Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နိုင်ငံ ၃နိုင်ငံအတွက် စစ်တိုက်ပေးခဲ့သူ (သို့) စစ်တိုက်ဖို့မွေးဖွားလာခဲ့သူ

by Thutamm
July 25, 2019
Reading Time: 1min read
0
နိုင်ငံ ၃နိုင်ငံအတွက် စစ်တိုက်ပေးခဲ့သူ (သို့) စစ်တိုက်ဖို့မွေးဖွားလာခဲ့သူ
Share on FacebookShare on Twitter

ကျွန်တော်တို့ မြန်မာမာရော ၊ ကမ္ဘာမှာရော ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်းတွေ စစ်သားတွေအကြောင်း ကြားဖူးကြမှာပါ။ ဒါပေမယ့် အားလုံးလိုလိုဟာ နိုင်ငံတစ်နိုင်ငံအတွက် လူမျိုးစုတစ်စုအတွက် တိုက်ကြတာ များပါတယ်။ ဒီအထဲမှာ Lauri Törni ဆိုတဲ့ စစ်သားတစ်ယောက်ကတော့ ရှာမှရှားတယ်လို့ ဆိုရပါမယ်။

သူဟာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်ခုတည်းအတွက် တိုက်ခဲ့တာမဟုတ်ပဲ နိုင်ငံသုံးနိုင်ငံပြောင်းပြီး တာဝန်ထမ်းဆောင်ခဲ့လို့ပါပဲ။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့နိုင်ငံတွေကတော့ ဖင်လန် ၊ ဂျာမဏီနာဇီ နဲ့ အမေရိကန်တို့ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ရေးသားမျှဝေလိုက်ပါတယ်။

သူ့ရဲ့နာမည်အပြည့်အစုံက Lauri Allan Törni ဖြစ်ပါတယ်။ သူ့ကို ၁၉၁၉ခုနှစ်က ဖင်လန်နိုင်ငံ Vyborg မြို့မှာမွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက တိုက်ချင်ခိုက်ချင်စိတ်ရှိခဲ့သူပါ။ အသက် ၁၉နှစ်အရောက်မှာ သူ့နိုင်ငံစစ်တပ်ကိုဝင်ကာ ဆောင်းရာသီစစ်ပွဲ(၁၉၃၉-၁၉၄၀) မှာ ဆိုဗီယက်တပ်မတော်ကို တိုက်ခိုက်ခဲ့ပါတယ်။

စစ်ပွဲအပြီးမှာ သူ့ရဲ့စွမ်းဆောင်မှုတွေကို အထက်အရာရှိတွေက သတိထားမိခဲ့ပြီးတဲ့နောက် ဒုလက်ထောက်ဗိုလ်ရာထူးကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ ဖင်လန်နိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့နာဇီဂျာမဏီရဲ့ Waffen-SS မှာ ၇ပတ်ကြာ စစ်သင်တန်းတက်ရင်း အမှုထမ်းခဲ့ပါသေးတယ်။ တိုက်ပွဲတွေတိုင်းမှာတော်လွန်းတဲ့အတွက် ဖင်လန်နိုင်ငံရဲ့အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ Mannerheim Cross ကို ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ ဖင်လန် နဲ့ ဆိုဗီယက်တို့ငြိမ်းချမ်းရေးရသွားတဲ့အတွက် စစ်တိုက်ချင်တဲ့ Törni ဟာ ဂျာမဏီရဲ့နာဇီတပ်မှာ အမှုထမ်းခဲ့ပါတယ်။ အရည်အချင်းရှိတာကြောင့် နာဇီတပ်မှာလည်း ဒုလက်ထောက်ဗိုလ်ရာထူး အထိရရှိခဲ့ပါသေးတယ်။ နာဇီရဲ့အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ Iron Cross ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

