Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရုရှား-ဂျပန်စစ်ပွဲ (World War Zero) အကြောင်း

by Thutamm
August 5, 2019
Reading Time: 2min read
0
ရုရှား-ဂျပန်စစ်ပွဲ (World War Zero) အကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – Ko Kyaw Min Hein(ဆြာကြက်)

သမိုင်းအကျဉ်း

၁၉၀၄-၁၉၀၅မှာ ကိုရီးယားနဲ့တရုတ်ဘက်ကို နယ်မြေချဲ့ဖို့လုပ်လာတဲ့ ရုရှားအင်ပါယာနဲ့ မေဂျီခေတ်ပြောင်းတော်လှန်ရေးပြီးကာစဂျပန်အင်ပါယာ ထိပ်တိုက်တွေ့ကြပါတယ်။

ရုရှားအင်ပါယာမှာ အဲသည့်အချိန်က အရှေ့ဖျားရေတပ်စခန်းနှစ်ခုရှိပါတယ်။ အဲသည့်နှစ်ခုမှာ ဗလာဒီဗော့စတော့ဆိပ်ကမ်းက နွေရာသီလောက်ပဲ သုံးလို့ရပာတယ်။ မန်ချူးရီးယားနယ်ဘက်က Port Arthur ဆိပ်ကမ်းကတော့ ရာသီမရွေးသုံးလို့ရတဲ့ အတွက် ကုန်သွယ်ရေကြောင်းအတွက်သုံးသလို ရေတပ်လဲ ထိုင်ထားပါတယ်။ ဂျပန်ကဒါကို ခြိမ်းခြောက်မှုလို့မြင်တဲ့အတွက် ပို့အာသာက ရုရှားရေတပ်ကို အငိုက်ဖမ်းလုပ်ကြံပါတယ်။

အဲသည်ခေတ်က ဥရောပတိုက်သားများဟာ အာရှသားတွေကို သိပ်အထင်သေးကြပါတယ်။ ဂျပန်လို လူဝါဝါပုပုတွေဟာ ခြောက်ပေကျော် ရုရှားသားတွေကို ဘယ်လိုမှမနိုင်နိုင်ဘူးဆိုပြီး ပေါ့ပေါ့နေပေါ့ပေါ့စား အရက်သောက်မပျက်ကြပါဘူး။ ဒီလိုနဲ့ တစ်ညမှာ ကိုယ်ထည်တစ်ခုလုံးကိုဆေးအနက်ရောင်သုတ်ထားတဲ့ ဂျပန်စစ်သင်္ဘောတွေဟာ ပို့အာသာမှာထိုင်ထားတဲ့ ရုရှားရေတပ်ကို ဝင်ဆော်လိုက်တာမှာ ရုရှားအရှေ့ဖျားရေတပ်ဟာ ကုန်သလောက်နီးနီးဖြစ်သွားပါတယ်။ တစ်ဆက်တည်းမှာပဲ ဂျပန်ခြေလျင်တပ်များက ပို့အာသာကိုသိမ်းနိုင်ဖို့ ကမ်းတက်ထိုးစစ်ဆင်ပါတယ်။

နောက်ထပ်ဂျပန်စစ်ကြောင်းတစ်ကြောင်းဟာလည်း ကိုရီးယား ယာလူး မြစ်ကိုဖြတ်ပြီး ပို့အာသာကို ဘေးဘက်က ပန်းပြီး တိုက်ပါတယ်။ သို့သော်လည်း ရုရှားအမြောက်ကြီးတွေကြောင့် ခံတပ်ကို တော်ရုံနဲ့ မသိမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ရေတပ်ရဲ့အရှုံးကြောင့်ရုရှားဟာ အတော်ကို အရှက်ကွဲခဲ့ရပါတယ်။ ပုံမှာပါတဲ့ကာတွန်းလို ကောက်ရိုး ဝတ်ရုံနဲ့ဂျပန်ဆာမူရိုင်းကဆော်ထည့်လိုက်လို့ ရုရှားလူ့ဘီလူးကြီး မှောက်သွားတဲ့ ကာတွန်းမျိုးကို သတင်းစာတွေက လှိုင်လှိုင်ထည့်ပါတယ်။ ရုရှားအတွက်ကတော့ နာလဲနာ နံလဲနံ တစ်ကယ့်အိမ်မက်ဆိုးပါပဲ။

