ဆူးလေစေတီတော် ပျောက်မသွားအောင် ကာကွယ်ခဲ့တဲ့သူရဲကောင်း (သို့) ဦးချန်ထွန်း

Posted on

(Unicode)

ဦးချန်ထွန်း (၁၈၅၉-၁၈၉၄)

စစ်တွေမြို့မှ ရွှေစလွယ်ရသူဌေးကြီးဦးရဲကျော်သူဆိုလျှင် ရခိုင်သားများလောကတွင် မသိသူမရှိသလောက်ပင် ထင်ပေါ်ကျော်ဇောသည်။ သူ့သားဦးချန်ထွန်း အဖေခြေရာကိုနင်း၍ ထိုခေတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိုင်ငံများအထိပင် သူ့အရှိန်အဝါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေပါရဂူတစ်ဦးဖြစ်သည်။ ဦးရဲကျော်သူ၊ဒေါ်သံဒါဖြူတို့ မိဘနှစ်ပါးတွင် သားသမီး(၁၀)ဦးထွန်းကားခဲ့ရာ သားယောက်ျားများမှာ ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာတို့ဖြစ်ကြပြီး သမီးများမှာ ဒေါ်စံဝင်း၊ဒေါ်စံမြခိုင်၊ဒေါ်ရွှေခိုင်၊ဒေါ်ရှင်ထွီးမတို့ ဖြစ်ကြသည်။ ဦးချန်ထွန်းအပါအဝင် သား(၆)ယောက်စလုံးသည် ထိုခေတ်က အင်္ဂလန်ကျောင်းတွင် ကျောင်းနေခဲ့ကြ၍ စာတတ်ပေတတ်ပုဂ္ဂိုလ်များဖြစ်ကြသည်။

ညီအစ်ကိုလေးယောက်ဖြစ်သော ဦးချန်ထွန်းအပါအဝင် ဦးရွှေဘန်း၊ ဦးရွှေသာ၊ ဦးသာဇံတို့သည် ဘိလပ်မှ ဥပဒေဘွဲ့(Barrister at Law)ကို ရရှိခဲ့ကြသူများဖြစ်သည်။ ဦးချန်ထွန်းသည် ဥပဒေဘွဲ့နောက်ဆုံးနှစ်ဖြစ်သော ၁၈⁠၈၁ခုနှစ်တွင် ရောမဥပဒေဘာသာရပ်၊ဥပဒေအတတ်ပညာဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့၏ ရှေ့ဟောင်းထုံးတမ်းစဉ်လာဘာသာရပ်အားလုံးကို အမှတ်အများဆုံးဂုဏ်ထူးနှင့် အောင်မြင်၍ ဝိတိုရိယဘုရင်မကြီးကိုယ်တိုင် ဝိတိုရိယရွှေတံဆိပ်ဆုကိုချီးမြှင့်ခဲ့သည်။ ဘာသာရပ်တိုင်းတွင် ထူးချွန်ဆုရရှိခဲ့၍ ဘာသာရပ်တခုလျှင် ထိုခေတ်ကစတာလင်ပေါင် (၁၀၀)စီ ချီးမြင့်ခံခဲ့သူ ဖြစ်သည်။

ဦးချန်ထွန်းရရှိခဲ့သော ဂုဏ်ထူးဆောင်အမှတ်မျိုးကို ဒုတိယကမ္ဘာစစ်ဖြစ်သော အချိန်အထိ နောက်ထပ်ထိုဆုမျိုးရရှိသူလုံးဝမရှိကြောင်းသိရှိရသည်။ရန်ကုန်ပြန်လာ၍ ဝိတိုရိယဘုရင်မဆုကို ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့်မျက်နှာချင်းဆိုင်ဆုံမိသော လူတိုင်းသူ့ကို အလေးပြုရသည်။ စက်ဘီးစီးလာသူဖြစ်နေလျှင် စက်ဘီးမှဆင်းရပ်၍ အလေးပြုပြုရသည်ဟု ရှေ့နေဦးမောင်ကျော်ဇံဇနီး ဒေါ်ရီရီဇံ(အမှတ်-၂၈၊စမ်းချောင်း၊အောင်မင်္ဂလာလမ်း)တွင် ဦးချန်ထွန်း ဆောင်းပါးရေးရန် Interview သွားလုပ်စဉ်က ပြောပြလိုက်သည်ကို အမှတ်ရမိပါသည်။

ဝိတိုရိယဘုရင်မကြီးက သူပိုင်းစိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပညာတော်သောကလေးမျိုးရှိသည်ကို တအံတဩဖြစ်ခဲ့ရသည်ဟု သိရှိရသည်။တွေ့ချင်လွန်း၍ အခေါ်ခံရသောအခါ တောသားလေးက ရခိုင်ရိုးရာဝတ်စုံဖြစ်သည့် တောင်ရှည်ပုဆိုး၊ရင်ဖုံးအင်္ကျီဝတ်ဆင်၍ ရခိုင်ရိုးရာဖော့လုံးခေါင်းပေါင်းဝတ်ပြီး သွားရောက်ခဲ့သည်။ ဘုရင်မကြီးက လက်ဆွဲနှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကို ဧည့်ခံခဲ့သည်။ ဝိတိုရိယဘုရင်မကြီးဆုကို သူကိုယ်တိုင်ချီးမြှင့်ပြီး ဘုရင်မကြီးသားတော်နှင့် တော်ဝင်မြင်းရထားကိုစီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲ့သို့ အချိန်မရွေးသွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မကြီးက ပေးအပ်ခဲ့သည်။

ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် သူမိတ်ဆွေများအနက် ကမ္ဘာကျော်စာရေးဆရာကြီး အော်စကာဝိုင်း(Mr.Oscar Wild) တစ်ယောက်လည်း အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးဖြစ်ခဲ့သည်။ အော်စတာဝိုင်းနှင့် အတူသွားအနေများခဲ့၍ ဦးချန်ထွန်းက ရခိုင်လူမျိုး၊ရခိုင်ယဉ်ကျေးမှု၊ရခိုင်သမိုင်းများကို ပြောပြခဲ့ဟန် ရှိသည်။အော်စကာဝိုင်းသည် ရခိုင်သမိုင်းကြောင်းများကို စိတ်ဝင်စားလာ၍ ရခိုင်သမိုင်းနှင့်ပတ်သတ်သော စာအုပ်စာတမ်းများ၊ပေစာများကို စုဆောင်းရှာဖွေပေးရာ The King of Arakan(ရခိုင်မင်းတရားကြီး)ဆိုသော စာအုပ်ကို အင်္ဂလန်တွင် ထုတ်ဝေခဲ့သည်။ ဦးချန်ထွန်းလည်း အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်သည် အင်္ဂလန်တွင် အလွန်လူကြိုက်များ၍ တတိယအကြိမ်ပင် ထုတ်ဝေခဲ့သည်။

