Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အမေရိကန် သမ္မတစီးတဲ့ ကျည်ကာဘတ်စ်ကား

by Thutamm
August 5, 2019
Reading Time: 2min read
0
အမေရိကန် သမ္မတစီးတဲ့ ကျည်ကာဘတ်စ်ကား
Share on FacebookShare on Twitter

ရေးသားသူ – စစ်မာန်ဟုန်

အမေရိကန် သမ္မတတွေအတွက် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲ မရှိအောင် ပြင်ဆင်ထားကြပါတယ်။ Air Force One လို့ခေါ်တဲ့ လေယာဉ်၊ Marine One လို့ခေါ်တဲ့ ရဟတ်ယာဉ်နဲ့ The Beast လို့ခေါ်တဲ့ ကားတွေဟာ နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုထားတာတွေ ဖြစ်ကြပါတယ်။

အခု ဒီပိုစ့်မှာ အမေရိကန် သမ္မတစီးတဲ့ Ground Force One လို့ခေါ်တဲ့ ဘတ်စ်ကား အကြောင်း တင်ပြသွားပါမယ်။

Ground Force One ဟာ ၄၅ ပေရှည်ပြီး ဒီကားရဲ့ လုံခြုံရေးဆိုင်ရာ ဒီဇိုင်းကိုတော့ သမ္မတရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ (Secret Service) က သေချာပြင်ဆင်ပါတယ်။ The Beast လို့ခေါ်တဲ့ ကားလိုပဲ ဒီဘတ်စ်ကား တစ်စီးလုံးကို အနက်ရောင် ဆေးခြယ်ထားပါတယ်။

Ground Force One နဲ့ သူနဲ့ ဆင်တူ ကားတစ်စီးကို တဲနဲဆီပြည်နယ်အခြေစိုက် ဟန်းဖီးလ်ညီအစ်ကိုများ ကုမ္ပဏီကနေ မှာယူထားတာ ဖြစ်ပါတယ်။ ကားတစ်စီးကို ဒေါ်လာ ၁.၁ သန်း တန်ကြေးရှိပါတယ်။ ဒါပေမယ့် ကုန်ထားတာနဲ့ တန်တယ်လို့ ဆိုရမှာပါ။

ဒီကား မဝယ်ခင် အမေရိကန်သမ္မတ ရက်ရှည်ခရီးထွက်ဖို့ ကားအသစ် တစ်စီးငှားရပြီး လုံခြုံရေးအတွက် ပြင်ဆင်ရတာမို့ အသစ်ဝယ်လိုက်တာလို့ သိရပါတယ်။ ဒီဘတ်စ်ကားဟာ ကားတာယာပေါက်သွားရင်တောင် ဆက်သွားလို့ရနိုင်အောင် ပြင်ဆင်ထားပြီး ကျည်ကာ သံပြားတွေနဲ့ အထူးပြုလုပ်ထားတဲ့ မှန်တွေနဲ့ ကာထားပါတယ်။

ဓာတုဗေဒလက်နက်နဲ့ တိုက်ခိုက်လာရင် ကာကွယ်နိုင်ဖို့ အောက်စီဂျင်ဗူးကိုလည်း ထည့်သွင်းထားတဲ့အပြင် သမ္မတရဲ့ သွေးအမျိုးအစား သွေးတွေကိုလည်း ထည့်သွင်းထားပါသေးတယ်။

ဒါ့အပြင် တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို အပြင် အင်တာနက်ကိုလည်း ရုံးတစ်ရုံးလို အလုပ်လုပ်နိုင်ဖို့ တပ်ဆင်ထားပါတယ်။ The Beast ကားလိုပဲ သေချာ လေ့ကျင့်ပြင်ဆင်ထားတဲ့ ယာဉ်မောင်းအနည်းငယ်ကသာ ဒီကားကို မောင်းနှင်ခွင့်ရှိပြီး ရွေးချယ်ခံရတဲ့ လူအနည်းငယ်သာ ကားပေါ်တက်စီးခွင့် ရှိပါတယ်။

Ground Force One ဟာ လူအရောက်အပေါက်နည်းတဲ့ ဒေသတွေမှာ သမ္မတကို သက်တောင့်သက်သာနဲ့ လုံလုံခြုံခြုံပို့ပေးနိုင်အောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ပြတင်းပေါက်တွေ အားလုံးကို အနက်ရောင်ပြောင်းထားတဲ့အတွက် လူထုကို လက်ပြနှုတ်ဆက်ဖို့ဆိုရင် သမ္မတက ယာဉ်မောင်းရဲ့ ဘေးမှာ ရပ်ရပါတယ်။

Ground Force One ကားထဲမှာ ဘယ်လို ဒီဇိုင်းရှိသလဲ ဆိုတာ မသိရပေမယ့် အိမ်ဖြူတော်ဝန်ထမ်းတစ်ဦးက ထိုင်ခုံတွေအပြင် ခုံတန်းရှည်တစ်လုံးလည်း ပါဝင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ သမ္မတဟာ Air Force One ကနေ Ground Force One ကို ချက်ချင်းသွားနိုင်တာမို့ သယ်ယူပို့ဆောင်ရေးကို ပိုမိုလွယ်ကူစေပါတယ်။

စစ်မာန်ဟုန်

Tags: techworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!