Tuesday, April 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သမိုင်းတလျှောက် အကောင်းဆုံး ဘောလုံးသမား ၁၂ ဦး

by Thutamm
August 15, 2019
Reading Time: 1min read
0
သမိုင်းတလျှောက် အကောင်းဆုံး ဘောလုံးသမား ၁၂ ဦး
Share on FacebookShare on Twitter

မျက်မှောက်ခေတ်မှာတော့ ဘောလုံးအားကစားဟာ လူတိုင်းရဲ့သည်းခြေကြိုက် အားကစားဖြစ်လာခဲ့ပြီး ဘောလုံးဟာနိုင်ငံတိုင်းရဲ့ ပုံရိပ်လိုတောင်ဖြစ်လာနေပြီ လည်းဖြစ်ပါတယ်။ ကမ္ဘာဘောလုံးပရိသတ်ဟာ အလွန်အမင်း တိုးပွားလာခဲ့ပြီး ဘောလုံးအားကစားဟာ စီးပွားရေးဈေးကွက်ဆန်ဆန် ဖြစ်သွားခဲ့ရ တာကိုလည်း မြင်တွေ့နေရပါတယ်။

ခေတ်အသီးသီးမှာ ဘောလုံးအကျော်အမော်တွေ များစွာပေါ်ပေါက်ခဲ့ပြီး သူတို့တွေဟာ ကမ္ဘာကြီးရဲ့အာရုံစိုက်မှုကိုတောင် ခံခဲ့ရသူတွေ ဖြစ်လာကြပါတယ်။ သမိုင်းတလျှောက်လို့ ဆိုပေမယ့် ဒီစာရင်းမှာ မပါတဲ့ ဘောလ်ဘီချာတန် ၊ ဂျော့ဘတ် ၊ ဘင်ကင်ဘောင်ဝါ ၊ ဒီစတီဖန်နို ၊ အူစီဘီယို ၊ ဂါရင်ချာ ၊ ဂတ်မူလာ ၊ အလန်ရှီးယား ၊ ရိုမာရီယို အစရှိတဲ့ ဘောလုံးသမားကြီးတွေဟာလည်း အခုစာရင်းမှာပါတဲ့ ဘောလုံးသမားတွေနဲ့ အပြိုင် ထူးချွန်ကြသူတွေဖြစ်ပါတယ်။ အခုစာရင်းမှာ ပါတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၂ ယောက်ကတော့….

(၁၂) ရောဘတ်တို ဘတ်ဂီယို

အီတလီလူမျိုး နောက်ချန်တိုက်စစ်မှူးအဖြစ်ပါဝင်ကစားလေ့ရှိတဲ့ ဘတ်ဂီယိုဟာ သူရဲ့ ကစားသမားတစ်လျောက်မှာ အကောင်းဆုံးပုံစံတွေကိုပြသနိုင်တာကြောင့် အကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဘတ်ဂီယိုဟာ တိုက်စစ်နေရာ မျိုးစုံမှာပါဝင်ကစားနိုင်သူဖြစ်ပြီး ကလပ်အသင်းကစားသမားဘဝ (၄၈၈)ပွဲပါဝင်ကစား ခဲ့ပြီး (၂၁၈)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဘတ်ဂီယိုဟာ အီတလီအသင်းအတွက်ပွဲ ပေါင်း(၅၆)ပွဲလောက်ပါဝင်ကစားခဲ့ပြီး (၂၇)ဂိုးအထိသွင်းယူထားတာကိုလည်း မြင်တွေ့ ရပါတယ်။  အခြားကစားသမားတွေလောက် ဆုဖလားအောင်မြင်မှုမရှိပေမဲ့ ကွင်းအတွင်းသူရဲ့စွမ်းဆောင်ရည်နဲ့ စိတ်ထားပိုင်းဟာ များစွာသော လူငယ်ကစားသမားတွေရဲံ စံပြဖြစ်ခဲ့ပါတယ်။

(၁၉၉၄) ခုနှစ်ကမ္ဘာဖလားမှာ ဘတ်ဂီယိုဟာ အီတလီအသင်းကိုဦးဆောင်ပြီး ဖိုင်နယ်ကိုရောက်ရှိခဲ့ပေမဲ့ ဘရာဇီးအသင်းကို ပိုင်နယ်တီအဆုံးအဖြတ်မှာအရှုံးပေးခဲ့ရပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘတ်ဂီယိုဟာ (၁၉၉၃)ခုနှစ် အတွက် ကမ္ဘာအကောင်းဆုံးဘာလုံးသမား အဖြစ်ရွေးချယ်ခြင်းကိုခံခဲ့ရပါတယ်။ (၁၉၉၉)ခုနှစ်က ရွေးချယ်ခဲ့တဲ့ ရာစုနှစ်အတွင်းအကောင်းဆုံးဘောလုံး သမားစာရင်းမှာ သူဟာ စတုတ္ထနေရာကနေရပ်တည်နိုင်ခဲ့ပြီး (၂၀၀၂)ခုနှစ်ကရွေးချယ် ခဲ့တဲ့ FIFA WORLD Cuo Dream Teamမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် တစ်ဦးချင်းဆိုင်ရာ ဆုများစွာကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘတ်ဂီယိုဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး လူမှုဖွံဖြိုးရေးလုပ်ငန်းများ စွာနဲ့ လူသားချင်းဆိုင်ရာစာနာ၊မြှင့်တင်မှုလုပ်ငန်းများစွာမှာ ထိထိရောက်ရောက် ပါဝင်ကူညီခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

