Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က အကြီးဆုံးကျွန်း (သို့) ဂရင်းလန်ကျွန်း အကြောင်းသိကောင်းစရာ

by Thutamm
August 16, 2019
Reading Time: 5min read
0
ကမ္ဘာပေါ်က အကြီးဆုံးကျွန်း (သို့) ဂရင်းလန်ကျွန်း အကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

ရေပတ်လည်ဝိုင်းလျှက်ရှိသော ကုန်းမြေကို ကျွန်းဟုဆိုလျှင် အဖရိုယူရေရှား(အာရှ+ဥရောပ+အာဖရိက) ၊ အမေရိက(မြောက်+တောင်အမေရိက) ၊ အန္တာတိက နှင့် သြစတြေးလျှတို့ကိုလည်း ကျွန်းဟု ဆိုရပေမည်။ သို့သော် ၎င်းတို့ကို တိုက်အဖြစ်သတ်မှတ်ထားသဖြင့် ကမ္ဘာပေါ်မှာ အကြီးဆုံးကျွန်းသည် ဂရင်းလန်ကျွန်းသာ ဖြစ်သည်။

နေရာအနည်းငယ်တွင်သာ လူနေထိုင်၍ လူဦးရေသိပ်သည်းမှု အနည်းဆုံးနေရာလည်းဖြစ်သည်။ ကမ္ဘာ့မြောက်ဖျား အာတိတ်စက်ဝိုင်းအတွင်းသို့ တစ်ကျွန်းလုံးလိုလို ကျရောက်နေသည်။ ဒေဗစ်ရေလက်ကြားနှင့် ဗက်ဖင်ပင်လယ်အော်တို့သည် ဂရင်းလန်ကျွန်းအား မြောက် အမေရိကတိုက်နှင့် ပိုင်းခြား၍ထားလေသည်။ ဂရင်းလန်၏ အဓိပ္ပါယ်မှာ လူသားတို့၏နယ်မြေ(Land of People ) ဖြစ်သည်။

ဂရင်းလန်ကျွန်း၏ ဧရိယာမှာ စတုရန်းမိုင် ၈၄ဝဝဝဝ မျှ ဖြစ်သည်။ အလျားမှာ မိုင် ၁၆ဝဝ ခန့်၊ အနံမှာ မိုင် ၇ဝဝ ကျော်ခန့် ဖြစ်သည်။ တစ်ဝက်ကျော်မျှသော မြေမျက်နှာပြင်ကို ထုထယ်ကြီးမားသော ရေခဲပြင်ဖုံးလွှမ်းနေသောကြောင့် တောင် ထိပ်များသာလျှင် ကွက်ကြား၊ ကွက်ကြားအားဖြင့် ရေခဲပြင် ပေါ်မှ ထိုး၍ ထွက်နေသည်။

တစ်ကျွန်းလုံး၏ နေရာ ၈၅% ခန့်ကို ရေခဲပြင်များဖုံးလွှမ်းလျှက်ရှိသည်။ ထိုရေခဲပြင်သည် နှစ်စဉ်တန်ချိန် ကုဋေ ၁ဝဝ ကျော်မျှလေးသော ရေခဲများကို ပင်လယ်ထဲသို့ ယူဆောင်ခဲ့သဖြင့် ပင်လယ်၌ မျောနေသော ရေခဲတောင်ကြီး များသည် ခရီးသွားသင်္ဘောများကို အန္တရာယ်ပြုနိုင်သည်။

ဂရင်းလန်၏ ကမ်းရိုး တန်းမှာ ကျောက်ထူထပ်၍ ကုန်းမြေတွင်းသို့ ရှည်လျားစွာ ဝင်နေသော ဖီအော့ခေါ် ရေမြောင်းကြီးများဖြင့်ပြည့်နှက်လျက်ရှိ သည်။ဂရင်းလန်၏အရှေ့ဘက်ကမ်းခြေ၌ ရေအေးစီးကြောင်းတစ်ခု ဖြတ်၍ စီးနေသည်။ ထို့ကြောင့် လူမနေနိုင်လောက်အောင် အအေးလွန်ကဲသည်။

အနောက်ဖက်ကမ်းခြေမှာ အနည်းငယ်နွေး သဖြင့်၊ သစ်ပင်ပန်းမာလ်များ စိုစိုပြည်ပြည်ရှိ၏။ ၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းအရ ဂရင်းလန်တွင် လူပေါင်း ၅၆၄၈၃ ခန့် နေထိုင်သည်။ ထိုလူဦးရေထဲတွင် ၈၈ရာခိုင်နှုန်းမှာ ဂရင်းလန်ကျွန်းသူ ကျွန်းသားများဖြစ်ပြီး ကျန် ၁၂% မှာ ဒိန်းမတ်လူမျိုး နှင့် ဥရောပသားများဖြစ်ကြသည်။

