Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

Air Con ထွင်ကာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သူ

by Thutamm
July 3, 2020
Reading Time: 2min read
0
Air Con ထွင်ကာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သူ
Share on FacebookShare on Twitter

နွေရာသီလိုကာလတွေမှာ အိမ်ပိုင်ရှင်အများစုရဲ့ဆန္ဒကတော့ မိမိတို့နေအိမ်ကိုအပူအအေးမျှမျှတတနဲ့သက်သက်သာသာနေထိုင်နိုင်ဖို့ပဲဖြစ်ပါတယ်။ ခုလိုကာလမျိုးမှာဆိုရင် အဲလ်ကွန်းအခန်းထဲမှာ အေးအေးလူလူနဲ့အနားယူနေရတဲ့ခံစားမှုဟာ ဘဝအမောအတော်များများကိုတော့ မေ့လျော့သွားစေမှာပါ။

လူသားတွေရဲ့နေထိုင်မှု ပုံံစံကိုအပြောင်းအလဲကြီးပြောင်းလဲသွားစေနိုင်တဲ့ အရာတွေမှာ အဲလ်ကွန်း (Air Conditioner ) တွေဟာ အရေးပါတဲ့ နေရာကနေ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ လူနေထူထပ်တဲ့ တိုက်ခန်းလိုနေရာတွေမှာဆိုရင် အဲလ်ကွန်းတပ်ဆင်ပြီးနေထိုင်တဲ့လူနေမှုစရိုက်ဟာ မြို့ပြရဲ့ပုံစံတစ်ခုအဖြစ်တောင်ရှိနေခဲ့ပါပြီ။ ဒီတခါတော့ အဲဒီအဲလ်ကွန်းတွေကို စတင်ဖန်တီးခဲ့သူရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ဝေမျှလိုက်ပါတယ်။

ယနေ့ခေတ် အဲလ်ကွန်းကိုစတင်တီထွင်ခဲ့သူကတော့ အမေရိကန်လူမျိုးတီထွင်သူတစ်ဦးဖြစ်တဲ့ Willis Carrier ဆိုသူဖြစ်ပါတယ်။ အခြားကမ္ဘာကျော်တီထွင်သူတွေလိုပဲ Willis Carrier ဟာမူလကတည်းက ကမ္ဘာလူသားတွေရဲ့ လူနေထိုင်မှုပုံစံကိုပြောင်းလဲသွားစေနိုင်တဲ့ အဲလ်ကွန်း ဆိုတဲ့လေအေးပေးစက်ကိုဖန်တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်အတွေးမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူဟာ အဲလ်ကွန်းတွေဖန်တီးမှုလမ်းကြောင်းပေါ်ကိုရောက်ချိန်မှာတော့ အောင်မြင်တဲ့ လူသုံးစက်တစ်ခုကို လူတွေအကြားကိုချပြနိုင်ခဲ့ပါတယ်။

Willis Carrier ရဲ့အစောပိုင်းဘဝခရီးအကြောင်းကိုကြည့်မယ်ဆိုရင်တော့ ကမ္ဘာကျော် တီထွင်သူတစ်ယောက်မဖြစ်ခင်သူရဲ့ ဘဝခရီးလမ်းကိုကျော်ဖြတ်ခဲ့ရတဲ့ မဆုတ်မနစ်တဲ့ ဇွဲ၊လုံ့လကိုမဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပါတယ်။ Willis Carrier ကို (၁၈၇၆)ခုနှစ်က နယူးယောက်မှာရှိတဲ့ Angola အမည်ရတဲ့ ရွာကလေးမှာမွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းကသင်္ချာပညာရပ်ကို ဝါသနာထုံလွန်းတဲ့ Carrier လေးဟာသူရဲ့အချိန်အများစုကို ဂဏန်းသင်္ချာကိန်းဂဏန်းတွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။