အဲဒီနောက်တော့ ဂျာမန်တို့စစ်ရှုံးပြီး Torni ဟာ အင်္ဂလိပ်တပ်တွေရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ Continuation စစ်ပွဲမှာ သူနဲ့ သူ့အဖွဲ့ Detachment Törni ဟာ ရန်သူ့နောက်ကြောင်းကပတ်ဝင်ပြီးတော့ ဆိုဗီယက်တွေကို တော်တော်လေးဒုက္ခပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဆိုဗီယက်က Torni ကို အသေရရအရှင်ရရ ရအောင်ဖမ်းဆီးနိုင်တဲ့သူကို ဆုကြေးငွေအနေနဲ့ ဖင်လန်ငွေ ၃သန်း(ဒေါ်လာ ၆သိန်းခွဲ) ပေးမယ်လို့ကြေငြာခဲ့တာပါ။ ဒါပေမယ့် အဲဒီဆုကြေးငွေကို ဘယ်သူမှရအောင်မယူနိုင်ခဲ့ပါဘူး။

၁၉၄၅ခုနှစ်မှာ ဗြိတိသျှအကျဉ်းသားအဖြစ်က လွတ်မြောက်ပြီးတဲ့နောက် သူဟာသူ့ရဲ့ဇာတိဖင်လန်ကို ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ရောက်ရောက်ခြင်းမှာပဲ ဖင်လန်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ နိုင်ငံရဲ့ခွင့်ပြုမိန့်မရှိပဲနဲ့ ဂျာမဏီနိုင်ငံမှာအမှုထမ်းခဲ့လို့ဖြစ်ပါတယ်။ ထောင် ၆နှစ် ကျခံရတာဖြစ်ပေမယ့် တစ်နှစ်အကြာမှာ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

အဲဒီနောက်တော့သူဟာ ရေကြောင်းခရီး ကုန်သည်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ခုနှစ်မှာတော့ ကုန်တင်သင်္ဘောတစ်စီးနဲ့အတူ ဗင်နီဇွဲလားကိုလိုက်ပါလာခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် မက္ကဆီကိုပင်လယ်ကွေ့အနီးက ရေပြင်ထဲကိုခုန်ဆင်းကာ အမေရိကန် အလာဘာမားကို ရေကူူးကာခိုးဝင်ခဲ့ပါတယ်။

သူဟာ အမေရိကန်မှာ နိုင်ငံရေးဒုက္ခသည်အဖြစ်ခိုလုံခဲ့ပြီး ၁၉၅၃ခုနှစ်မှာတော့တရားဝင်နေထိုင်ခွင့်ရရှိခဲ့ပါတယ်။ စစ်တိုက်ချင်တဲ့ Torni ဟာ နောက်တစ်နှစ်မှာပဲ အမေရိကန်စစ်တပ်ကို ဝင်ခဲ့ပါတယ်။ အမေရိကန်ရောက်တဲ့အခါမှာတော့ သူ့ရဲ့နာမည်ကို Larry Thorne လို့ပြောင်းခဲ့ပါတယ်။ အောက်ခြေက စဝင်ခဲ့ပေမယ့် အတွေ့အကြုံရော အရည်အချင်းပါရှိတဲ့ Torni ဟာ ၁၉၅၇ခုနှစ် အမေရိကန်စစ်အရာရှိသင်တန်းတက်အပြီးမှာတော့ ဗိုလ်ရာထူးကို ရရှိခဲ့ပါတယ်။

အထူးတပ်ဖွဲ့ထရိန်နင်အပြီးမှာတော့ Green Beret လို့သိကြတဲ့ အမေရိကန် 10th Special Forces Group ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၃နှစ်အကြာ ၁၉၆၀မှာတော့ ဗိုလ်မှူးကြီးရာထူးကို ရရှိခဲ့ပြန်ပါတယ်။ အဲဒီနောက်တော့ ဗီယက်နမ်ကို တိုက်တဲ့စစ်ပွဲမှာ သွားရောက် အမှုထမ်းခဲ့ပြီး ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပြန်ပါတယ်။

၁၉၆၅ခုနှစ်မှာ နောက်တစ်ကြိမ်ဗီယက်နမ်ကို ထပ်သွားဖို့တာဝန်ကျခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ 5th Special Force Group ဦးဆောင်သူအနေနဲ့ပါ။ ဒီတစ်ခါမှာလည်း သူဟာ အထူး operation တွေကို အောင်မြင်အောင်တိုက်နိုင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၁၈ရက် ၁၉၆၅ခုနှစ်မှာတော့ သူစီးလာတဲ့ ရဟတ်ယာဉ်ပြတ်ကျပြီးတော့ သူသေဆုံးခဲ့ပါတယ်။