(၁၁) ရိုနယ်ဒင်ဟို

မျက်မှောက်ခေတ်ဘောလုံးပရိသတ်တွေကတော့ ပေါ်ထွန်းခဲ့တဲ့ကမ္ဘာကျော်ဘောလုံးသမား တွေအနက်မှာတော့ ရိုနယ်ဒင်ဟိုဟာပရိတ်သက်ကို ဖျော်ဖြေပေးနိုင်ဆုံးသော ကစားသမားအဖြစ် သတ်မှတ်ထားကြပါတယ်။ ဘရာဇီးနွယ်ဖွား ဒီတိုက်စစ်ကစားသမား ဟာ ဘောလုံးကိုအနုပညာဆန်ဆန်ကစားတတ်သူ ဖြစ်ပြီ းဘာစီလိုနာနဲ့အတူ ကမ္ဘာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူရဲ့နာမည်အပြည့်အစုံ ကတော့ Ronaldo de Assis Moreira ဖြစ်ပြီး (၁၉၉၇)ခုနှစ်မှာ ကမ္ဘာဖလားလူငယ် ဘောလုံးပြိုင်ပွဲ(U-17)နဲ့ တောင်အမေရိကတိုက်လူငယ်ဘောလုံးပြိုင်ပွဲ(U-17)ပြိုင်ပွဲ မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ဘရာဇီးလူငယ်အသင်းကနေ စတင်ထင်ရှားလာသူ ဖြစ်ပါတယ်။

ဘရာဇီးကလပ် Gremio အသင်းကနေ ကစားသမားစတင်ခဲ့တဲ့ ရိုနယ်ဒင်ဟိုဟာ သူရဲ့ကစားသမားဘဝကိုလည်း ဘရာဇီးကလပ် Fluminense နဲ့အဆုံးသတ်ခဲ့တာ ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ စုစုပေါင်းပွဲ(၄၄၁)ပွဲလောက်ကစားခဲ့ပြီး ဂိုးပေါင်း (၁၆၇)ဂိုးသွင်းနိုင်ခဲ့ပါတယ်။ (၂၀၀၂)ခုနှစ်က တောင်ကိုရီးယားနဲ့ ဂျပန်တို့ပူးပေါင်း ကျင်းပတဲ့ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအနိုင်ရဗိုလ်စွဲတဲ့ ဘရာဇီးအသင်းမှာတော့ သူဟာအရေးပါတဲ့ နေရာကနေပါဝင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်နဲ့ပွဲမှာတော့ အလွန်လှပတဲ့ ဖရီးကစ်ကန်ချက်နဲ့ နာမည်ကျော်ဂိုးသမား ဆီးမင်းကို မျက်လှည့်ပြသွင်းခဲ့တဲ့ သူရဲ့သွင်းဂိုးဟာ ယနေ့တိုင် ကမ္ဘာဖလားသမိုင်းကြောင်းရဲ့ အကောင်းဆုံးသွင်းဂိုးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေဆဲ ပါပဲ။ ဒင်ဟိုဟာ ပါဝင်ကစားတဲ့ပွဲတွေတိုင်းမှာ ပြုံးရွှင်တဲ့မျက်နှာထားနဲ့ ကစားခဲ့တာဖြစ်ပြီး အများနဲ့မတူတဲ့ သူရဲ့အနုပညာဆန်တဲ့ကစားပုံတွေကြောင့် ပြိုင် ဘက်အသင်းပရိတ်သက်တွေကတောင် လက်ခုပ်တီးဂုဏ်ပြုခြင်းကိုခံခဲ့ရသူ ဖြစ်ပါ တယ်။

(၂၀၀၃)ခုနှစ်က ဘာစီလိုနာကိုစတင်ရောက်ရှိလာခဲ့တဲ့ ဒင်ဟိုဟာ ဘာစီလိုနာ အသင်းရယူခဲ့တဲ့ ဖလားတွေအတွက် အဓိကနေရာကနေ ပါဝင်နိုင်ခဲ့ပြီး ကမ္ဘာ အကောင်းဆုံးဆု အပါအဝင် တစ်ဦချင်းထူးချွန်ဆုများစွာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကွင်းပြင်ပဆိုင်ရာစည်းကမ်းပျက်ယွင်းမှုတွေက သူရဲ့ကစားသမား ဘဝကို ကြီးကြီးမားမားရိုတ်ခတ်ခဲ့ပြီး ဘာစီလိုနာကနေ အေစီမီလန်ထံရောင်းထုတ် ခြင်းကိုခံခဲ့ရပါတယ်။ ယင်းနောက်ပိုင်းမှာတော့ ဒင်ဟိုရဲ့အကောင်းဆုံးအချိန်တွေဟာ ကုန်လွန်သွားခဲ့ပြီး ဘရာဇီးလက်ရွေးစင်အသင်းကနေ ချန်လှပ်ထားခြင်းကို တောင်ခံခဲ့ရပါတယ်။

(၁၀) ဂျိုဟန်ခရိုက်

(၂၀၁၆)ခုနှစ် မတ်လ(၂၄)ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဟော်လန်ကွင်းလယ်တိုက်စစ်ကစားသမားဟာ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားစာရင်းမှာ ချန်လှပ်လို့မရနိုင်တဲ့သူဖြစ်ပြီး ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ နာမည်ရင်းက Hendrik Johannes Cruijff ဖြစ်ပြီး ဒီ ဟော်လန်ကွင်းလယ်တိုက်စစ်ကစားသမားဟာ အေဂျက် အသင်းနဲ့ ကစားသမားဘဝကိုစတင်ခဲ့ပြီး ပြည်တွင်းဖလား(၃)လုံး၊ဥရောပဖလား (၃) ကြိမ်ရရှိအောင်အကူအညီပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါအပြင်ယင်းကာလက အမြင့်ဆုံး ပြောင်းရွေကြေးနဲ့ ဘာစီလိုနာအသင်းထံပြောင်းရွေခဲ့သူဖြစ်ပါတယ်။