ဦးချန်ထွန်း ရန်ကုန်သို့ပြန်ရောက်လာသောအခါ Leading Cases in Burmese Law စာအုပ်နှင့် Burmese Buddhist law စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ်(၂)အုပ်သည် ယနေ့ထက်တိုင် မြန်မာတရားရေးရာဌာနတွင် လက်သုံး (Manual)အဖြစ် အသုံးပြုနေဆဲဟုသိရသည်။

Burmese Buddhist Law စာအုပ်သည် စာရေးသူ၏ဖခင်ဦးမောင်သာဇံ(စက်ရှင်တရားသူကြီး-ငြိမ်း) ဗဟိုတရားရုံးချုပ်ရှေ့နေက သူ၏စာကြည့်တိုက်တွင် တရိုတသေ သိမ်းဆည်းထားခဲ့ရာ ယခုယင်းစာအုပ်သည် စာရေးသူ၏ စာကြည်တိုက်တွင် ရှိနေပါသည်။ ယင်းစာအုပ်၏မျက်နှာဖုံးကို ယခု ဦးချန်ထွန်း၏ အတ္ထုပ္ပတ္တိဆောင်းပါးနှင့်အတူ ဖော်ပြထားပါသည်။ ၁၈၅၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများဆောက်လုပ်ခဲ့သည်။ထိုစဉ်က ယခု သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီလောက်ကြီးသော `ကျိုက်မြတ်သံချို`စေတီတစ်ဆူရှိခဲ့သည်ကို လမ်းနှင့်မလွတ်၍ ဖြိုဖျက်ပစ်ခဲ့သည်။

ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းများ အားလုံးနီးပါးကို အကွက်များချရာတွင် မလွတ်ဆိုပြီး လမ်းမတော်မြို့နယ် သရက်တောဥယျာဉ်အ တွင်း စုပေါင်း၍ရွှေ့ပြောင်းခဲ့သည်။(ယနေ့တိုင် သရက်တောကျောင်းဝင်းအတွင်း ထိုစဉ်က အမည်အတိုင်း ဘုန်းကြီးကျောင်းမြောက်များစွာ ရှိနေပါသေးသည်။ ဒုတိယအကြိမ် လမ်းများတိုးချဲရာတွင် လမ်းမလွတ်ဟုဆိုပြီး ဆူးလေဘရားကို ယခုနေရာမှ အခြားတနေရာသို့ ရွှေ့ပြောင်းရန်ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က ဗြိတိသျှ အရာရှိများတင်ပြချက်တွင် နောက်အနှစ် ၅၀-၁၀၀ အတွင်း ရန်ကုန်မြို့သည် ကမ္ဘာအဆင့်မှီ မြို့တော်ကြီးတမြို့ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျှက်ရှိသော မိုးထိအောင်မြင့်မားသည့် အဆောက်အအုံးများ အောက်ရောက်နေမည်ဖြစ်၍ မသင့်တော်ဟုအကြောင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများ စိတ်ကြိုက်သင့်တော်သည့်နေရာရွှေ့၍ ပုံတူဆောက်ပေးရန်အကြောင်းပြခဲ့သည်။

ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများအပါအဝင် မြန်မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူကြသည်။ ဦးချန်ထွန်းတယောက်သာ အကြီးအကျယ်ကန့်ကွက်ခဲ့သည်။ အင်္ဂလိပ်ခေတ်တွင် အထက်မှချက်မှတ်ထားသောအမိန့်တခုကိုလုပ်သင့်သည်ဖြစ်စေ မလုပ်သင့်သည်ဖြစ်စေ မပြောရဲသောခေတ်။ အလုပ်ပြုတ်မှာကြောက်သည်က တကြောင်းကြောင့် မည်သူမျှဦးချန်ထွန်းဘက်မှ မား⁠မားရပ်တည်၍ ပြောဝံ့သူမရှိပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း၊ဖျက်ခြင်း ပြုလုပ်ရိုးထုံးစဉ်မရှိဟုတင်ပြခဲ့သည်။ အလားတူ လန်ဒန်ကိုခေတ်မီမြို့တော်ဆောက်လုပ်စဉ်က Square Building အဝိုင်းကို ရှေ့ဟောင်းအဆောက်အအုံတစ်ခုအဖြစ်အနေဖြင့် ဘာကြောင့်ချန်ထားခဲ့သလဲဟု အရေးဆိုခဲ့သည်။

ဦးချန်ထွန်း၏ကန့်ကွက်ချက်များ လုံးဝအရာမရောက်ခဲ့၍ စနေဒေါင့်မှစ၍ ဆူးလေဘုရားကို ဖျက်ပါတော့သည်။ဦးချန်ထွန်းအာဂသတ္တိရှင်တစ်ဦးဖြစ်သည်။ လုပ်ရဲသည်။ လုပ်ရဲသောသတ္တိရှိသည်။ အလုပ်ပြုတ်ချင်ပြုတ်ပါစေ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကိုရွှေတံဆိပ်ဆုပေးထားသော ဝိတိုရိယဘုရင်မကိုချက်ချင်းသတိရလာခဲ့သည်။ ကြေးန်းရိုက်ပြီး စာတစ်စောင်ကိုလည်း ဘုရင်မကြီးထံ အကျိုးအကြောင်း ရေးသားပေးပို့လိုက်သည်။ ဦးချန်ထွန်၏ကျေးဇူး၊ ဝိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေစေတီကိုရန်ကုန်မြို့လည်တွင် တွေ့နေရခြင်းဖြစ်သည်။ ဦးချန်ထွန်းကျေးဇူးကား အလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မဟုတ်ပါ။ ဆူးလေစေတီကိုဖူးတွေ့ရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပေသည်။

ဒေါက်တာတင်အောင်နှင့် တရားလွတ်တော်တရားဝန်ကြီး မစ္စတာဒတ်(ခ်)တို့က အရှေ့တောင်အာရှနိုင်ငံများတွင် ဦးချန်ထွန်းလောက် ဥပဒေရေးရာကျွမ်းကျင်သူမပေါ်သေး။ အိန္ဒိယတိုက်တွင်အတော်ဆုံး(၃)ဦးကိုရွေးထုတ်၍ ပြောရလျှင် (၁)ဦးချန်ထွန်း(၂)ဦးမဲအောင်(၃)ဦးသိန်းမောင်တို့ ဖြစ်သည်ဟု သိရှိရသည်။