ကျွန်းသား များမှာ အအေးဒဏ်ခံနိုင်သော အက်စကီးမိုးများ ဖြစ်ကြ၍ ကမ်းရိုးတန်းတစ်လျှောက် ဆီးနှင်းထဲတွင် နေထိုင်ကြသည်။ ထိုကျွန်းသားတို့သည် ကူးသန်းသွားလာရေး အတွက် ခွေးဆွဲစွပ်ဖားနှင့် ဖျံရေဖြင့်ချုပ်လုပ်သော ကယက်ခေါ် လောင်းလှေများကို အသုံးပြုကြသည်။ အလုပ်အကိုင်မှာ တံငါ အလုပ်ပင် ဖြစ်၏။ သို့သော် မြေခွေး၊ ဝက်ဝံ အစရှိသော သားကောင်များကို ဖမ်းဆီးခြင်းဖြင့်လည်း အသက်မွေးမြူကြ သည်။

ဥတ္တရအလင်းတန်းများ

ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံနှင့် ကူးသန်းရောင်းဝယ် သည်။ ကရိုင်အိုလိုက်ခေါ် သတ္တုတစ်မျိုးကို တင်ပို့ရောင်းချ သည်။ ကျောက်မီးသွေး၊ ကြေးဝါ၊ ရွှေနှင့် သံတို့ကို ကျွန်းပေါ် တွင် တွေ့ရှိရသည်ဟု ဆိုသည်။ အခြားထွက်ကုန်တို့မှာ ဝေလငါး အစိုနှင့် အခြောက်ကုန်၊ ငါးကြီးဆီ၊ ငှက်သိုက်၊ သားမွေးနှင့် တိရစ္ဆာန်တို့၏အရေများ ဖြစ်သည်။ ထိုကျွန်းကို ရှေးအခါကပင်လျှင် စကန်ဒီနေဗီးယန်း လူမျိုးတို့က သိရှိခဲ့သည်။ ခရစ် ၁၅၈၅ ခုနှစ်တွင် အင်္ဂလိပ် လူမျိုးတို့က ထပ်မံတွေ့ရှိသည်။

ရှေးအခါက ဂရင်းလန်ကျွန်းကို ဒိန်းမတ်နိုင်ငံအစိုးရက ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်သည်။ ၁၉၅၃ ခုနှစ်၊ ဇွန်လ ၅ ရက် နေ့တွင် ယင်းကိုလိုနီစနစ်ကို ဖျက်သိမ်း၍ ဂရင်းလန်ကျွန်းကို ဒိန်းမတ်နိုင်ငံထဲသို့ သွတ်သွင်းခဲ့လေသည်။ ဂရင်းလန်ကျွန်း၌ မဲဆန္ဒနယ် ၂ နယ်ရှိရာ တစ်နယ်မှ ကိုယ်စားလှယ်တစ်ဦးကျကို ဒိန်းမတ်လွှတ်တော်သို့ စေလွှတ်ခွင့်ရှိသည်။ မကြာသေးခင်ကတော့ ဂရင်းလန်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဖြစ်လာခဲ့သည်။

ပျမ်းမျှအပူချိန်မှာ ၁၀ဒီဂရီဆဲစီးယပ်စ်ဖြစ်သည်။ ဂရင်းလန်တွင် လူဦးရေ ၁ထောင်အထက်ရှိသော မြို့ပေါင်း ၁၃မြို့ပါဝင်ပြီး မြို့တော် Nuuk တွင် လူဦးရေ ၁၇၀၀၀ ကျော်နေထိုင်သည်။

အထင်ကရနေရာများမှာ အလွန်လှပတဲ့ ရေခဲမြစ် နဲ့ ရေခဲဆောင်များရှိရာ UNESCO စာရင်းဝင် Ilulissat Ice-fjord ၊ Uunartoq ရေပူစမ်း ၊ အက်စကီးမိုးတို့နယ်မြေတစ်ခုဖြစ်တဲ့ Sermermiut ၊ မြို့တော် Nuuk ၊ ဂရင်းလန်အမျိုးသားပြတိုက် ၊ ဗိုက်ကင်းတို့ရဲ့ အဆောက်အဦးအပျက်အစီးတချို့ ၊ ဂရင်းလန် အရှေ့ပိုင်းက Tasiilaq မြို့ တို့ဖြစ်သည်။ ဝေလငါးကြည့်ခြင်း ၊ နှင်းစွပ်ဖားစီးခြင်း နှင့် ဥတ္တရအလင်းတန်းများကြည့်ခြင်းတို့သည် ဂရင်းလန်သို့သွားရောက်လည်ပတ်သူတိုင်း မလုပ်မဖြစ်လုပ်လေ့ရှိသည့် အရာများဖြစ်သည်။

 

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!