(၂၀)ရာစု အတွင်း ကမ္ဘာအကောင်းဆုံး ဘောလုံးသမားစာရင်းမှာရွေးချယ်ခြင်းခံခဲ့ရတဲ့ ခရိုက်ဟာ ကျောနံပါတ်(၁၄)ကိုသာဝတ်ဆင်ကစားခဲ့သူဖြစ်ပြီး Ballon d’Or ဆုကို သုံးကြိမ်အထိ ရရှိခဲ့ပါတယ်။ ဟော်လန်အသင်းကိုဦးဆောင်ကစားပြီး ကမ္ဘာဖလားဘောလုံးပြိုင်ပွဲတွေ မှာ တစ်ဦးချင်းအကောင်းဆုံးဆုတွေကို ရယူနိုင်ခဲ့ပေမဲ့ ဟော်လန်အသင်းကတော့ (၁၉၇၄)ခုနှစ် ကမ္ဘာဖလားမှာ ဒုတိယဆုနဲ့ (၁၉၇၆)မှာ တတိယဆုတွေကိုသာ ရရှိခဲ့ပါတယ်။ ခရိုက်ဟာနည်းပြဘဝပြောင်းလဲချိန်မှာလည်း အများနဲ့မတူတဲ့ သူရဲ့ဘောလုံး ဒသနတွေဟာ အထူးပဲထင်ရှားခဲ့ပြီး လက်ရှိ ကမ္ဘာအကောင်းဆုံးလူငယ်ဘောလုံး အကယ်ဒမီအဖြစ်သတ်မှတ်ထားတဲ့ ဘာစီလိုနာရဲ့ လာမစီယာ အကယ်ဒမီဟာ ခရိုက်ရဲ့ ဘောလုံးဒသနများစွာကို အခြေခံထားတာကိုတွေ့ရပါတယ်။

ဒါအပြင် ယခုနာမည်ကျော် နည်းပြတွေဖြစ်တဲ့ ပတ်ဂွာဒီယိုလာ၊အာစင်ဝင်းဂါး၊ရစ်ကတ် စသူတွေရဲ့ တိုက်စစ်ဆင် နည်းစနစ်တွေဟာ ခရိုက်ရဲ့နည်းစနစ်တွေကတစ်ဆင့် အခြေခံတည်ဆောက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ ခရိုက်ဟာ ဘောလုံးလောကတစ်ခုလုံးကို အကျိုးသက်ရောက် မှုရှိစေခဲ့တာဖြစ်လို့ ဟော်လန်မှာရှိတဲ့ သူမွေးရပ်မြေ Amsterdam မှာ သူအမည်နဲ့ဘောလုံးအားကစားကွင်းကိုတည်ဆောက်ပြီးဂုဏ်ပြုခြင်းခံခဲ့ရသူဖြစ်ပါတယ်

(၉) လီယွန်နယ် မက်ဆီ

အားလုံးသိပြီးတဲ့အတိုင်း အာဂျင်တိုင်းသား လီယွန်နယ်မက်ဆီဟာ စံချိန်မှတ်တိုင် များစွာနဲ့ ဆုတံဆိပ်များစွာကိုရယူနိုင်သူဖြစ်ပြီး နောက်နှစ်များစွာမှာ တစ်ယောက် ပေါ်ထွန်းဖို့ခက်တဲ့ ခြေစွမ်းကိုပြသထားခဲ့ပြီးလည်းဖြစ်တယ်။ ကမ္ဘာအကောင်းဆုံးဆု ကိုရိုနယ်ဒိုနဲ့အပြိုင် ဆယ်စုနှစ်တစ်ခုလောက်လွှမ်းမိုးနိုင်ခဲ့တဲ့ ဘာစီတိုက်စစ်မှူးကြီးရဲ့ ကွင်းတွင်း၊ကွင်းပြင်အပြုအမှုတွေဟာ မျက်မှောက်ခေတ်အားကစားလောကသား အားလုံးရဲ့ စံပြလည်းဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာတစ်သင်းအတွက်ပဲ ကစားပေးခဲ့သူဖြစ် ပြီးလက်ရှိအချိန်ထိအဓိကဖလားဖြစ်တဲ့အမှတ်ပေးဖလား(၉)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အထိ ရယူပိုင်ဆိုင်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါအပြင်အာဂျင်တီးနားအသင်းနဲ့ သက်တမ်း အလိုက်ပြိုင်ပွဲတွေမှာအောင်မြင်မှု များစွာရယူနိုင်ခဲ့သူ ဖြစ်ပြီး လက်ရွေးစင် အသင်းနဲ့တော့ ယနေ့ချိန်ထိအောင်မြင်မှု မရှိသေးတာကိုတွေ့ရပါတယ်။

ထူးဆန်းတာက မက်ဆီလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ချိန်နဲ့အပြိုင် အာဂျင်တီးနား အသင်းရဲ့ ကျဆုံးမှုတွေတောက်လျှောက် ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ အနီးစပ်ဆုံးအနေ နဲ့(၂၀၁၄) ဘရာဇီးကမ္ဘာဖလားမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမဲ့ ဂျာမနီကို အချိန်ပိုမှာ တစ်ဂိုးတည်းနဲ့ကပ်ပြီး အရှုံးပေးခဲ့ရပါတယ်။ လက်ရွေးစင်အသင်းရဲ့ ကျဆုံးမှုဖိအားတွေကြောင့် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ဆုံးဖြတ် ခဲ့သူဖြစ်ပြီး အာဂျင်တီးနားထိပ်တန်းခေါင်းဆောင်တွေကိုယ်တိုင် မေတ္တာရပ်ခံ ချက်ကြောင့် ပြန်လည်ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုဝေဖန်မှုတွေရှိနေပါစေ မက်ဆီဟာ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။

