Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နှစ်ပေါင်း ၈၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာကျော် ဂိုးဒင်းဂိတ်တံတားကြီး

by Thutamm
November 19, 2019
Reading Time: 2min read
0
နှစ်ပေါင်း ၈၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာကျော် ဂိုးဒင်းဂိတ်တံတားကြီး
Share on FacebookShare on Twitter

ရေးသားသူ – ကိုကျော်မင်းအောင်

၁၉၃၃ ခုနှစ်ဇန်နဝါရီလ ၅ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရအမှတ်သင်္ကေတ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကိုရေလက်ကြားက Golden Gate ကြိုးတံတားကြီးကိုစတင်တည်ဆောက်ပါတယ်။ လူတစ်သိန်းကျော်တက်ရောက်တဲ့ အဲဒီပန္နက်ရိုက်ပွဲ အခမ်းအနားကိုအမေရိကန်သမ္မတက သဝဏ်လွှာပေးပို့ခဲ့ပြီး အမြောက်နှစ်ဆယ့်တချက်ပစ်ဖောက်ဂုဏ်ပြုခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုကမ်းမြှောင်နဲ့ တဖက်ကမ်းက မာရင်ကောင်တီတို့ကိုဆက်စပ်ပေးဖို့အတွက် ဆန်ဖရန်စစ္စကိုရေလက်ကြားကိုဖြတ်ပြီး တံတားကြီး တည်ဆောက်ဖို့ နှစ်ပေါင်းများစွာကတည်းက အမျိုးမျိုးအဆိုပြုခဲ့ကြပေမယ့် လိူင်းလေပြင်းထန်ပြီး ရေကလည်းနက်တဲ့ပင်လယ်ထဲမှာ တံတားထိုးဖို့ မဖြစ်နိုင်ဘူးလို့ပဲအများက ယူဆကြပါတယ်။

တံတားတည်ဆောက်မယ့်မြေနေရာပိုင်ရှင်ဖြစ်တဲ့ ရေတပ်ကလည်း တကယ်လို့တံတားကြီးဖောက်ခွဲဖျက်စီးခံရရင် ဆန်ဖရန်စစ္စကို ရေလက်ကြားထဲကရေတပ်သင်္ဘောတွေ ဘယ်မှထွက်မရပဲ ပိတ်မိသွားနိုင်တယ် ဆိုပြီးစိုးရိမ်တကြီးကန့်ကွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တံတားထိုးဖို့သဘောတူလိုက်ပါတယ်။

တံတားရဲ့မူလဒီဇိုင်းကို၁၉၂၁ ခုနှစ်မှာ Strauss ကရေးဆွဲခဲ့တာဖြစ်ပြီးသူ့ဒီဇိုင်းကိုအများပြည်သူကို ချပြတဲ့အချိန်မှာ ကြွက်ထောင်ချောက်ကိုပြောင်းပြန်လှန်ထားသလိုပဲ အရုပ်ဆိုးတယ် ဆိုပြီး ဝေဖန်ကြလို့သူ့ပြိုင်ဖက်တခြားဒီဇိုင်းနာတွေဖြစ်တဲ့ Irving Morrow နဲ့ Charles Ellisတို့ကိုခေါ်ယူပြီးပြန်ပြင်ဆွဲခဲ့ရပါတယ်။

ဒါပေမယ့်တံတားတည် ဆောက်ရေးမှာအဓိကကြီးကြပ်သူကတော့ Straussကိုယ်တိုင်ပဲဖြစ်ပါတယ်။ တံတားတည်ဆောက်ရေးကာလဟာ ၄နှစ်ကျော်ကြာမြင့်ခဲ့ပြီး ၁၉၃၇ခုနှစ်မေလ၂၇ ရက်မှာအခမ်းအနားနဲ့ဖွင့်လှစ်ခဲ့ပါတယ်။

