တခေတ်တခါက မြန်မာ့ ဓာတ်ရထားတို့အကြောင်း

Posted on

ဓာတ်ရထားလိုင်းကို ထရော်လီဘတ်စ် (Trolley Bus) ဖြင့် ပြောင်းလဲ ပြေးဆွဲ၏။ အလုံပန်းခြံ (သခင်မြပန်းခြံ) အနီး ကီလီလမ်းအထိ ပြေးဆွဲသဖြင့် ယင်းနေရာကို ယနေ့တိုင် ထရော်လီကွေ့ဟု ခေါ်ဆိုနေကြသည်။

ထရော်လီဘတ်စ် ဟူသည် ဓာတ်ဆီ၊ ဒီဇယ်ဆီ မသုံးဘဲ လျှပ်စစ်ဓာတ်ဖြင့် မောင်းနှင်သော ကားမျိုး ဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို ကောင်းကင်ကြိုး မျဉ်းပြိုင် နှစ်ကြိုးတွင် ဘတ်စ်၏ အမိုးထက်မှ လျှပ်စစ်ဓာတ်အား သွယ်ယူရန် လက်တံနှစ်ချောင်းဖြင့် ရယူပါသည်။

နောက်ပိုင်း ထရော်လီလိုင်းများကို တစ်စတစ်စ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ဖရေဇာလိုင်း၊ မားချင်းလိုင်း စသည်ဖြင့် ခေါ်ဆိုကြသည်။ ဖရေဇာလိုင်းမှာ ဗိုလ်တစ်ထောင်ဘက်မှ အနော်ရထာလမ်းတစ်လျှောက်၊ ယင်းမှ ရွှေတိဂုံဘုရား လမ်းဆုံ၊ သိမ်ကြီးဈေးအထိ ဖောက်လုပ်ထားသော လမ်းဖြစ်သည်။ မားချင်းလိုင်းမှာ တာမွေမှ ကုန်သည်လမ်းအထိ ပြေးဆွဲသောလိုင်း ဖြစ်သည်။

ထရော်လီကားများသည် အင်္ဂလန်နိုင်ငံလုပ် ဘက်ဖို့ဒ် ဘတ်စ်ကားများ ဖြစ်ကြသည်။ ရှေ့နှင့်ဘေးတို့တွင် အတက်အဆင်းပေါက်များ ပါရှိသည်။ မြန်မာနှင့် မြန်မာကပြားများက မောင်းနှင်ကြပြီး လက်မှတ်ရောင်းတို့မှာ အိန္ဒိယ တိုင်းသားများ ဖြစ်ကြသည် ဆို၏။

လက်မှတ်ရောင်းနှင့် ခရီးသည်တို့မှာ အများအားဖြင့် ဟင်ဒီဘာသာဖြင့် ဆက်သွယ် ပြောဆိုကြရသည်။ လမ်းခုလတ်မှ ကပြားလက်မှတ်စစ်များ တက်လာလေ့ရှိကြသည်။ ခရီးပိုစီးမိပါက နောက်ထပ် ကျသင့်သည့် လက်မှတ် ထပ်ဝယ်ရသည်။ သို့သော် ထိုသို့ ဖြစ်လေ့ ဖြစ်ထ မရှိဘဲ စည်းကမ်းတကျ စီးလေ့ရှိကြသည် ဆို၏။

မန္တလေးမြို့နှင့်ဓာတ်ရထား

၁၈၈၅ခုတွင်ဗြိတိသျှတို့သည်အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်၍ ၁၈၈၇ခုတွင် ကတ္တရာလမ်များစတင်ဖောက်ခဲ့ကြသည်။ ၁၉၀၄ခုတွင်လျှပ်စစ်စတင်အသုံးပြု၍ ဓာတ်ရထားလမ်းကိုလည်း တင်ကြိုဖောက်လုပ်ခဲ့ပါသည်။ ဓာတ်ရထားလမ်းမှာနှစ်လမ်းဖြစ်ပြီး ဘုရာကြီးနှင့် ရုံးကြီးလမ်း၊ ရုံးကြီးဂေါဝိန်ဆိပ်လမ်းတို့ဖြစ်ကြသည်။ ခရီးဆုံးဘူတာများမှာရုမ်းစုဘူတာ၊ ဂေါဝန်ဆိပ်နှင့် ရုံကြီးတို့ဖြစ်သည်။

ဘုရားကြီးနှင့် ရုံးကြီးလမ်းကို ၁၉၀၄ခု ဇူလိုင်လ၁၄ရက်တွင်စတင်ဖွင့်လစ်ခဲ့လေသည်။ ၎င်းနောက် ၈၄လမ်းဘက်သို့ချဲကာ ရုံကြီးနှင့်ဂေါဝိန်ဆိပ်လမ်းကို ၁၉၀၇ခုနှစ် ဇန်နဝါရီလ၂၆ရက်တွင် ဖွင့်လှစ် ပြေးဆွဲခဲ့ပါသည်။ ဘေးတံခါမပါသောဓာတ်ရထား၂၄စီး နှင့်ပြေဆွဲးခဲ့ပြီးရထားတစ်စီးသည် လူ၄၈ယောက် စီးနင်နိုင်သည်။ ဓာတ်ရထားပြေးဆွဲခြင်း နှင့် သံလမ်းဖောက်လုပ်ခြင်းတို့ကို လန်ဒန် ဒစ်ကားကုမ္ပဏီမှ တာဝန် ယူဖောက်လုပ်ပြေးဆွဲခဲ့ပါသည်။

ဓာတ်ရထား ထားရန်၊ ပြင်ရန်နှင့်ကုမ္ပဏီ ရုံးခန်းအပြင် ဓာတ်အားပေစက်ရုံ တို့သည်၂၆လမ်းနှင့်၇၈လမ်းထောင့်လမ်းအရှေ့ ဘက်တွင်တည်ရှိခဲ့သည်။ ထို့ကြောင့် ၎င်းနေရာကို မန္တလေးမြို့သူမြို့သားတို့က ဓာတ်စက်ရုံဟု ခေါ်ခဲ့ကြလေသည်။

မြန်မာနိုင်ငံသို့ ဒုတိယ ကမ္ဘာစစ် ကူးလာချိန်တွင် ထရော်လီဘတ်စ်များလည်း ရပ်ဆိုင်းသွားပါသည်။ တစ်ဘက်မှ မြန်မာလူမျိုးပိုင် ဘတ်စ်ကားလုပ်ငန်းမှာ ၁၉၂၄ ခုနှစ်မှ စတင် ပေါ်ပေါက်လာခဲ့ရာ ထရော်လီဘတ်စ်များ တစ်စတစ်စ တိမ်ကောသွားဟန် ရှိပါသည်။

မင်းမဟော်၊ ဣစ္ဆိတံ စသည့် ဘတ်စ်ကားများက ရွှေတိဂုံစေတီတော်မှ သိမ်ကြီးဈေးသို့ ၁ ပဲ၊ ငါးထပ်ကြီးသို့ ၂ ပဲ စသည်ဖြင့် ဈေးနှုန်း ချိုသာစွာ ပြေးဆွဲပေးခဲ့သည်ကလည်း ထရော်လီဘတ်စ်များ ပျောက်ကွယ်သွားစေသည့် အကြောင်းတစ်ရပ် ဖြစ်ဟန် ရှိပါသည်။

ဆရာတင်နိုင်တိုး၏ ရေးသားမှုကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။
ကိုညီညီ (တောင်ကြီး)