Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အကြီးဆုံး နိုင်ငံ (သို့) ရုရှားနိုင်ငံအကြောင်း သိကောင်းစရာ

by Thutamm
July 31, 2019
Reading Time: 1min read
0
ကမ္ဘာ့အကြီးဆုံး နိုင်ငံ (သို့) ရုရှားနိုင်ငံအကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter
ရုရှားနိုင်ငံ နှင့် ဆိုဗီယက်မှခွဲထွက်သွားသောနိုင်ငံများကို အရောင်ဖြင့်ပြထားပုံ

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေသည် ၁၄၇ သန်းခန့် ရှိသည်။ ရုရှား ဖက်ဒရေးရှင်း ဟူသည် ရုရှားနိုင်ငံ၏ အခြားအမည်ဖြစ်သည်။ ဧရိယာမှာ စတုရန်းကီလိုမီတာ ၁၇သန်းကျော် ရှိသဖြင့် အမေရိကန်ထက် ၂ဆနီးပါး ပိုကြီးသည်။ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ၉ ခုမြောက် လူဦးရေ အထူထပ်ဆုံးသော နိုင်ငံ ဖြစ်သည်။ အာရှတိုက် မြောက်ပိုင်းကို ဖြတ်၍ ဥရောပတိုက်၏ ၄၀%အထိ ကျယ်ပြန့်သည်။ အာရှ ဥရောပ နှစ်တိုက်စလုံးတွင်ပါဝင်သောနိုင်ငံဖြစ်ပြီး အာရှတွင် ၇၇% ဥရောပတွင် ၂၃% ပါဝင်သည်။

၎င်းအပြင် ဒေသ စံတော်ချိန်မှာ ၁၁ ခုရှိပြီး အုပ်ချုပ်ရေးကတော့ semi presidential စနစ်ဖြစ်ကာ သမ္မတ ကနေ ဝန်ကြီးချုပ်ကို ခန့်အပ်တဲ့စနစ်ဖြစ်သည်။ နိုင်ငံ ခေါင်းဆောင်အား ရွေးကောက်ပွဲ ဖြင့် ရွေးချယ်၍ လက်ရှိခေါင်းဆောင်မှာ ဗလာဒီမီယာ ပူတင် ဖြစ်သည်။ ရုရှားနိုင်ငံသည် ရုရှားဘာသာ အသုံးပြုကြပြီး နိုင်ငံမှာ ကျယ်ဝန်းသော ကြောင့် အချို့ ဒေသများတွင် အခြားဘာသာစကား ၂၇ မျိုးခန့်ကို အသုံးပြုကြသည်။ သို့သော် ရုံးသုံး ဘာသာမှာ ရုရှားဘာသာဖြစ်သည်။ လက်တင်အက္ခရာကို မသုံးပဲ Cryillic အက္ခရာကိုသုံးသည်။

ရုရှားနိုင်ငံ သမိုင်း

ရုရှားနိုင်ငံ၏ သမိုင်းအစသည် အရှေ့ဆပ် လူမျိုးများ ဥရောပတိုက်တွင် ပါဝင်လာခြင်းက အစပြုခဲ့သည်။ အရှေ့ဆပ်လူမျိုးများသည် အေဒီ ၃ ရာစုနှင့် ၈ ရာစုနှစ်အတွင်၌ ဥရောပတိုက်သို့ဝင်ရောက်ပေါင်းစည်းခဲ့ကြသည်။ အေဒီ ၉ ရာစုခန့်တွင် ဗိုက်ကင်းများနှင့် ၎င်းတို့၏မျိုးနွယ်စုများသည် ကေဗင်ရစ်ပြည်နယ်ရှိ အရှေ့ဆလပ်လူမျိုးများကို ပထမဆုံးတွေ့ရှိသွားကြသည်။

