အက်ဒီဆင်ရဲ့သူရဲကောင်း

Posted on

အက်ဒီဆင်ငယ်ငယ်တုန်းကပေါ့။ တစ်နေ့ သောမတ်အဲဒီဆင် ဟာ ခေါက်ထားတဲ့ စာရွက် တစ်ရွက် ကို ကိုင်ပြီး အိမ်ကိုပြန်လာတယ်။ သူ့အမေကိုတွေ့တော့ အမေဆရာက အမေ့ကိုဒီစာပေးခိုင်းလိုက်တယ် ဆိုပြီး ပေးလိုက်တယ်။

သူ့အမေက စာရွက်ကို ဖြန့်ပြီး အက်ဒီဆင်ကြားအောင် ကျယ်ကျယ်လေး ဖတ်ပြတယ်။ မျက်ရည်တွေ အပြည့်နဲ့ပေါ့။
” လူကြီးမင်း၏သား အက်ဒီဆင်ဟာ ပါရမီရှင်ပါ။ သူ့ကို သင်ပေးနိုင်လောက်အောင်တော်တဲ့ဆရာ ဒီကျောင်းမှာမရှိပါဘူး။ ခင်ဗျားကိုယ်တိုင် သင်ပေးမှပဲ ရပါတော့မယ် ” တဲ့
အက်ဒီဆင်က ကလေးဆိုတော့ သူ့ကိုချီးကျူးလိုက်လို့သူ့အမေက ဝမ်းသာပြီးငိုတာလို့ ထင်မိလိုက်တယ်။ အက်ဒီဆင်အမေကလည်း သူ့သားကိုတတ်နိုင်သလောက် ကြိုးစားပြီး သင်ပေးတယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူ့အမေလည်း ဆုံးသွားတယ်။ အက်ဒီဆင်လည်း နာမည်ကျော် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်နေ့ မိသားစုရဲ့ ပစ္စည်းအဟောင်းတွေရှာရင်း စားပွဲခုံတစ်ခုံရဲ့ အံဆွဲထောင့်မှာ ခေါက်ထားတဲ့ စာတစ်စောင်ကို သွားတွေ့တယ်။ ငယ်ငယ်က သူ့အမေကို သူပေးခဲ့တဲ့ စာမှန်း သတိရလိုက်တယ်။ ဖွင့်ဖတ်လိုက်တော့ –
“သင့်သား အက်ဒီဆင်ဟာ စာသင်ဖို့ ဉာဏ်ရည်မမှီသူ တစ်ဦးဖြစ်ပါတယ်။ သင့်သားကို ကျွနု်ပ်တို့ကျောင်းမှာ ဆက်ထားဖို့ မဖြစ်နိုင်တော့ပါ” တဲ့

စာဖတ်ပြီးတော့ အက်ဒီဆင် နာရီပေါင်းများစွာ ကြာအောင်ငိုတယ်။ အဲဒီနောက်တော့ သူရဲ့ဒိုင်ယာယီမှာ စာတစ်ကြောင်း ချရေးလိုက်တယ်။

သောမတ်အက်ဒီဆင်ဟာ ဉာဏ်ရည်မမှီတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့သူရဲကောင်း မိခင်ကြောင့် ကမ္ဘာကျော် တီထွင်သူ သိပ္ပွံပညာ ရှင် ဖြစ်လာခဲ့တယ် ဟူ၍ပင်…

အကယ်၍သာ မိခင်ဖြစ်သူသည် သူ့အားအမှန်အတိုင်းပြောပြခဲ့လျှင်