Tuesday, April 13, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နွားသတ်သမား ပုရွက်ဆိတ် (သို့) ပန်ဒါပုရွက်ဆိတ်

by Thutamm
May 23, 2020
Reading Time: 1min read
0
နွားသတ်သမား ပုရွက်ဆိတ် (သို့) ပန်ဒါပုရွက်ဆိတ်
Share on FacebookShare on Twitter

(Unicode)

ပုံကိုမြင်တာနဲ့ ပန်ဒါဝက်ဝံရဲ့ အရောင်နဲ့တူလို့ ပန်ဒါပုရွက်ဆိတ် (Panda Ant) လို့ခေါ်တာကို ရိပ်မိမှာပါ။ ဒီအကောင်ကို ပုရွက်ဆိတ်နဲ့ တူလို့ ပုရွက်ဆိတ်လို့ခေါ်ပေမယ့် တကယ်က ပုရွက်ဆိတ်မဟုတ်ပါဘူး။ အတောင်ပံမပါတဲ့ နားကျယ်ကောင် မျိုးစိတ်ထဲက တစ်မျိုးသာဖြစ်ပါတယ်။ အမျိုးအစားပေါင်း ၃ထောင်ကျော်ရှိတဲ့ wasp တွေရဲ့ Mutillidae မိသားစုထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ သိပ္ပံအမည်ကတော့ Euspinolia militaris ပါတဲ့။

ကြည့်လိုက်ရင်တော့ လှပတဲ့ ချစ်စရာ အရောင်အဆင်းဖြစ်ပေမယ့် သူတို့ကိုက်လိုက်ရင်တော့ အလွန်အမင်းနာကျင်စွာ ခံစားရမှာပါ။ အခြားတိရစ္ဆာန်တွေဟာလည်း ဒီအကောင်တွေကို ကြောက်ကြပြီး နွားတွေကို သေစေနိုင်တဲ့အတွက် နွားသတ်သမားပုရွက်ဆိတ် cow killer ant လို့ လယ်သမားတွေက အမည်ပေးထားကြပါတယ်။

အဖြူနဲ့ အနက်ရောင် ရှိနေတဲ့ သူတို့ဟာ ခြေချောင်း ၆ချောင်းကို ပိုင်ဆိုင်ပြီး သန်စွမ်းတဲ့မေးရိုး နဲ့ အင်အားပြင်းတဲ့ ဆူးတွေကို ပိုင်ဆိုင်ထားပါတယ်။ သူတို့မှာ အဆိပ်ဆူးပေါင်းများစွာပါဝင်ပြီး အဲဒီထဲက အဆိပ်ဆူး ၆ချောင်း ထိုးမိလျှင် ၂ပေါင် အလေးချိန်ရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကို သေစေနိုင်တဲ့အစွမ်းရှိပါတယ်။

ဒီပုရွက်ဆိတ်တွေကို ၁၉၃၈ခုနှစ်က ချီလီနိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းဒေသမှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအကောင်တွေကို အမေရိကန်အနောက်တောင်ပိုင်း ၊ မက္ကဆီကို ၊ တရုတ်နိုင်ငံ ၊ ချီလီ နဲ့ အာဂျင်တီးနားက ခြောက်သွေ့ပြီး သဲမြေထူထပ်တဲ့ သဲကန္တာရလို နေရာတွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ဟာ သဲထဲ (သို့) ကျောက်စရစ်တွေကြားထဲမှာ နေထိုင်လေ့ရှိပါတယ်။

အရွယ်ရောက်ပြီး ပန်ဒါပုရွက်ဆိတ်တစ်ကောင်ဟာ အရွယ်အစားအားဖြင့်တော့ ခန္ဓာကိုယ်အလျား ၈မီလီမီတာ(၁လက်မရဲ့ ၁၀ပုံ၃ပုံ) နဲ့ ခန္ဓာကိုယ်အမြင့် ၃မီလီမီတာ(၁လက်မရဲ့ ၁၀ပုံ၁ပုံ) သာရှိပါတယ်။ အထီးတွေဟာ အမတွေထက် သိသိသာသာ အရွယ်အစားပိုကြီးပါတယ်။