(၁၉၀၁)ခုနှစ်မှာတော့ Carrier ဟာအင်ဂျင်နီယာပညာရပ်နဲ့ Cornell တက္ကသိုလ်ကနေဘွဲ့ရယူခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာမှာတော့ Carrier ဟာ Buffalo Forge အမည်ရ စက်မှုကုမ္ပဏီမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ယင်းနေရာမှာပဲ Willis Carrier ဟာ အဲလ်ကွန်း( air conditioner) ကိုအောင်မြင်စွာ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ စတင်ဖန်တီးချိန်ကတော့ Carrier ဟာအဲလ်ကွန်းဖန်တီး မယ်ဆိုတဲ့ရည်ရွယ်ချက်တော့မဟုတ်ပါဘူး။ သူလုပ်ငန်းခွင်မှာဆောင်ရွက်ဖို့ဖြစ်လာတဲ့ အလုပ်ကိုပဲ အလုပ်ရှင်စိတ်တိုင်းကျဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။

စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့အဲလ်ကွန်းတွေဟာ ပုံနှိပ်စက်တွေကနေတစ်ဆင့်ပေါ်ပေါက်လာခဲ့ကြတာဖြစ်ပါတယ်။ အထူးသဖြင့်ပုံနှိပ်လုပ်ငန်းခေတ်တစ်ခုဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် စက်မှုလုပ်ငန်းတိုးတက်မှု ရဲ့အစဟာ ပုံနှိပ်တိုက်တွေအပြိုင်အဆိုင်ပေါ်ပေါက်လာရာကနေစတင်ပါတယ်။

နယူးယောက်ပြည်နယ်အတွင်းက Brooklyn မှာတည်ရှိနေတဲ့ ပုံနှိပ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Sackett & Wilhelms ရဲ့ပုံနှိပ်စက်တွေအတွင်းမှာအစိုထိုင်းမှုဖြစ်စဉ်တွေကြောင့် ထုတ်ဝေမှုလုပ်ငန်းတွေမှာ အကြီးအကျယ်အခက်တွေ့လာခဲ့ရပါတယ်။ ပုံနှိပ်လုပ်ငန်း ဆိုတာကလည်း အချိန်နဲ့အညီအလုပ်လုပ်ရတဲ့လုပ်ငန်းစဉ်ဖြစ်တာကြောင့် နောက်ဆုံးမှာတော့ Sackett & Wilhelms ပိုင်ရှင် Walter Timmis ဟာယင်းခေတ်အခါကစက်မှုနည်းပညာလုပ်ငန်းလို့ပြောရမယ့် Carrier အလုပ်လုပ်ကိုင်ရာ Buffalo Forge ကုမ္ပဏီသူဌေးကို ပုံနှိပ်စက်တွေရဲ့ ဒီအခက်အခဲကို ဖြေရှင်းပေးဖို့ အကူအညီတောင်းခံပါတယ်။

ကုမ္ပဏီသူဌေးက လည်း ရေငွေ့ကြောင့်ဖြစ်တဲ့ ပုံနှိပ်စက်အတွင်းစိုထိုင်းမှုတွေကိုဖြေရှင်းဖို့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Carrier ကိုတာဝန်ပေးလိုက်ပါတော့တယ်။ မအောင်မြင်တဲ့စမ်းသပ်ချက်များစွာကိုပြုလုပ်ပြီးနောက်မှာတော့ Carrier ဟာ သတ္ထုကွိုင်ကနေ တဆင့်ပုံနှိပ်စက်အတွင်းပိုင်းစိုထိုင်းမှုကိုဖြစ်စေနိုင်တဲ့ရေငွေ့တွေရဲ့အပူချိန်ကိုထိန်းသိမ်း နိုင်မဲ့နည်းလမ်းကိုရှာတွေ့ခဲ့ပါတယ်။ Carrier ဟာ သူတွေ့ရှိတဲ့နည်းစဉ်ကို ထပ်မံပြည့်စုံ အောင်ပြုလုပ်ခဲ့ပြီး သူရဲ့အစီစဉ်ရဲ့အသေးစိတ်လုပ်ငန်းတွေကို ပုံနှိပ်တိုက်ပိုင်ရှင် Walter Timmis ကိုချပြကာ ပုံနှိပ်စက်တွေရဲ့စိုထိုင်းမှုပြဿနာကို ပြေလည်သွားစေခဲ့ပါတယ်။

