Saturday, April 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

“ယမုံနာမြစ်” ဆိုသည်မှာ

by Thutamm
August 7, 2019
Reading Time: 1min read
0
“ယမုံနာမြစ်” ဆိုသည်မှာ
Share on FacebookShare on Twitter

ယမုံနာမြစ် သည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ၊ ဂင်္ဂါမြစ်၏ အရေး အကြီးဆုံး မြစ်လက်တစ် တစ်ခုဖြစ်သည်။ ပိဋကတ်စာပေတို့၌ ထင်ရှားသော ဂဂဋကတ်စာပေတို့၌ ထင်ရှားသော ဂင်္ဂါ၊ အစိရဝတီ၊ ယမုံနာ၊ သရဘူ၊ မဟီတည်းဟူသော မွေ့လျော်ဖွယ်မြစ် ကြီး ငါးသွယ်တို့၌ အပါအဝင် ဖြစ်၏။

ယမမင်း၏ နှမတော် ဖြစ်ခြင်းကြောင့် ယမုံနာမြစ်သည်ဟု ပူရာဏ်ကျမ်းများမှာ အဆို ရှိသည်။ ထိုယမုံနာမြစ်သည် ဟိမဝန္တာတောင်၊ ယမ္မနော့ထရီ ရေခဲမြစ်တွင် မြစ်ဖျားခံ၍ တောင်ဘက်သို့ စီးဆင်းသွားသည်။

ထိုနောက် အနောက်တောင်ဘက်သို့ စီးဆင်းကာ တစ်ဖန် တောင်ဘက်တည့်တည့်သို့ စီးဆင်းသွားသည်။ ထိုသို့ စီးဆင်း သွားစဉ် မြစ်လက်တက် အမြောက်အမြား စီးဝင် ပေါင်းဆုံလာ ကြသည်။

မြောက်ဘက်မှ စီးဆင်းလာသော ရေစီးသန်သည့် ထွန်းဆိုသော ချောင်းနှင့် ပေါင်းဆုံပြီးနောက်တွင် ထိုယမုံနာ မြစ်သည် အရှေ့ ပန်ဂျပ်နှင့်ဥတြဒေသပြည်နယ်တို့ကို ပိုင်းခြား ထားသော နယ်နိမိတ်အဖြစ် တည်ရှိလေသည်။

ထိုနောက် ယမံုံနာမြစ်သည် အရှေ့တောင်ဘက်သို့ စီးဆင်း သွားရာ ဝိန္ဓိယ (ဝိန္ဓျ)တောင်တန်းမှ စီးဆင်းလာကြသည့် ချမ်းဗော၊ ဆင်း၊ ဗီတွာနှင့် ကင်းစသည့် မြစ်လက်တက်များ စီးဝင် ပေါင်းဆုံလာကြသည်။

ယမုံနာမြစ်သည် အာလဟာဗက် မြို့တွင် ဂင်္ဂါမြစ်အတွင်းသို့ စီးဝင်သည်။ အာလဟာဗက်မြို့အထိ မြစ်၏ အလျားမှာ မိုင်ပေါင်း ၈၅ဝ ရှည်သည်။ ယခုအခါ အာလဟာဗက်ဟု ခေါ်ဆိုကြသောမြို့မှာ ရှေးအခါက ပယာဂ ဆိပ်ဖြစ်သည်။

ပယာဂဆိပ်သည် မြတ်စွာဘုရား ဝေရဉ္စရာတိုင်း၌ ဒွါဒသမ ဝါကပ်ဆိုတော်မူကာ ဝါကျွတ်၍ ဒေသစာရီ ကြွ ချီတော်မူသောအခါ ဗာရာဏသီတို့ ကူးကြွတော်မူရာ ဆိပ်ကမ်းမြို့ဖြစ်သည်။

ပယာဂဟူသည် လွန်ကဲမြင့်မြတ်သော ပူဇော်ရာဌာန၊ သို့မဟုတ် မြတ်သောဒါန ကောင်းမှုပြုရာ ပုညခေတ်ဟု အဓိပ္ပာယ် ဆိုလိုသည်။ ဟိန္ဒူလူမျိုးတို့အတွက် လွန်စွာ အရေး ကြီးသော ပုညတိတ္ထ ဖြစ်သည်။

ဂင်္ဂါမြစ်နှင့် ယမုံနာမြစ်တို့အကြား ဒိုအပ်မြေသည် ကောက် ပဲသီးနှံစိုက်ရန် မြေဩဇာ အကောင်းဆုံး ဖြစ်သဖြင့် လူဦးရေ မှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံးဒေသတစ်ခု ဖြစ်သည်။

ယမုနာမြစ်သည် ဥတြဒေသပြည်နယ်အတွင်း၌ စီးဆင်းရာ တွင် ဂင်္ဂါမြစ် စီးဆင်းသည်ထက် ပို၍ ရှည်လျား၏။ သို့သော် မြစ်ဝှမ်းမှာ မကြီးမားသည့်အပြင် ထင်လည်း မထင်ရှားချေ။

နွေရာသီ၌ အာဂရာမြို့၏ အထက်ဘက်တွင် ယမုံနာမြစ်သည် ချောင်းငယ်တမျှ သေးငယ်နေလေသည်။ ထိုသို့ ဖြစ်ရသည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် မြစ်၏ အရှေ့နှင့် အနောက်ဘက် သို့ရှိ ယမုနာ တူးမြောင်းများကြောင့် ဖြစ်သည်။

အရှေ့ ယမုံနာ တူးမြောင်းသည် ဥတြဒေသပြည်နယ်အတွင်းရှိ လယ်ဧကပေါင်း ၄ဝဝဝဝဝ ခန့်ကိုလည်းကောင်း၊ အနောက် ယမုံနာတူးမြောင်းသည် ပန်ဂျပ်ပြည်နယ်အတွင်းရှိ လယ်ဧကပေါင်း ၅၅ဝဝဝ ကို လည်းကောင်း ရေသွင်းပေးလေသည်။

ယမုံနာမြစ်အတွင်းဝယ် ဝမ်းပြား ကုန်တင်လှေကြီးများဖြင့် ကူးသန်းသွားလာကြသည်။ ယမုံနာမြစ်၏ ရေအယဉ်သည် ကြည်လင် သန့်စင်၍ ပြာလဲ့သော အဆင်းရှိ၏။

ယမုံနာမြစ်နှင့် ဂင်္ဂါမြစ်တို့ဆုံရာတွင် တည်ရှိသော အာလဟာဗက်မြို့အပြင် ယမုံနာမြစ်ပေါ်တွင် ဒေလီ၊ အာဂရာနှင့် မုတြမြို့များ တည်ရှိသည်။ ယမုံနာမြစ်ကို မီးရထားလမ်း တံတားကြီးများဖြင့် ဖြတ်ကျော်ထားလေသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)

Tags: rivers

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!