ဒီအကောင်တွေရဲ့ ထူးခြားချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ မိတ်လိုက်တဲ့အခါ တူညီတဲ့မျိုးစိတ်ချင်းပဲ လိုက်လေ့ရှိပါတယ်။ ဒီလိုအခါမျိုးမှာ အထီးက အမကို ထမ်းပိုးထားရင်း မိတ်လိုက်ကြပါသတဲ့။ အမတွေဟာ ဥဥတဲ့အခါ ထောင်နဲ့ချီပြီး ဥလေ့ရှိပါတယ်။

အများအားဖြင့်တော့ သီးခြားစီနေတတ်တဲ့ အကောင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ပိုးတီ နဲ့ ပိုးလောက်လန်းတွေကို အစာအဖြစ် စားသုံးကြပါတယ်။ ထူးခြားတာကတော့ အစာရှာထွက်တဲ့အခါ အထီးတွေက ညအချိန်မှာ အစာရှာထွက်ပြီး အမတွေက နေ့ဘက်မှာပဲ အစာရှာထွက်တာပဲ ဖြစ်ပါတယ်။

ပန်ဒါပုရွက်ဆိတ်တွေရဲ့ သက်တမ်းကတော့ ၂နှစ် ဖြစ်ပါတယ်။ ပန်ဒါပုရွက်ဆိတ်တွေနဲ့ အမူအကျင့်ဆင်ပြီး အရောင်ကွဲတဲ့ velvet ဆိုတဲ့ ပုရွက်ဆိတ်တစ်မျိုးလည်း ရှိပါသေးတယ်။

(Zawgyi)

ႏြားသတ္သမား ပု႐ြက္ဆိတ္ (သို႔) ပန္ဒါပု႐ြက္ဆိတ္

ပုံကိုျမင္တာနဲ႔ ပန္ဒါဝက္ဝံရဲ႕ အေရာင္နဲ႔တူလို႔ ပန္ဒါပု႐ြက္ဆိတ္ (Panda Ant) လို႔ေခၚတာကို ရိပ္မိမွာပါ။ ဒီအေကာင္ကို ပု႐ြက္ဆိတ္နဲ႔ တူလို႔ ပု႐ြက္ဆိတ္လို႔ေခၚေပမယ့္ တကယ္က ပု႐ြက္ဆိတ္မဟုတ္ပါဘူး။ အေတာင္ပံမပါတဲ့ နားက်ယ္ေကာင္ မ်ိဳးစိတ္ထဲက တစ္မ်ိဳးသာျဖစ္ပါတယ္။ အမ်ိဳးအစားေပါင္း ၃ေထာင္ေက်ာ္ရွိတဲ့ wasp ေတြရဲ႕ Mutillidae မိသားစုထဲမွာ ပါဝင္ပါတယ္။ သူ႔ရဲ႕ သိပၸံအမည္ကေတာ့ Euspinolia militaris ပါတဲ့။

ၾကည့္လိုက္ရင္ေတာ့ လွပတဲ့ ခ်စ္စရာ အေရာင္အဆင္းျဖစ္ေပမယ့္ သူတို႔ကိုက္လိုက္ရင္ေတာ့ အလြန္အမင္းနာက်င္စြာ ခံစားရမွာပါ။ အျခားတိရစာၦန္ေတြဟာလည္း ဒီအေကာင္ေတြကို ေၾကာက္ၾကၿပီး ႏြားေတြကို ေသေစႏိုင္တဲ့အတြက္ ႏြားသတ္သမားပု႐ြက္ဆိတ္ cow killer ant လို႔ လယ္သမားေတြက အမည္ေပးထားၾကပါတယ္။