တံတားရဲ့စုစုပေါင်းအရှည်က ၈၉၈၁ ပေ(၁.၇ မိုင်) ရှိပါတယ်။ တံတားကြီးမှာ ၇၄၆ပေမြင့်တဲ့အဓိကမျှော်စင်တာဝါကြီးနှစ်ခုရှိပြီးအချင်း ၃ပေစီရှိတဲ့သံမဏိကြိုးနှစ်ချောင်းနဲ့ချိတ်ဆက်ထားပါတယ်။ အဲဒီသံမဏိ ကြိုးကြီးနှစ်ချောင်းဟာမိုင်ပေါင်း၈၀၀၀၀ ကျော်ရှည်တဲ့ကြိုးမျှင်ပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်ကိုပူးကျစ်ထားတာဖြစ်ပါတယ်။

အဲဒီကြိုးကြီးနှစ်ချောင်းကပြိုင်ကျနေတဲ့ကြိုးတွေနဲ့ တံတားကိုဆွဲမထားပါတယ်။ တာဝါတိုင်နှစ်ခုအကြားအကွာအဝေးဟာ ၄၂၀၀ပေရှိလို့ ၁၉၆၈ခုနှစ်အထိ ကမ္ဘာပေါ်မှာခန်းဖွင့်အကျယ်ဆုံးတံတားဖြစ်ခဲ့ပါတယ်။

တာဝါတိုင်ကြီးနှစ်ခုမှာ အသုံးပြုထားတဲ့ စို့မူလီပေါင်း တသန်းနှစ်သိန်းကျော်ရှိပြီး တံတားတခုလုံးမှာအသုံးပြုထားတဲ့ သံမဏိအလေးချိန်က တန်ချိန်ပေါင်း ရှစ်သောင်းရှစ်ထောင်ကျော်ရှိပါတယ်။ ကုန်ကျစရိတ်က ဒေါ်လာ၃၅သန်းကျော်ရှိပြီး ၂၀၀၄ခုနှစ်ပေါက်ဈေးအရဆိုရင်ဒေါ်လာသန်း ၁၂၀၀နဲ့ ညီပါတယ်တဲ့။

ဒီတံတားကြီးကိုလိမ္မော်ရောင်ရဲရဲသုတ်ထားပြီး ဒီအရောင်ကြောင့်တော့ GoldenGate လို့ခေါ်တာ မဟုတ်ပါဘူးတဲ့ဗျာ။ တံတားကြီးရဲ့အရောင်ဟာမာရင်ကောင်တီဖက်က တောင်ကုန်းတွေနောက်ခံနဲ့လိုက်ဖက်မူရှိပြီး မြူနှင်းတွေဆိုင်းနေတဲ့ အချိန်မျိုးမှာလည်း သဲသဲကွဲကွဲမြင်နိုင်ပါတယ်တဲ့။

ဒီတံတားကြီးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာ အကြောင်းအချက်တချို့ လည်းရှိနေပါသေးတယ်။ ကွန်ကရစ်လုပ်ငန်းမှာ AGကားတွေကို စတင်အသုံးပြုခဲ့တာ ဒီတံတား Projectမှာ ဖြစ်ပါသတဲ့။ နောက်ပြီးတော့တည်ဆောက်ရေးကာလမှာ safety နဲ့ပတ်သက်လို့လည်းတော်တော်လေး အလေးထားခဲ့တာတွေ့ရပါတယ်။

အလုပ်သမားအားလုံးမဖြစ်မနေhardhat ဆောင်းရတဲ့ပထမဆုံး projectလည်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အမြင့်မှာလုပ်ရတဲ့ လုပ်ငန်းခွင်တွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ Safety net တွေကိုလည်း ဒီတံတားမှာ စတင်အသုံးပြုခဲ့တယ်လို့သိရပါတယ်။