ထိုအချိန်၌ ရောမအင်ပါယာသည် တန်ခိုးအင်အားကြီးထွားချိန်ဖြစ်သည်။ အရှေ့ရောမအင်ပါယာ၏ တန်ခိုးအင်အားသည် ကေဗင်ဆပ်ဒေသထိအောင် ပျံ့နှံ့လျက်ရှိသည်။ ၉၈၈ ခုနှစ်တွင် ဗစ်ကင်းများသည် အရှေ့ရောမအင်ပါယာမှလာသော ခရစ်ယာန်ဘာသာကို ကိုးကွယ်ရန် အတည်ပြုခဲ့သည်။ ထို့ကြောင့် ရုရှားယဉ်ကျေးမှုများတွင် ရောမယဉ်ကျေးမှုများလွမ်းမိုးထားသည်ကို များစွာတွေ့ရသည်။

နောက်ဆုံး၌ ကေဗင်ရပ်ပြည်နယ်ကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ရပြီး မြေကျွန်လူတန်းစားစနစ်ရှိသော ပြည်နယ်လေးများ မြောက်များစွာပေါ်ပေါက်လာခဲ့လေသည်။ ထိုပြည်နယ်သေးလေးများအထဲတွင် မော်စကိုမြို့စားကြီးသည် ဩဇာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မွန်ဂိုအင်ပါယာသည် အင်အားအကြီးဆုံးသော အချိန်ဖြစ်နေပြီဖြစ်သည်။ မော်စကိုမြို့စားကြီးသည် ပြည်နယ်လေးများကို စုစည်းပြီး မွန်ဂိုတို့အားတွန်းလှန်ရန်ကြိုးပမ်းပြီး အင်အားတောင့်တင်းရန် အတွက် ကေဗင်နယ်ကြီး၏ အစိတ်အပိုင်းများကို ဖြည်းဖြည်းချင်း သိမ်းယူခဲ့သည်။

၁၆၅၄ ခုနှစ်တွင် ပိုလန်နှင့် ၁၃ နှစ်ကြာစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ပိုလန်-လစ်သူယေးနီးယား ဓနသဟာယအဖွဲ့နှင့် ရုရှားဇာဘုရင့်နိုင်ငံတော် တို့အကြား ဖြစ်ပွားသော စစ်ပွဲများအပြီးတွင် နယ်မြေအများအပြားကို ရုရှားနိုင်ငံက ရရှိလိုက်သည်က ငြင်းချက်ထုတ်၍ မရသော သမိုင်းသက်သေတစ်ခုဖြစ်သည်။

စစ်ပွဲအပြီးတွင် ရုရှားနိုင်ငံကရလိုက်သော နယ်မြေပိုင်နက်များ သည် ရုရှားတို့ အရှေ့ဥရောပတွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေသော လမ်းစပင်ဖြစ်သည်။ ၁၈ ရာစုတွင် အင်အားချဲ့ထွင်ပြီး ရုရှားအင်ပါယာကြီး ဖြစ်ပေါ်လာစေရန် အတွက် အခြားနယ်ပယ်များကို တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေသစ်များ ရှာဖွေမှုကို ပြုလုပ်ခဲ့ကြသည်။ ထိုနောက် ရုရှားအင်ပါယာကြီးသည် သမိုင်းတွင် တတိယမြောက် အင်အားကြီး အင်ပါယာကြီးတစ်ခုအဖြစ်သို့ရောက်ရှိလာခဲ့သည်။

ကိုင်ဇာဘုရင် အုပ်ချုပ်သော ရုရှားအင်ပါယာကြီးသည် ပိုလန်နိုင်ငံအရှေ့ဘက်မှ ပစိဖိတ်သမုဒ္ဒရာနှင့် အယ်လကာနယ်အထိသို့ရောက်အောင် ချဲ့ထွင်သိမ်းပိုက်ခဲ့သည်။ မဟာပီတာသည် ရုရှားနိုင်ငံကို ၁၆၈၉ ခုနှစ်မှ ၁၇၂၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး သူ၏လက်ထက်တွင် ပဒေသရာဇ်ခေတ် ရုရှားအင်ပါယာသည် ကြီးကျယ် ခမ်းနားဆုံးဖြစ်ခဲ့သည်။ သူသည် ၁၇၀၉ တွင် ဆွီဒင်ကို ပိုတဗ်စစ်၌ အနိုင်ရပြီး နေဗာမြစ်ဝတွင် စိန့်ပီတာစဘက်မြို့ကို တည်ထောင်သည်။