ဦးချန်ထွန်းသည် အင်္ဂလန်မှပြန်လာစဉ် အိုင်ယာလန်သူ Miss Cosgroves ကိုလက်ထပ်၍ခေါ်လာခဲ့သည်။ဦးချန်ထွန်းအား မြန်မာယဉ်ကျေးမှုရှုထောင့်မှကြည့်လျှင် အမှားတစ်ခုကိုပြု လုပ်ခဲ့သည်ဟု ဆို၍ရပါမည်။(ပြစ်မှုတစ်ခုကို ကျူးလွန်ခြင်းတော့မဟုတ်ပါ)ဦးချန်ထွန်း၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၍ စာရေးသူအနေနှင့်ဝေဖန်ပိုင်ခွင့်မရှိပါ။ သို့သော်`ငါမှားလေခြင်း`ဆိုသောနောင်တ တစ်ခုကိုတော့ သူ၏အသဲနှလုံးကြားထဲတွင် ရင်နောင့်အောင်သေသည်အထိ ခံစားသွားရသည်ဟု စာရေးသူ ကောက်ချက်ဆွဲယူပါသည်။ ထိုခေတ်ထိုအခါသည် ဗြိတိသျှအင်ပါယာကြီး နေမဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လျှက်ရှိသော အခြေအနေအချိန်အခါ။ သူတို့ သွေးနားထင်ရောက်နေသောအချိန်။ အာရှတိုက်သားများကို လူညံ့၊လူဖျင်း၊လူအဟု ယူဆပြီးမတူမတန်ဆက်ဆံနေသောအချိန်။လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ကို တန်ဖိုးထားရမှန်း မသိ၍ ဘုရားကျောင်းကန်များကို ဖိနပ်စီး၍ တက်ခဲ့ကြသည်။(Shoe`s Question)ပေါ်ပေါက်ခဲ့သည်။

ဦးချန်ထွန်းသည် သူ၏ရှုမငြီးချစ်ဇနီး အသားဖြူဖြူ ဘိုမလေး Miss Cosgroves ကို သူ၏မွေးရာဇာတိရပ်မိသားစုနေထိုင်သော စစ်တွေမြို့သို့ ခေါ်လာခဲ့ပါသည်။ မိသားစုအားလုံးက ကြမ်းမှာထိုင်ပြီး ဂါဝန်ဝတ်ထားသော ဘိုမကို ကုလားထိုင်နှင့် အပေါ်မှာထိုင်ခိုင်း ခဲ့ရသည်။ ရခိုင်များ စားပွဲအဝိုင်းတွင်ဝိုင်းထိုင်ပြီး ထမင်းများကို လက်နှင့်နယ်၍စားပြသည်။ ဘောင်းဘီမဝတ်ဘဲ စားပွဲခင်းအစ (လုံချည်ကိုဆိုလိုသည်)ကို ချုပ်၍ဝတ်သောလူမျိုး၊ ကွမ်းစားသောလူမျိုး၊ ဘိုကေမထားဘဲ ဆံပင်မဖြတ်သျှောင်ထုံးထားသည်။ ဆံပင်ကိုအဝတ်နှင့်ပတ်ထားသည်(ခေါင်းပေါင်းကိုဆိုလိုသည်) စသည်ဖြင့် အင်မတန်မှအထင်သေးအမြင်သေးနှင့် ဝေဖန်ခံခဲ့ရသည်ကို ဦးချန်းထွန်းအ လူးအလဲခံခဲ့ရသည်။ မိဘလက်ထက်မှ သူဘဝတလျှောက်လုံး အပွဲပွဲနိုင်လာခဲ့သမျှ ဇနီးသည် Miss Cosgroves နှင့်ကျမှ ဒူးထောက်အရှုံးပေးခဲ့ရသောစစ်သူကြီး။ ဦးချန်ထွန်းနှင့် Miss Cosgroves တို့၏ အိမ်ထောင်ရေးသည် မည်ရွေ့မည်မျှအထိ အဆင်ပြေမပြေဆိုသည့် အတိုင်းအတာဒီဂရီကို စာရေးသူမသိပါ။

ဦးချန်ထွန်းနှင့်ရခဲ့သော Miss Marie Chan Tun ကိုခေါ်ပြီး အင်္ဂလန်သို့ ပြန်သွားပါသည်။ သူသည် မြန်မာလူမျိုး ယဉ်ကျေးမှုကို အထင်သေးအမြင်သေးများစွာဖြင့် ရှုမြင်သုံးသပ်ပြီး နောက်ပိုင်း`The Marriage in Burma` ဟူသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါသည်။ မကြာသေးမီက ကမာရွတ်၊ လှည်းတန်းရှိ အတ္တိယလမ်းတွင် နေထိုင်သော ဦးချန်ထွန်း ညီ ဦးရွှေသာမြေး ဘဏ်မန်နေဂျာဦးရွှေဖြူနှင့် တွေ့ဆုံစဉ်မေးမြန်းကြည့်ရာ ထိုစာအုပ်ကလွန်ခဲ့သော(၃၀)ကျော်က ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ ငှားရမ်း၍ သူကိုယ်တိုင်ဖတ်ဖူးကြောင်း ပြောပြပါသည်။ စာရေးသူသည် Miss Cosgroves ရေးသားသောစာအုပ်ကို ပြန်လည်ချေပရေးသားရန် စာအုပ်ရေးသားသော အချိန်ထိ လမ်းသွားလမ်းလာအခွင့်ရတိုင်း လိုက်ရှာနေဆဲဖြစ်ပါသည်။ လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူလျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ မိမိဘဝအတွက် တစ်သက်တာအိမ်ထောင်ဖက် ရွေးချယ်သောအခါ အထူးသတိထားရန် အချက်တချက်ဖြစ်သည်ကို ဦးချန်ထွန်း၏ကိုယ်တွေ့တစ်သက်တာက သင်ခန်းစာယူစရာ ကျန်ရစ်ခဲ့ပါသည်။

ဦးမောင်ကျော်ဇံ(BA.BL) ရှေ့နေကြီး၏ဇနီးဒေါ်ရီရီဇံ ပြောပြချက်အရ Miss Cosgrovesသည် ဦးချန်ထွန်းနေသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လုံးဝပြန်မလာတော့ပါဟုသိရှိရပါသည်။ ဦးချန်ထွန်းလည်း နောက်အိမ်ထောင်မပြုခဲ့ပါ။ သူ၏ဇနီးနှင့် သူအလွန်ချစ်သောသမီးငယ် ပြန်မလာတော့ပြီ ဟုသိသောအခါ ဦးချန်ထွန်းတစ်ယောက် မည်သို့သောဝေဒနာမျိုးကို ခံစားရပါမည်နည်း။ မိမိဘဝတွင်ဟာလာဟင်းလင်းနှင့် မည်သူကိုမျှ ရင်ဖွင့်ပြောကြား၍မဖြစ်။ ပြောလည်းမပြောချင်။ သူများနှင့်လည်းမဆိုင်။ ဘယ်သူမပြုမိမိမှု။ ဦးချန်ထွန်းမှလွဲ၍ မည်သူမျှသိနိုင်မည်မဟုတ်ပါ။ နောက်ပိုင်းတွင်တစ်ယောက်တည်း ဦးတည်ရာမရှိ စိတ်သောကဖိစီးပြီး စက်ဘီးတစ်စီးနှင့် လျှောက်သွားနေခဲ့သည်။

