Thursday, April 15, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အယ်လင်ဆိုတဲ့သူမအကြောင်း

by Thutamm
August 17, 2019
Reading Time: 1min read
0
Share on FacebookShare on Twitter

ရေးသားသူ – နိုင်းနိုင်းစနေ

သူ့ကိုတော့ အွန်လိုင်းပေါ်က ဗီဒီယိုလေးတွေမှာ မကြာခဏတွေ့ဖူးကြမှာပါ။ သူကတော့ Ellen လို့အများက သိကြတဲ့ Ellen Lee Degeneres ပဲ ဖြစ်ပါတယ်။ နာမည်အကျော် အမေရိကန်အစီအစဉ်တင်ဆက်သူ ၊ ဟာသပညာရှင် တစ်ယောက်ဖြစ်သလို သရုပ်ဆောင် ၊ စာရေးဆရာမ နဲ့ ထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Ellen ကို ၁၉၅၈ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့မှာ အမေရိကန် ၊ လူစီယာနာပြည်နယ် ၊ မန်တိုင်ရီမြို့မှာ speech therapist ဖြစ်သူမိခင် နဲ့ အာမခံအေးဂျင့်ဖြစ်သူ ဖခင်တို့မှ မွေးဖွားခဲ့ပါတယ်။

Ellen ၁၃နှစ်အရွယ်မှာ မိဘတွေကွာရှင်းခဲ့ကြတယ်။ Ellenက မိခင်နဲ့အတူ လိုက်နေခဲ့ပါတယ်။ ကွာရှင်းခြင်းဆိုတဲ့ ရိုက်ခတ်ချက်က မိခင်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့လို့ ဝမ်းနည်းနာကျင်ခြင်းထဲကနေ မိခင်ရုန်းမထွက်နိုင်ဖြစ်ခဲ့တယ်။ ဒါကို Ellenက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မိခင်ကို ထပ်တစ်ဖန်ပြုံးရွှင်ရယ်မောအောင်လုပ်မယ်လို့ စဉ်းစားခဲ့မိတယ်။

ဒီလိုနဲ့ Ellenဟာ ရယ်စရာဟာသပုံပြင်တွေလိုက်ရှာဖတ်ပြီး မိခင်ကိုပြောပြခဲ့တယ်။ ဒီလိုပြောပြချိန်မှာ မိခင်ရဲ့အပြုံးကို ခဏသာသူတွေ့ခွင့်ရခဲ့ပါတယ်။

ဟာသပုံပြင်တွေ အပြောများလာတာနဲ့အမျှ တကယ်လို့ ကိုယ့်နံဘေးက လူနဲ့အရာဝတ္ထုတွေကို ဒီလိုဟာသတွေအဖြစ် ဖန်တီးနိုင်ခဲ့ရင် မိခင်ပိုစိတ်ဝင်စားမှာပဲလို့ Ellen သတိထားမိလိုက်တယ်။ အဲဒီလိုတွေးမိပြီးနောက် မိခင်ကို ဟာသပုံစံပြောင်းပြီး သူပြောခဲ့တယ်။ နေ့ရက်တွေ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့သလို မိခင်မျက်နှာပေါ်မှာ အပြုံးတွေ များသထက်များလာခဲ့တယ်။

ခရစ္စမတ်ရောက်ပါတော့မယ်။ ကျောင်းမှာ ခရစ္စမတ်ပျော်ပွဲရွှင်ပွဲကျင်းပတော့ Ellenလည်း ပါဝင်ချင်ခဲ့တယ်။ ဒါပေမယ့် သူ့မှာ ဘာစွမ်းရည် ဘာထူးချွန်မှုမှာမရှိဘူးလို့ သူတွေးမိလိုက်တယ်။ မိခင်က “သမီးပြောတဲ့ ရယ်စရာဟာသတွေ အရမ်းကောင်းတယ်၊ သမီးကိုယ်တိုင် မသိဘူးလား”လို့ ပြောတော့ Ellen အံ့သြသွားမိတယ်။ နောက်ရက်မှာပဲ ကျောင်းပျော်ရွှင်ပွဲမှာပါဝင်ဖို့ သူ စာရင်းသွင်းခဲ့ပါတယ်။