(၁၉၀၂)ခုနှစ်မှာတော့ နွေရာသီရောက်ချိန်မှာတော့ Carrier ဟာစိုထိုင်းမှုအခြေအနေကို လျော့ချပေးနိုင်တဲ့ လေထုအခြေအနေပြကိရိယာတစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဟာကနဦးတီထွင်မှုကိုအားရမှုမရှိပဲနောက်ထပ်ပိုကောင်းတဲ့ နည်းစနစ်တွေကို ရှာဖွေပြီး ဆက်လက်ကြိုးစားခဲ့ပါတယ်။ သူရဲ့အဲလ်ကွန်းစက်တီထွင် မှုလုပ်ငန်းအတွက်တော့ Carrier ဟာနောက်ထပ်နှစ်အနည်းငယ်ကြာအောင်ဆန်းစစ်မှု တွေထပ်မံပြုလုပ်ခဲ့ရပြီး (၁၉၀၆)ခုနှစ်မှာတော့ သူရဲ့တွေ့ရှိပြီးသားအဲလ်ကွန်းကို နည်းပညာမြှင့်တင်နိုင်သလို မူပိုင်ခွင့်ကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ နောက်ထပ်(၁)နှစ်အကြာမှာတော့ Carrier ဟာသူတွေ့ရှိခဲ့တဲ့ dew-point depression ကိုအခြေခံထားတဲ့ရေငွေ့အပူချိန်ကို အလိုအလျောက်ထိန်းချုပ်နိုင်တဲ့အဲလ်ကွန်းထုတ်ကုန်အတွက် နောက်ထပ် မူပိုင်ခွင့်ကိုထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။

(၁၉၁၁)ခုနှစ်မှာတော့ Carrier ဟာ ကမ္ဘာအဲလ်ကွန်းသမိုင်းမှာ အရေးပါဆုံးသော တွေ့ရှိမှုမှတ်တိုင်လို့ဆိုရမဲ့ Rational Psychometric Formulae ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ယင်းနည်းစဉ်နဲ့ပဲ လေအေးပေးစက်တွေကို တည်ဆောက်နိင်ခဲ့တာဖြစ်ပြီး မကြာခင်အချိန်တောအတွင်းမှာပဲ အိမ်တွေ၊ရုံးတွေနဲ့ခမ်းမလို နေရာတွေမှာ အဲလ်ကွန်းခေါ် လေအေးပေးစက်တွေပေါ်ပေါက်လာပါတော့တယ်။

Willis Carrier ရဲ့တီထွင်မှုဟာ ကမ္ဘာကြီးကို အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်သူရဲ့ဖန်တီးမှုဟာ ယနေ့လေအေးပေးစက်ထုတ်လုပ်ငန်းတွေရဲ့အခြေခံအုတ်မြစ်အဖြစ်သာမက မု့န်ဖုတ်စက်နဲ့ စစ်ဘက်ဆိုင်ရာသုံးလုပ်ငန်း တွေ၊အခြားသော စက်မှုလုပ်ငန်းတွေအတွက်ပါ အထောက်အကူပြုနိုင်ခဲ့ပါတယ်။

