Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

FBI ရဲ့ လေ့ကျင့်ရေးစခန်း မြို့အတု

by Thutamm
January 2, 2020
Reading Time: 1min read
0
FBI ရဲ့ လေ့ကျင့်ရေးစခန်း မြို့အတု
Share on FacebookShare on Twitter

Federal Bureau of Investigation (FBI)လို့သိကြတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကစုံစမ်းစစ်ဆေးရေးအဖွဲ့ကြီးရဲ့ စွမ်းဆောင်ရည်ကိုတော့အားလုံးသိရှိပြီးတဲ့အတိုင်း ဖြစ်ပါတယ်။ အမေရိကန်ှဗဟိုအစိုးရရဲ့လက်အောက်မှာရှိပြီး အမေရိကန်သံရုံးတွေက တဆင့် ကမ္ဘာနိုင်ငံတော်တော်များများမှာ ရုံးခွဲများစွာဖွင့်လှစ်ထားခဲ့တဲ့ FBI ဟာနည်းပညာမြင့်အထောက်အကူပြုပစ္စည်း တွေကိုသာမက ကျွမ်းကျင်အေဂျင့်များစွာကို ပိုင်ဆိုင်ထားပါတယ်။

FBI ဆိုတဲ့ကမ္ဘာ ကျော်အဖွဲ့အစည်းဖြစ်လာဖို့အတွက် တာဝန်ရှိသူတွေရဲ့နောက်ကွယ်ကပြင်ဆင်မှုတွေ ဖြည့်တင်းမှုတွေဟာ စိတ်ဝင်စားစရာအလွန်ကောင်းမွန်တာကိုတွေ့ရမှာဖြစ်ပြီး သတင်းစာမျက်နှာတွေအထက်မှာတော့ ဖော်ပြမှုကအလွန်နည်းပါးပါတယ်။ ဒီတစ်ခါတော့ လေ့ကျင့်မှု သင်တန်းကျောင်းတွေ၊ သတင်းဌာနအရင်းအမြစ်များစွာပိုင်ဆိုင်ထားတဲ့ FBI ရဲ့ကွန်ယက် အတွင်းမှာရှိတဲ့ မြို့အတု အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှသွားပါမယ်။

ဒီမြို့အတုရဲ့နာမည်ကတော့ Hogan’s Alley လို့ခေါ်ပါတယ်။ ယင်း မြို့အတုမှာတော့ နေအိမ်အဆောက်အအုံတွေသာမက ဘဏ်၊စားသောက်ဆိုင်၊ ရေကူးကန်၊ စာတိုက်၊ဟိုတယ်အတုတွေအထိအောင်ပါဝင်ပါတယ်။ ယင်းနေရာမှာတည်ရှိတဲ့ အဆောက်အအုံတွေဟာ အလွန်အသက်ဝင်တာကြောင့် ဟောလီးဝုဒ်ရုပ်ရှင်ကားအချို့ ရဲ့ဘဏ်ဓါးပြတိုက်တဲ့အခန်းတွေ၊မူးယစ်ဆေးဝါးအကြမ်းဖက်ဇာတ်ဝင်ခန်းတွေအပြင် မြို့ ပြတိုက်ပွဲငယ်ပုံစံတွေအထိ လာရောက်ရိုက်ကူးတဲ့နေရာလည်းဖြစ်ပါတယ်။

မြို့အတုတစ်ဖြစ်လည်း ဒီနေရာဟာ FBI ရဲ့လေ့ကျင့်ရေးအကယ်ဒမီတစ်ခုလည်း ဖြစ်ပါတယ်။ (၁၀)ဧကကျော်ကျယ်ဝန်းတဲ့ ဒီနေရာကို (၁၉၈၇)ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာလို့သိရပါတယ်။ မြို့တွင်း အကြမ်းဖက်ဖြစ်စဉ်တွေကို ချေမှုန်းရေးအစီစဉ်နဲ့ ဖွင့်လှစ်ခဲ့တဲ့ Hogan’s Alley ဟာ FBI လိုအဖွဲ့တွေအတွက်သာမက DEA နဲ့အခြားသော အကြမ်းဖက်တန်ပြန်တိုက်ခိုက် ရေးအဖွဲ့တွေရဲ့လေ့ကျင့်ရာနေရာအဖြစ်လည်း ရှိနေတာဖြစ်ပါတယ်။

Hogan’s Alley အတွင်းမှာတော့ ဘဏ်အတု၊စားသောက်ဆိုင်အတု၊ ရေကူးကန်တွေ၊ စာတိုက်အတုနဲ့ဟိုတယ်အတုတွေအားလုံးဟာ လမ်းမကြီးတစ်ခု အပေါ်မှာပဲ တည်ရှိနေတာဖြစ်ပါတယ်။ ဒါအပြင် အထူးအေဂျင့်တွေအတွက်စုံစမ်းရေးနည်းပညာတွေ၊ တိုက်ခိုက်ရေးနည်းပညာသင်တန်းတွေနဲ့အခြားသောမှုခင်းဆိုင်ရာစီရင်သုံးသပ်မှု အသိပညာပေး အဆောက်အအုံတွေလည်း အဲဒီ Hogan’s Alley အတွင်းတည်ရှိနေပါတယ်။

