Friday, April 16, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သြစတြေးလျရဲ့ ဆစ်ဒနီအော်ပရာ ကဇာတ်ရုံကြီး

by Thutamm
March 1, 2021
Reading Time: 2min read
0
သြစတြေးလျရဲ့ ဆစ်ဒနီအော်ပရာ ကဇာတ်ရုံကြီး
Share on FacebookShare on Twitter

သြစတြေးလျနိုင်ငံလို့ ဆိုလိုက်တာနဲ့ သူနဲ့ဆိုင်တဲ့ဓာတ်ပုံတွေထဲမှာ ရွက်လှေတွေထောင်ထားတဲ့ပုံသဏ္ဍာန် အဆောက်အဦးကြီးတစ်ခုကို အမြဲလိုလိုမြင်မိကြမှာပါ။ ဟုတ်ပါတယ်..ဒီအဆောက်အဦးကြီးဟာ သြစတြေးလျရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ ကမ္ဘာကျော် ဆစ်ဒနီအော်ပရာကဇာတ်ရုံ အဆောက်အဦးကြီးပဲဖြစ်ပါတယ်။

၂၀ရာစုရဲ့ အထူးခြားဆုံးနဲ့ အကျော်ကြားဆုံး အဆောက်အဦးတွေထဲက တစ်ခုဖြစ်သလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခုလည်းဖြစ်ပါတယ်။ ဒီအဆောက်အဦးကြီးရဲ့ အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။

ဆစ်ဒနီအော်ပရာကဇာတ်ရုံကြီးဟာ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် ဆစ်ဒနီမြို့မှာတည်ရှိတဲ့ အနုပညာဆိုင်ရာ အဆောက်အအုံကြီးဖြစ်ပါတယ်။ ၁၉၇၃ခုနှစ် အောက်တိုဘာ ၂၀ရက်နေ့မှာ ဒုတိယအဲလီဇဘက်ဘုရင်မကြီးကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ အဆောက်အဦးကြီးပါ။

၁၉၇၃ခုနှစ်မှ ဖွင့်လှစ်ခဲ့ပေမယ့် တကယ်တမ်းဆောက်ဖို့ရည်ရွယ်ခဲ့တာကတော့ ၁၉၄၀ခုနှစ် ဝန်းကျင်ကတည်းကဖြစ်ပါတယ်။ ၁၉၅၄ခုနှစ်မှ သူတို့အစီအစဉ်ကို စတင်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အဆောက်အဦးအတွက် အကောင်းဆုံးဒီဇိုင်းရရှိစေဖို့ ဒီဇိုင်းပြိုင်ပွဲတွေကို ၁၉၅၅ခုနှစ်ကနေ ၁၉၅၇ခုနှစ်အထိ ကျင်းပရွေးချယ်ခဲ့ပါတယ်။ ဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရရှိသွားတာကတော့ ဒတ်ချ်လူမျိုးဗိသုကာပညာရှင် Jørn Utzon ရဲ့ ဒီဇိုင်းဖြစ်ပါတယ်။ Utzon ဟာ သူ့ရဲ့ဒီဇိုင်းအတွက် ဆုငွေအဖြစ် ပေါင်စတာလင် ၅၀၀၀ထောင်ကို ရရှိခဲ့ပါတယ်။

၁၉၅၉ခုနှစ်မှာ Jørn Utzon ကိုယ်တိုင်ဦးစီးပြီး အဆောက်အဦးကြီးကို တချိန်ကခံတပ်ဟောင်းနေရာတစ်ခုဖြစ်တဲ့ Bennelong Point မှာ စတင်ဆောက်လုပ်ခဲ့ပါတယ်။ ဆစ်ဒနီရဲ့အရှေ့မြောက်ပိုင်းမှာတည်ရှိပြီး စီးပွားရေးအချက်အချာနေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုဆောက်လုပ်စဉ်အတွင်းမှာ Utzon ရဲ့ ဒီဇိုင်းအတွက် အစိုးရ၏ ဆုံးဖြတ်ချက်မှာ ကုန်ကျငွေနှင့် တည်ဆောက်ချိန် မှန်းချက်ထက် ပိုသွားခြင်း နှင့် ဗိသုကာ နှုတ်ထွက်သွားခြင်း စတဲ့ပြသနာတွေကြောင့်ကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပါတယ်။ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းခွင်အတွက် လုပ်သားပေါင်း ၁၀၀၀၀ခန့် အသုံးပြုခဲ့ရပါတယ်။

တည်ဆောက်ရာမှာ အဆင့် ၃ဆင့်ခွဲပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမအဆင့်မှာ အဆောက်အဦးအခြေ နဲ့ အပေါ်ဘက်စင်မြင့်တည်ဆောက်ရေး(1959–1963) ၊ ဒုတိယအဆင့်မှာ အဆောက်အဦးအမိုး နဲ့ အပြင်ဘက်အစိတ်အပိုင်းတည်ဆောက်ရေး(1963–1967) နဲ့ တတိယအဆင့်မှာ အတွင်းဘက် အလှဆင်ဒီဇိုင်းများတည်ဆောက်ရေး(1967–1973)တို့ဖြစ်ပါတယ်။