အရှေ့ဘက်ပင်လယ်ပြင်မှာ လုံးလုံးအကာအကွယ်မဲ့သွားတဲ့ရုရှားဟာ သူ့ရဲ့ အနောက်ဖက်ပင်လယ်ပြင်ကရေတပ် (Baltic Fleet) ကိုပြန်ခေါ်ရပါတယ်။ Baltic Fleet ဟာ ဂျပန်တော်ပီဒိုဘုတ်တွေလမ်းကဖြတ်ချမယ်ဆိုတဲ့ သတင်းကြောင့် သင်္ဘောအုပ်စုနှစ်စုခွဲပြီးထွက်ပါတယ်။ အဲ့သည့်မှာပြသနာစတက် ပါတယ်။ Fleet တစ်ခုက လမ်းမှာတွေ့တဲ့ အင်္ဂလိပ်ငါးဖမ်းသင်္ဘောကို ဂျပန်နဲ့မှားပြီးတွယ်ထည့်လိုက်တာမှာ လူလဲသေ သင်္ဘောလဲမြုပ်သွားပါတယ်။ အဲ့မှာ အင်္ဂလိပ်ကစစ်ကြေငြာဖို့လောက်နီးနီးပြင်းပြင်းထန်ထန်ကန့်ကွက်ပါတော့တယ်၊ နောက်ပိုင်းမှာ ရုရှားဘက်က သေသွားတဲ့လူတွေအတွက်လျော်ကြေးပေး၊ မှားပြီးပစ်တဲ့အရာရှိတွေကိုထုတ်ပစ် ဒါမျိုးတွေလုပ်ပေးလိုက်တော့မှ ပရက်ရှာလျော့သွားပါတယ်။

Baltic Fleet ၏ ချီတက်ရာလမ်းကြောင်း
ရုရှားတွေ အရှက်ရစေတဲ့ ကာတွန်း

ဒါပေသိ အပေါ်ယံလေးပဲ လျော့သွားတဲ့သဘောပါ၊ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်က ရုရှားရေတပ်ကို ဆူးအက်တူးမြောင်းကနေမဖြတ်ခိုင်းတော့ပါဘူး၊ အဲ့တော့ကံဆိုးသူမောင်ရှင်ဟာ အာဖရိကကိုပတ်ပြီး ဟိုင်းဝေးကြီးဒိုးရပါတော့တယ်။ ဒါတင်မကသေးပါဘူး အင်္ဂလိပ်ရေတပ်က Baltic fleet ကို တောက်လျောက် နောက်ယောင်ခံလိုက်ပြီးတော့ ဂျပန်ကိုသတင်းပေးပါတယ်။ (တစ်ချို့သော ရင်းမြစ်များကတော့ ရုရှား-ဂျပန်စစ် အစမှာကတည်းက အင်္ဂလိပ်ထောက်လှမ်းရေးက ဂျပန်ဘက်ကိုကူပြီး ဂျာမန်ထောက်လှမ်းရေးက ရုရှားကိုသတင်းပေးတယ်လို့ပြောကြပါတယ်။)

အဝေးကြီးချီတက်လာရတဲ့ ရုရှားရေတပ်ကို ဂျပန်ဘုရင့်ရေတပ်(IJN)က ဆူရှီးမားရေလက်ကြားကနေ အသင့်စောင့်ပြီး ဧည့်ခံပါတယ်။ (အသေးစိတ်ကို Battle of Tsushima ခေါင်းစဉ်နဲ့ရှာဖွေဖတ်ရှုနိုင်ပါတယ်၊ ရုပ်ရှင်လဲရှိပါတယ်) ဒီပွဲမှာလဲ ရုရှားကိုဂျပန်က ခွေးနိုင်ဝက်နိုင် နိုင်သွားတာပါပဲ။ (အပျက်အစီးနှိုင်းယှဉ်ချက်ဇယားကိုပုံတွင်ကြည့်ပါ။) ရုရှားဟာ ဂျပန်ကို သင်္ဘောခြင်း၊ လက်နက်ခြင်း၊ လူခြင်း ဘယ်လိုမှကိုမယှဉ်နိုင်ခဲ့ပါဘူး။

