January 25, 2022

Knowledge

နွေရာသီလိုကာလတွေမှာ အိမ်ပိုင်ရှင်အများစုရဲ့ဆန္ဒကတော့ မိမိတို့နေအိမ်ကိုအပူအအေးမျှမျှတတနဲ့သက်သက်သာသာနေထိုင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ခုလိုကာလမျိုးမှာဆိုရင် အဲလ်ကွန်းအခန်းထဲမှာ အေးအေးလူလူနဲ့အနားယူနေရတဲ့ခံစားမှုဟာ ဘဝအမောအတော်များများကိုတော့ မေ့လျော့သွားစေမှာပါ။ လူသားတွေရဲ့နေထိုင်မှု ပုံံစံကိုအပြောင်းအလဲကြီးပြောင်းလဲသွားစေနိုင်တဲ့ အရာတွေမှာ အဲလ်ကွန်း (Air Conditioner ) တွေဟာ အရေးပါတဲ့...
အမေရိကန်ပြည်ထောင်စု၊ ရှီကာဂိုရဲ့တောင်ပိုင်း Loop ဧရိယာအတွင်းတည်ရှိနေတဲ့ Monadnock အဆောက်အအုံဟာဆိုရင်အထပ်ပေါင်း (၁၆)ထပ် လောက်ပါရှိပြီး ကမ္ဘာပေါ်မှာဆိုရင် အုတ်နဲ့နောက်ဆုံးတည်ဆောက်တဲ့ မိုးမျှော်အဆောက်အအုံအဖြစ် မှတ်တမ်းဝင်ထားပါ တယ်။ ရှီကာဂိုမြစ်နဲ့ မီချီဂန်ရေကန်အကြား တည်ရှိနေပြီး ခမ်းနားကြီးကျယ်တဲ့အဆောက်အအုံ...
ယနေ့ အချိန်မှာဆိုရင် ကမ္ဘာ့တိုက်ကြီးတွေရဲ့နာမည်ကိုအားလုံးကို တိတိကျကျ သတ်မှတ်ပြီးပါပြီ။ ဒါပေမဲ့ယင်းအမည်တွေဟာတိုက်ကြီးတွေရဲ့မူလအမည်တွေတော့ မဟုတ်ကြပါဘူး။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့တိုက်ကြီး (၇) တိုက်ရဲ့မူလအမည်တွေနဲ့ဖြစ်ပေါ်လာရတဲ့ သမိုင်းကြောင်းတွေဖြစ်ပါတယ်။ အာဖရိကတိုက် ပထမဆုံးဖော်ပြပေးချင်တာကတော့ အာဖရိကတိုက်ဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ နာမည်နဲ့...
(Uni) ယနေ့ခေတ် အီလက်ထရောနစ် ရေခဲသေတ္တာတွေရဲ့ အစဦးအဖြစ် အိမ်သုံးလျှပ်စစ်ရေခဲသေတ္တာကို ၁၉၁၃ ခုနှစ်မှာ အမေရိကန်တီထွင်သူတယောက်ဖြစ်တဲ့ Fred W. Wolf က တီထွင်ခဲ့ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာတွေဟာ ဒီဘက်ခေတ်မှာမှ...
အင်ပါယာဆိုတာကတော့ တိုင်းပြည်တစ်ပြည် ဒါမှမဟုတ် လူမျိုးတစုကို အုပ်စိုးတဲ့ ဧကရာဇ် (သို့) ဘုရင်တပါး က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေစုစုပေါင်းကို ဆိုလိုပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် သမိုင်းတလျှောက် ကမ္ဘာ့အကြီးဆုံး...
မကြာသေးခင်ကာလက ဗြိတိန်ခရီးသွားအေဂျင်စီတစ်ခုဖြစ်တဲ့ Thomas Cook ဟာ ကုမ္ပဏီကိုဖျက်သိမ်းခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့သူတို့ရဲ့ကျွမ်းကျင်လုပ်သားပေါင်း ၂၁၀၀၀ လောက်ကိုအလုပ်ဖြုတ်ခဲ့ကာ နှစ်ပေါင်း (၁၇၈) နှစ်နီးပါးကြာမြင့်ခဲ့တဲ့ကုမ္ပဏီရဲ့ ရပ်တည်မှုကိုအဆုံးသတ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ကုမ္ပဏီလုပ်ငန်းဖျက်သိမ်းလိုက်ချိန်မတိုင်မီ ၂၀၁၈ခုနှစ်ရဲ့ဝင်ငွေဟာ...
