေသးတဲ့ ကာလေတြကဆိုရင္ ပလိပ္ေရာဂါက်ေရာက္တာနဲ႔ ယင္းေဒသမွာရွိတဲ့ လူအစုလိုက္၊အျပံဳ လိုက္ေသဆံုးခဲ့ရခ်ည္းျဖစ္ခဲ့ကာ က်န္ရစ္သူေတြကလည္း ယင္းအရပ္ကိုဘယ္ေတာ့မွ ျပန္လည္အေျခခ်ျခင္းမရွိေတာ့အထိျဖစ္ခဲ့ရပါတယ္။


(၁၃၄၇)ကေန (၁၃၅၁)ခုနွစ္အထိ ဥေရာပနဲ႔ယူေရရွားေဒသမွာျဖစ္ပြားခဲတဲ့ Black Plague အမည္ရပလိပ္ေရာဂါ ကပ္ေဘးဆုိးႀကီးေၾကာင့္ လူ(၇၅)သန္းကေနသန္း(၂၀၀)အၾကားေသဆံုးခဲ့ရတယ္လို႔သိရပါတယ္။ ဒါဟာဥေရာပ ယင္းကာလက ဥေရာပလူဦးေရရဲ့ (၃၀)ရာခိုင္နႈန္းကေန (၆၀)ရာခိုင္နႈန္းၾကား ရွိတာေၾကာင့္ လူသားေတြေတာင္ မ်ိဳးတုန္းသြားနိုင္ေလာက္တဲ့ အေျခအေနျဖစ္ခဲ့ပါတယ္။ လက္သည္ကေတာ့ Yersinia pestis ဘတ္တီးရီးယားပိုးေၾကာင့္ျဖစ္ျပီး ယင္းပိုးဟာ ကမာၻေပၚကအမ်ိဳးမ်ိဳးေသာ ပလိပ္ေရာဂါမ်ိဳးစံုရဲ့ မူလအစျဖစ္ပါတယ္။

Yersinia pestisေ တြရဲ့မူရင္းအစကေတာ့အလယ္အာရွေဒသကျဖစ္ျပီး ယင္းအခ်ိန္က အဓိကကုန္သြယ္လမ္းမၾကီးျဖစ္တဲ့ ပိုးလမ္းမၾကီး ကေန (၁၃၄၃)ခုနွစ္မွာေတာ့ အေရွဥေရာပအတြင္းပါဝင္ေနတဲ့ Crimea ကၽြန္းဆြယ္ကို စတင္ေရာက္ရွိလာတယ္လို႔သိရပါတယ္။ ယင္းကေန သန္းေကာင္ေတြမွတစ္ဆင့္ သေဘၤာသားၾကြက္လို႔သိၾကတဲ့(Black Rat)ေတြရဲ့ကို္ယ္ေပၚမွာ ဆက္လက္ရွင္သန္ေနခဲ့ ပါတယ္။


ယင္းၾကြက္ေတြဟာ ေျမထဲပင္လယ္ေဒသကေန ဥေရာပတိုက္ကို ကူးသန္း ေရာင္းဝယ္္မႈျပဳလုပ္ေနတဲ့ အာရပ္ကုန္သည္စက္ေလွေတြအတြင္း ဝင္ေရာက္ လာခ်ိန္မွာေတာ့ ယင္းေရာဂါပိုးဟာ ဥေရာပကိုပ်ံ႔နွံ႔သြားခဲ့ျပီး Black Plague ကဲ့သို႔ ဆိုး ရြားတဲ့ကပ္ေဘးၾကီးဆိုက္ေရာက္လာတာျဖစ္ပါတယ္။ ဒီေရာဂါဟာဥေရာပမွာသာမက (၁၄)ရာစုအခ်ိန္က လူဦးေရ(၄၇၅)သန္းရွိတဲ့ ကမာၻစုစုေပါင္းလူဦးေရကို သန္း(၃၅၀)ကေန (၃၇၅)သန္းအထိ ေလ်ာ့ခ်ေပးခဲ့တယ္လို႔ ထိတ္လန္႔ဖြယ္ရာမွတ္တမ္းေတြအရသိရပါ တယ္။