အပျက်အစီး နှိုင်းယှဉ်ချက်ဇယား

နောက်ဆုံးတော့ ဆရာကြီးအင်္ဂလိပ်ရဲ့ ကြားဝင်ဖြေရှင်းပေးမှုနဲ့ ရုရှား-ဂျပန် စစ်ပြေငြိမ်းစာချုပ်ချုပ်လိုက်ရပါတယ်။ ပို့စ်မောက်မြို့မှာစာချုပ်ချုပ်ပွဲလုပ်လို့ Treaty of Portsmouth လို့ နာမည်တွင်ပါတယ်။ စာချုပ်အရ ရုရှားဟာ သူ့အတွက် စစ်ရေးအရ၊ စီးပွားရေးအရ အရေးပါတဲ့ ပို့အာသာကို ဂျပန့်လက် အပ်ရပါတယ်။ ကိုရီးယားကျွန်းဆွယ်အရေးမှာ ဂျပန်ကိုအနှောက်အယှက်မပေးပါဘူးလို့ ခံဝန်ကတိပြုရပါတယ်။

အရှုံးနှင့်အမြတ်

ရုရှား

ထုံးစံရှိသည့်အတိုင်း စစ်ရှုံးတဲ့လူမှာတော့ ဒုက္ခိတကိုပျားတုပ်သလိုပါပဲ။ ရုရှားရဲ့အရှုံးဟာသိပ်ကိုကြီးမားလွန်းပါတယ်။ ပျက်စီးသွားတဲ့သင်္ဘောတွေကိုပြန်လည်တည်ဆောက်ဖို့ ငွေလိုအပ်နေတဲ့အချိန်မှာ၊ ပုံမှန်ငွေဝင်နေတဲ့ဆိပ်ကမ်းကို ဂျပန့်လက်အပ်လိုက်ရတဲ့အဖြစ်မျိုးကို စဉ်းစားသာကြည့်ကြပါ။ အဲသည့်မှာ ခေတ်စကားနဲ့ပြောရရင် ဗိုက်နာနေတဲ့ နီကိုလပ်စ်အစိုးရဟာ အခွန်တွေနင်းကန်ကောက်ပါတယ်။

ရုရှားပြည်သူတွေမှာ စီးပွားရှာရကျပ်နေတဲ့အထဲမှာ အခွန်အတုပ်က ဖိစီးပြန်တော့ အထွေထွေမကျေနပ်မှုတွေဖြစ်လာပါတယ်။ အရင်တုန်းက တုန်နေအောင်ကြောက်ရတဲ့ ဇာဘုရင်တွေကို စစ်ရှုံးသွားတဲ့အတွက် မခန့်လေးစားလုပ်လာကြပါတယ် နောက်ဆုံးမှာ အောက်တိုဘာတော်လှန်ရေးဖြစ်ပြီး ဇာဘုရင်တွေဇာတ်သိမ်းသွားရပါတယ်။ စစ်ရှုံးရင် အတော်ကိုအမှုတက်တတ်ကြောင်းပြောချင်တာပါ။