ဝိတိုရိယဘုရင်မကြီးကိုယ်တိုင် နန်းတွင်းခေါ်၍လက်ဖက်ရည်ပွဲနှင့်ဧည်ခံပြီး ဝိတိုရိယရွှေတံဆိပ်ဘွဲ့ကိုပေးခဲ့သည်။ နန်းတွင်းတွင်အချိန်မရွေး ဝင်ထွက်ခွင့်အမိန့်ရသူတစ်ဦး။
ဒုတိယကမ္ဘာစစ်မဖြစ်မီအထိ အင်္ဂလန်နိုင်ငံ ဥပဒေဘာသာရပ်တွင်သူ့လို ဒီဂရီအမြင့်ဆုံးအမှတ်မျိုးမည်သူမျှမရရှိခဲ့။
သူရေးခဲ့သောဥပဒေစာအုပ်များသည် မြန်မာနိုင်ငံတရားရုံးချုပ်တွင် ယခုထိအသုံးပြုနေဆဲ ရည်ညွန်းကိုးကားနေဆဲဖြစ်သည်။
ဆူးလေဘုရားကိုမဖျက်ရန်အရေးဆိုခဲ့ရာတွင် နေမဝင်ဝိတိုရိယဘုရင်မကြီးထံ ကြေးနန်းနှင့်တစ်မျိုး၊စာရေး၍တစ်ဖုံ သတ္တိရှိရှိ ရဲရဲတောက်တင်ပြခဲ့သူ။

ဤမျှလောက်နိုင်ငံအတွက် အဖိုးတန်ရတနာသားကောင်းတစ်ဦးသည် အသဲကျွမ်းဝေဒနာ(ဝါ)စိတ်ထိခိုက်သောဝေဒနာဖြင့် အသက်(၃၅)နှစ်တွင်ကွယ်လွန်ခဲ့ရသည်။ ရေတိမ်နစ်ခဲ့ရသည်။ နိုင်ငံအတွက်ဆုံးရှုးမှု တစ်ရပ်အဖြစ် စာရေးသူဝမ်းနည်းစွာဖြင့် မှတ်တမ်းတင်ပါသည်။ တချို့သောရခိုင် အချို့က မိမိကိုယ်ကိုသတ်သေသွားသည်ဟုပြောကြသည်။ ဟုတ်မဟုတ်တော့ စာရေးသူအတိအကျ စုံစမ်း၍မရပါ။ ဒေါ်ရီရီဇံကိုမေးကြည့်သောအခါ `မဟုတ်ပါဘူး`ဟုဆိုသည်။ ဦးချန်ထွန်း၏ဖခင် သူဌေးကြီး ဦးရဲကျော်သူသည် ကွယ်လွန်ခါနီးတွင် သားသမီး(၁၀)ယောက်ကိုတစ်ယောက်လျှင် ရူပီး(၁၀)သိန်းကျစီအမွေပေးခဲ့ရာ ဦးချန်ထွန်း၏သမီး Miss Marie Chan Tun သည် စစ်တွေမြို့သို့လာ၍ အဘိုးပေးသော ရူပီ(၁၀)သိန်းကိုလာယူပြီး အင်္ဂလန် သို့ပြန်သွားပါသည်။

Miss Cosgrove နှင့်ပတ်သတ်ပြီး ဝီကီထဲတွင် မစ္စစ်ကော့ကရု့ဗ်သည် မြန်မာနိုင်ငံမှ ဘုရင်တစ်ပါး၏ တူတော်စပ်သူ မင်းသား ချန်ထွန်းနှင့် လက်ထပ်ခဲ့သည်ဟု ဖေါ်ပြထားပါသည်။ ဦးချန်ထွန်းမှာ ဘိုးတော်ဘုရားလက်ထက် ၁၇၈၄ တွင် ထီးနန်းဆုံးရှုံးခဲ့ရသော ရခိုင်ဘုရင် မဟာသမ္မတရာဇာ၏ အဆက်အနွယ်ဟု ယူဆပုံရပါသည်။

ကိုးကား
အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂၀⁠၀၇-ခု၊ ဩဂုတ်လ)
မြန်မာ့စွယ်စုံကျမ်း

(Zawgyi)

ဆူးေလေစတီေတာ္ ေပ်ာက္မသြားေအာင္ ကာကြယ္ခဲ့တဲ့သူရဲေကာင္း (သို႔) ဦးခ်န္ထြန္း

ဦးခ်န္ထြန္း (၁၈၅၉-၁၈၉၄)

စစ္ေတြၿမိဳ႕မွ ေ႐ႊစလြယ္ရသူေဌးႀကီးဦးရဲေက်ာ္သူဆိုလွ်င္ ရခိုင္သားမ်ားေလာကတြင္ မသိသူမရွိသေလာက္ပင္ ထင္ေပၚေက်ာ္ေဇာသည္။ သူ႔သားဦးခ်န္ထြန္း အေဖေျခရာကိုနင္း၍ ထိုေခတ္ထိုခ်ိန္က ျမန္မာႏိုင္ငံမက ဥေရာပႏိုင္ငံမ်ားအထိပင္ သူ႔အရွိန္အဝါ လႊမ္းမိုးခဲ့ေသာ နာမည္ႀကီး ဥပေဒပါရဂူတစ္ဦးျဖစ္သည္။ ဦးရဲေက်ာ္သူ၊ေဒၚသံဒါျဖဴတို႔ မိဘႏွစ္ပါးတြင္ သားသမီး(၁၀)ဦးထြန္းကားခဲ့ရာ သားေယာက္်ားမ်ားမွာ ဦးေက်ာ္ဦး၊ ဦးခ်န္ထြန္း၊ ဦးစံေက်ာ္၊ ဦးေ႐ႊဘန္း၊ ဦးသာဇံ၊ ဦးေ႐ႊသာတို႔ျဖစ္ၾကၿပီး သမီးမ်ားမွာ ေဒၚစံဝင္း၊ေဒၚစံျမခိုင္၊ေဒၚေ႐ႊခိုင္၊ေဒၚရွင္ထြီးမတို႔ ျဖစ္ၾကသည္။ ဦးခ်န္ထြန္းအပါအဝင္ သား(၆)ေယာက္စလုံးသည္ ထိုေခတ္က အဂၤလန္ေက်ာင္းတြင္ ေက်ာင္းေနခဲ့ၾက၍ စာတတ္ေပတတ္ပုဂၢိဳလ္မ်ားျဖစ္ၾကသည္။

ညီအစ္ကိုေလးေယာက္ျဖစ္ေသာ ဦးခ်န္ထြန္းအပါအဝင္ ဦးေ႐ႊဘန္း၊ ဦးေ႐ႊသာ၊ ဦးသာဇံတို႔သည္ ဘိလပ္မွ ဥပေဒဘြဲ႕(Barrister at Law)ကို ရရွိခဲ့ၾကသူမ်ားျဖစ္သည္။ ဦးခ်န္ထြန္းသည္ ဥပေဒဘြဲ႕ေနာက္ဆုံးႏွစ္ျဖစ္ေသာ ၁၈⁠၈၁ခုႏွစ္တြင္ ေရာမဥပေဒဘာသာရပ္၊ဥပေဒအတတ္ပညာဘာသာရပ္၊ အဂၤလိပ္လူမ်ိဳးတို႔၏ ေရွ႕ေဟာင္းထုံးတမ္းစဥ္လာဘာသာရပ္အားလုံးကို အမွတ္အမ်ားဆုံးဂုဏ္ထူးႏွင့္ ေအာင္ျမင္၍ ဝိတိုရိယဘုရင္မႀကီးကိုယ္တိုင္ ဝိတိုရိယေ႐ႊတံဆိပ္ဆုကိုခ်ီးျမႇင့္ခဲ့သည္။ ဘာသာရပ္တိုင္းတြင္ ထူးခြၽန္ဆုရရွိခဲ့၍ ဘာသာရပ္တခုလွ်င္ ထိုေခတ္ကစတာလင္ေပါင္ (၁၀၀)စီ ခ်ီးျမင့္ခံခဲ့သူ ျဖစ္သည္။