(၈) ခရစ်စတီယာနို ရိုနယ်ဒိုလ်

ယနေ့မျက်မှောက်ခေတ်ဘောလုံးသမားအဖြစ် ရှိနေဆဲဖြစ်တဲ့ စီရိုနယ်ဒိုဟာ အောင်မြင်မှုတွေအတွက် မွေးဖွားလာတဲ့သူလို့ဆိုရလောက်အောင် စံချိန်တင်အောင် မြင်မှုတွေကို ရယူထားသူဖြစ်ပါတယ်။ ယခုလက်ရှိအခြေအနေမှာလည်း ဂျူဗင်တပ်နဲ့ အတူစံချိန်သစ်တွေကို တင်နေဆဲဖြစ်ပြီး အင်္ဂလန်၊စပိန်၊အီတလီ စတဲ့မတူညီတဲ့ အသင်း(၃)သင်းနဲ့ အမှတ်ပေးဖလား၊ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ဖို့ ကြိုးစားလျက်ရှိနေပါတယ်။ ကမ္ဘာ အကောင်းဆုံးကစားသမားဆုကို မက်ဆီနဲ့(၅)ကြိမ်အထိ ဆွတ်ခူးထားနိုင်သူဖြစ်ပြီး စပိန်လာလီဂါရဲ့(၆)ရာသီဆက် ဂိုး(၃၀)အနည်းဆုံးသွင်းထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူရဲ့စံချိန်နဲ့ဆုတွေကိုချရေးမယ်ဆိုရင်တော့ အလွန်ရှည်လျားနေမှာဖြစ် ပြီးကိုယ်ပိုင် ပြတိုက်ဖွင်ေ့လာက်တဲ့အထိ တစ်ဦးချင်းနဲ့ အသင်းလိုက်ဆုတံဆိပ်တွေ ကိုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ယခင်ကနိုင်ငံအဆင့်အောင်မြင်မှုမရှိလို့ ဝေဖန်သံ တွေကိုလည်း ပေါ်တူဂီအသင်းနဲ့အတူ ယူရို(၂၀၁၆)ဖလားကို ရယူပြီး ချေဖျက်နိုင်ခဲ့ ပြီလည်းဖြစ်ပါတယ်။ ဘောလုံးဝေဖန်သူတွေကတော့ ပီလီ၊မာရာဒိုနာလက်ထက်တုန်း ကခံစစ်နည်းဗျူဟာတွေဟာ ယနေ့ထက်ပိုမိုကောင်းမွန်ခြင်းမရှိတာကြောင့် အကောင်းဆုံးဆုရွေးမယ်ဆိုရင် ပီလီနဲ့ မာရာဒိုနာတို့ထက် ရိုနယ်ဒိုနဲ့မက်ဆီက ပိုမို သင့်လျော်မှုရှိတယ်လို့ ထောက်ပြမှုတွေရှိနေပေမဲ့ ရိုနယ်ဒိုဟာ ကမ္ဘာဖလားကို တစ်ကြိမ်မှရယူဖူးသေးခြင်းတော့မရှိပါဘူး။ အသက်အနည်းငယ် ရလာပြီဖြစ်ပေမယ့် သူ့ရဲ့မှတ်တိုင်တွေဟာ ယခုချိန်ထိရပ်နားသွားပြီလို့ မဆိုနိုင်တာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

(၇) ရိုနယ်ဒို

(၂၀၀၄)ခုနှစ် အရှေပိုင်းကာလတွေမှာတော့ ရိုနယ်ဒိုဆိုလိုက်တာနဲ့ ဘရာဇီးနွယ်ဖွား ဒီတိုက်စစ်ကစားသမားကိုပဲ လူသိများကြပါတယ်။ ကျွန်တော်တို့တွေ ဒိုကြီးလို့ ခေါ်ကြလေ့ရှိတဲ့ သူ့နာမည်အရင်းက Ronaldo Luís Nazário de Lima ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါကတော့ အကောင်းဆုံးတိုက်စစ်မှူး ဆိုတာ သူ့ကိုမီခဲ့တဲ့သူတွေ လက်ခံကြမယ်ထင်ပါတယ်။ (၁၉၉၀)ပြည့်နှစ်လွန်ကာလ တွေမှာတော့ ရိုနယ်ဒိုရဲ့စွမ်းဆောင်ရည်တွေဟာ အထူးမြင့်မားနေတာကိုတွေ့ရပြီး (၁၉၉၄)ခုနှစ်၊(၂၀၀၂)ခုနှစ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲတွေမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ဘရာဇီးအသင်းမှာ အထူးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါအပြင် တောင်အမေရိက ဒေသတွင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကိုပါအမေရိကဘောလုံးပြိုင်ပွဲမှာလည်း (၁၉၉၇)နဲ့ (၁၉၉၉)ခုနှစ်ပြိုင်ပွဲတွေမှာလည်း ဘရာဇီးအသင်းနဲ့အတူ ဆက်တိုက်ဗိုလ်စွဲထားနိုင်ခဲ့ တာကိုလည်းတွေ့ရမှာပါ။