၁၉၁၅ ခုနှစ်မှာတော့ Carrier ဟာ သူငယ်ချင်း အင်ဂျင်နီယာ ၆ယောက်နဲ့အတူ Carrier Engineering Corporation ကို စုပေါင်းထည့်ဝင်ငွေ ဒေါ်လာ ၃၂၆၀၀ နဲ့ တည်ထောင်ခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်မှာတော့ ပထမဆုံး စက်ရုံကို ဝယ်ယူနိုင်ခဲ့ကြပြီး အောင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် စီးပွားပျက်ကပ်ကြီး နဲ့ ကြုံတွေခဲ့ရတာကြောင့် ငွေကြေး အကြပ်အတည်းကြုံခဲ့ရပြီး အခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းခဲ့ရပါတယ်။ Carrier ရဲ့ အားမလျော့ပဲကြိုးစားမှုကြောင့် ၁၉၃၇ ခုနှစ်နောက်ပိုင်းမှာတော့ နယူးယောက်ရဲ့အကြီးဆုံး ကုမ္ပဏီတခုဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ အဲကွန်းတွေဟာ လူကြိုက်စများလာခဲ့ပြီး ၁၉၅၀ နောက်ပိုင်းမှာတော့ ကမ္ဘာတလွှားကို ပြန့်နှံသွားပါတော့တယ်။ Carrier ကတော့ ၁၉၅၀ ခုနှစ် အသက် ၇၃နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်သွားခဲ့ပေမယ့် သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကတော့ ယနေ့အချိန်မှာ Carrier Aircon (or) Carrier Global Corporation အမည်နဲ့ ကမ္ဘာ့ထိပ်တန်း လေအေးပေးစက်ဆိုင်ရာ ကုမ္ပဏီကြီးတခုဖြစ်နေပါပြီ။ ဒီကုမ္ပဏီရဲ့ ၂၀၁၈ ခုနှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၈.၅ဘီလျံဖြစ်ပြီး ဝန်ထမ်းပေါင်း ၄၅၀၀၀ ခန့်ကို ခန့်ထားနိုင်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ကုမ္ပဏီခွဲတွေရှိနေပြီဖြစ်ပါတယ်။

လေအေးပေးစက်လို ဇိမ်ခံပစ္စည်းတွေဖန်တီးနိုင်ခဲ့တဲ့ သူရဲ့တွေ့ရှိချက်ကြောင့် Willis Carrier မရှိပဲ ကမ္ဘာကြီးသာ သက်သောင့်သက်သာမဖြစ်နိုင်ဆိုတဲ့ ဆိုရိုးတောင် ယင်း ကာလက ပညာရှင်တွေအကြား ကျော်ကြားခဲ့ပါတယ်။ Willis Carrier ရဲ့ဖန်တီးမှုဟာ ယနေ့ထက်တိုင်လူသားတွေကိုလွှမ်းမိုးထားနိုင်တာကိုတွေ့ရမှာဖြစ်ပြီး နောက်ကာလများစွာမှာဆိုရင်လည်း သူရဲ့ဖန်တီးမှုလေအေးပေးစက်တွေရဲ့ကဏ္ဍဟာလျော့ကျသွားဖို့မရှိပါဘူး။

——– ——- ————-

(Zawgyi)

Air Con ထြင္ကာ ကမာၻႀကီးကို ေျပာင္းလဲေစခဲ့သူ

ေႏြရာသီလိုကာလေတြမွာ အိမ္ပိုင္ရွင္အမ်ားစုရဲ႕ဆႏၵကေတာ့ မိမိတို႔ေနအိမ္ကိုအပူအေအးမွ်မွ်တတနဲ႔သက္သက္သာသာေနထိုင္ႏိုင္ဖို႔ပဲျဖစ္ပါတယ္။ ခုလိုကာလမ်ိဳးမွာဆိုရင္ အဲလ္ကြန္းအခန္းထဲမွာ ေအးေအးလူလူနဲ႔အနားယူေနရတဲ့ခံစားမႈဟာ ဘဝအေမာအေတာ္မ်ားမ်ားကိုေတာ့ ေမ့ေလ်ာ့သြားေစမွာပါ။

