Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နှစ်ပေါင်း ၂၀၀ကျော်သွားပြီဖြစ်တဲ့ စစ်ဘုရင်နပိုလီယံ ရဲ့ သင်္ဘောငယ်

by Thutamm
August 12, 2019
Reading Time: 1min read
0
နှစ်ပေါင်း ၂၀၀ကျော်သွားပြီဖြစ်တဲ့ စစ်ဘုရင်နပိုလီယံ ရဲ့ သင်္ဘောငယ်
Share on FacebookShare on Twitter

နပိုလီယံရဲ့ သမိုင်းဝင် ဒီသင်္ဘောငယ်ကို ၁၈၁၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် နှစ်ပေါင်း ၂၀၀ကျော်သွားပြီဖြစ်ပါတယ်။ စစ်ရေယာဉ်တွေကို လှည့်လည်စစ်ဆေးမယ့်နေရာမှာ အသုံးပြုဖို့ရည်ရွယ်ချက်နဲ့ ဒီသင်္ဘောငယ်ကို လျို့ဝှက်တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန်ရက်ပေါင်း ၂၁ရက်သာ ကြာမြင့်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့ အမျိုးသားရေတပ်ပြတိုက်မှာ ထားရှိပြသထားတဲ့ ဒီသင်္ဘောငယ်ကို ယခုအခါမှာတော့ နေရာသစ်ဆီပြောင်းရွေ့တော့မှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ဘရစ်တနီကမ်းရိုးတမ်းဒေသကို ပြောင်းရွေ့မှာဖြစ်ပါတယ်။

သင်္ဘောရဲ့ခေါင်မိုးပေါ်မှာတော့ သရဖူကြီးတစ်ခုနဲ့ အလှဆင်ထားပြီး အရှည် ပေ ၆၀ ရှိတဲ့ ဒီသင်္ဘောငယ်ကို ဒုတိယကမ္ဘာစစ်ကတည်းက ဘရက်စ်မြို့ကနေ ရေတပ်ပြတိုက်သို့  ပြောင်းရွေ့ ထားရှိခဲ့တာဖြစ်ပါတယ်။ အခုလိုပြောင်းရွေ့ရခြင်းကတော့ သင်္ဘောရေရှည်ထိမ်းသိမ်းနိုင်ဖို့အတွက် ပြန်လည်မွမ်းမံရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက်ဖြစ်ပါတယ်။

ထိမ်းသိမ်းရေးလုပ်ငန်းတွေပြီးတဲ့နောက် ၂၀၁၉ခုနှစ်မှာတော့ သူ့ရဲ့မူလနေရာဖြစ်တဲ့ ပြင်သစ်အနောက်ပိုင်းဒေသက ဘရက်စ်ထ်မြို့မှာ ထားရှိမှာဖြစ်ပါတယ်။ သင်္ဘောကို ပြတိုက်ရဲ့အပြင်ဘက်ကိုရွှေ့နိုင်ဖို့အတွက် ပြတိုက်နံရံမှာအပေါက်ကြီးတစ်ပေါက် ဖောက်ရမှာဖြစ်ပြီး အဲဒီအပေါက်ကနေမှ သယ်ထုတ်သွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို ၁၉၄၃ခုနှစ်တုန်းက သင်္ဘောကို အပြင်ကနေ ပြတိုက်ထဲကိုရွှေ့ခဲ့ချိန်တုန်းကလည်း အသုံးပြုခဲ့ဖူးပါတယ်။

“ဒုတိယကမ္ဘာစစ်တုန်းက သင်္ဘောကို ပါရီမြို့သို့ ယူလာရတာကတော့ ဗုံးဒဏ်ကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်းဝင် ပစ္စည်းမို့ အထိမခံနိုင်ဘူးလေ။ အခုလည်းပြန်ရွေ့မယ် လုပ်တော့ နံရံကိုဖျက်ရမှာပါပဲ။ သင်္ဘောကိုတော့ ထိလို့မဖြစ်ဘူး” လို့ သမိုင်းဝင်ပစ္စည်းတစ်ခုအနေနဲ့ ဘယ်လောက်တန်ဖိုးထားကြောင်းကို ပြတိုက်ရဲ့ပြောရေးဆိုခွင့်ရှိသူ Annie Madet-Vache က ဆိုပါတယ်။

နပိုလီယံရဲ့ သင်္ဘောဖြစ်ပေမယ့် နပိုလီယံဟာ ဒီသင်္ဘောငယ်ဆီကို တစ်ခါသာရောက်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့အင်ပါယာကျရှုံးသွားခဲ့လို့ဖြစ်ပါတယ်။

နပိုလီယံ အရာကျသွားပြီးတဲ့နောက် ဒီသင်္ဘောငယ်ကို ဘရက်စ်ထ်မြို့သို့ပို့လိုက်ပါတယ်။ အဲဒီနေရာမှာမှ နပိုလီယံရဲ့တူဖြစ်သူက သင်္ဘောပေါ်မှာ သရဖူ ၊ နတ်ဘုရား နတ်ပကျွန်းရဲ့ ရွှေရုပ်တုနဲ့ ကလေးတမန်တော်ရုပ်တုတွေကို ထပ်မံထည့်သွင်းခဲ့တာဖြစ်ပါတယ်။

VIDEO

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!