ရိုနယ်ဒိုဟာ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို (၃)ကြိမ်အထိရယူပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး ကလပ်အသင်းကစားသမားဘဝ(၃၄၃)ပွဲမှာ သွင်းဂိုး(၂၄၇)ဂိုးအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါအပြင်ဘရာဇီးအသင်းနဲ့အတူ ပွဲပေါင်း (၉၈) ပွဲထိပါဝင်ကစားခဲ့ပြီး ဂိုးပေါင်း(၆၂)ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ အကောင်း ဆုံးကစားသမားစာရင်းဝင်ဖို့ထိုက်တန်ခဲ့သူဖြစ်ပါတယ်။ ပုံစံကို ကြည့်ရင် အနည်းငယ်ဝဖိုင့်ဖိုင့်ရှိတာကြောင့် လှုပ်ရှားမှုနှေးမယ်လို့ ထင်ရပေမယ့် ဒိုကြီးက တော့ဆန့်ကျင်ဘက်ပါ။ ကျွမ်းကျင်လွန်းတဲ့ သူ့ရဲ့ဘောလုံးစကေး နဲ့အတူ ခြေလှမ်းကြဲကြီးတွေနဲ့ ပြေးလေ့ရှိတဲ့ သူ့ရဲ့အမြန်နှုန်းဟာ တဖက်နောက်တန်းတွေကို ပြတ်ကျန်စေခဲ့ပါတယ်။

ဘောလုံးကို သွေးအေးအေး နဲ့ ကစားပြီး အဆုံးသတ်သေချာလွန်းတဲ့ ရိုနယ်ဒိုရဲ့ပုံစံဟာ ယင်းကာလက သူပါဝင်ကစားခဲ့ တဲ့ ကလပ်တွေဖြစ်တဲ့ အင်တာမီလန်၊ ရီးယဲလ်၊ဘာစီလိုနာအသင်းတွေရဲ့ ပုံရိပ်များစွာကို မြှင့်တင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူကိုကာလကြာဒုက္ခပေးခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကစားသမားဘဝကိုခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပြီး(၂၀၁၁)ခုနှစ်မှာ တော့ ဘရာဇီးကလပ် Corinthians ကလပ်မှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ ပါတယ်။

(၆) ဇီဒန်း

ပလာတီနီပြီးတဲ့နောက် ဒီစာရင်းမှာပါဝင်လာခဲ့တဲ့ ပြင်သစ်နိုင်ငံသား ဇီဒန်းဟာလည်း ကွင်းလယ်အားသန် တိုက်စစ်ကစားသမားဖြစ်ပါတယ်။ ဥရောပ အကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားတစ်ယောက်ဖြစ်ခဲ့ပြီး ယခုမျက်မှောက်ကာလအချိန်ထိ သူရဲ့နည်းပြအဖြစ်စွမ်းဆောင်ရည်တွေဟာ အခြားသောသူတွေ အမီလိုက်နိုင်ဖို့တော့ အတော်လေးခဲယဉ်းနေဆဲဖြစ်ပါတယ်။ Zizou လို့ချစ်စနိုးခေါ်လေ့ရှိတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟာ အီတလီကလပ် ဂျူဗင်တပ်နဲ့ စပိန်ကလပ်ရီးယဲလ်မက်ဒရစ်တို့နဲ့ ကစားသမား ဘဝကတင် များစွာသောမှတ်တိုင်တွေ စိုက်ထူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါအပြင်(၁၉၉၈) ခုနှစ် ကမ္ဘာဖလားချန်ပီယံဆုရ ပြင်သစ်အသင်းအတွက် ဘရာဇီးအသင်းနဲ့ ယှဉ်ပြိုင် ကစားတဲ့ဗိုလ်လုပွဲစဉ်မှာ အနိုင်ဂိုးနှစ်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။  နောက်(၂)နှစ်အကြာမှာကျင်းပတဲ့ ဥရောပဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းကို ထပ်မံဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဗိုလ်စွဲခဲ့တဲ့ (၂၀၀၂)ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း သူသွင်းယူပေးခဲ့တဲ့ မြေမကျကန်ချက် ဟာ ယနေ့တိုင် ချန်ပီယံလိဂ်ရဲ့အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ခုဖြစ်နေဆဲပါ။ ဒါပေမဲ့ (၂၀၀၆)ခုနှစ် ကမ္ဘာဖလားဖိုင်နယ်မှာတော့ သူရဲ့ လက်တလောထိန်းချုပ်မှုမဲ့တဲ့ ဒေါသကြောင့် ပြင်သစ်အသင်းရဲ့ဟီးရိုးကနေ ဇီးရိုးအနေအထားဖြစ်ခဲ့ပြီး ဝေဖန်မှုတွေ နဲ့ကြုံတွေ့ခဲ့ရပါသေးတယ်။ အီတလီနောက်ခံလူ မာတာရာဇီရဲ့ရင်ဘတ်ကို ခေါင်းနဲ့ ဆောင့်ခဲ့တာဖြစ်ပြီး တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့အပြင် ပြင်သစ်အသင်း လည်း အီတလီကို ပိုင်နယ်တီမှာအရှုံးပေးခဲ့ရပါတယ်။ ယင်းနောက် ရီးယဲလ်မက်ဒရစ် အသင်းရဲ့နည်းပြဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို(၃)ကြိမ်တိုင် ဆက်တိုက်ဆွတ်ခူး ပေးနိုင်တဲ့  အကောင်းဆုံးနည်းပြအဖြစ် မှတ်တမ်းတင်ခြင်းကို ခံခဲ့ရပါတယ်။ အသင်းကို ဆုဖလားတွေယူပေးခဲ့ပြီးတဲ့နောက် ထွက်ခွာကာ အနားယူနေခဲ့ပါတယ်။ ဘောလုံးလောကကို မကြာခင်ပြန်လည်ဝင်ရောက် ဖို့တော့ ခန့်မှန်းထားကြပါတယ်။