လူသားေတြရဲ႕ေနထိုင္မႈ ပုံံစံကိုအေျပာင္းအလဲႀကီးေျပာင္းလဲသြားေစႏိုင္တဲ့ အရာေတြမွာ အဲလ္ကြန္း (Air Conditioner ) ေတြဟာ အေရးပါတဲ့ ေနရာကေန ပါဝင္ေနတာကိုေတြ႕ရမွာျဖစ္ပါတယ္။ လူေနထူထပ္တဲ့ တိုက္ခန္းလိုေနရာေတြမွာဆိုရင္ အဲလ္ကြန္းတပ္ဆင္ၿပီးေနထိုင္တဲ့လူေနမႈစ႐ိုက္ဟာ ၿမိဳ႕ျပရဲ႕ပုံစံတစ္ခုအျဖစ္ေတာင္ရွိေနခဲ့ပါၿပီ။ ဒီတခါေတာ့ အဲဒီအဲလ္ကြန္းေတြကို စတင္ဖန္တီးခဲ့သူရဲ႕ အေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ အေနနဲ႔ေဝမွ်လိုက္ပါတယ္။

ယေန႔ေခတ္ အဲလ္ကြန္းကိုစတင္တီထြင္ခဲ့သူကေတာ့ အေမရိကန္လူမ်ိဳးတီထြင္သူတစ္ဦးျဖစ္တဲ့ Willis Carrier ဆိုသူျဖစ္ပါတယ္။ အျခားကမာၻေက်ာ္တီထြင္သူေတြလိုပဲ Willis Carrier ဟာမူလကတည္းက ကမာၻလူသားေတြရဲ႕ လူေနထိုင္မႈပုံစံကိုေျပာင္းလဲသြားေစႏိုင္တဲ့ အဲလ္ကြန္း ဆိုတဲ့ေလေအးေပးစက္ကိုဖန္တီးမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္အေတြးမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ ဒါေပမယ့္ သူဟာ အဲလ္ကြန္းေတြဖန္တီးမႈလမ္းေၾကာင္းေပၚကိုေရာက္ခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့ လူသုံးစက္တစ္ခုကို လူေတြအၾကားကိုခ်ျပႏိုင္ခဲ့ပါတယ္။

Willis Carrier ရဲ႕အေစာပိုင္းဘဝခရီးအေၾကာင္းကိုၾကည့္မယ္ဆိုရင္ေတာ့ ကမာၻေက်ာ္ တီထြင္သူတစ္ေယာက္မျဖစ္ခင္သူရဲ႕ ဘဝခရီးလမ္းကိုေက်ာ္ျဖတ္ခဲ့ရတဲ့ မဆုတ္မနစ္တဲ့ ဇြဲ၊လုံ႔လကိုမျဖစ္မေနအသိအမွတ္ျပဳရမွာျဖစ္ပါတယ္။ Willis Carrier ကို (၁၈၇၆)ခုႏွစ္က နယူးေယာက္မွာရွိတဲ့ Angola အမည္ရတဲ့ ႐ြာကေလးမွာေမြးဖြားခဲ့ပါတယ္။ ငယ္စဥ္ကတည္းကသခ်ၤာပညာရပ္ကို ဝါသနာထုံလြန္းတဲ့ Carrier ေလးဟာသူရဲ႕အခ်ိန္အမ်ားစုကို ဂဏန္းသခ်ၤာကိန္းဂဏန္းေတြနဲ႔သာ အခ်ိန္ကုန္ခဲ့ပါတယ္။

(၁၉၀၁)ခုႏွစ္မွာေတာ့ Carrier ဟာအင္ဂ်င္နီယာပညာရပ္နဲ႔ Cornell တကၠသိုလ္ကေနဘြဲ႕ရယူခဲ့ပါတယ္။ ႏွစ္အနည္းငယ္အၾကာမွာေတာ့ Carrier ဟာ Buffalo Forge အမည္ရ စက္မႈကုမၸဏီမွာ ဝင္ေရာက္အလုပ္လုပ္ကိုင္ခဲ့ပါတယ္။ ယင္းေနရာမွာပဲ Willis Carrier ဟာ အဲလ္ကြန္း( air conditioner) ကိုေအာင္ျမင္စြာ တီထြင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ စတင္ဖန္တီးခ်ိန္ကေတာ့ Carrier ဟာအဲလ္ကြန္းဖန္တီး မယ္ဆိုတဲ့ရည္႐ြယ္ခ်က္ေတာ့မဟုတ္ပါဘူး။ သူလုပ္ငန္းခြင္မွာေဆာင္႐ြက္ဖို႔ျဖစ္လာတဲ့ အလုပ္ကိုပဲ အလုပ္ရွင္စိတ္တိုင္းက်ဝင္ေရာက္လုပ္ကိုင္ခဲ့တာပါ။

