အသက် ၁၁၃နှစ် အဘိုးအိုရဲ့ ကျန်းမာရေးလျို့ဝှက်ချက်

Posted on

ပုံမှာမြင်ရတဲ့ အဘိုးအိုဟာ ကျန်းမာနေတာကြောင့် သူ့အသက်ဟာ ၁၁၀ကျော်ပြီလို့ ပြောရင် ယုံချင်မှယုံမှာပါ။ ဒါပေမယ့် သူ့ရဲ့အသက်ဟာ ၁၁၃နှစ်ရှိပါပြီ။ ဘာနာဒို လာပယ်လို ကို ၁၉၀၁ ခုနှစ် မှာမွေးဖွား ခဲ့ပါတယ်။ ခုဆိုရင်တော့ သူရဲ့ အသက်ဟာ ၁၁၃နှစ် ရှိသွားပါပြီ။ သူရဲ့ ဘဝတစ်လျှောက် မှာ မနာ မကျန်းမဖြစ်ခဲ့ပါ ဘူးတဲ့။သူဟာ အသား ကိုရှောင်ကျဉ်ပြီးတော့ လတ်ဆတ် တဲ့ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီး သစ်ဖု တွေကိုပဲ များသော အားဖြင့် စားဖြစ်တယ် လို့ပြောပါတယ်။ သူဟာ အသက်၁၁၃နှစ်ဖြစ် လို့ သူ ဘာမှ မလုပ်နိုင်ဘူး လို့ သင် ထင်နေရင်တော့ သင်မှားသွား ပါပြီ။ သူဟာ ပဟေဌိ အမြောက် အမြား ကို ဖြေနိုင်တဲ့ အပြင် စာအုပ်တွေ ကိုလည်း ရေးနိုင် ဖတ်နိုင်ပါသေးတယ်။ ကျန်းမာရေးနဲ့ အသက်ရှည်ခြင်းဆိုင်ရာ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။

ဘာတွေစားလို့ သူကျန်းမာနေရပါသလဲ…

ဘာနာဒို က သူရဲ့ကျန်းမာရေး လျှို့ဝှက်ချက်ဖြစ် တဲ့ အစားစာ (၅)မျိုး အကြောင်း ကို ပြောပြခဲ့ ပါတယ်။ အဲ့ဒီ(၅)မျိုး ကတော့……….

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ဟာ ကျန်းမာရေး အတွက် အထူးကောင်းမွန်တဲ့ အရာ ဆိုတာ သင်သိပြီး ဖြစ်ပါလိမ့် မယ်။ ကြက်သွန်ဖြူ က ရောဂါ အမျိုးမျိုး အတွက် ဆေးဖြစ်တဲ့ အပြင် နေ့စဉ် စားသုံးပေး ပါက ကင်ဆာရောဂါ ကိုတောင် ကာကွယ်ပေးပါတယ်။

၂။ပျားရည်

ပျားရည် ကို အားတိုးဆေး လို့တောင် ဆိုလို့ ရပါတယ်။ မည်သူ မဆို ပျားရည် ကို တစ်နေ့ တစ်ဇွန်း စားသုံး ပါက ကင်ဆာရောဂါ များကို ကာကွယ်ခြင်း၊ အသား အရေ လှခြင်း၊ ဆံပင် လှခြင်း၊ အိုမင်းမှု ကို နှေးကွေးစေခြင်း နှင့် ကိုယ် အလေးချိန် ထိန်းသိမ်းခြင်း တို့ကိုလည်း ဖြစ်စေပါသည်။

၃။သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက် ကို မြန်မာ တိုင်းရင်းဆေး မှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။ သူ့ရဲ့အစွမ်း ကတော့ သွေး တွင်း ကိုလက်စထရော ဓာတ် ကို ထိန်းညှိ ပေးတဲ့ အပြင် ဆီးချိုရောဂါ အတွက် ပါ အထူးကောင်း မွန်စေပါတယ်။

၄။ချောကလက်

ချောကလက် ကို သရေစာ လို့ ထင်ရင်တော့ သင် မှားသွားပါပြီ ။ ချောကလက် မှာ သင့်ရဲ့ မျက်စိ အမြင် ကိုကောင်း မွန်စေခြင်း၊ အရေပြား ကို ကာကွယ်ပေးခြင်း နဲ့နှလုံး ကိုကောင်းမွန်စေခြင်း စတဲ့ အစွမ်း သတ္တိတွေ ပါဝင်ပါတယ်။

၅။သံလွင်ဆီ

သံလွင်ဆီ ဟာ သွေး ဖိအားကိုလျော့ချပေး တဲ့ အပြင် ကင်ဆာ အချို့၊ ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်၊ အဆစ်ရောင် နာ တို့အတွက် အထူးကောင်းမွန် ပါတယ်။ ဆံပင် နဲ့ အသားအရေ ကို ကာကွယ်ပေးတဲ့ အပြင် ကိုယ်အလေးချိန် ကို လည်း ပုံမှန်ဖြစ်အောင် ထိန်း ညှိပေး ပါတယ်။

(ဘာနာဒို လာပယ်လိုဟာ အသက် ၁၁၄နှစ်အရွယ် ဒီဇင်ဘာ၁၉၊ ၂၀၁၅ခုနှစ်မှာ အရီဇိုးနားက သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒီလိုကွယ်လွန်ရာမှာလည်း ရောဂါတစ်ခုခုကြောင့် မဟုတ်ပဲ ပုံမှန်နေထိုင်ရင်း အေးအေးဆေးဆေးသေဆုံးခဲ့တာပဲ ဖြစ်ပါတယ်)