(၅) ကလင်းစမန်း

(၁၉၉၀)ခုနှစ် ကမ္ဘာချန်ပီယံ အရှေဂျာမနီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကလင်းစမန်းရဲ့ခြေစွမ်းဟာလည်း မှတ်တမ်း၊ မှတ်ရာတွေတင်ပြီး စံထားလောက်တဲ့ ပုံစံကောင်းတွေ ရှိခဲ့ပါတယ်။ ဂျာမနီရဲ့အခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဂက်မူလာ၊ ဖရန့်ဘတ်ကင်ဖောင်ဝါတို့တောင် ဒီစာရင်းမှာပါဝင်နိုင်ခြင်းမရှိပေမဲ့ (၁၉၉၆) ခုနှစ်မှာ ဂျာမနီအသင်းကို ဥရောပဖလားထပ်မံရယူပေးနိုင်ခဲ့တဲ့ ကလင်းစမန်းကတော့ ထိုက်ထိုက်တန်တန်ပဲ ပါဝင်လာခဲ့ပါတယ်။

ကလင်းစမန်းဟာ ဂျာမန်ကလပ်ဘိုင်ယန် မြူးနစ်နဲ့ အီတလီကလပ် အင်တာမီလန်တို့မှာလည်းကစားခဲ့ပြီး UEFA Cup တွေနဲ့ လိဂ်ချန်ပီယံဖလားတွေကို မတူညီတဲ့အသင်းတွေနဲ့ ရယူပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကလင်းစမန်းဟာ ကစားသမားဘဝကနေ အောင်မြင်တဲ့နည်းပြဘဝကိုလည်း ကူးပြောင်း ခဲ့ပြီး ဂျာမနီကအိမ်ရှင်အဖြစ်ကျင်းပတဲ့ ဂျာမနီအသင်းကို လူငယ်တွေနဲ့ ရဲရဲဝံ့ဝံ့ပွဲထုတ်ကာ တတိယနေရာကိုရယူပေးနိုင်ခဲ့ပါတယ်။(ဆီမီးဖိုင်နယ်အဆင့်မှာ တော့ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းကိုအရှုံးပေးခဲ့ရတာပါ။) ဒါအပြင်အမေရိကန် အသင်းရဲ့နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဒေသတွင်းအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။

(၄) မားကိုစ်ဗန်ဘာစတန်

ဟော်လန်တိုက်စစ်ကစားသမား မားကိုစ်ဗန်ဘာစတန်ရဲ့အရည်အသွေးကလည်း အကောင်းဆုံးဆိုတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ သူဟာ အေဂျက်စ်အသင်းနဲ့ တူ လိဂ်ဖလား(၃)ကြိမ်၊ အဓိကနေရာကနေ သွင်းဂိုးတွေနဲ့ ကူညီခဲ့သူပါ။ ဒါအပြင် အေစီမီလန်နဲ့အတ European Cup (၂)ကြိမ်ရယူနိုင်ရာမှာ အကောင်းဆုံးခြေစွမ်းတွေ ဆက်လက်ပြသပြီး Ballon d” Ors ဆု(၃)ကြိမ်အထိ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ် ယင်းခေတ်အခါက ဂိုးဧရိယာအပြင်ဘက်ကနေ ဝေ့ဝိုက်ကန်သွင်းချဂိုးတွေဟာ သူရဲ့ အမှတ်အသား အဖြစ်နဲ့တောင် သတ်မှက်ခြင်းခံခဲ့ရပြီး နယ်သလန်အသင်းရှေ့တန်း မှာမရှိမဖြစ်ကစားသမား အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ဒါအပြင် (၁၉၈၈) ခုနှစ် ဥရောပဖလားပြိုင်ပွဲမှာလည်းဟော်လန်အသင်းကို ဦးဆောင်ပြီးအနိုင်ရ ဗိုလ်စွဲ အောင်ကူညီနိုင်ခဲ့တဲ့အပြင် နောက်ဆုံးဗိုလ်လုပွဲမှာ ဆိုဗီယက်ယူရေနီယံ အသင်းကို သူသွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးဟာ ထာဝရအကောင်းဆုံးသွင်းဂိုးတွေထဲမှာ တစ်ဂိုးအပါ အဝင်အဖြစ် မှတ်တမ်းတင်ခြင်းကိုခံခဲ့ရပါတယ်။ အကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်တဲ့ ဒီဟော်လန်ရှေတန်းတိုက်စစ်မှူးဟာ ဒဏ်ရာတွေကြောင့် အားကစားသမားဘဝ အကောင်းဆုံးအချိန်ဖြစ်တဲ့ အသက်(၂၈)နှစ်အရွယ်မှာတင် အားကစားသမားဘဝ ကနေအနားယူခဲ့ရရှာပါတယ်။ မားကိုစ်ဗန်ဘာစတန်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး(၃၀၀)လောက်ကိုသွင်းယူနိုင်ခဲ့ပြီး ဖီဖာကရွေးချယ်တဲ့ (၂၀)ရာစု ရဲ့အကောင်းဆုံးဘောလုံးသမားစာရင်းမှာတော့ နံပါတ်(၆)နေရာကနေ ပါဝင်လာခဲ့ပါတယ်။ ဟော်လန်လက်ရွေးစင်အသင်းနဲ့ အေဂျက်ဘောလုံးအသင်းတို့ ရဲ့လက်ရွေးစင်နည်းပြ အဖြစ်လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