ဒုတိယကမ္ဘာစစ်အတွင်း

၁၉၀၄ ခုနှစ်တွင် စတင်၍ ၁၉၀၅ ခုနှစ်တွင် ပြီးဆုံးသွားသော ရုရှား-ဂျပန်စစ်ပွဲတွင်ရုရှားတို့ ရှုံးနိုမ့်ခဲ့ရသည်။ ဤသို့ ရှုံးနိုမ့်ရခြင်းမှာ ရုရှားတို့၏ ခေတ်နောက်ကျ ကျန်နေခဲ့ခြင်းများ ကြောင့်ဖြစ်သည်။ ၁၉၂၂ ခုနှစ် အောက်တိုဘာ လတွင် ဗလာဒီမာလီနင်နှင့် ဂျာမနီနိုင်ငံမှ ကာမာဇ်တို့၏ ဗော်ရှီဗစ်ကွန်မြူနစ် အတွေးအခေါ်များစိုးမိုးလာခဲ့ပြီး နိုင်ငံတစ်ဝှမ်းတွင် မငြိမ်မသက်မှုများများပြားလာခဲ့သည်။

ကွန်မြူနစ်အတွေးအခေါ်များသည် ကိုင်ဇာဘုရင်နှင့် အခြားပြည်သူများက ထိုအတွေးအခေါ်များကို ရှုပ်စေခဲ့ကြသည်။ ထိုအချိန်တွင် ရုရှား၌ စီးပွားရေးမှာ ကျဆင်းလျက်ရှိသည်။ နိုင်ငံ့စီးပွားရေး တင့်တောင်းမှုမရှိသည် ကြားမှ ဇာဘုရင်အစိုးရသည် စစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် ပထမ ကမ္ဘာစစ်မှာ လီနင်အတွက် အလွန်ကောင်းသည့် အခွင့်အရေးကြီးဖြစ်လာသည်။

စစ်မပြီးမီပင် ပြည်သူတို့အကြား အလွန်မကျေမနပ်ဖြစ်လာပြီး ၁၉၁၇တွင် အများသိကြသည့်အတိုင်း အောက်တိုဘာ တော်လှန်ရေးကြီးဖြစ်ကာ ဇာဘုရင်အစိုးရပြုတ်ကျပြီးနောက် ဗလာဒီမာ လီနင်နှင့် လီယွန်ထရော့စကိုင်းတို့၏ လက်သို့ အာဏာကျရောက်လာချိန်တွင် ၎င်းတို့နှစ်ဦးသည် မာ့ဇစ်တ် ကွန်မြူနစ်နယ်မြေများထူထောင်ကြလေသည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပြီး ၁၉၄၁ ခုနှစ် ဂျာမနီတို့သည် ရုရှားကို စတင်တိုက်ခိုက်ကြလေသည်။ ထိုစစ်ပွဲများသည် ၁၉၄၅ ခုနှစ် မေလထိအောင် ကြာမြင့်ခဲ့သည်။ ရုရှားနိုင်ငံ၌လည်းလူပေါင်း ၂၇ သန်းခန့်ဆုံးရှုံးရပြီးမှ အနိုင်ရခဲ့သည်။

စစ်ပြီးခေတ်

၁၉၂၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ရုရှားနိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုဟုခေါ်သော Union of The Soviet Socialist Republics (USSR)၏ အကြီးမားဆုံးသောအကြီးမားဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ လူအများက ဆိုရှယ်လစ် ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံးကို ရုရှားဟု ချုံငုံပြောဆိုကြသည်။