အဲဒီညမှာ သူပြောတဲ့ရယ်စရာတွေက အရမ်းအကျိုးထိရောက်ခဲ့ပါတယ်။ ပွဲတစ်ခုလုံး လက်ခုပ်သံတွေ ဟိန်းညံခဲ့တယ်။ အဲဒီနောက်ပိုင်း ကျောင်းမှာ ပျော်ပွဲရွှင်ပွဲရှိတိုင်း Ellenဟာ ရယ်စရာပြောသူအဖြစ် ဖတ်ကြားခံခဲ့ရတယ်။ သူ့ကို “ပွဲဆူစေတဲ့ မှော်မလေး”လို့ တင်စားခဲ့ကြတယ်။

နှစ်တွေတစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ခဲ့ပါတယ်။ ဝမ်းနည်းနာကျင်ခြင်းထဲကနေ မိခင်လျှောက်လှမ်းထွက်လာနိုင်ပြီး မိသားစုသစ်တစ်ခုကို ထူထောင်နိုင်ခဲ့တယ်။ အရွယ်ရောက်လာတဲ့ Ellenဟာ အပြင်လောကမှာ ရုန်းကန်လှုပ်ရှားချင်လာခဲ့လို့ ဝန်ထမ်းဘဝထဲ သူစတင်ဝင်ရောက်ခဲ့တယ်။ သူမဟာ အဖျော်ယမကာဖျော်စပ်သူ ၊ စားပွဲထိုး ၊ ရှေ့နေရုံးဝန်ထမ်း ၊ အရောင်းဝန်ထမ်း ၊ အစီအစဉ်တင်ဆက်သူ စတဲ့အလုပ်တွေကို လုပ်ခဲ့ပါတယ်။

ဒါပေမယ့် ကြာလာတာနဲ့အမျှ သူ့အပျော်ရွှင်ဆုံးအချိန်ဟာ သူရယ်စရာတွေပြောပြီးနောက် ပရိသတ်ဆီက လက်ခုပ်သံနဲ့ ရယ်မောသံတွေကို ကြားရတဲ့အချိန်ဖြစ်တယ်ဆိုတာကို Ellen သတိပြုခဲ့မိတယ်။ ဒီလိုနဲ့ အရက်ဘားနဲ့ကော်ဖီဆိုင်တစ်ခုမှာ ဟာသတွေတင်ဆက်ဖို့ သူအလုပ်သွားရှာခဲ့တယ်။ ကော်ဖီဆိုင်မန်နေဂျာက စမ်းသပ်ကြည့်ဖို့ သဘောတူလိုက်ပါတယ်။ လက်ရှိအချိန် ကမ္ဘာမှာ အကျော်ကြားဆုံး အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အစကတော့ ကော်ဖီဆိုင်ငယ်လေး တစ်ခုက စပါတယ်။

ဒီလိုအခွင့်အရေးကို Ellen တန်ဖိုးထားခဲ့ပါတယ်။ ကော်ဖီဆိုင်မှာ လာရောက်စားသောက်သူတွေကို တဝါးဝါး သူပွဲကျစေခဲ့တယ်။ ဒါကို ဆိုင်မန်နေဂျာက သဘောတူပြီး Ellen နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့် မန်နေဂျာက Ellenကို အရက်ဘားမှာသီချင်းသီဆိုသူတွေလောက် အလေးမထားခဲ့ပါဘူး။ Ellen က ပွဲဆူအောင်လုပ်ပေးသူ၊ အဓိကဖျော်ဖြေဖို့က အဆိုတော်တွေကိုပဲ အားကိုးရတယ်လို့ထင်ခဲ့တယ်။ “ကျွန်မက ပွဲဆူအောင်ရုံသက်သက် လုပ်ရသူပါ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒီပွဲနွေးထွေးလှုပ်ရှားလာအောင် ကျွန်မအစွမ်းကုန်ကြိုးစားမယ်”လို့ Ellen က သူ့ကိုယ်သူလှောင်ရယ်ပြီး ပြောခဲ့ပါတယ်။