(၃) မီချယ်ပလာတီနီ

အပြည့်စုံဆုံးသော ကွင်းလယ်တိုင်စစ်ကစားသမားတစ်ဦး အဖြစ်ဒီစာရင်းမှာ ပါဝင်လာခဲ့ သူကတော့ လက်ရှိ UEFAရဲ့ဥက္ကဌဟောင်း ပလာတီနီဖြစ်ပြီး မာရာဒိုနာနဲ့အပြိုင်ထင်ပေါ်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဘောလုံးဆိုတာ ဦးနှောက်သုံးကစားရ တာဖြစ်ကြောင်းကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ပလာတီနာ ဟာ သူပါဝင်ကစားခဲ့တဲ့ ပြင်သစ်ကလပ် စိန့်အက်တီနမ်နဲ့ အီတလီကလပ် ဂျူဗင်တပ်တို့နဲ့ များစွာသော ဆုဖလားတွေကို ကိုင်မြှောက်နိုင်သူဖြစ်ပါတယ်။ ယင်းကာလက ချီးမြှင်တဲ့ Ballon D Or ဆုကို(၃)ကြိမ်ဆက်ရယူနိုင်ခဲ့သူဖြစ်ပြီး (၁၉၈၄)ခုနှစ်က ဥရောပဖလားရယူနိုင်ခဲ့ တဲ့ပြင်သစ်အသင်းအတွက်လည်း ပြိုင်ပွဲတစ်လျှောက် Hattrick (၂)ကြိမ်နဲ့ ဂိုးသွင်းအ များဆုံး ကစားသမားဆုကိုပါရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ပလာတီနီဟာ ကမ္ဘာဖလား ရရှိ နိုင်ခြင်းတော့ မရှိခဲ့ပေမဲ့ အကောင်းဆုံးဆိုတော့ ကွင်းလယ်တိုက်စစ်သမားတစ်ဦး ရဲ့ပုံရိပ်ကောင်းတွေကို သမိုင်းမှာချန်ထားခဲ့တာကြောင့် အခုစာရင်းထဲ ပါဝင်လာတာဖြစ်ပါတယ်။ ပလာတီနီအတွက် စိတ်ပျက်စရာ ကောင်းတာကတော့ သူဟာယခင်ဖီဖာ ဥက္ကဌဟောင်းဘတ္တလာရဲ့ လာဘ်စားမှုအရှုပ် တော်ပုံမှာပါဝင်ခဲ့တာကို စုံစမ်းတွေ့ရှိခဲ့တာဖြစ်ပြီး (၂၀၁၅)ခုနှစ်မှာတော့ ဘောလုံးလော က ကနေ(၆)နှစ်တာ ကင်းကင်းရှင်းရှင်းနေဖို့ အမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ပလာတီနာ ကဒါဟာသူ့အတွက် အကြံပေးအကျိုးဆောင်ခအဖြစ်ချေပခဲ့ပြီး အယူခံဝင်ခဲ့တာကြောင့် နောက်ပိုင်းမှာ(၄)နှစ်ကို ပြန်လည်လျော့ချပေးခဲ့ပါတယ်။ သူဟာ ယူအီးအက်အေ ဥက္ကဌ သက်တမ်းတစ်လျှောက်မှာလည်း ဘောလုံးလောကအတွက် ပြုပြင်ပြောင်းလဲရေးတွေ ကိုဝေဖန်မှုတွေကြားက အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

(၂) ဒီရေဂိုမာရာဒိုနာ

ပီလီကိုကမ္ဘာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်မယ်ဆိုရင် မာရာဒိုနာကို စကြာဝဠာအကောင်းဆုံးကစားသမား အဖြစ်သတ်မှတ်ရလိမ့်မယ်လို့ အာဂျင်တီးနား မီဒီယာတွေက စကားနာထိုးလေ့ရှိပါတယ်။ သူတို့ဆိုရလောက်အောင်လည်း မာရာဒိုနာ ရဲ့ဘောလုံးကစားဟန်ဟာ ထူးချွန်ပြောင်မြောက်လွန်းခဲ့ ပါတယ်။ မာရာဒိုနာဟာ ပြည်ပကိုထွက်ရောက်ပြီးကစားခဲ့ပြီး အီတလီကလပ် နာပိုလီနဲ့အတူ (၁၉၉၀)ခုနှစ်မှာ UEFA Cup ကိုဆွတ်ခူးခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့ တော့ ကမ္ဘာဖလားကို (၁၉၈၂)ခုနှစ်ကနေစတင်ပြီး ၁၉၉၄ ခုနှစ်အထိ လေးကြိမ်တိုင်ပါဝင် ကစားခဲ့ပေမဲ့ (၁၉၈၆)ခုနှစ်မှာတစ်ကြိမ်သာရရှိခဲ့ပါတယ်။