Hogan’s Alley ရဲ့တိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေအတွင်းမှာတော့ Simunition လို့သိကြတဲ့ ကျည်ဆံတုတွေကိုအသုံးပြုပစ်ခတ်ကြပြီး အသုံးပြုတဲ့သေနတ်တွေကလည်း paintball gun တွေဖြစ်တယ်လို့သိရပါတယ်။ Hogan’s Alley ဟာပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်မစတင်ခင်အချိန်ကတည်းက အခြေတည်ပေါ် ပေါက်လာခဲ့တာလို့သိရပြီး မူလကတော့ စစ်ဘက်၊အရပ်ဘက်လေ့ကျင့်ရေးစခန်းတွေ အဖြစ်နဲ့အဆင့်ဆင့်ပြောင်းလဲလာခဲ့တာလို့သိရပါတယ်။

မူလက ရဲအထူးလေ့ကျင့်ရေး သင်တန်းကျောင်းအဖြစ် ဗာဂျီးနီးယားပြည်နယ်အခြေစိုက် အမျိုးသားရိုင်ဖယ်သေနတ်ကိုင်တပ်ဖွဲ့ နဲ့ The Army’s National Boarod for the promotion of rifle Practice တို့က Ohio ပြည်နယ်မှာရှိတဲ့ Camp Perry မှာစတင်တည်ထောင်ပါတယ်။ တည်ထောင်ရတဲ့ရည် ရွယ်ချက်ကတော့ (၁၉၂၀)ခုနှစ်ကပြုလုပ်တဲ့ လူထုစစ်တမ်းအရ ရဲတပ်ဖွဲဝင်တွေရဲ့ စွမ်းဆောင်ရည်ကိုမြှင်တင်ပေးစေလိုတဲ့ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာတော့ ယင်းရဲသင်တန်းကျောင်းကိုပိတ်ပစ်ခဲ့ပြီး Hogan’s Alley ကတော့ House of Horrors ဆိုတဲ့အမည်နဲ့ဆက်လက်တည်ရှိခဲ့ပါတယ်။ (၁၉၅၆)ခုနှစ်မှာတော့ ယင်းရဲသင်တန်းကျောင်းကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီး FBI ရဲ့ထိန်းချုပ်မှု အောက်ကိုရောက်ရှိလာခဲ့ပါတယ်။ ယင်း ကနေ အဆင့်ဆင့် အထူး အေဂျင့်တွေကို မွေးထုတ်ပေးခဲ့ရာကနေ (၁၉၈၇)ခုနှစ်မှာတော့ Hogan’s Alley ဆိုတဲ့အမည်နဲ့ အမေရိကန်ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်းရေးအဖွဲ့တွေရဲ့ လေ့ကျင့်ရေးစခန်းတစ်ခုအဖြစ်ရှိနေတာဟာ ယခုချိန်အထိလို့ဆိုရပါမယ်။

FBI တာဝန်ရှိသူတွေအဆိုအရတော့ Hogan’s Alley ဆိုတဲ့အမည်ဟာစစ်ဘက်ဆိုင်ရာ နာမည်တစ်ခုမဟုတ်ပဲ (၁၈၉၀)လောက်ကခေတ်စားခဲ့တဲ့ Hogan’s Alley လို့အမည်ရ တဲ့ပြဇာတ် ဇာတ်လမ်းတိုတစ်ခုကနေ ရယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ယင်းပြဇာတ်မှာပါဝင်တဲ့ ဇာတ်ကောင်ကလေးငယ်ဟာ နောက်ဖေးလမ်းကြားတွေအတွင်းမှာပဲ စွန့် စားမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းနောက်ဖေးလမ်းကြားတွေဟာ လူနေအိမ်တွေရဲ့ ဂရု ပြုမှုကိုမခံရပေမဲ့ အများစုဟာဖြတ်လမ်းဖြစ်တယ်ဆိုတဲ့အချက်ရယ် အိမ်ရှင်တွေရဲ့ အရေးပေါ်ထွက်ပေါက်ဖြစ်တယ်ဆိုတာကို မူတည်ပြီး FBI အရာရှိတွေက ခက်ခဲတဲ့မှုခင်းဖြစ်ရပ်တွေအတွက် လူသိပ်မသိစေတဲ့အရေးပေါ်လေ့ကျင့်ရေးစခန်းတွေအဖြစ် တင်စားခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

Tags: citiesworld places

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!