ရုရှားနိုင်ငံသည် ဆိုရှယ်လစ် ဆိုဗီယက်ပြည်ထောင်စု ၁၅ ခု၏ တစ်ခုမြောက်ဖြစ်ပြီး ၎င်း၏အမည်ကို Russian Soviet Federative Socialist Republic ဟုခေါ်သည်။ ထိုနောက် ဆိုဗီယက်နိုင်ငံသည် ၁၉၉၀ ခုနှစ်မတိုင်မီတွင် ပြိုကွဲပြန်လေသည်။ ၁၉၉၁ ခုနှစ်တွင် ရုရှားဖဒရယ်ဟူ၍ ပြည်လည်တည်ထောင်ခဲ့သည်။ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) သည် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရ၍ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ဗလာဒီမာပူတင်သည် ထိုနှစ်၌ပင် ဒုတိယဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

မော်စကိုမြို့သည် ရုရှားနိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်ပြီး လူဦးရေ ၁၀သန်းကျော် နေထိုင်သည်။ စိန့်ပီတာစဘတ်မြို့သည် ရုရှားနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးမြို့ဖြစ်သည့်အပြင် ၁၈ ရာစုနှင့် ၁၉ ရာစုက ရုရှားနိုင်ငံ၏မြို့တော်လည်းဖြစ်ခဲ့သည်။ လူဦးရေး တစ်သန်းနှင့် အထက်နေသော မြို့ကြီးများမှာ-
Novosibirsk , Nizhniy Novgorod ,Yekaterinburg, Samara, Omsk, Kazan,Rostov-on-Don , Chelyabinsk တို့ဖြစ်ကြသည်။

ရုရှားနိုင်ငံတွင် စာရေးသားသော လူအတော်များများရှိပြီး ကျော်ကြားသော သူများလည်း များပြားလှသည်။ အလဇန္ဒား ပက်ရှကင်သည် ရုရှားနိုင်ငံ၏ ခေတ်သစ် စာပေအရေးအသားကို ရှာဖွေပေးအပ်ခဲ့သူဖြစ်သည်။ သူသည် ၁၉ ရာစုနှစ်က ထင်ရှားသော ကဗျာဆရာတစ်ဦးဖြစ်သည်။ အခြားထင်ရှားသော စာရေ:ဆရာအချို့မှာ အန်တွန် ချီကော့( Anton Chekhov) ၊ မစ်ဟေး လာမွန်တို(Mikhail Lermonto) ၊ လီယိုတော်စတွိုင်း(Leo Tolstoy) ၊ နီကိုလိယာ လာမွန်တို့ (Nikolia Lermontov သူ့အား ယူကရိန်းတွင် မွေးဖွားခဲ့သည်။ သူသက်ရှိထင်ရှားရှိချိန်က ရုရှားနိုင်ငံ၏ လက်အောက်ခံဖြစ်သည်။) အိုင်ဗန် တာဂျန်နေ့ဗ် အစရှိသည် တို့ဖြစ်ကြသည်။ တော်စတွိုင်းနှင့် ဒို့စတိုးဗ်စကိုင်း တို့အား ဂန္တဝင်စာရေးဆရာကြီးများအဖြစ် သတ်မှတ်ထားကြသည်။

ဘာသာရေး

ရုရှားနိုင်ငံတွင် အများအားဖြင့် ခရစ်ယာန်ဘာသာ ( Russian Orthodox) ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ နှင့် အခြားဘာသာ ကိုးကွယ်မှုများလည်း ရှိကြသည်။

ရုရှားနိုင်ငံ၏ အခြားအချက်အလက်တချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

ရုရှားနိုင်ငံသည် နိုင်ငံပေါင်း ၁၄နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိသည်။ ရုရှားနိုင်ငံကို (အနောက်တောင်မှ အရှေ့တောင်) နော်ဝေးနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံ၊ လတ်ဗီးယားနိုင်ငံ၊ လစ်သူယေးနီးယားနိုင်ငံ နှင့် ပိုလန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ ဂျော်ဂျီယာနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ ၊ ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မွန်ဂိုးလီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့ဖြစ်သည်။ ၎င်းအပြင် ဂျပန်နိုင်ငံ ( Okhotsk ပင်လယ်ဖြင့်)၊ အမေရိကန်ပြည်ထောင်စု ( Bering Strait)တို့ဖြင့် ထိစပ်လျှက် ရှိသေးသည်။