ဒါအျပင္ (၁၆၆၅)ကေန(၁၆၆၆)အထိ အဂၤလန္နိုင္ငံ၊လန္ဒန္မျမိဳ႕မွျဖစ္ပြားခဲ့တဲ့ သမိုင္းမွာ Great Plague of London လို႕အမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ျဖစ္စဥ္မွာဆိုရင္ (၁၈)လအတြင္းမွာ လူတစ္သိန္းေလာက္ အသက္ေပ်ာက္ခဲ့ရပါတယ္။ ယင္းကူးစက္ျမန္ပုလိပ္ေရာဂါကေတာ့ Yersinia pestis ဘတ္တီးရီးယားေၾကာင့္ျဖစ္တဲ့ Bubonic ပလိပ္ေရာဂါဆိုးၾကီးျဖစ္ျပီး ကူးစက္ခံရသူအေန နဲ႔ ေခါင္းကုိက္ျခင္း၊ဖ်ားနာျခင္း၊ေအာ့အန္ျခင္း၊ဖူးေရာင္ျခင္း၊တို႔ျဖစ္ပြားကာေသဆံုးရပါ ေတာ့တယ္။


ယင္းပုလိပ္ေရာဂါၾကီးရဲ့ အက်ိဳးဆက္ဟာ အဂၤလန္ရဲ့ေက်းရြာေတြအထိ ပ်ံ႕နွံ႔ခဲ့ျပီး ထပ္မံေသေၾကပ်က္စီးရျပန္ပါတယ္။ ကပ္ေရာဂါတစ္ခုျဖစ္လာတယ္ဆိုရင္ေတာ့ လူေတြဟာ ကိုယ့္မွာေရာဂါပိုးရွိတယ္/မရွိဘူးဆိုတာကို မဆန္းစစ္ေတာ့ပဲ လြတ္ေျမာက္ရာ အရပ္ (တစ္နည္းေျပာရရင္) အျခားျမိဳ႕ရြာတစ္ခုကို အလ်ွင္အျမန္ေျပာင္းေတာ့တာျဖစ္ပါတယ္။ ယင္းအခ်က္ကပဲ ပလိပ္ေရာဂါကူးစက္မႈနႈန္း ကိုျမန္ေစတဲ့အခ်က္တစ္ခုျဖစ္ေနျပီး ယင္းသို႔ေသာအျပဳအမႈေတြေၾကာင့္ နယ္ပယ္သစ္ ေတြဟာလည္း ပလိပ္ေရာဂါရဲ့နွိပ္စက္မႈကို ျမိဳ႕ရြာေတြျပိဳပ်က္သည္အထိ ခံစားရပါေတာ့တယ္။

ဒါေပမယ့္ (၁၆၆၅)ခုနွစ္အဂၤလန္ျပည္ပလိပ္ေရာဂါကပ္ဆိုးအတြင္း မွာေတာ့ Eyam လို႔အမည္ရတဲ့ေက်းရြာေလးမွာေနထိုင္သူ ရြာသူ/သားေတြကေတာ့ ပုံမွန္လူေတြအတြက္ ယံုၾကည္ဖို႔ခက္ခဲတဲ့ အျပဳအမႈတစ္ခုကိုျပဳလုပ္ျပခဲ့ပါတယ္။ ဘာလဲဆိုေတာ့ ပလိပ္ေရာဂါ တစ္ရြာလံုးကူးစက္ျပီလို႔သိခဲ့ရခ်ိန္မွာပဲ အျခားေနရာေတြကိုမကူးစက္ေစဖို႔ တစ္ရြာလံုး ပိတ္ျပီး အေသခံခဲ့ၾကတာျဖစ္ပါတယ္။