ဦးခ်န္ထြန္းရရွိခဲ့ေသာ ဂုဏ္ထူးေဆာင္အမွတ္မ်ိဳးကို ဒုတိယကမာၻစစ္ျဖစ္ေသာ အခ်ိန္အထိ ေနာက္ထပ္ထိုဆုမ်ိဳးရရွိသူလုံးဝမရွိေၾကာင္းသိရွိရသည္။ရန္ကုန္ျပန္လာ၍ ဝိတိုရိယဘုရင္မဆုကို ဆြဲ၍သြားလွ်င္ ဦးခ်န္ထြန္းႏွင့္မ်က္ႏွာခ်င္းဆိုင္ဆုံမိေသာ လူတိုင္းသူ႔ကို အေလးျပဳရသည္။ စက္ဘီးစီးလာသူျဖစ္ေနလွ်င္ စက္ဘီးမွဆင္းရပ္၍ အေလးျပဳျပဳရသည္ဟု ေရွ႕ေနဦးေမာင္ေက်ာ္ဇံဇနီး ေဒၚရီရီဇံ(အမွတ္-၂၈၊စမ္းေခ်ာင္း၊ေအာင္မဂၤလာလမ္း)တြင္ ဦးခ်န္ထြန္း ေဆာင္းပါးေရးရန္ Interview သြားလုပ္စဥ္က ေျပာျပလိုက္သည္ကို အမွတ္ရမိပါသည္။

ဝိတိုရိယဘုရင္မႀကီးက သူပိုင္းစိုးေသာ ကိုလိုနီႏိုင္ငံမ်ားထဲမွ ဤမွ်ေလာက္ ပညာေတာ္ေသာကေလးမ်ိဳးရွိသည္ကို တအံတဩျဖစ္ခဲ့ရသည္ဟု သိရွိရသည္။ေတြ႕ခ်င္လြန္း၍ အေခၚခံရေသာအခါ ေတာသားေလးက ရခိုင္႐ိုးရာဝတ္စုံျဖစ္သည့္ ေတာင္ရွည္ပုဆိုး၊ရင္ဖုံးအက်ႌဝတ္ဆင္၍ ရခိုင္႐ိုးရာေဖာ့လုံးေခါင္းေပါင္းဝတ္ၿပီး သြားေရာက္ခဲ့သည္။ ဘုရင္မႀကီးက လက္ဆြဲႏႈတ္ဆက္ၿပီး လက္ဖက္ရည္ပြဲႏွင့္ ေမာင္ခ်န္ထြန္းကို ဧည့္ခံခဲ့သည္။ ဝိတိုရိယဘုရင္မႀကီးဆုကို သူကိုယ္တိုင္ခ်ီးျမႇင့္ၿပီး ဘုရင္မႀကီးသားေတာ္ႏွင့္ ေတာ္ဝင္ျမင္းရထားကိုစီးခြင့္ရေသာ ဆုလည္းပါဝင္သည့္အျပင္ နန္းေတာ္ထဲ့သို႔ အခ်ိန္မေ႐ြးသြားလာႏိုင္ခြင့္ အခြင့္အေရးကိုပင္ ဘုရင္မႀကီးက ေပးအပ္ခဲ့သည္။

ဦးခ်န္ထြန္းသည္ အဂၤလန္တြင္ေနစဥ္ သူမိတ္ေဆြမ်ားအနက္ ကမာၻေက်ာ္စာေရးဆရာႀကီး ေအာ္စကာဝိုင္း(Mr.Oscar Wild) တစ္ေယာက္လည္း အလြန္ရင္းႏွီးေသာ မိတ္ေဆြတစ္ဦးျဖစ္ခဲ့သည္။ ေအာ္စတာဝိုင္းႏွင့္ အတူသြားအေနမ်ားခဲ့၍ ဦးခ်န္ထြန္းက ရခိုင္လူမ်ိဳး၊ရခိုင္ယဥ္ေက်းမႈ၊ရခိုင္သမိုင္းမ်ားကို ေျပာျပခဲ့ဟန္ ရွိသည္။ေအာ္စကာဝိုင္းသည္ ရခိုင္သမိုင္းေၾကာင္းမ်ားကို စိတ္ဝင္စားလာ၍ ရခိုင္သမိုင္းႏွင့္ပတ္သတ္ေသာ စာအုပ္စာတမ္းမ်ား၊ေပစာမ်ားကို စုေဆာင္းရွာေဖြေပးရာ The King of Arakan(ရခိုင္မင္းတရားႀကီး)ဆိုေသာ စာအုပ္ကို အဂၤလန္တြင္ ထုတ္ေဝခဲ့သည္။ ဦးခ်န္ထြန္းလည္း အဂၤလန္တြင္ေနစဥ္ The Nature and Value of Jurisprudence စာအုပ္ကို Messrs Sweet And Maswell စာအုပ္တိုက္မွ ထုတ္ေဝခဲ့သည္။ ယင္းစာအုပ္သည္ အဂၤလန္တြင္ အလြန္လူႀကိဳက္မ်ား၍ တတိယအႀကိမ္ပင္ ထုတ္ေဝခဲ့သည္။

ဦးခ်န္ထြန္း ရန္ကုန္သို႔ျပန္ေရာက္လာေသာအခါ Leading Cases in Burmese Law စာအုပ္ႏွင့္ Burmese Buddhist law စာအုပ္ႏွစ္အုပ္ကို ေရးသားခဲ့သည္။ ယင္းစာအုပ္(၂)အုပ္သည္ ယေန႔ထက္တိုင္ ျမန္မာတရားေရးရာဌာနတြင္ လက္သုံး (Manual)အျဖစ္ အသုံးျပဳေနဆဲဟုသိရသည္။

