အခေါင်း

Posted on

တစ်နေ့မှာ ဝန်ထမ်းအားလုံးဟာ သူတို့ရဲ့ရုံးကိုရောက်တဲ့အခါ ဈာပန အခမ်းအနားပွဲတစ်ခုကို ပြင်ထားတာတွေ့ရတယ်။ ခေါင်းတစ်လုံးနဲ့ အတူ နံရံက နိုးတစ်ဘုတ်မှာ ဒီလိုရေးထားပါတယ်

” သင်တို့ရဲ့တိုးတက်မှုကို ရပ်တန့်အောင်လုပ်နေသူဟာ မနေ့က သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့ဈာပနကို တက်ရောက်ဖို့ သင့်ကိုဖိတ်လိုက်ခြင်းပါ”

အစတော့ အားလုံးစိတ်မကောင်းဖြစ်သွားတယ်။ ငါ့ကိုအမြဲဒုက္ခပေးနေတဲ့သူ ၊ ငါနဲ့ မတဲ့တဲ့သူ သေသွားပြီတဲ့ လို့ စဉ်းစားမိကြတယ်။ ဒါပေမယ့် သူတို့ ထင်တာမှန်ရဲ့လားလို့ အားလုံးသိချင်လာတယ်။
အခေါင်းရှိရာကို အပြေးအလွှား သွားကြည့်ကြပြီး ခေါင်းထဲက သူကိုမြင်ရတဲ့အခါ အားလုံးကြက်သေသေသွားကြတယ် ၊ ဘာစကားမှမပြောနိုင်ပဲ ငိုင်သွားကြတော့တယ်။

ခေါင်းရဲ့အလယ်တည့်တည့်မှာ မှန်တစ်ခြပ်ပဲ ရှိပါတယ်။ မှန်ရဲ့အောက်မှာ ဒီလိုရေးထားပါတယ်။
” သူဟာ သင့်ရဲ့လုပ်နိုင်စွမ်းတွေကို ထိန်းချုပ်ထားသူ ၊ သင့်ရဲ့တိုးတက်မှုကို ရပ်တန့်စေတဲ့ တစ်ဦးတည်းသောသူသာ ဖြစ်ပါတယ် ၊ သူဟာ သင့်ရဲ့ ပျော်ရွှင်မှု ၊ အောင်မြင်မှုတွေကို ရယူပေးနိုင်မယ့် တစ်ဦးတည်းသောသူလည်းဖြစ်ပါတယ် ၊ သင့်ရဲ့ဘဝကို သင်ကိုယ်တိုင်ပြောင်းမှ ရမှာပါ ။

ကြက်ဥတစ်လုံးဟာအပြင်ကအားကြောင့် ကွဲခြင်းဟာ ဘဝကို အဆုံးသတ်စေပြီး ၊ အတွင်းဘက်အားကြောင့် ကွဲရင်တော့ ဘဝကို စတင်စေပါတယ်။ အကြီးဆုံးအရာတွေကို ဖန်တီးနိုင်မှုဟာလည်း ကျွနု်တို့ရဲ့ အတွင်းဘက် စိတ်ကပဲ လာတာဖြစ်ပါတယ်။

ယနေ့ သင်ဟာ ဘဝသစ်တစ်ခုကို မွေးဖွားလိုက်ပါပြီ ၊ လူသစ်တစ်ယောက်ဖြစ်သွားပါပြီ ၊ သင့်ဘဝကို တိုးတက်အောင် လုပ်နိုင်တဲ့အစွမ်းတွေ သင့်ကိုယ်ထဲမှာ ရှိပြီးသားဆိုတာ ယုံကြည့်လိုက်ပါ။ သင့်ဘဝဟာ သင့်အပေါ်မှာပဲ အဓိက မူတည်ပါတယ်။”

သုတဇုန်