Northrop Grumman B-2 Spirit လေယာဉ်ကို ကိုယ်ပျောက်ဗုံးကြဲလေယာဉ်အဖြစ် သိကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များထဲမှာ တန်ဖိုးအမြင့်ဆုံး နဲ့ ဒီဇိုင်းလက်ရာအကောင်းဆုံးဖြစ်ပြီး အမေရိကန်က ပိုင်ဆိုင်ပါတယ်။ ၁၉၇၀ ဝန်းကျင် ဆိုဗီယက်နဲ့ စစ်ဖြစ်ဖို့နီးစပ်တဲ့အခြေအနေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တဲ့ လေယာဉ်လည်းဖြစ်ပါတယ်။
ATB(Advanced Technology Bomber) ကတစ်ဆင့် တည်ဆောက်ခဲ့တဲ့ ဒီလေယာဉ်ကို စစ်အေးကာလ ၁၉၈၀ ဝန်းကျင်မှာတည်ဆောက်ခဲ့တာ ဖြစ်ပြီး ပထမဆုံး ပျံသန်းမှုကိုတော့ ၁၉၈၉ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ Northrop Grumman လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီက တည်ဆောက်ပေးထားတဲ့အတွက် Northrop Grumman B-2 Spirit လို့အမည်ပေးထားတာပဲ ဖြစ်ပါတယ်။
လေယာဉ်ပစ်လက်နက်တွေ ကြားကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ရေဒါဖမ်းနိုင်စွမ်းနည်းပါးစေတဲ့ နည်းပညာနဲ့ ဒီတိုက်လေယာဉ်ကို ပုံစံထုတ်ထားပါတယ်။ ပုံမှန်လက်နက်များအပြင် နျူကလီးယားလက်နက်များကိုလည်း တင်ဆောင်နိုင်တဲ့ လေယာဉ်ဖြစ်ပါတယ်။ ယာဉ်မောင်းနှစ်ဦးပါဝင်ပြီး ပေါင်၅၀၀(၂၃၀ကီလိုဂရမ်)လေးတဲ့ JDAM GPS အမျိုးအစား ပဲ့ထိန်းဗုံး အလုံး၈၀ သို့မဟုတ် ပေါင် ၂,၄၀၀(၁,၁၀၀ကီလိုဂရမ်)လေးတဲ့ B83 နယူကလီးယားဗုံး၁၆ လုံးတင်ဆောင်နိုင်ပါတယ်။
ကိုယ်ပျောက်လေယာဉ်အမျိုးအစားထဲမှာ ကြီးမားသော ဝေဟင်မှမြေပြင်ပစ် standoff weapon ဒုံးပျံသယ်ဆောင်နိုင်သော တစ်ခုတည်းသော လေယာဉ်လည်းဖြစ်ပါတယ်။ လေထဲမှာ ၁၂ နာရီ ကြာတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် လေယာဉ်မူး ၂ ယောက်အနေနဲ့ လေထဲမှာ အပေါ့အပါး သွားလို့ရအောင် သန့်စင်ခန်း သဘောမျိုးတောင် ပါလိုက်ပါသေးတယ်။
ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ထားတဲ့ တိုက်လေယာဉ်လည်းဖြစ်ပါတယ်။ ဒီလေယာဉ်တစ်စီးရဲ့ ကုန်ကျစရိတ်ဟာ ၁၉၉၇ခုနှစ် တန်ကြေးနဲ့တောင် အမေရိကန်ဒေါ်လာ ၇၃၇သန်း တန်ဖိုးရှိတဲ့ လေယာဉ်ပါ။ လေယာဉ်တစ်စီးဖြစ်လာဖို့ ပရောဂျက်တွေအစအဆုံးရဲ့ ကုန်ကျစရိတ်က ၁ဘီလျံကျော် ကုန်ပါတယ်။
လေယာဉ်လေပေါ်မှာ စစ်ဆင်ရေး ၁နာရီလုပ်နိုင်ဖို့ ကုန်ကျစရိတ်က ဒေါ်လာ ၁၃၅၀၀၀ ပါတဲ့။ ဒီလို အကုန်အကျများလွန်းလို့လည်း သူ့ကို သုံးမယ် မသုံးဘူး ဆိုတာ အမေရိကန် လွတ်တော်ထဲမှာ အမြဲအငြင်းပွားကြရတဲ့ ကိစ္စ ဖြစ်ပါတယ်။

အရွယ်အစားအားဖြင့်တော့ အလျား ၆၉ပေ၊ တောင်ပံနှစ်ဖက်အကျယ် ၁၇၂ပေ ၊ အမြင့် ၁၇ပေ ရှိပြီး တောင်ပံရဲ့ဧရိယာကတော့ ၅၁၄၀ စတုရန်းပေဖြစ်ပါတယ်။ လေယာဉ် အခွံချည်းသက်သက်ဆိုရင် ၁၅၈၀၀၀ပေါင် လေးပြီး ဝန်တင်ထားမယ်ဆိုရင်တော့ ၃၃၆၅၀၀ ပေါင်လေးပါတယ်။ ဖြည့်နိုင်တဲ့ လေယာဉ်ဆီ ပမာဏကတော့ ၁၆၇၀၀၀ ပေါင်ဖြစ်ပါတယ်။ ၆နာရီကို တစ်ကြိမ်ဆီဖြည့်ပေးဖို့ လိုအပါတယ်။ အင်ဂျင်အနေနဲ့ကတော့ General Electronic F-118 အမျိုးအစား အင်ဂျင်လေးလုံးတပ်ဆင်ထားပါတယ်။
အမြန်နှုန်းတစ်နာရီကို ၁၀၁၀ ကီလိုမီတာရှိတဲ့ ဒီတိုက်လေယာဉ်ဟာ အမြင့်ပေ ၅၀၀၀၀ ဝန်းကျင်မှာ မိုင် ၆၉၀၀ အထိစစ်ဆင်ရေးလုပ်နိုင်ပြီး အရံဆီတိုင်ကီပါမယ်ဆိုရင်တော့ မိုင် ၁၂၀၀၀ အထိစစ်ဆင်နိုင်ပါတယ်။ စုစုပေါင်း ၂၁စီး သာ တည်ဆောက်ထုတ်လုပ်ထားတဲ့ လေယာဉ်အမျိုးအစားဖြစ်ပြီး ၁စီးကတော့ လမ်းပေါ်မှာ မတော်တဆဖြစ်ပြီး ပေါက်ကွဲခဲ့တာကြောင့် အစီး ၂၀ သာကျန်ရှိတော့ပါတယ်။
ဒီတိုက်လေယာဉ်တွေကို ပထမဆုံးအနေနဲ့ ၁၉၈၉ မှာဖြစ်ပွားခဲ့တဲ့ ကိုဆိုဗိုစစ်ပွဲမှာ အကြိမ် ၅၀ခန့် သုံးခဲ့ပါသေးတယ်။ ကိုဆိုဗိုစစ်ပွဲဟာ KLA ၊ Albania ၊ NATO တို့ကတစ်ဖက် ယူဂိုဆလားဗီးယားက တစ်ဖက် တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပွဲဖြစ်ပါတယ်။

Ref:
Wikipedia
financesonlineခိုက်ခဲ့ကြတဲ့ စစ်ပွဲဖြစ်ပါတယ်။