Burmese Buddhist Law စာအုပ္သည္ စာေရးသူ၏ဖခင္ဦးေမာင္သာဇံ(စက္ရွင္တရားသူႀကီး-ၿငိမ္း) ဗဟိုတရား႐ုံးခ်ဳပ္ေရွ႕ေနက သူ၏စာၾကည့္တိုက္တြင္ တ႐ိုတေသ သိမ္းဆည္းထားခဲ့ရာ ယခုယင္းစာအုပ္သည္ စာေရးသူ၏ စာၾကည္တိုက္တြင္ ရွိေနပါသည္။ ယင္းစာအုပ္၏မ်က္ႏွာဖုံးကို ယခု ဦးခ်န္ထြန္း၏ အတၳဳပၸတၱိေဆာင္းပါးႏွင့္အတူ ေဖာ္ျပထားပါသည္။ ၁၈၅၄ ခုႏွစ္တြင္ ၿဗိတိသွ်အစိုးရသည္ စီမံကိန္းခ်၍ ရန္ကုန္ၿမိဳ႕ကို ေခတ္မီၿမိဳ႕ေတာ္ျပဳလုပ္ခဲ့ရာ အကြက္႐ိုက္ၿပီး အိမ္ရာတိုက္တာမ်ားေဆာက္လုပ္ခဲ့သည္။ထိုစဥ္က ယခု သိမ္ႀကီးေဈး ေနရာတြင္ ဆူးေလေစတီေလာက္ႀကီးေသာ `က်ိဳက္ျမတ္သံခ်ိဳ`ေစတီတစ္ဆူရွိခဲ့သည္ကို လမ္းႏွင့္မလြတ္၍ ၿဖိဳဖ်က္ပစ္ခဲ့သည္။

ရန္ကုန္ၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းမ်ား အားလုံးနီးပါးကို အကြက္မ်ားခ်ရာတြင္ မလြတ္ဆိုၿပီး လမ္းမေတာ္ၿမိဳ႕နယ္ သရက္ေတာဥယ်ာဥ္အ တြင္း စုေပါင္း၍ေ႐ႊ႕ေျပာင္းခဲ့သည္။(ယေန႔တိုင္ သရက္ေတာေက်ာင္းဝင္းအတြင္း ထိုစဥ္က အမည္အတိုင္း ဘုန္းႀကီးေက်ာင္းေျမာက္မ်ားစြာ ရွိေနပါေသးသည္။ ဒုတိယအႀကိမ္ လမ္းမ်ားတိုးခ်ဲရာတြင္ လမ္းမလြတ္ဟုဆိုၿပီး ဆူးေလဘရားကို ယခုေနရာမွ အျခားတေနရာသို႔ ေ႐ႊ႕ေျပာင္းရန္ေဆြးေႏြးခဲ့ၾကသည္။ ထိုစဥ္က ၿဗိတိသွ် အရာရွိမ်ားတင္ျပခ်က္တြင္ ေနာက္အႏွစ္ ၅၀-၁၀၀ အတြင္း ရန္ကုန္ၿမိဳ႕သည္ ကမာၻအဆင့္မွီ ၿမိဳ႕ေတာ္ႀကီးတၿမိဳ႕ျဖစ္လာမည္ျဖစ္ရာ ပတ္ခ်ာလည္ဝိုင္းရံလွ်က္ရွိေသာ မိုးထိေအာင္ျမင့္မားသည့္ အေဆာက္အအုံးမ်ား ေအာက္ေရာက္ေနမည္ျဖစ္၍ မသင့္ေတာ္ဟုအေၾကာင္းျပခဲ့ပါသည္။ ျမန္မာလူမ်ိဳးမ်ား စိတ္ႀကိဳက္သင့္ေတာ္သည့္ေနရာေ႐ႊ႕၍ ပုံတူေဆာက္ေပးရန္အေၾကာင္းျပခဲ့သည္။

ယင္းကိစၥကို အဂၤလိပ္အရာရွိမ်ားအပါအဝင္ ျမန္မာအရာရွိမ်ားက ကန႔္ကြက္သူမရွိ သေဘာတူၾကသည္။ ဦးခ်န္ထြန္းတေယာက္သာ အႀကီးအက်ယ္ကန႔္ကြက္ခဲ့သည္။ အဂၤလိပ္ေခတ္တြင္ အထက္မွခ်က္မွတ္ထားေသာအမိန႔္တခုကိုလုပ္သင့္သည္ျဖစ္ေစ မလုပ္သင့္သည္ျဖစ္ေစ မေျပာရဲေသာေခတ္။ အလုပ္ျပဳတ္မွာေၾကာက္သည္က တေၾကာင္းေၾကာင့္ မည္သူမွ်ဦးခ်န္ထြန္းဘက္မွ မား⁠မားရပ္တည္၍ ေျပာဝံ့သူမရွိပါ။ ျမန္မာလူမ်ိဳးမ်ား၏ ထုံးတမ္းစဥ္လာတြင္ ဘုရားတည္ၿပီးလွ်င္ ေ႐ႊ႕ေျပာင္းျခင္း၊ဖ်က္ျခင္း ျပဳလုပ္႐ိုးထုံးစဥ္မရွိဟုတင္ျပခဲ့သည္။ အလားတူ လန္ဒန္ကိုေခတ္မီၿမိဳ႕ေတာ္ေဆာက္လုပ္စဥ္က Square Building အဝိုင္းကို ေရွ႕ေဟာင္းအေဆာက္အအုံတစ္ခုအျဖစ္အေနျဖင့္ ဘာေၾကာင့္ခ်န္ထားခဲ့သလဲဟု အေရးဆိုခဲ့သည္။

ဦးခ်န္ထြန္း၏ကန႔္ကြက္ခ်က္မ်ား လုံးဝအရာမေရာက္ခဲ့၍ စေနေဒါင့္မွစ၍ ဆူးေလဘုရားကို ဖ်က္ပါေတာ့သည္။ဦးခ်န္ထြန္းအာဂသတၱိရွင္တစ္ဦးျဖစ္သည္။ လုပ္ရဲသည္။ လုပ္ရဲေသာသတၱိရွိသည္။ အလုပ္ျပဳတ္ခ်င္ျပဳတ္ပါေစ လုံးဝေနာက္မဆုတ္ခဲ့ပါ။ သူ႔ကိုေ႐ႊတံဆိပ္ဆုေပးထားေသာ ဝိတိုရိယဘုရင္မကိုခ်က္ခ်င္းသတိရလာခဲ့သည္။ ေၾကးန္း႐ိုက္ၿပီး စာတစ္ေစာင္ကိုလည္း ဘုရင္မႀကီးထံ အက်ိဳးအေၾကာင္း ေရးသားေပးပို႔လိုက္သည္။ ဦးခ်န္ထြန္၏ေက်းဇူး၊ ဝိတိုရိယဘုရင္မႀကီး၏ အမိန႔္ေၾကာင့္ ယေန႔ျမန္မာလူမ်ိဳးတို႔ ဆူးေလေစတီကိုရန္ကုန္ၿမိဳ႕လည္တြင္ ေတြ႕ေနရျခင္းျဖစ္သည္။ ဦးခ်န္ထြန္းေက်းဇူးကား အလြန္ႀကီးမားပါသည္။ ဆပ္၍ကုန္ႏိုင္မည္ မဟုတ္ပါ။ ဆူးေလေစတီကိုဖူးေတြ႕ရတိုင္း ဦးခ်န္ထြန္းကို သတိရသင့္ေပသည္။