Toyota လို့ဆိုလိုက်တာနဲ့ ဂျပန်နိုင်ငံရဲ့နာမည်ကျော် ကားထုတ်လုပ်တဲ့ကုမ္ပဏီလို့လူသိများပြီး ကမ္ဘာ့ကားဈေးကွက်ကိုလွှမ်းမိုးထားတဲ့ကားကုမ္ပဏီကြီးတွေအနက်က တစ်ခုဆို ရင်လည်းမမှားပါဘူး။ Toyota ထုတ်ယာဉ်အားလုံးဟာ အရည်အသွေးနဲ့စွမ်းဆောင် ရည် မြင့်ထုတ်ကုန်တွေသာဖြစ်ပြီး အထက်တန်းကျတဲ့ဈေးကွက်တစ်ခုကိုလည်းပိုင်ဆိုင်ထား ပါတယ်။ Toyota Motor Corporation...
နန်းတော်တွေဟာ နိုင်ငံတနိုင်ငံ၊လူမျိုးတမျိုးရဲ့ထင်ရှားတဲ့ပြယုဂ်တွေဖြစ်ပြီးခမ်းနားကြီးကျယ်တဲ့ အတိတ်သမိုင်းကြောင်းကိုပိုင်ဆိုင်မှသာ နန်းတော်ကြီးတွေ ဖြစ်တည်လာရပါတယ်။ ဒါဆိုရင်ယနေ့အချိန်ထိကမ္ဘာပေါ်မှာရှိတဲ့နန်းတော်ကြီးတွေအနက်မှာ ဘယ်နန်းတော်ဟာ အကြီးဆုံးဖြစ်ပါသလဲ၊ ဒေသစွဲ၊လူမျိုးစွဲရှိသူတွေကတော့ ကိုယ်နဲ့သက်ဆိုင်ရာအရပ်မှာရှိတဲ့ နန်းတော်ကြီးတွေသာအကြီးဆုံးဖြစ်မယ်လို့ ငြင်းခုံ ကောင်း၊ငြင်းခုံနိုင်ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာအကြီးဆုံးနန်းတော်ကြီး (၁၀)ခုရဲ့အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။ (၁၀)...
ယနေ့လိုအင်တာနက်ခေတ်ကာလတည်းမှာတော့ စာကြည့်တိုက်တွေရဲ့အရေးပါမှုဟာ လျော့ပါးသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပေမယ့်လည်း စာကြည့်တိုက်တွေဟာ လူသားတွေရဲ့ သမိုင်း စဉ်ကိုပြောင်းလဲသွားခဲ့တဲ့အထိ အရေးပါတဲ့တည်ရှိမှုတွေဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကတော့ အားလုံးလက်ခံရမှာဖြစ်ပါတယ်။ သမိုင်းအဆက်ဆက်၊ခေတ်အဆက်ဆက်လက်ဆင့်ကမ်း ခဲ့တဲ့စာပေရဲ့သမိုင်း၊ပထဝီဝင်၊သိပ္ပံဆိုင်ရာအချက်အလက်တွေကို အခြေခံပြီးကျွန်တော်တို့ ရဲ့လူအဖွဲ့အစည်းဟာ ပိုမိုဖွံ့ဖြိုးလာနေခဲ့တာဖြစ်ပါတယ်။ စာကြည့်တိုက်တွေဟာ ကမ္ဘာကြီးရဲ့ပြတင်းပေါက်တွေအဖြစ်တင်စားခေါ်ဆိုခဲ့ကြသလို...
စပိန်နိုင်ငံရဲ့မြို့တော်အဖြစ်သာမက နိုင်ငံရဲ့အကြီးဆုံးသောမြို့လည်းဖြစ်တဲ့ မက်ဒရစ်မြို့ဟာ ဥရောပအနောက်တောင်ဘက်အစွန်းမှာတည်ရှိပြီး စပိန်နိုင်ငံရဲ့ အလယ်ဗဟိုဒေသ Meseta ရဲ့တောင်ဘက်စွန်း၊ Guadarrama တောင်တန်းဒေသရဲ့ တောင်ဘက်ပိုင်း (၁၇)မိုင်ခန့်အကွာက Jarama နဲ့ Manzanares မြစ်ဝှမ်း(၂)ခုရဲ့ကြား ကနေ...