၁၄နှစ်ကြာဆောက်လုပ်ခဲ့ရတဲ့ အဆောက်အဦးကြီးရဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၀၂သန်းဖြစ်ပါတယ်။ စတင်ပြီးတွက်ချက် ခန့်မှန်းခဲ့တုန်းက ဒေါ်လာ ၇သန်းသာဖြစ်တာကြောင့် ကွာဟချက်ကြီးလွန်းခဲ့ပါတယ်။ အဆောက်အဦးအတွက် ကုန်ကျစရိတ်အများစုကို ပြည်နယ်ရဲ့ ထီဌာနကနေ ရယူခဲ့ရတာဖြစ်ပါတယ်။

ဇာတ်ရုံအဆောက်အဦးဆိုပေမယ့် တစ်ခုတည်းမဟုတ်ပဲ အထဲမှာဇာတ်ရုံနဲ့ အခန်းတွေပြန်ခွဲထားပါသေးတယ်။ ဒါတွေကတော့ Concert Hall , Joan Sutherland ဇာတ်ရုံ, the Drama ဇာတ်ရုံ, the Playhouse, the Studio, the Utzon Room, the Outdoor Forecourt နဲ့ အသံဖမ်းစတူရီယို စသည်တို့ပါဝင်တဲ့ အခန်းပေါင်း ၁၀၀၀ခန့်ရှိပါတယ်။ Concert Hall မှာ လူပေါင်း ၂၆၇၉ဦး ၊ Joan Sutherland ဇာတ်ရုံမှာ ၁၅၀၇ဦး ၊ Drama ဇာတ်ရုံမှာ ၅၄၄ဦး အသီးသီးဆန့်ကြပါတယ်။

ဆစ်ဒနီကဇာတ်ရုံကြီးကို အကျယ် ၄.၄ဧက ရှိတဲ့မြေပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး အမြင့် ၂၁၃ပေ ၊ အလျား ၆၀၀ပေ နဲ့ အနံ ၃၉၄ပေ ဖြစ်ပါတယ်။ ၂၁၃ပေ ဆိုတဲ့အမြင့်ဟာ ၂၂ထပ် အဆောက်အဦးရဲ့အမြင့်နဲ့ သွားညီပါတယ်။ အဆောက်အဦးအမိုးကိုတော့ အုပ်ကြွပ်ပေါင်း ၁သန်းကျော်ကိုသုံးပြီးတည်ဆောက်ထားပါတယ်။ ဒီအုပ်ကြွပ်တွေကိုတော့ ဆွီဒင်နာမည်ကြီးကုမ္ပဏီ Höganas က ထုတ်လုပ်ပေးထားတာပါ။

အဆောက်အဦးမှာသုံးတဲ့ မှန်တွေကိုလည်း ပြင်သစ်ကနေ သီးသန့်ဒီဇိုင်းထုတ်ပြီးမှာယူခဲ့ရတာဖြစ်ပါတယ်။ အဆောက်အဦးမှာရှိတဲ့ မှန်စုစုပေါင်းရဲ့ ဧရိယာဟာ ၆၂၂၅စတုရန်းမီတာရှိပြီး အသုံးပြုထားတဲ့ လျှပ်စစ်ကေဘယ်ကြိုးကတော့ ၆၄၅ကီလိုမီတာ အကွာအဝေးရှိပါတယ်။ မီးလုံးပေါင်းကတော့ ၁၅၅၀၀လုံး ရှိပါတယ်။

ဒီအဆောက်အဦးကြီးမှာ နှစ်စဉ် ပြဇာတ် ၊ တေးဂီတဖျော်ဖြေပွဲနဲ့ အခြားအခမ်းအနားပွဲများစုစုပေါင်း ၃၀၀၀ခန့်ကို ကျင်းပလျှက်ရှိပြီး ကြည့်ရှု့သူပရိသတ်စုစုပေါင်း ၂သန်းခန့်ရှိပါတယ်။ နှစ်စဉ်လာရောက်လည်ပတ်သူပေါင်းကတော့ ရှစ်သန်းခန့်ရှိပြီး လာရောက်လည်ပတ်သူတွေဆီက ကောက်ခံရရှိတဲ့ငွေဟာ သြစတြေးလျဒေါ်လာ ၇၇၅သန်း ရှိပါတယ်။

ဆစ်ဒနီအော်ပရာပြဇာတ်ရုံကြီးကို ၂၀၀၇ခုနှစ်မှာတော့ UNESCO က ကမ္ဘာ့အမွေအနှစ်အဆောက်အဦးအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။ အဆောက်အဦးကြီးရဲ့ ပိတ်ရက်နှစ်ရက်ကတော့ Good Friday နဲ့ ခရစ်စမတ်ရက်တွေပဲဖြစ်ပါတယ်။

အဆောက်အဦးမှာ ပထမဆုံးပြသခဲ့တဲ့ အော်ပရာပြဇာတ်ကတော့ ၁၉၇၃ခုနှစ်မှာပဲ တင်ဆက်ခဲ့တဲ့ ဆိုဗီယက်အနုပညာရှင် Sergei Prokofiev ရဲ့ စစ်နဲ့ငြိမ်းချမ်းရေး ဆိုတဲ့ပြဇာတ်ဖြစ်ပါတယ်။ မင်းသားကြီးအာနိုးဟာ သူ့ရဲ့ Mr Olympia ဆိုတဲ့ဂုဏ်ပုဒ်ကို ဒီပြဇာတ်ရုံကြီးမှာ ၁၉၈၀ခုနှစ်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆစ်ဒနီအော်ပရာပြဇာတ်ရုံကြီးမှာ သူ့ရဲ့ကိုယ်ပိုင်ပြဇာတ်တစ်ခုလည်းရှိပြီး ဒါကိုတော့ The Eighth Wonder လို့ခေါ်ပါတယ်။

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!