ေဒါက္တာတင္ေအာင္ႏွင့္ တရားလြတ္ေတာ္တရားဝန္ႀကီး မစၥတာဒတ္(ခ္)တို႔က အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ဦးခ်န္ထြန္းေလာက္ ဥပေဒေရးရာကြၽမ္းက်င္သူမေပၚေသး။ အိႏၵိယတိုက္တြင္အေတာ္ဆုံး(၃)ဦးကိုေ႐ြးထုတ္၍ ေျပာရလွ်င္ (၁)ဦးခ်န္ထြန္း(၂)ဦးမဲေအာင္(၃)ဦးသိန္းေမာင္တို႔ ျဖစ္သည္ဟု သိရွိရသည္။

ဦးခ်န္ထြန္းသည္ အဂၤလန္မွျပန္လာစဥ္ အိုင္ယာလန္သူ Miss Cosgroves ကိုလက္ထပ္၍ေခၚလာခဲ့သည္။ဦးခ်န္ထြန္းအား ျမန္မာယဥ္ေက်းမႈရႈေထာင့္မွၾကည့္လွ်င္ အမွားတစ္ခုကိုျပဳ လုပ္ခဲ့သည္ဟု ဆို၍ရပါမည္။(ျပစ္မႈတစ္ခုကို က်ဴးလြန္ျခင္းေတာ့မဟုတ္ပါ)ဦးခ်န္ထြန္း၏ ကိုယ္ေရးကိုယ္တာကိစၥျဖစ္၍ စာေရးသူအေနႏွင့္ေဝဖန္ပိုင္ခြင့္မရွိပါ။ သို႔ေသာ္`ငါမွားေလျခင္း`ဆိုေသာေနာင္တ တစ္ခုကိုေတာ့ သူ၏အသဲႏွလုံးၾကားထဲတြင္ ရင္ေနာင့္ေအာင္ေသသည္အထိ ခံစားသြားရသည္ဟု စာေရးသူ ေကာက္ခ်က္ဆြဲယူပါသည္။ ထိုေခတ္ထိုအခါသည္ ၿဗိတိသွ်အင္ပါယာႀကီး ေနမဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္လွ်က္ရွိေသာ အေျခအေနအခ်ိန္အခါ။ သူတို႔ ေသြးနားထင္ေရာက္ေနေသာအခ်ိန္။ အာရွတိုက္သားမ်ားကို လူညံ့၊လူဖ်င္း၊လူအဟု ယူဆၿပီးမတူမတန္ဆက္ဆံေနေသာအခ်ိန္။လူမ်ိဳးတစ္မ်ိဳး၏ ယဥ္ေက်းမႈ ကို တန္ဖိုးထားရမွန္း မသိ၍ ဘုရားေက်ာင္းကန္မ်ားကို ဖိနပ္စီး၍ တက္ခဲ့ၾကသည္။(Shoe`s Question)ေပၚေပါက္ခဲ့သည္။

ဦးခ်န္ထြန္းသည္ သူ၏ရႈမၿငီးခ်စ္ဇနီး အသားျဖဴျဖဴ ဘိုမေလး Miss Cosgroves ကို သူ၏ေမြးရာဇာတိရပ္မိသားစုေနထိုင္ေသာ စစ္ေတြၿမိဳ႕သို႔ ေခၚလာခဲ့ပါသည္။ မိသားစုအားလုံးက ၾကမ္းမွာထိုင္ၿပီး ဂါဝန္ဝတ္ထားေသာ ဘိုမကို ကုလားထိုင္ႏွင့္ အေပၚမွာထိုင္ခိုင္း ခဲ့ရသည္။ ရခိုင္မ်ား စားပြဲအဝိုင္းတြင္ဝိုင္းထိုင္ၿပီး ထမင္းမ်ားကို လက္ႏွင့္နယ္၍စားျပသည္။ ေဘာင္းဘီမဝတ္ဘဲ စားပြဲခင္းအစ (လုံခ်ည္ကိုဆိုလိုသည္)ကို ခ်ဳပ္၍ဝတ္ေသာလူမ်ိဳး၊ ကြမ္းစားေသာလူမ်ိဳး၊ ဘိုေကမထားဘဲ ဆံပင္မျဖတ္ေသွ်ာင္ထုံးထားသည္။ ဆံပင္ကိုအဝတ္ႏွင့္ပတ္ထားသည္(ေခါင္းေပါင္းကိုဆိုလိုသည္) စသည္ျဖင့္ အင္မတန္မွအထင္ေသးအျမင္ေသးႏွင့္ ေဝဖန္ခံခဲ့ရသည္ကို ဦးခ်န္းထြန္းအ လူးအလဲခံခဲ့ရသည္။ မိဘလက္ထက္မွ သူဘဝတေလွ်ာက္လုံး အပြဲပြဲႏိုင္လာခဲ့သမွ် ဇနီးသည္ Miss Cosgroves ႏွင့္က်မွ ဒူးေထာက္အရႈံးေပးခဲ့ရေသာစစ္သူႀကီး။ ဦးခ်န္ထြန္းႏွင့္ Miss Cosgroves တို႔၏ အိမ္ေထာင္ေရးသည္ မည္ေ႐ြ႕မည္မွ်အထိ အဆင္ေျပမေျပဆိုသည့္ အတိုင္းအတာဒီဂရီကို စာေရးသူမသိပါ။

ဦးခ်န္ထြန္းႏွင့္ရခဲ့ေသာ Miss Marie Chan Tun ကိုေခၚၿပီး အဂၤလန္သို႔ ျပန္သြားပါသည္။ သူသည္ ျမန္မာလူမ်ိဳး ယဥ္ေက်းမႈကို အထင္ေသးအျမင္ေသးမ်ားစြာျဖင့္ ရႈျမင္သုံးသပ္ၿပီး ေနာက္ပိုင္း`The Marriage in Burma` ဟူေသာ စာအုပ္တစ္အုပ္ကို ေရးသားခဲ့ပါသည္။ မၾကာေသးမီက ကမာ႐ြတ္၊ လွည္းတန္းရွိ အတၱိယလမ္းတြင္ ေနထိုင္ေသာ ဦးခ်န္ထြန္း ညီ ဦးေ႐ႊသာေျမး ဘဏ္မန္ေနဂ်ာဦးေ႐ႊျဖဴႏွင့္ ေတြ႕ဆုံစဥ္ေမးျမန္းၾကည့္ရာ ထိုစာအုပ္ကလြန္ခဲ့ေသာ(၃၀)ေက်ာ္က ရန္ကုန္တကၠသိုလ္စာၾကည့္တိုက္မွ ငွားရမ္း၍ သူကိုယ္တိုင္ဖတ္ဖူးေၾကာင္း ေျပာျပပါသည္။ စာေရးသူသည္ Miss Cosgroves ေရးသားေသာစာအုပ္ကို ျပန္လည္ေခ်ပေရးသားရန္ စာအုပ္ေရးသားေသာ အခ်ိန္ထိ လမ္းသြားလမ္းလာအခြင့္ရတိုင္း လိုက္ရွာေနဆဲျဖစ္ပါသည္။ လူမ်ိဳးမတူ၊ ဘာသာမတူ၊ ယဥ္ေက်းမႈမတူလွ်င္ ေယာက္်ားျဖစ္ေစ၊ မိန္းမျဖစ္ေစ မိမိဘဝအတြက္ တစ္သက္တာအိမ္ေထာင္ဖက္ ေ႐ြးခ်ယ္ေသာအခါ အထူးသတိထားရန္ အခ်က္တခ်က္ျဖစ္သည္ကို ဦးခ်န္ထြန္း၏ကိုယ္ေတြ႕တစ္သက္တာက သင္ခန္းစာယူစရာ က်န္ရစ္ခဲ့ပါသည္။

