ဉာဏ်ကောင်းလိုပါသလား

Posted on

သိပ္ပံပညာရှင်တွေ စမ်းသပ်တွေ့ရှိခဲ့တဲ့ ဒီနည်းကတော့ ဉာဏ်ကောင်းချင်ရင် တစ်စုံတစ်ခုကို ဘယ်ညာတင်းတင်းဆုပ်ကိုင်ပြီး အားနဲ့ညှစ်ရမှာပါတဲ့။

လူ ၇၂ ယောက်ကို ဘောလုံး ၇၂လုံးပေးကာ ၅အုပ်စုခွဲစမ်းသပ်ခဲ့တာပါ။ တချို့ကို ညာ ၊ တစ်ချို့ကိုဘယ် ၊ တစ်ချို့ကိုတော့ ဆုပ်ရုံဆုပ်ထားစေပြီး စမ်းသပ်ခဲ့တာပါ။ ဒီလိုစမ်းသပ်ကြည့်တဲ့အခါမှာ ညာဘက်နဲ့ လုံးကို ညှစ်တဲ့အုပ်စုဟာ အမြန်ဆုံး၊ ဘယ်လက်နဲ့ ဘောလုံးကိုညှစ်တဲ့အုပ်စုကတော့ မှတ်သားထားသမျှကို အများဆုံးမှတ်မိနေပါသတဲ့။

ဒီစမ်းသပ်မှုအရ ညာဘက်လက်နဲ့ ညှစ်ပေးတာဟာ ဦးနှောက်ရဲ့မှတ်သားမှုကို နှိုးဆွပေးပြီး ဘယ်ဘက် နဲ့ ညှစ်တာကတော့ ပြန်လည်မှတ်မိစေနိုင်တဲ့ ကြွက်သားကိုသန်မာစေတယ်လို့ သိရပါတယ်။

အဲဒီတော့ တစ်ခုခုကို မှတ်သားတဲ့အခါ ညာဘက်လက်နဲ့ ဘောလုံး(သို့) တစ်စုံတစ်ခုကို အားတင်းညှစ်ပြီး မှတ်သားပါ ၊ မှတ်သားထားသမျှကို ပြန်လည်စဉ်းစားတဲ့အခါမှာတော့ ဘယ်ဘက်လက်နဲ့ ညှစ်ပြီး စဉ်းစားခြင်းအားဖြင့် မှတ်ဉာဏ်ကို ကောင်းစေလာမှာပါ။

ကဲ..ကြုံကြိုက်ရင် စမ်းသပ်ကြည့်ကြပါဦး..

(ဒီနည်းလေးပေါ်နေတာတော့ကြာပါပြီ မသိသေးတဲ့သူတွေအတွက်ပါ)

သုတဇုန်