စိတ္ဝင္စားစရာ ေကာင္းတဲ့အခ်က္ကေတာ့အဲလ္ကြန္းေတြဟာ ပုံႏွိပ္စက္ေတြကေနတစ္ဆင့္ေပၚေပါက္လာခဲ့ၾကတာျဖစ္ပါတယ္။ အထူးသျဖင့္ပုံႏွိပ္လုပ္ငန္းေခတ္တစ္ခုျဖစ္ခဲ့တဲ့ အေမရိကန္ျပည္ေထာင္စုမွာဆိုရင္ စက္မႈလုပ္ငန္းတိုးတက္မႈ ရဲ႕အစဟာ ပုံႏွိပ္တိုက္ေတြအၿပိဳင္အဆိုင္ေပၚေပါက္လာရာကေနစတင္ပါတယ္။

နယူးေယာက္ျပည္နယ္အတြင္းက Brooklyn မွာတည္ရွိေနတဲ့ ပုံႏွိပ္လုပ္ငန္းကုမၸဏီတစ္ခုျဖစ္တဲ့ Sackett & Wilhelms ရဲ႕ပုံႏွိပ္စက္ေတြအတြင္းမွာအစိုထိုင္းမႈျဖစ္စဥ္ေတြေၾကာင့္ ထုတ္ေဝမႈလုပ္ငန္းေတြမွာ အႀကီးအက်ယ္အခက္ေတြ႕လာခဲ့ရပါတယ္။ ပုံႏွိပ္လုပ္ငန္း ဆိုတာကလည္း အခ်ိန္နဲ႔အညီအလုပ္လုပ္ရတဲ့လုပ္ငန္းစဥ္ျဖစ္တာေၾကာင့္ ေနာက္ဆုံးမွာေတာ့ Sackett & Wilhelms ပိုင္ရွင္ Walter Timmis ဟာယင္းေခတ္အခါကစက္မႈနည္းပညာလုပ္ငန္းလို႔ေျပာရမယ့္ Carrier အလုပ္လုပ္ကိုင္ရာ Buffalo Forge ကုမၸဏီသူေဌးကို ပုံႏွိပ္စက္ေတြရဲ႕ ဒီအခက္အခဲကို ေျဖရွင္းေပးဖို႔ အကူအညီေတာင္းခံပါတယ္။

ကုမၸဏီသူေဌးက လည္း ေရေငြ႕ေၾကာင့္ျဖစ္တဲ့ ပုံႏွိပ္စက္အတြင္းစိုထိုင္းမႈေတြကိုေျဖရွင္းဖို႔ ကုမၸဏီရဲ႕ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္တဲ့ Carrier ကိုတာဝန္ေပးလိုက္ပါေတာ့တယ္။ မေအာင္ျမင္တဲ့စမ္းသပ္ခ်က္မ်ားစြာကိုျပဳလုပ္ၿပီးေနာက္မွာေတာ့ Carrier ဟာ သတၳဳကြိဳင္ကေန တဆင့္ပုံႏွိပ္စက္အတြင္းပိုင္းစိုထိုင္းမႈကိုျဖစ္ေစႏိုင္တဲ့ေရေငြ႕ေတြရဲ႕အပူခ်ိန္ကိုထိန္းသိမ္း ႏိုင္မဲ့နည္းလမ္းကိုရွာေတြ႕ခဲ့ပါတယ္။ Carrier ဟာ သူေတြ႕ရွိတဲ့နည္းစဥ္ကို ထပ္မံျပည့္စုံ ေအာင္ျပဳလုပ္ခဲ့ၿပီး သူရဲ႕အစီစဥ္ရဲ႕အေသးစိတ္လုပ္ငန္းေတြကို ပုံႏွိပ္တိုက္ပိုင္ရွင္ Walter Timmis ကိုခ်ျပကာ ပုံႏွိပ္စက္ေတြရဲ႕စိုထိုင္းမႈျပႆနာကို ေျပလည္သြားေစခဲ့ပါတယ္။