Ellenရဲ့ဖျော်ဖြေမှုက ခဏတွင်းချင်းမှာပဲ လူအများရဲ့လက်ခံမှုကိုရရှိခဲ့တယ်။ သူ့ကိုငြင်းပယ်ခဲ့ဖူးတဲ့ တခြားဆိုင်မန်နေဂျာတွေက သူတို့ဆီမှာလာဖျော်ဖြေဖို့ Ellen ကို ပြန်ကမ်းလှမ်းခဲ့တယ်။ Ellenဟာ ကြိုးစားသူတစ်ဦးပါ။ အဲဒီနောက်မှာတော့ အမေရိကန်နိုင်ငံအဝှမ်းဆီ သူလှည့်လည်ဖျော်ဖြေခဲ့ပါတယ်။

ShowTime တီဗီကုမ္ပဏီက စီစဉ်ကျင်းပတဲ့ ဟာသပြိုင်ပွဲကိုလည်း သူတက်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီမှာ ဆုရပြီး ၁၉၈၄မှာ “အမေရိကန်မှာ အရယ်ရဆုံးလူ”အဖြစ် တင်စားခေါ်ဝေါ်ခံခဲ့ရပါတယ်။ သူ့ပရိသတ်တွေက သူ့ကို ဘာဖြစ်လို့ ကိုယ်ပိုင်Talk Show အစီအစဉ်တစ်ခု မလုပ်ရတာလဲလို့ အားပေးခဲ့လို့ ကိုယ်ပိုင်Talk Showတစ်ခုလုပ်ဖို့ သူအတွေးရခဲ့တယ်။

နောက်ဆုံးမှာ သူ့နာမည်ပါတဲ့ Talk Show အစီအစဉ်တစ်ခုကို သူတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီကနေ့အထိ အဲဒီ အစီအစဉ်ဟာ seasons ၁၆ခုကျင်းပနိုင်ခဲ့ပြီး သူမဟာ Emmy ဆု ၃၀၊  People’s Choice Awards ဆု ၂၀ ၊ များစွာသောဆုတံဆိပ်တွေအပြင်  အမေရိကန်သမ္မတကနေ ပေးတဲ့ Presidential Medal of Freedom ဆုကိုပါရရှိခဲ့ပြီးသူ ဖြစ်ပါတယ်။

၂ဝ၁၄ခုနှစ် မတ်လမှာကျင်းပခဲ့တဲ့ ၈၆ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ Ellen ဟာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ သူဟာ ပွဲဆူသူလို့ သူ့ကိုယ်သူတင်စားခဲ့သလိုပဲ အဲဒီအော်စကာဆုပေးပွဲကို နွေးထွေးလှုပ်ရှားလာအောင် လုပ်နိုင်ခဲ့လို့ အဲဒီပွဲဟာ ၁ဝနှစ်အတွင်းမှာ ကြည့်ရှုသူ Ratings အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၆၁နှစ်ရှိသွားပြီဖြစ်တဲ့သူမရဲ့ ၂၀၁၈ခုနှစ်အထိကြွယ်ဝမှုက ဒေါ်လာ သန်း ၃၃၀ ဖြစ်သလို forbes ရဲ့ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၅၀ စာရင်းမှာလည်းပါဝင်လာခဲ့တယ်။ LGBT တစ်ယောက်ဖြစ်တဲ့ Ellen ဟာ ၂၀၀၈ခုနှစ်မှာတော့ သြစတြေးလျ-အမေရိကန် မော်ဒယ် Portia de Rossi နဲ့လက်ထပ်ခဲ့ပါတယ်။ ပရဟိတအဖွဲ့အစည်းတွေကို မကြာခဏလှူဒါန်းလေ့ရှိပြီး ပရဟိတပွဲတွေမှာလည်း အမြဲတက်တက်ကြွကြွ နဲ့ပါဝင်လေ့ရှိပါတယ်။ သူကတော့ ဒီကနေ့မှာ ထင်ရှားအောင်မြင်နေတဲ့ Ellen Degeneres ပဲဖြစ်ပါတယ်။

နိုင်းနိုင်းစနေ

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!