ပလိပ္ေရာဂါျဖစ္ပြားရာ လန္ဒန္ကေနေရာက္ရွိလာတဲ့ အဝတ္တစ္ထုပ္ေၾကာင့္ Eyam ရြာေလးဟာ ေရာဂါပိုးကူးစက္ပ်ံ႔နွံ႕ခဲ့ရျပီး ရက္သတၱပတ္ အေတာအတြင္းမွာပဲ ရြာလူၾကီး George Vicars အပါအဝင္အိမ္ေထာင္ စုဝင္ေတာ္ေတာ္မ်ားမ်ားေသဆံုးခဲ့ပါတယ္။ မၾကာခင္မွာပဲ ရြာတာဝန္ရွိသူေတြ စုရံုးျပီး ယင္းပလိပ္ေရာဂါကို အျပင္ေနရာေတြကို ပ်ံ႕မသြားေစရန္နဲ႔ ဆက္လက္ကူးစက္ျခင္းမရွိ ေအာင္ ရြာကိုအလံုပိတ္ျပီးေနထိုင္ဖို႔ဆံုးျဖတ္ခဲ့ၿပီး ရြာသူရြာသားအားလုံးကလည္း ဒီလုိလုပ္ဖုိ႔ လက္ခံခဲ့ၾကပါတယ္။

ရြာတြင္းကနာေရးျဖစ္တဲ့ အိမ္ေထာင္စုေတြအေနနဲ႔ မိမိ မိသားစုဝင္ကို အိမ္ဝန္းအတြင္းမွာပဲ ျမဳပ္နွံဖို႔ဆံုးျဖတ္ခဲ့ ပါတယ္။ ပလိပ္ေရာဂါၾကီးဟာ Eyam ေက်းရြာမွာ(၁၄)လေလာက္ျဖစ္သြားခဲ့ျပီး ရြာသားေတြဘက္ကလဲ တတ္နိုင္တဲ့နည္းနဲ႔ ႀကံ႕ႀကံ႕ခံခဲ့ၾကပါတယ္။ အနည္းဆံုးေတာ့ ဒီကပ္ေရာဂါဟာ အျခားေနရာေတြကို ကူးစက္ျခင္းမရွိေတာ့ပါဘူး။


Eyam ရြာသားေတြ ဘက္က ကပ္ေရာဂါၾကီးကိုေအာင္ျမင္စြာ တြန္းလွန္ျပီးေနာက္မွာေတာ့ ရြာလူဦးေရ (၃၅၀)ေက်ာ္ေလာက္ရွိတဲ့အနက္ အသက္ရွင္သူဟာ (၈၃)ေယာက္သာက်န္ခဲ့ျပီး (၂၇၃)ဦးဟာ ေသဆံုးခဲ့ရပါတယ္။ ဒီလုပ္ရပ္ဟာ အဂၤလန္တစ္နိုင္ငံလံုးပ်ံ႕နွံ႔သြားခဲ့ျပီး အနယ္နယ္အရပ္ ရပ္ကခ်ီးမြမ္းဂုဏ္ျပဳလက္ေဆာင္မ်ားစြာကို ေပးပို႔ခဲ့ၾကပါတယ္။ ေသဆံုးသူ (၂၇၃)ဦးရဲ့ နာမည္ေတြကိုလည္း Eyam ေက်းရြာ ခရစ္ယာန္ဘုရားေက်ာင္းမွာ ေက်ာက္စာေရးထိုးထားျပီး ဂုဏ္ျပဳမွတ္တမ္းတင္ခဲ့ရပါတယ္။

ယေန႔မွာဆိုရင္ Eyam ေက်းရြာဟာ Derbyshire Dales ခရိုင္အတြင္းက Peak District အမ်ိဳးသားဥယ်ာဥ္ရဲ့ အစိတ္အပိုင္းတစ္ခုအတြင္းမွာလည္းပါဝင္ေနပါတယ္။ (၂၀၁၁) ခုနွစ္က လူဦးေရစာရင္းအရေတာ့ eyam ေက်းရြာရဲ့လူဦးေရဟာ (၉၆၉)ေယာက္ရွိေနျပီး ေဒသခံေတြကေတာ့ ကမာၻလွည့္ခရီးသြားလုပ္ငန္းကို အဓိကထားလုပ္ကိုင္ၾကပါတယ္။ ဥေရာပမွာဆိုရင္ Plague Village လို႔လည္းနာမည္ေက်ာ္တဲ့ ဒီရြာေလးဟာ အဂၤလန္ရဲ႕ အျခားေသာသမိုင္းမွတ္တမ္းဆိုင္ရာ အခ်က္အျခာက်တဲ့ေနရာတစ္ခုအျဖစ္လည္း လူသိ မ်ားထင္ရွားပါတယ္။

Tags: amazingworld history

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!