ရုရှားနိုင်ငံ၏အမြင့်ဆုံးနေရာမှာ Elbrus တောင်ဖြစ်ပြီး အမြင့်ပေ ၁၈၅၁၀ မြင့်သည်။ Elbrus တောင်သည် ဥရောပ၏ အမြင့်ဆုံးတောင်လည်းဖြစ်သည်။

ကမ္ဘာကျော်ရေအိုင်ဖြစ်သည့် ဘိုင်ကယ်ရေအိုင်သည် ရုရှားနိုင်ငံတွင်တည်ရှိသည်။ ဘိုင်ကယ်ရေအိုင်သည် ကမ္ဘာပေါ်မှရှိသမျှရေချိုအားလုံး၏ ၂၀% ရှိရာနေရာဖြစ်ပြီး ကမ္ဘာ့အနက်ဆုံးရေကန်လည်းဖြစ်သည်။ အပင်မျိုးစိတ်ပေါင်း ၁ထောင်ကျော်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာတို့ တည်ရှိရာနေရာလည်းဖြစ်သည်။

ရုရှားတွင် အမျိုးသမီးများမှာ အမျိုးသားများထက် အသက်ပိုရှည်ကြသည်။ အချက်အလက်များအရ အမျိုးသားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၄.၇နှစ် ဖြစ်ပြီး အမျိုးသမီးများ၏ သက်တမ်းမှာ ၇၆.၃နှစ်ဖြစ်သည်။ ရုရှားအမျိုးသားများ၏ ၂၅%မှာ အသက် ၅၅နှစ်မတိုင်မီ သေဆုံးလေ့ရှိသည်။ နိုင်ငံကြီးသော်လည်း လူဦးရေတိုးတက်မှုနှုန်းမှာ အလွန်နည်းပါးပြီး တစ်နှစ်လျှင် ၁%ပင် မတက်ချေ။

ရုရှားသည် ကမ္ဘာ့စာတတ်မြောက်သူအများဆုံး နိုင်ငံထဲတွင်ပါဝင်သည်။ အသက် ၁၅နှစ်ပြည့်ပြီးသူတိုင်း စာရေးနိုင် ဖတ်နိုင်သည့် ပမာဏမှာ လူဦးရေစုစုပေါင်း၏ ၉၉.၇% ဖြစ်သည်။

မော်စကိုမြို့သည် ကမ္ဘာပေါ်တွင် တတိယမြောက်ဘီလျံနာအများဆုံးမြို့ဖြစ်ပြီး ဘီလျံနာ ၇၄ယောက်နေထိုင်သည်။(ပထမ နှင့် ဒုတိယမှာ နယူးယောက် နှင့် ဟောင်ကောင် တို့ဖြစ်သည်)။ ရုရှားနိုင်ငံ၏ လူတစ်ဦးချင်းစီ တစ်နှစ်ပျမ်းမျှဝင်ငွေမှာ ဒေါ်လာ ၁၄၀၀၀ ဖြစ်သည်။

ရုရှားလူမျိုးတစ်ယောက်သည် တစ်နှစ်တွင် အရက် ၁၈လီတာသောက်သုံးလေ့ရှိသည်။ အရက်သောက်သုံးမှုနှင့် ဆက်စပ်ပြီး တစ်နှစ်လျှင် လူပေါင်း ၅သိန်းခန့် သေဆုံးလျှက်ရှိသည်။ လူဦးရေ ၁၄၇သန်းတွင် အမျိုးသမီးအရေအတွက်မှာ အမျိုးသားအရေအတွက်ထက် ၉သန်းကျော်ပိုများသည်။

လူသိနည်းသည့် ဖြစ်ရပ်တစ်ခုမှာ အမေရိကန်၏ အလက်စကားပြည်နယ်သည် ရုရှားပိုင်နယ်မြေဖြစ်ပြီး ၁၈၆၇ခုနှစ်တွင်မှ အမေရိကန်အစိုးရက ရုရှားအင်ပါယာထံမှ ဒေါ်လာ ၇.၂သန်း နှင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Myanmar Wkipedia

Amazing facts of russia

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!