(၁၉၀၂)ခုႏွစ္မွာေတာ့ ေႏြရာသီေရာက္ခ်ိန္မွာေတာ့ Carrier ဟာစိုထိုင္းမႈအေျခအေနကို ေလ်ာ့ခ်ေပးႏိုင္တဲ့ ေလထုအေျခအေနျပကိရိယာတစ္ခုကိုတီထြင္ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ဟာကနဦးတီထြင္မႈကိုအားရမႈမရွိပဲေနာက္ထပ္ပိုေကာင္းတဲ့ နည္းစနစ္ေတြကို ရွာေဖြၿပီး ဆက္လက္ႀကိဳးစားခဲ့ပါတယ္။ သူရဲ႕အဲလ္ကြန္းစက္တီထြင္ မႈလုပ္ငန္းအတြက္ေတာ့ Carrier ဟာေနာက္ထပ္ႏွစ္အနည္းငယ္ၾကာေအာင္ဆန္းစစ္မႈ ေတြထပ္မံျပဳလုပ္ခဲ့ရၿပီး (၁၉၀၆)ခုႏွစ္မွာေတာ့ သူရဲ႕ေတြ႕ရွိၿပီးသားအဲလ္ကြန္းကို နည္းပညာျမႇင့္တင္ႏိုင္သလို မူပိုင္ခြင့္ကိုလည္းပိုင္ဆိုင္ခဲ့ပါတယ္။ ေနာက္ထပ္(၁)ႏွစ္အၾကာမွာေတာ့ Carrier ဟာသူေတြ႕ရွိခဲ့တဲ့ dew-point depression ကိုအေျခခံထားတဲ့ေရေငြ႕အပူခ်ိန္ကို အလိုအေလ်ာက္ထိန္းခ်ဳပ္ႏိုင္တဲ့အဲလ္ကြန္းထုတ္ကုန္အတြက္ ေနာက္ထပ္ မူပိုင္ခြင့္ကိုထပ္မံပိုင္ဆိုင္ခဲ့ပါတယ္။

(၁၉၁၁)ခုႏွစ္မွာေတာ့ Carrier ဟာ ကမာၻအဲလ္ကြန္းသမိုင္းမွာ အေရးပါဆုံးေသာ ေတြ႕ရွိမႈမွတ္တိုင္လို႔ဆိုရမဲ့ Rational Psychometric Formulae ကို ေတြ႕ရွိမွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ယင္းနည္းစဥ္နဲ႔ပဲ ေလေအးေပးစက္ေတြကို တည္ေဆာက္နိင္ခဲ့တာျဖစ္ၿပီး မၾကာခင္အခ်ိန္ေတာအတြင္းမွာပဲ အိမ္ေတြ၊႐ုံးေတြနဲ႔ခမ္းမလို ေနရာေတြမွာ အဲလ္ကြန္းေခၚ ေလေအးေပးစက္ေတြေပၚေပါက္လာပါေတာ့တယ္။

Willis Carrier ရဲ႕တီထြင္မႈဟာ ကမာၻႀကီးကို အေျပာင္းအလဲမ်ားစြာျဖစ္ေပၚခဲ့တာကိုေတြ႕ရမွာျဖစ္ပါတယ္။ဒါအျပင္သူရဲ႕ဖန္တီးမႈဟာ ယေန႔ေလေအးေပးစက္ထုတ္လုပ္ငန္းေတြရဲ႕အေျခခံအုတ္ျမစ္အျဖစ္သာမက မု႔န္ဖုတ္စက္နဲ႔ စစ္ဘက္ဆိုင္ရာသုံးလုပ္ငန္း ေတြ၊အျခားေသာ စက္မႈလုပ္ငန္းေတြအတြက္ပါ အေထာက္အကူျပဳႏိုင္ခဲ့ပါတယ္။

