Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရှေ့ဆက်သွားနိုင်ဖို့ သင်စွန့်လွှတ်ရမယ့် အရာ(၁၀)ခု

by Thutamm
July 24, 2019
Reading Time: 1min read
0
ရှေ့ဆက်သွားနိုင်ဖို့ သင်စွန့်လွှတ်ရမယ့် အရာ(၁၀)ခု
Share on FacebookShare on Twitter

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခြင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။ သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘယအတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။ အရေးပါတာကတော့ သင် အခုလုပ်နေတဲ့အရာပဲဖြစ်ပါတယ်။

၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း

သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။ သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင်ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၄။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း

ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။ သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း

သင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။ သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။ နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း

အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း

ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘဝအတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း

ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။ ဆင်ခြေဆိုတာမလုပ်ချင်တာကိုအကြောင်းပြရတာ အမှန်ကအဲ့လိုအကြောင်းပြရတာတောင် အလုပ်လုပ်ရတာထက်ပိုမောပါတယ်။

၉။ သင့်ဘဝ၏ ကောင်းသောအချက်များကို သတိမပြုခြင်း

သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း

ဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

Your Life Success

Tags: successful

Related Posts

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ
People

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ

Messenger News Journal မှ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆိုင်မွန်လီသည် ဘာသာစကားနဲ့ ပတ်သက်ပြီး သဘာဝပေး အရည်အသွေးရှိသူဟု ဆိုလျှင် မမှား။ အသက် (၃၂) နှစ် အရွယ် တောင်ကိုရီးယားသားသည် ကိုရီးယား၊...

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ
Successful

တချို့အရာတွေကို လျစ်လျူရှုတတ်အောင် ကြိုးစားပါ

Via : Your Life Success Blog ” လူငယ်တွေ မင်းတို့ အောင်မြင်ချင်သလား၊ ကြီးပွားချမ်းသာချင်သလား၊ အဲဒါဆိုရင် သည်းခံပါ ” -တဲ့။ အာ.. ဘယ်လိုကြီးလဲ။ စိတ်ဓာတ်တက်ကြွအောင် ပြောရမယ့်အစား အောင်မြင်ချင်ရင်...

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ
Successful

သက်ကြီး ပင်စင်စား တဦးရဲ့ အကြံပေး ပြောစကားများ

ရေးသားသူ - Saya Aung Ko Latt သင်ပင်စင်စားပြီဖြစ်စေ၊ အလုပ်လုပ်နေသေးသည်ဖြစ်စေ၊ အသက် ၆၀ နှီးသူတိုင်း ဒီစာလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။ ၁။ ရေဆိုတာ အစုန်ပဲ စီးဆင်းပါတယ်၊ အဆန် စီးဆင်းရိုး မရှိပါ။...

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့
motivation

ဆိုက်ကားဆရာ မှ ကားဝပ်ရှော့ပိုင်ရှင် အဖြစ်သို့ ၊ ညစောင့်မှ ကုမ္ပဏီအရာရှိကြီး အဖြစ်သို့

ဆိုက်ကား ဆရာ နဲ့ ကားဝပ်ရှော့ပိုင်ရှင် ဘာဆိုင်လို့လဲ ..ဘာမှ မဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါဆို ကျွန်တော်တွေ့ဖူးခဲ့တဲ့ ဆိုက်ကားဆရာတစ်ယောက် အကြောင်း ပြောပြမယ်.. ကျွန်တော်တို့ တက္ကသိုလ်စတက်တုန်းက အဆောင်နားမှာ ဆိုက်ကားဆရာ တစ်ယောက်ရှိတယ်။ ရိုးတယ် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!