Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော်အနမ်း၏ နောက်ကွယ် (သို့) သမိုင်းတွင်ခဲ့သောရယ်စရာဖြစ်ရပ်

by Thutamm
July 24, 2019
Reading Time: 1min read
0
ကမ္ဘာကျော်အနမ်း၏ နောက်ကွယ် (သို့) သမိုင်းတွင်ခဲ့သောရယ်စရာဖြစ်ရပ်
Share on FacebookShare on Twitter

ရေးသားသူ – အောင်ခမ်း(International News For Myanmar)

ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။ ဂျပန်တို့ လက်နက်ချ အညံ့ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုက ကြေညာ လိုက်တဲ့အခါ နယူးယောက်မြို့ထဲ လမ်းမပေါ်ကို ပြည်သူများ ထွက်လို့ အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသား တစ်ဦးက သူနာပြု အမျိုးသမီး တစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

တော်တော်လှပတဲ့ Post လေးမို့ Life မဂ္ဂဇင်းထဲမှာပုံ ကြီးကြီးနဲ့ ဖော်ပြရာ ကမ္ဘာကျော် သွားရပါတယ်။ V-J Day in Times Square, V-Day နဲ့ The Kiss ဆိုပြီး အမည်အမျိုးမျိုးနဲ့ ခေါင်းစဉ် တပ်လို့ တစ်ဆင့်ပြန်လည် ဖော်ပြကြပါတယ်။ ပုံထဲက လူ ၂ ဦးဟာ ဘယ်သူလည်း ဆိုတာ နှစ်အတော်ကြာ အငြင်းပွားခဲ့ကြပါတယ်။ ဘာလို့လဲဆို ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကျ ဘာ Personal အချက်အလက်မှ မဖော်ပြထားလို့ ဖြစ်ပါတယ်။ နောက်ဆုံး သိလိုက်တဲ့ အဖြေကတော့ Edith Shain အမည်ရ အမျိုးသမီးက ဓာတ်ပုံထဲက သူနာပြု ဖြစ်ပြီး ၂၀၁၀ ခုနှစ် အသက် ၉၁ နှစ် အရွယ်မှာ အသဲကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူ ရှိစဉ် ကာလပတ်လုံးလည်း ထင်ရှား ကျော်ကြားခဲ့ရပါတယ်။ အမျိုးသားကတော့ ရေတပ် သင်္ဘောသား George Mendonça ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ တစ်ယောက်ကို တစ်ယောက် မသိကြပါဘူး။ ရေတပ်သား George ဟာ နယူးယောက်မြို့က ရုပ်ရှင်ရုံ တစ်ခုမှာ သူ့ချစ်သူနဲ့ ချိန်းလို့ ရုပ်ရှင်ကြည့်ဖို့လာပြီး နာ့စ်မ Shain ကတော့ ဆေးရုံကို အဖော်တစ်ဦးနဲ့ သွားနေပါတယ်။ ရုပ်ရှင်ရုံထဲမှာ ကြည့်ဖို့ စောင့်ဆိုင်း နေစဉ် ရေဒီယိုမှာ စစ်ပြီးပြီလို့ ကြေညာလိုက်တာကြောင့် အားလုံး အပြင်ထွက်လို့ အောင်ပွဲ ခံပါတယ်။ သင်္ဘောသားရဲ့ ချစ်သူလည်း အောင်ပွဲခံလို့ လမ်းမှာ ရှာလို့တောင် မတွေ့ပါဘူး။ (နောက်တော့ သူ့ဇနီး ဖြစ်သွား ပါတယ်)။

ဒါနဲ့ လမ်းမမှာ ယူနီဖောင်း အဖြူရောင်နဲ့ နာစ်မ ကို တွေ့တော့ ထွေးပွေ့ဖက်နမ်း လိုက်ပြီး ဓာတ်ပုံ ဘေးမှာ ဓာတ်ပုံရိုက်နေသံ ကိုလည်း ကြားလိုက်ပါတယ်။ နမ်းလို့အပြီးမှာတော့ အားလုံး အောင်ပွဲခံ ပျော်နေကြချိန်ဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး။ သူတို့နှစ်ယောက်လည်း တစ်ဦးကို တစ်ဦး သတိမထား မိခဲ့ကြပါတယ်။ အနမ်းပြီးဆုံးသွားတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက် စကားလေးတောင် မပြောခဲ့ကြပါဘူး။

နောက်မှ သိရတာတော့ သင်္ဘောသား ဖြစ်သူဟာ အရက်နည်းနည်း မူးနေပြီး ယူနီဖောင်းနဲ့ သူနာပြုဆိုတော့ တိုက်ပွဲ တွေကြားမှာ ဆုံဖူးတယ်လို့ မှတ်ယူကာ နမ်းခဲ့ခြင်း ဖြစ်ပါတယ်။ သူနာပြု အမျိုးသမီးကလည်း တိုက်ပွဲကနေ ပြန်လာတဲ့ စစ်သားမို့လို့ မငြင်းဆန်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘာကျော်အနမ်း ဖြစ်ခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက် မသိပဲ နမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို အနောက်တိုင်းရဲ့ ပွင့်လင်းတဲ့ ယဉ်ကျေးမှုလို့ပဲ ဆိုရတော့ မလို ဖြစ်ပြီး ငိုအားထက် ရယ်အားသန်စရာ ဖြစ်ရပ် တစ်ခုအဖြစ် သမိုင်းထဲ ကျန်ရှိခဲ့ကြောင်း သိရပါတယ်။

အောင်ခမ်း (International News For Myanmar)

Tags: world history

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!