မှတ်ဉာဏ်တွေ မဆုံးရှုံးစေမယ့် နည်းလမ်းကောင်းများ

Posted on

ဒီတစ်ခါတော့ အိုမင်းလာတဲ့ အသက်အရွယ်နဲ့အတူ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေကို ဘယ်လို အချိန်ကြာကြာ ထိန်းထားနိုင်မလည်း ဆိုတာ လေ့လာကြည့်ရအောင်။

(၁) ပုံမှန်စားသုံးပါ။
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ၂-၃% ပမာဏမျှသာ ရှိပေမယ့် ခန္ဓာကိုယ်က ထွက်တဲ့ စွမ်းအင်ရဲ့ ၂၀% ပမာဏကို သူ့အတွက် သုံးစွဲပေးရပါတယ်။ ဒါကြောင့် “အစာမရှိတဲ့ ဦးနှောက်ဟာ ဗလာ” ဆိုတဲ့ အတိုင်း ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အစာအာဟာရကို မှန်မှန်စားသုံးပေးသင့်ပါတယ်။

(၂) စူပါ အစားအစာများ
ဟင်းနုနွယ်၊ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေကို စူပါ အစားစာများလို့ ခေါ်ပါတယ်။ အကြောင်းက သူတို့ဟာ ဦးနှောက်ရဲ့ စွမ်းအင်ကို မြှင့်တင်ပေးလို့ပါပဲ။ ဒါကြောင့် များများစားသုံးပေးသင့်ပါတယ်။

(၃) Hot Beverage
လက်ဖက်ရည်နဲ့ ကော်ဖီတို့ဟာ ဦးနှောက်ကို လှုံ့ဆော်တဲ့နေရာမှာ အင်မတန် ကောင်းပါတယ်။ ဦးနှောက်ကို လှုံ့ဆော်နိုင်တဲ့အတွက် မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၄) အရက်မသောက်ရ။
အရက်ဆိုတာ ဦးနှောက်အတွင်း အာရုံကြောဆဲလ်ပေါင်းများစွာကို ပျက်စီးစေတဲ့အတွက် မသောက်သုံးသင့်ပါဘူး။

(၅) ဗီတာမင် များများစား
ဖြည့်စွက်စာများကို စနစ်တကျ စားသုံးပေးရပါမယ်။ ဖောလစ် အက်ဆစ်ဓာတ်လို မှတ်ဉာဏ်အတွက် အထောက်အကူ ပြုပေးနိုင်တဲ့ ဗီတာမင်ဓာတ်များများ စားပေးရပါမယ်။

(၆) သောကကင်းဝေးစွာ နေထိုင်ပါ။
တရားထိုင်ခြင်း၊ တရားဓမ္မအကြောင်း တွေးတောနေခြင်း၊ ဆွေးနွေးနေခြင်း ကလည်း စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်တည်ငြိမ် အေးချမ်းတဲ့အခါ မှတ်ဉာဏ်က ကြည်လင်ပြတ်သားနေပါလိမ့်မယ်။

(၇) ဂိမ်းများများကစား
Sudoku နဲ့ စကားလုံး ပဟေဠိဝှက်တဲ့ ဂိမ်း စတဲ့ mental games တွေ ဆော့ကစားခြင်းကလည်း ဦးနှောက် မှတ်ဉာဏ်ကောင်းစေဖို့ အထောက်အကူ ပြုစေနိုင်ပါတယ်။

(၈) လေ့ကျင့်ခန်းများများလုပ်ပါ။
လူ့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ အဲ့ထဲကမှ တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါ။ မနက်စောစော လမ်းထလျှောက်ခြင်း၊ ပြေးခြင်းစတဲ့ အားကစားမျိုးက ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့ သက်ရောက်မှု ရှိပါတယ်။

(၉) ပုံမှန်အိပ်ပါ။
အိပ်ချင် မှန်မှန်နဲ့ ပုံမှန်အချိန်အတိုင်း အိပ်စက်ခြင်းကလည်း သင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်ကို မထိခိုက်စေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

Ref:
Health Digest
Wun Zin