Wednesday, April 14, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နှစ်ပေါင်း ၃၀၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းစာကြည့်တိုက်ကြီး

by Thutamm
August 12, 2019
Reading Time: 1min read
0
နှစ်ပေါင်း ၃၀၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းစာကြည့်တိုက်ကြီး
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ စာကြည့်တိုက်ကြီးတွေ အမြောက်အများရှိတဲ့ အထဲက အိုင်ယာလန်နိုင်ငံက Trinity ကောလိပ်စာကြည့်တိုက်ဟာလည်း နာမည်ကြီးပါတယ်။ ဒီစာကြည့်တိုက်ကတော့ အခြားစာကြည့်တိုက်တွေလို အရမ်းမကြီးမားပေမယ့် ရှေးကျလွန်းတဲ့စာအုပ်ပေါင်းမြောက်များစွာကို ထိမ်းသိမ်းထားတာကြောင့် ကျော်ကြားခြင်းဖြစ်ပါတယ်။ သူ့ကို Old Library လို့လည်းခေါ်ပြီး ဒီအထဲမှာ လူသိအများဆုံးနေရာကတော့ The Long Room လို့ခေါ်တဲ့ အခန်းဖြစ်ပါတယ်။

The Long Room ဟာ အရှည် ၂၁၃ပေ ရှိတဲ့ ခန်းမကြီးတစ်ခုဖြစ်ပြီး ၁၇၁၂ခုနှစ် နဲ့ ၁၇၃၂ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဗိသုကာလက်ရာမြောက်ဆောက်လုပ်ထားတဲ့ ဒီအခန်းထဲမှာ စာအုပ်ပေါင်း ၂သိန်းကျော်ကို စာအုပ်စင် အဆင့်ဆင့်နဲ့ သိမ်းဆည်းထားပါတယ်။ ဒီလိုစာအုပ်ပေါင်းများစွာရှိနေရတာကတော့ ဒီစာကြည့်တိုက်ဟာ အိုင်ယာလန် နဲ့ ဗြိတိန်မှာ ပုံနှိပ်တဲ့စာအုပ်တိုင်းကို အခမဲ့တောင်းဆိုခွင့်ရရှိထားလို့ဖြစ်ပါတယ်။

အိုင်ယာလန် နဲ့ ဗြိတိန်က နာမည်ကြီးရှေးဟောင်းစာအုပ်တော်တော်များများကိုသာမက ကမ္ဘာပေါ်မှာရှားပါးတဲ့ စာအုပ်တွေကိုပါ ဒီစာကြည့်တိုက်မှာရှိနေပါတယ်။ ဒီစာအုပ်တွေထဲမှာ အလယ်ေ်ခတ်က အရှားပါးဆုံးစာအုပ်ဖြစ်တဲ့ လက်တင်ဘာသာနဲ့ ရေးထားတဲ့ The Book of Kells လိုစာအုပ်တွေတောင်ရှိနေပါသေးတယ်။ တစ်စောင်တည်းသာ မိတ္တုအဖြစ်ကျန်တော့တဲ့ ၁၉၁၆ခုနှစ် အိုင်းရစ်သမ္မတနိုင်ငံကြေငြာချက်စာတမ်းကလည်း ဒီစာကြည့်တိုက်မှာရှိနေပါတယ်။ အိုင်ယာလန်နိုင်ငံရဲ့ အကြီးဆုံးစာကြည့်တိုက်ကြီးလည်းဖြစ်ပါတယ်။

ဒီစာကြည့်တိုက်ကိုဝင်ရောက်တဲ့အခါ ဘေးတစ်ဖက်တစ်ချက်မှာ စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ကိုယ်တစ်ပိုင်းရုပ်တု ၁၄ရုပ်ကို တွေ့ရမှာဖြစ်ပါတယ်။ ၁၇၃၄ခုနှစ်က ထုလုပ်ခဲ့တဲ့ နာမည်ကျော် ဒတ်ချ်ပန်းပုဆရာ Peter Scheemarkers ရဲ့လက်ရာဖြစ်ပြီး နယူတန် ၊ ပလေတို ၊ အရစ္စတိုတယ် ၊ ဖရန်စစ်ဘေကွန် အစရှိတဲ့ ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်တွေ နဲ့ ဂန္တဝင်စာရေးဆရာတွေရဲ့ ရုပ်တုတွေဖြစ်ပါတယ်။

ဒါ့အပြင် အိုင်ယာလန်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ရှေးဟောင်းစောင်းကောက်တစ်လက် နဲ့ အခြားရှေးဟောင်းပစ္စည်းအချို့ကိုလည်း ဒီနေရာမှာပြသထားပါတယ်။ ၁၅ရာစုလက်ရာ ဒီစောင်းကို ဝက်သစ်ချပင်သားနဲ့ ဖန်တီးထားတာဖြစ်ပြီး ကြိုး ၂၉ချောင်း ပါရှိပါတယ်။ ရှေးဟောင်းပစ္စည်း နဲ့ ရှားပါးစာအုပ်ပေါင်းများစွာကို ထိမ်းသိမ်းထားတဲ့ နှစ်ပေါင်း ၃၀၀ကျော် သက်တမ်းရှိတဲ့ ဒီနေရာဟာ အိုင်ယာလန်ရဲ့ခရီးသွားအများဆုံးလာရောက်လေ့ရှိတဲ့ နေရာတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

စိတ်ဝင်စားရင် အောက်ကဗီဒီယိုလေးကြည့်ပြီး သွားလည်လိုက်ပါဦး 🙂

VIDEO

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!