အျဖဴနဲ႔ အနက္ေရာင္ ရွိေနတဲ့ သူတို႔ဟာ ေျခေခ်ာင္း ၆ေခ်ာင္းကို ပိုင္ဆိုင္ၿပီး သန္စြမ္းတဲ့ေမး႐ိုး နဲ႔ အင္အားျပင္းတဲ့ ဆူးေတြကို ပိုင္ဆိုင္ထားပါတယ္။ သူတို႔မွာ အဆိပ္ဆူးေပါင္းမ်ားစြာပါဝင္ၿပီး အဲဒီထဲက အဆိပ္ဆူး ၆ေခ်ာင္း ထိုးမိလွ်င္ ၂ေပါင္ အေလးခ်ိန္ရွိတဲ့ တိရစာၦန္တစ္ေကာင္ကို ေသေစႏိုင္တဲ့အစြမ္းရွိပါတယ္။

ဒီပု႐ြက္ဆိတ္ေတြကို ၁၉၃၈ခုႏွစ္က ခ်ီလီႏိုင္ငံအလယ္ပိုင္း ကမ္း႐ိုးတန္းေဒသမွာ ပထမဆုံး ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ဒီအေကာင္ေတြကို အေမရိကန္အေနာက္ေတာင္ပိုင္း ၊ မကၠဆီကို ၊ တ႐ုတ္ႏိုင္ငံ ၊ ခ်ီလီ နဲ႔ အာဂ်င္တီးနားက ေျခာက္ေသြ႕ၿပီး သဲေျမထူထပ္တဲ့ သဲကႏၲာရလို ေနရာေတြမွာ ေတြ႕ရေလ့ရွိပါတယ္။ သူတို႔ဟာ သဲထဲ (သို႔) ေက်ာက္စရစ္ေတြၾကားထဲမွာ ေနထိုင္ေလ့ရွိပါတယ္။

အ႐ြယ္ေရာက္ၿပီး ပန္ဒါပု႐ြက္ဆိတ္တစ္ေကာင္ဟာ အ႐ြယ္အစားအားျဖင့္ေတာ့ ခႏၶာကိုယ္အလ်ား ၈မီလီမီတာ(၁လက္မရဲ႕ ၁၀ပုံ၃ပုံ) နဲ႔ ခႏၶာကိုယ္အျမင့္ ၃မီလီမီတာ(၁လက္မရဲ႕ ၁၀ပုံ၁ပုံ) သာရွိပါတယ္။ အထီးေတြဟာ အမေတြထက္ သိသိသာသာ အ႐ြယ္အစားပိုႀကီးပါတယ္။

ဒီအေကာင္ေတြရဲ႕ ထူးျခားခ်က္တစ္ခ်က္ရွိပါေသးတယ္။ အဲဒါကေတာ့ မိတ္လိုက္တဲ့အခါ တူညီတဲ့မ်ိဳးစိတ္ခ်င္းပဲ လိုက္ေလ့ရွိပါတယ္။ ဒီလိုအခါမ်ိဳးမွာ အထီးက အမကို ထမ္းပိုးထားရင္း မိတ္လိုက္ၾကပါသတဲ့။ အမေတြဟာ ဥဥတဲ့အခါ ေထာင္နဲ႔ခ်ီၿပီး ဥေလ့ရွိပါတယ္။

အမ်ားအားျဖင့္ေတာ့ သီးျခားစီေနတတ္တဲ့ အေကာင္ေတြ ျဖစ္ပါတယ္။ သူတို႔ဟာ ပိုးတီ နဲ႔ ပိုးေလာက္လန္းေတြကို အစာအျဖစ္ စားသုံးၾကပါတယ္။ ထူးျခားတာကေတာ့ အစာရွာထြက္တဲ့အခါ အထီးေတြက ညအခ်ိန္မွာ အစာရွာထြက္ၿပီး အမေတြက ေန႔ဘက္မွာပဲ အစာရွာထြက္တာပဲ ျဖစ္ပါတယ္။

ပန္ဒါပု႐ြက္ဆိတ္ေတြရဲ႕ သက္တမ္းကေတာ့ ၂ႏွစ္ ျဖစ္ပါတယ္။ ပန္ဒါပု႐ြက္ဆိတ္ေတြနဲ႔ အမူအက်င့္ဆင္ၿပီး အေရာင္ကြဲတဲ့ velvet ဆိုတဲ့ ပု႐ြက္ဆိတ္တစ္မ်ိဳးလည္း ရွိပါေသးတယ္။

 

Tags: animals

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!