စိတ်မကောင်းစရာတခုကတော့ ဒီတံတားကြီးဟာ သေကြောင်းကြံစည်သူတွေ နှစ်သက်မြတ်နိုးတဲ့နေရာတစ်ခုဖြစ်ပြီး ကမ္ဘာမှာ သက်သေမှုနှုန်းအမြင့်ဆုံးနေရာ တစ်ခုဖြစ်နေတာပါ။ ဒီတံတားကြီးစတင်ဖွင့်လှစ်ချိန်ကနေ ယနေ့အထိတံတားပေါ်ကခုန်ချပြီးကိုယ့်ကိုယ်ကို သတ်သေသူပေါင်း ၁၆၀၀ကျော်ရှိပြီလို့သိရပါတယ်။

တံတားကြီးဟာ ပေ ၂၆၀ ခန့်မြင့်မားပြီး သိပ္ပံနည်းကျတွက်ရင် တံတားပေါ်က ခုန်ချသူတစ်ဦးဟာ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ၄ စက္ကန့်အတွင်း တံတားအောက်ခြေကိုရောက်ပြီး ခံစားမှုအလျည်းမရှိပဲ အသက်ဇီဝိန်ချူပ်စေ နိူင်မှာပါ။ ဒါကလည်း မိမိကိုယ်ကို သတ်သေလိုသူတွေကို ဒီ Golden Gate တံတားကြီးကို လာရောက်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်စေခဲ့တာပါ။

တံတားကြီးဖွင့်ပြီး ၃ လအကြာ သြဂုတ်လ ၁၉၃၇ ခုနှစ်မှာ H.B. Wobber ဆိုတဲ့သူတစ်ယောက်ဟာ ဘတ်စ်ကားပေါ်မှာ ငူငူကြီးပါလာတာပါ။ ဘတ်စ်ကားကြီးဟာ Golden Gate တံတားကြီးကိုဖြတ်တာနဲ့ တစ်ချိန်လုံးငိုင်နေတဲ့ Wobber ဟာ သူ့ဘေးနားမှာ ထိုင်နေတဲ့ခရီးသည်ကို “ငါဆင်းရမယ့် မှတ်တိုင်ကဒီနေရာပဲ…ငါသွားတော့မယ်” ဆိုပြီး တံတားပေါ်က ခုန်ချသွားပါတော့တယ်။ ဒီလိုနဲ့ Wobber ဟာ Golden Gate တံတားကြီးကနေ မိမိအသက်ကို ပထမဦးဆုံး နူတ်ယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့တယ်။

အမေရိကန် နိုင်ငံရှိ နာမည်ကျော် Golden Gate တံတားကို ၁၉၃၃ မှ စတင် တည်ဆောက်ပြီး ၁၉၃၇ မှာ ပြီးစီး ခဲ့လို့ ယခုအခါ သက်တမ်းအား ဖြင့် ၈၁ နှစ်ရှိ ပါတယ်။ Suspension, truss arch & truss ကြိုးတံတား အမျိုးအစား ဖြစ်ပါတယ်။ ဒီတံတားဟာ လည်း သံကို အခြေပြုတဲ့ ကြိုးတံတား အမျိုးအစား ဘဲ ဖြစ်ပါတယ်။

နေ့စဉ် တံတားကို မော်တော်ယာဉ်ပေါင်း ၁၁၀ ၀၀၀ ကျော် သွားလာနေတဲ့ ၆ လမ်းသွား ကြိုး တံတားကြီး ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ Golen Gate တံတားကြီးကို ၂၀ရာစုမြို့ပြအင်ဂျင်နီယာပညာရဲ့အံ့မခန်းစွမ်းဆောင်မူတခုအဖြစ်အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်း(ASCE)က”ခေတ်သစ်ရဲ့ ကမ္ဘာ့အံ့သြဖွယ်ရာခုနှစ်ခု” (seven wonders in modern world) ထဲမှာ တခုအပါအဝင် သတ်မှတ်ခဲ့ပါတယ်။

အောက်က ပုံရိပ်တွေကတော့ တံတာကြီးဆောက်လုပ်ခဲ့စဉ်က ရှားပါးပုံရိပ်တွေဖြစ်ပါတယ်။

Tags: world knowledgeworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!