၁၉၁၅ ခုႏွစ္မွာေတာ့ Carrier ဟာ သူငယ္ခ်င္း အင္ဂ်င္နီယာ ၆ေယာက္နဲ႔အတူ Carrier Engineering Corporation ကို စုေပါင္းထည့္ဝင္ေငြ ေဒၚလာ ၃၂၆၀၀ နဲ႔ တည္ေထာင္ခဲ့ပါတယ္။ ၁၉၂၀ ခုႏွစ္မွာေတာ့ ပထမဆုံး စက္႐ုံကို ဝယ္ယူႏိုင္ခဲ့ၾကၿပီး ေအာင္ျမင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ စီးပြားပ်က္ကပ္ႀကီး နဲ႔ ႀကဳံေတြခဲ့ရတာေၾကာင့္ ေငြေၾကး အၾကပ္အတည္းႀကဳံခဲ့ရၿပီး အျခားကုမၸဏီေတြနဲ႔ ပူးေပါင္းခဲ့ရပါတယ္။ Carrier ရဲ႕ အားမေလ်ာ့ပဲႀကိဳးစားမႈေၾကာင့္ ၁၉၃၇ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ နယူးေယာက္ရဲ႕အႀကီးဆုံး ကုမၸဏီတခုျဖစ္လာခဲ့ပါတယ္။

ဒုတိယကမာၻစစ္ကာလအတြင္းမွာ အဲကြန္းေတြဟာ လူႀကိဳက္စမ်ားလာခဲ့ၿပီး ၁၉၅၀ ေနာက္ပိုင္းမွာေတာ့ ကမာၻတလႊားကို ျပန႔္ႏွံသြားပါေတာ့တယ္။ Carrier ကေတာ့ ၁၉၅၀ ခုႏွစ္ အသက္ ၇၃ႏွစ္ အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။ သူကြယ္လြန္သြားခဲ့ေပမယ့္ သူတည္ေထာင္ခဲ့တဲ့ ကုမၸဏီကေတာ့ ယေန႔အခ်ိန္မွာ Carrier Aircon (or) Carrier Global Corporation အမည္နဲ႔ ကမာၻ႔ထိပ္တန္း ေလေအးေပးစက္ဆိုင္ရာ ကုမၸဏီႀကီးတခုျဖစ္ေနပါၿပီ။ ဒီကုမၸဏီရဲ႕ ၂၀၁၈ ခုႏွစ္ဝင္ေငြက အေမရိကန္ေဒၚလာ ၁၈.၅ဘီလ်ံျဖစ္ၿပီး ဝန္ထမ္းေပါင္း ၄၅၀၀၀ ခန႔္ကို ခန႔္ထားႏိုင္ကာ ကမာၻ႔ႏိုင္ငံေပါင္း ၁၇၀ ေက်ာ္မွာ ကုမၸဏီခြဲေတြရွိေနၿပီျဖစ္ပါတယ္။

ေလေအးေပးစက္လို ဇိမ္ခံပစၥည္းေတြဖန္တီးႏိုင္ခဲ့တဲ့ သူရဲ႕ေတြ႕ရွိခ်က္ေၾကာင့္ Willis Carrier မရွိပဲ ကမာၻႀကီးသာ သက္ေသာင့္သက္သာမျဖစ္ႏိုင္ဆိုတဲ့ ဆို႐ိုးေတာင္ ယင္း ကာလက ပညာရွင္ေတြအၾကား ေက်ာ္ၾကားခဲ့ပါတယ္။ Willis Carrier ရဲ႕ဖန္တီးမႈဟာ ယေန႔ထက္တိုင္လူသားေတြကိုလႊမ္းမိုးထားႏိုင္တာကိုေတြ႕ရမွာျဖစ္ၿပီး ေနာက္ကာလမ်ားစြာမွာဆိုရင္လည္း သူရဲ႕ဖန္တီးမႈေလေအးေပးစက္ေတြရဲ႕က႑ဟာေလ်ာ့က်သြားဖို႔မရွိပါဘူး။

Tags: world people

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!