ရုရှား-ဂျပန် စစ်အပြီး ကမ္ဘာ့အမြင်ပြောင်းလဲလာပုံ

ဂျပန်

လက်ရဲဇက်ရဲရှိတဲ့ ဂျပန်လေးတွေဟာ ဒီပွဲမှာအတော်ကို အမြတ်ထွက်ပါတယ်။ အဓိကမြတ်တာကတော့ စိတ်ဓာတ်ရေးရာပါ။ မဲဂျီခေတ်ပြောင်းတော်လှန်ရေးအပြီးမှာ ဂျပန်တွေအနေနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတိုးတက်လာပေမဲ့ ပြည်တွင်းငြိမ်ဝပ်ပိပြားရေးလုပ်ငန်းတွေကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အထိအရှရှိခဲ့ပါတယ် (The Last Samurai ရုပ်ရှင်တွင်တွေ့နိုင်) နောက်ပိုင်းမှာ ဂျပန်ပြည်သူကိုရော ဂျပန်စစ်တပ်ကိုပါ (တစ်ကယ်တော့ ဂျပန်သည် စစ်သားနိုင်ငံပါ) ရှင်တိုဝါဒ၊ ဘူရှီဒိုစိတ်ဓာတ်ပြန်လည်သွတ်သွင်းနိုင်ခဲ့ပါတယ် (စာသင်ကျောင်းတွေကနေ စိတ်ဓာတ်ပြုပြင်ရေးလုပ်သွားခဲ့)

အနောက်နိုင်ငံပုံစံပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမဲ့ ဆာမူရိုင်းစိတ်ဓာတ်ကိုမပစ်ပယ်ဘူး ဆိုတာလေးက ကျနော်တို့အတွက် သတိချပ်စရာပါ။ သင်္ဘောတစ်စီးကို ၃နှစ်နဲ့ဆောက်လို့ရပေမဲ့ အစဉ်အလာဆိုတာကို တည်ဆောက်ဖို့ အနှစ် ၃၀၀လောက်ရင်းရတယ်ဆိုတဲ့ ဆိုရိုးရှိပါတယ်။ ရုပ်ဝတ္ထုပစ္စည်းပြည့်စုံရုံတစ်ခုတည်းနဲ့ တိုက်ပွဲမအောင်မြင်နိုင်ပါဘူး တိုက်ဖူးတယ်၊ နိုင်ဖူးတယ်၊ ပွဲတိုးဖူးတယ်ဆိုတဲ့အစဉ်အလာဟာလဲ သိပ်အရေးပါပါတယ်။ ဂျပန်ရေတပ်ဟာ တစ်ပွဲတည်းနဲ့ နှစ်ခုလုံးရခဲ့ပါတယ်။

နောက်ထပ်ချီးကျူးစရာရှိတာက ဂျပန်သင်္ဘောတွေဟာ အင်္ဂလန်ကဆောက်ပေးတဲ့အတွက် အမြောက်ချိန်ခွက်ကအစ ဥရောပသားအရပ်နဲ့ တိုင်းပြီးလုပ်ထားတာဖြစ်တဲ့အတွက် ဂျပန်ငပုတွေမှာ အရပ်မမှီတဲ့ပြသနာရှိလာပါတယ်။ ဒီဟာကို လတ်တလောမှာ ခုံခုဖြေရှင်းပြီး ရေရှည်အတွက်ကတော့ အစားအသောက်ကိုပြင်ပါတယ်။ မီနူးအသစ်ကိုခံတွင်းမတွေ့လို့ ဂျပန်ရေတပ်သားတွေဟာ တပ်တွင်းပုန်ကန်မှုဖြစ်မတတ် ဆန့်ကျင်ခဲ့ပေမဲ့ မရအရကို ပုံစံပေးပြီး စားစေခဲ့ပါတယ်။ အခုများတော့ ဂျပန်တွေမပုတော့ပါ။ ဒါကြောင့်လဲ ကောက်ရိုးဝတ်ရုံမဟုတ်ပဲ ယူနီဖောင်းအနက်ဝတ်ပြီး ရိုင်ဖယ်ကိုင်ထားတဲ့ ဆာမူရိုင်းတွေကို ဗော်ဒကာမူးနေတဲ့ ရုရှားတွေ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