အဲဒီအချိန်က သူ့အသက် ၄၆နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ရုပ်အလောင်းကို နှစ်ပေါင်း ၃၀ကျော်တိုင်အောင် ရှာလို့မတွေ့ခဲ့ပါဘူး။ ၁၉၉၉ခုနှစ်မှ ရှာဖွေတွေ့ရှိခဲ့ပြီး Arlington သင်္ချိုင်းမှာ အခမ်းအနားနဲ့မြုပ်နှံခဲ့ပါတယ်။ ဒါကတော့ နိုင်ငံ ၃နိုင်ငံအတွက် စစ်တိုက်ခဲ့သူ (သို့) စစ်တိုက်ဖို့မွေးဖွားလာသူ တစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ်ဖြစ်ရပ်မှန်တစ်ပုဒ်ဖြစ်ပါတော့တယ်။

နိုင်ငံ ၃နိုင်ငံအတွက် နှစ်ပေါင်း ၂၀ကျော် သူစစ်တိုက်ခဲ့စဉ်အတွင်းမှာ ရရှိခဲ့တဲ့ဆုတွေကတော့ အောက်ပါအတိုင်းများပြားလှပါတယ်။

ဖင်လန်နိုင်ငံတပ်တွင်အမှုထမ်းစဉ် ရရှိခဲ့သောဆုများ
2nd class medal of Freedom, 26 July 1940
1st class medal of Freedom, 24 August 1940

3rd class Cross of Liberty, 9 October 1941
4th class Cross of Liberty, 23 May 1942
Mannerheim Cross, 9 July 1944

1st Div. Memorial Cross
Border Jaeger Troops Cross
Defense Forces Bronze Medal

ဂျာမန်တွင်အမှုထမ်းစဉ်
Iron Cross, 2 class, 11 December 1943

အမေရိကန်တွင်အမှုထမ်းစဉ်
Distinguished Flying Cross
Legion of Merit
Bronze Star Medal with “V” device

Purple Heart with oak leaf cluster
Air Medal
Army Commendation Medal
Good Conduct Medal

National Defense Service Medal with star
Vietnam Service Medal with two campaign stars
Republic of Vietnam Campaign Medal
Distinguished Flying Cross citation

Tags: world people

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်
People

၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ယောက်

၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။ ၁၀။ ဆာဂေးဘရင် ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့...

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ
People

Kevlar ကျည်ကာအင်္ကျီကို တီထွင်သူ

ကျည်ကာအင်္ကျီတွေကိုတော့ စစ်ဘက်ဆိုင်ရာနဲ့ တကိုယ်ရေ ကာကွယ်မှုဆိုင်ရာ ကဏ္ဍတွေမှာအသုံးပြုကြပါတယ်။ ကျည်ကာအင်္ကျီတွေကိုတော့ အပူခံနိုင်ပြီး အလွန်မာကြောခိုင်ခံ့တဲ့ Kevlar လူလုပ်ဖိုက်ဘာမျှင်နဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ Kevlar ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး တီထွင်ခဲ့သူကတော့ အမျိုးသမီးတဦးဖြစ်ပါတယ်။ သူအမှန်တကယ်တီထွင်ခဲ့တာက...

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု
Knowledge

ပညာကျော်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှု ၉ ခု

မိုနာလီဇာပန်းချီကားနဲ့ ကျော်ကြားတဲ့ လီယိုနာဒိုဒါဗင်ချီဟာ ပုံမှန်လူသားတယောက်ထက် ထူးကဲကာ အံ့ဖွယ်အနုသုခုမ ရှေးဦးပညာရှင်၊ ဆေးဘက်ဆိုင်ရာ စွန့်ဦးတီထွင်သူ နဲ့ ဖန်တီးမှုနည်းပညာ စတဲ့နယ်ပယ်ပေါင်းစုံမှာ ကြီးကျယ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းတလျှောက် အတော်ဆုံး တီထွင်သူတွေကို...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!