ဦးေမာင္ေက်ာ္ဇံ(BA.BL) ေရွ႕ေနႀကီး၏ဇနီးေဒၚရီရီဇံ ေျပာျပခ်က္အရ Miss Cosgrovesသည္ ဦးခ်န္ထြန္းေနေသာ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕သို႔ လုံးဝျပန္မလာေတာ့ပါဟုသိရွိရပါသည္။ ဦးခ်န္ထြန္းလည္း ေနာက္အိမ္ေထာင္မျပဳခဲ့ပါ။ သူ၏ဇနီးႏွင့္ သူအလြန္ခ်စ္ေသာသမီးငယ္ ျပန္မလာေတာ့ၿပီ ဟုသိေသာအခါ ဦးခ်န္ထြန္းတစ္ေယာက္ မည္သို႔ေသာေဝဒနာမ်ိဳးကို ခံစားရပါမည္နည္း။ မိမိဘဝတြင္ဟာလာဟင္းလင္းႏွင့္ မည္သူကိုမွ် ရင္ဖြင့္ေျပာၾကား၍မျဖစ္။ ေျပာလည္းမေျပာခ်င္။ သူမ်ားႏွင့္လည္းမဆိုင္။ ဘယ္သူမျပဳမိမိမႈ။ ဦးခ်န္ထြန္းမွလြဲ၍ မည္သူမွ်သိႏိုင္မည္မဟုတ္ပါ။ ေနာက္ပိုင္းတြင္တစ္ေယာက္တည္း ဦးတည္ရာမရွိ စိတ္ေသာကဖိစီးၿပီး စက္ဘီးတစ္စီးႏွင့္ ေလွ်ာက္သြားေနခဲ့သည္။

ဝိတိုရိယဘုရင္မႀကီးကိုယ္တိုင္ နန္းတြင္းေခၚ၍လက္ဖက္ရည္ပြဲႏွင့္ဧည္ခံၿပီး ဝိတိုရိယေ႐ႊတံဆိပ္ဘြဲ႕ကိုေပးခဲ့သည္။ နန္းတြင္းတြင္အခ်ိန္မေ႐ြး ဝင္ထြက္ခြင့္အမိန႔္ရသူတစ္ဦး။
ဒုတိယကမာၻစစ္မျဖစ္မီအထိ အဂၤလန္ႏိုင္ငံ ဥပေဒဘာသာရပ္တြင္သူ႔လို ဒီဂရီအျမင့္ဆုံးအမွတ္မ်ိဳးမည္သူမွ်မရရွိခဲ့။
သူေရးခဲ့ေသာဥပေဒစာအုပ္မ်ားသည္ ျမန္မာႏိုင္ငံတရား႐ုံးခ်ဳပ္တြင္ ယခုထိအသုံးျပဳေနဆဲ ရည္ၫြန္းကိုးကားေနဆဲျဖစ္သည္။
ဆူးေလဘုရားကိုမဖ်က္ရန္အေရးဆိုခဲ့ရာတြင္ ေနမဝင္ဝိတိုရိယဘုရင္မႀကီးထံ ေၾကးနန္းႏွင့္တစ္မ်ိဳး၊စာေရး၍တစ္ဖုံ သတၱိရွိရွိ ရဲရဲေတာက္တင္ျပခဲ့သူ။

ဤမွ်ေလာက္ႏိုင္ငံအတြက္ အဖိုးတန္ရတနာသားေကာင္းတစ္ဦးသည္ အသဲကြၽမ္းေဝဒနာ(ဝါ)စိတ္ထိခိုက္ေသာေဝဒနာျဖင့္ အသက္(၃၅)ႏွစ္တြင္ကြယ္လြန္ခဲ့ရသည္။ ေရတိမ္နစ္ခဲ့ရသည္။ ႏိုင္ငံအတြက္ဆုံးရႈးမႈ တစ္ရပ္အျဖစ္ စာေရးသူဝမ္းနည္းစြာျဖင့္ မွတ္တမ္းတင္ပါသည္။ တခ်ိဳ႕ေသာရခိုင္ အခ်ိဳ႕က မိမိကိုယ္ကိုသတ္ေသသြားသည္ဟုေျပာၾကသည္။ ဟုတ္မဟုတ္ေတာ့ စာေရးသူအတိအက် စုံစမ္း၍မရပါ။ ေဒၚရီရီဇံကိုေမးၾကည့္ေသာအခါ `မဟုတ္ပါဘူး`ဟုဆိုသည္။ ဦးခ်န္ထြန္း၏ဖခင္ သူေဌးႀကီး ဦးရဲေက်ာ္သူသည္ ကြယ္လြန္ခါနီးတြင္ သားသမီး(၁၀)ေယာက္ကိုတစ္ေယာက္လွ်င္ ႐ူပီး(၁၀)သိန္းက်စီအေမြေပးခဲ့ရာ ဦးခ်န္ထြန္း၏သမီး Miss Marie Chan Tun သည္ စစ္ေတြၿမိဳ႕သို႔လာ၍ အဘိုးေပးေသာ ႐ူပီ(၁၀)သိန္းကိုလာယူၿပီး အဂၤလန္ သို႔ျပန္သြားပါသည္။

Miss Cosgrove ႏွင့္ပတ္သတ္ၿပီး ဝီကီထဲတြင္ မစၥစ္ေကာ့က႐ု႕ဗ္သည္ ျမန္မာႏိုင္ငံမွ ဘုရင္တစ္ပါး၏ တူေတာ္စပ္သူ မင္းသား ခ်န္ထြန္းႏွင့္ လက္ထပ္ခဲ့သည္ဟု ေဖၚျပထားပါသည္။ ဦးခ်န္ထြန္းမွာ ဘိုးေတာ္ဘုရားလက္ထက္ ၁၇၈၄ တြင္ ထီးနန္းဆုံးရႈံးခဲ့ရေသာ ရခိုင္ဘုရင္ မဟာသမၼတရာဇာ၏ အဆက္အႏြယ္ဟု ယူဆပုံရပါသည္။

ကိုးကား
ေအးသိန္း၏ ႏိုင္ငံအက်ိဳးျပဳ အဖိုးတန္ရတနာမ်ား (၂၀⁠၀၇-ခု၊ ဩဂုတ္လ)
ျမန္မာ့စြယ္စုံက်မ္း