ဆူရှီးမားရေလက်ကြားက ဂျပန်ရေတပ်

အင်္ဂလန်

အင်္ဂလိပ်က ဒီပွဲမှာ နိုင်ငံရေးအရရော၊ ငွေကြေးအရပါ အမြတ်ထွက်ပါတယ်။ နိုင်ငံရေးပိုင်းမှာ သူ့ရဲ့ရန်သူဖြစ်တဲ့ ဂျာမဏီနဲ့မဟာမိတ်ပြုထားတဲ့ ရုရှားကို အားလျော့သွားအောင်လုပ်နိုင်လို့မြတ်ပါတယ်။ စစ်ပြေငြိမ်းစာချုပ်ချုပ်နိုင်ဖို့ ကမကထပြုပေးခဲ့တဲ့အတွက်လည်း သိက္ခာတက်ခဲ့ပါတယ်။ ငွေကြေးအရ ဂျပန်ကို သင်္ဘောဆောက်ပေး၊ ဂျပန်ရေတပ်ကို ထရိန်နင်ပေးတာတွေကနေ ပိုက်ဆံရပါတယ်။ ဆူရှီမားတိုက်ပွဲမှာ ဂျပန်ရေတပ်ဗိုလ်ချုပ်ကိုယ်တိုင်စီးပြီး လက်သံပြောင်ပြောင်နဲ့တွယ်ခဲ့တဲ့ အလံတင်သင်္ဘော Mikasa ကို Portsmouth က သင်္ဘောကျင်းမှာတည်ဆောက်ခဲ့ပါတယ်။

အဲ့သည့်ခေတ်မှာ အကောင်းဆုံး၊ နည်းပညာအမြင့်မားဆုံး၊ အမာဆုံး သင်္ဘောတစ်စီးဖြစ်ပါတယ်။ သင်္ဘောကြမ်းခင်းနဲ့ အတွင်းပရိဘောဂအကုန်လုံးကို အကောင်းစားကျွန်းသစ်နဲ့ ပြုလုပ်ထားပါတယ်၊ ကျနော်တို့မြန်မာ့ကျွန်းသစ်နဲ့လုပ်ထားတာပါ။ Fortune favors the bold ဆိုတဲ့လက်တင်စကားပုံလိုပါပဲ ကံတရားသည် အင်အားရှိရင်မျက်နှာသာပေးပါတယ် ကာယအင်အားမှာလဲကြီး၊ ဉာဏအင်အားမှာလဲ မွှတ်နေအောင်လည်ဖို့ အရေးကြီးပါတယ်။

Battle of Tsushima
ဂျပန်က ဝယ်လိုက်တဲ့ အမေရိကန်မိတ် ရေငုပ်သင်္ဘော

အတွေးအမြင်

ကျနော်တို့သမိုင်းကိုကျက်ခဲ့ကြပါတယ်၊ ဖတ်ကြပါတယ်၊ တွေးကြတယ်၊ သင်ခန်းစာယူကြပါတယ်၊ ဘာကြောင့်ဒီလိုပျင်းစရာကြီးတွေ၊ လူသတ်ပွဲတွေ၊ အနိဌာရုံတွေကိုဖတ်ရပါသလဲ…. မအအောင်လို့ဖတ်ကြရပါတယ်။ သမိုင်းဆိုသည်မှာ လူတွေရဲ့ဇာတ်လမ်း၊ လူတွေရဲ့ဇာတ်ကြောင်းဖြစ်သည်နှင့်အညီ လူတွေရဲ့ထုံးစံအတိုင်း ညစ်ကြပတ်ကြ၊ လိမ်ကြကောက်ကြ၊ ဂျင်းထည့်ကြသလို တစ်ဖက်မှာလဲ တိုးတက်ကြ၊အောင်မြင်ကြ၊ ကြိုးစားကြ၊ရုန်းကန်ကြတာမျိုးဖြစ်ပါတယ်။ ယူစရာရှိသည်များကို စစ်ထုတ် Filter လုပ်ပြီးယူကြရမှာဖြစ်ပြီး ညစ်ပုံညစ်နည်း၊ ဂျင်းပုံဂျင်းနည်းများကိုတော့ဖြင့် သိရှိနားလည်ထားရမျာဖြစ်ပါတယ်။ ဒါမှလည်း သူများရဲ့ ညစ်ပတ်ခြင်းကို (အ လို့) ခံရခြင်းဘေးမှ လွတ်ကင်းမှာဖြစ်ပါတယ်ခင်ဗျ။

ဆြာကြက် (Kyaw Min Hein)
စာပြီးရက် ၇၊၃၊၂၀၁၈

Tags: world history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!