ယင်းနှစ်မှာပဲ အင်္ဂလန်အသင်းဘက်ကို ကွာတားဖိုင်နယ်အဆင့်မှာ သူသွင်းယူခဲ့တဲ့ (Hand of God) ဟာအလွန်ကျော်ကြားခဲ့ပြီး ယင်းကာလမတိုင်ခင်ကတည်းက အင်္ဂလန်နိုင်ငံနဲ့ ဖြစ်ပွားခဲ့တဲ့ ဖောက်ကလန်ကျွန်းတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ အာဂျင်တီးနားတို့အတွက် အချိုမြိန်ဆုံးသော ဂလဲ့စားချေမှုဖြစ်ခဲ့ပါတယ်။ ဒါအပြင် အရပ်(၅ပေ၅လက်မ) သာရှိတဲ့ မာရာဒိုနာရဲ့ အဲဒီပွဲမှာ သွင်းခဲ့တဲ့ နောက်တစ်ဂိုးဟာ (၂၀)ရာစုရဲ့အကောင်းဆုံးသော ဂိုးအဖြစ်သက်မှတ် ခြင်းကိုခံခဲ့ရပါတယ်။ မာရာဒိုနာဟာ အာဂျင်တီးနားအသင်းကို နည်းပြအဖြစ်ပါ တာဝန်ယူခဲ့ပြီး ဖီဖာကရွေးချယ်တဲ့ (၂၀)ရာစု ရဲ့အကောင်းဆုံးဘောလုံးသမား အဖြစ်ပီလီနဲ့အတူပူးတွဲသက်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ မူးယစ်ဆေးနဲ့ အခြားအကျင့်ဆိုးတွေကြောင့် ကစားသမားအဆုံးသတ်ပိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမဲ့ သူဟာ အာဂျင်တီးနားအတွက်တော့ ဘောလုံးသမား တစ်ယောက်ထက်ပိုတဲ့ အမျိုးသားသူရဲကောင်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

(၁) ပီလီ

ဘရာဇီးမှာတော့ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆိုတဲ့ ဂုဏ်ပုဒ်ဟာ ပီလီကနေစ တင်ပြီး နောက်တစ်ဆင့် သမိုင်းတလျှောက် အကောင်းဆုံးကစားသမားဆိုတာလည်း ပီလီပဲဖြစ်တာ မို့ သူကနေပဲ အဆုံးသက်ရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ လက်တွေ့မှာလည်း ပီလီဟာ ပြိုင်ဘက်ကင်းတဲ့ ဂိုးသွင်းစွမ်းရည်တွေနဲ့အတူ အသက်(၁၇)နှစ်တည်းနဲ့ နိုင်ငံအသင်းကို ဦးဆောင်ပြီး (၁၉၅၈)ခုနှစ်၊ဆွိဒင်နိုင်ငံက ကျင်းပခဲ့တဲ့ ကမ္ဘာဖလားပြိုင်ပွဲမျာ အောင်မြင်မှု တွေကို ရယူပေးခဲ့သူလည်းဖြစ်ပါတယ်။ ဒါအပြင်နောက်နှစ်ဖြစ်တဲ့ (၁၉၅၉)ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ဘရာဇီးအသင်းဗိုလ်စွဲအောင် သူရဲ့သွင်းဂိုးတွေက အလွန်အရေးပါခဲ့ပါတယ်။ ဒါတောင်ပီလီဟာ ဒဏ်ရာကြောင့် များစွာသော တစ်ဦးချင်းနဲ့ အသင်းလိုက်ဆုတံဆိပ်တွေနဲ့လွဲချော်ခဲ့ရပါသေးတယ်။ သူပြန်လည် ကစားနိုင်ချိန်မှာလည်း ဘရာဇီးအသင်းနဲ့အတူ နောက်ထပ်ကမ္ဘာဖလား(၂)ခု ထပ်မံ ရယူပေးနိုင်ခဲ့တာကြောင့် ဘောလုံးလောကရဲ့ နတ်ဘုရားလို့တောင်တင်စားခေါ်ဆိုခဲ့ရပါ တယ်။

ပီလီဟာ သူခေတ်ကာလက ရယူနိုင်လောက်တဲ့ ဆုဖလားတွေကို ရယူပေးနိုင်ခဲ့ ပြီး ပရော်ဖက်ရှင်နယ်သွင်းဂိုးပေါင်း (၁၂၈၃)ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် သူစံချိန် ကိုလိုက်မီဖို့ဆိုတာကတော့ လက်ရှိမှာအတော်လေးခက်ခဲနေပါတယ်။ ဒါအပြင် သူရဲ့ မူလကလပ်ဖြစ်တဲ့ ဆန်းတို့စ်အသင်းနဲ့လည်း အောင်မြင်မှုများစွာကိုရယူနိုင်ပါသေးတယ်။ ယင်းကာလက ကစားသမားတွေရဲ့ကလပ်အသင်းခြေစွမ်းဟာ နိုင်ငံအသင်းမှာပါဖို့ လောက်ပဲ အရေးပါခဲ့တာကြောင့် ယခုချန်ပီယံလိဂ်ပြိုင်ပွဲလို အားလုံးကအာရုံစိုက်ရ လောက်အောင်တော့ မဖြစ်ခဲ့ပါဘူး။ ဆန်းတိုစ့်အသင်းနဲ့လည်း ဆုတံဆိပ်များစွာရရှိခဲ့သူ ဖြစ်ပြီး O Rei (ဘောလုံးဘုရင်)ဆိုတဲ့ အမည်ကိုလည်း ထပ်မံရရှိခဲ့သူ ဖြစ်ပါတယ်။ ယခု လက်ရှိမှာလည်း ကမ္ဘာလုံးဆိုင်ရာလူသားအကျိုးပြုလုပ်ငန်းတွေမှာလည်း သူရဲ့ကျော် ကြားမှုကို အသုံးချပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်နေဆဲ ဖြစ်ပါတယ်။

မိတ်ဆွေအနေနဲ့ အကောင်းဆုံးဘောလုံးသမားလို့ သတ်မှတ်ထားတဲ့သူဟာ ဘယ်သူဖြစ်ပါသလဲ……..

သုတဇုန်

Tags: Sport people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!